mayn789

အဲဗာတန် Vs နယူးကာဆယ် [27 Apr 23 - 01:15 hrs]

mayn789 အိမ်ရှင်အဲဗာတန်အသင်း အခြေနေဆိုးနေတုန်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ခရစ်စတယ်ပဲလေစ့်နဲ့ သွင်းဂိုးမရှိပဲ သရေကျလာတယ်။ အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ သရေ ၃ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ အနိုင်ပွဲဆိုတာ အခုထိမရနိုင်သေးပါဘူး။ အတန်းဆင်းချင်ချင်လည်းဖြစ်နေတယ်။ ဒီပွဲအတွက်ကတော့ အဓိကနှစ်ယောက်ဖြစ်တဲ့ Andros Townsend နဲ့ Coleman တို့ မပါနိုင်သေးပါဘူး။ Townsend နဲ့တစ်ယောက်က အမြန်ဆုံး အသင်းနဲ့ပြန်ရှိနေမယ်ဆိုရင် ရာသီကုန်ခါနီးမှဖြစ်လိမ့်မယ်။ Coleman နဲ့တစ်ယောက်ကျတော့ နောက်အပတ်ကျရင် ပြန်လာပါပြီ။ M. Holgate ကတော့ အဝါနှစ်ကဒ်ပြခံထိလို့ အနီကဒ်ပါထိပြီး ဘန်းခံထိနေတုန်းဖြစ်ပါတယ်။ Doucoure ကတော့ ဒီပွဲ ပြန်ဆင်းနိုင်ပါပြီ။ Ruben Vinagre နဲ့ Amadou Onana တို့နှစ်ယောက်ကျတော့ ဘယ်တော့ပြန်လာမလဲမသိသေးပါဘူး။ ဒီပွဲ အဲဗာတန်အသင်း ၄-၄-၂ စနစ်နဲ့ စီစဉ်ထားလောက်တယ်။ ခံစစ်ပိုင်းနေရာ Ben Godfrey၊ Michael Keane၊ James Tarkowski နဲ့ Vitaly Mikolenko တို့ကိုပဲ တာဝန်ပေးထားပြီး အလယ်တန်းနေရာကျတော့ Alex Iwobi၊ James Garner၊ Idrissa Gana Gay နဲ့ Dwight McNeill တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ဂိုးသွင်းဖို့ တိုက်စစ်မှူးနှစ်ယောက်ကျတော့ Demarai Gray နဲ့ Dominic Calvert-Lewin တို့ကိုပဲ အသုံးပြုထားလောက်ပါတယ်။

နယူးကာဆယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းတွေအရမ်းတက်ကြွပြီး စပါးအပေါ် ၆-၁ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၄ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ Top4 နေရာ ဆက်လက်ထိန်းသိမ်းပြီး စွမ်းဆောင်ရည် အရမ်းတက်ကြွနေပါတယ်။ ဒီပွဲမှာတော့ Emil Kraft၊ Allan နဲ့ Matthew Longs တို့ မရှိသေးပါဘူး။ သူတို့နှစ်ဘောက် ဒဏ်ရာရထားကြပါတယ်။ Saint-Maximin နဲ့တစ်ယောက်လည်း အပတ်ကုန်ခါနီးမှ ပြန်လာမယ်ထင်တယ်။ ပြီးခဲ့တဲ့တစ်ပွဲ ဒဏ်ရာရသွားလို့ လူစားလဲပေးလိုက်ရတဲ့ Fabian Share ကတော့ ဒီပွဲ ပြန်ဆင်းနိုင်လောက်ပါပြီ။ ကျန်တဲ့ Nick Pope၊ Sven Botman၊ Kieran Trippier၊ Bruno Gilmarais၊ Joe Willock၊ Jacob Murphy၊ Jolinton နဲ့ Alexander Isaac တို့ကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ နယူးကာဆယ်တို့ ၄-၃-၃ စန်စနဲ့ ကစားမယ်ထင်တယ်။ အနောက်တန်းနေရာ Kieran Trippier၊ Fabian Cher၊ Sven Botman နဲ့ Dan Byrne တို့ကို တာဝန်ပေးထားပြီး အခွင့်ရေးဖန်တီးဖို့ အလယ်တန်းနေရာကျတော့ Bruno Guimaraes၊ Sean Longstaff၊ Joe Willock နဲ့ Jacob Murphy တို့ကိုပဲ တာဝန်ပေထားလောက်ပါတယ်။ အရှေ့တန်းနေရာကျတော့ Jolinton နဲ့ Alexander Isaac တို့ကိုပဲ ဂိုးသွင်းဖို့တာဝန် ပေးထားလောက်ပါတယ်။

နယူးကာဆယ်အသင်း အိမ်ကွင်းနဲ့ စပါးအပေါ် ပိုးစိုးပက်စက် အနိုင်ရသွားပြီးနောက် ပရီးမီးယားလိဂ်အဆင့် ၃ နေရာ တက်လှမ်းသွားပြီဖြစ်ပါတယ်။ သူတို့ရဲ့ကစားသမားတွေက လောလောဆယ်တက်ကြွမှုရှိနေကြတယ်။ အဲဗာတန်တို့ကျတော့ အခုတလော အခြေနေသိပ်မကောင်းပါဘူး။ ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ပရီးမီးယားလိဂ်အဆင့် ၁၈ ဖြစ်ပြီး အနီရောင်ဇုန်ထဲ ရှိနေတုန်းဖြစ်ပါတယ်။ ဒီပွဲကတော့ နယူးကာဆယ်အပေါ် နိုင်အောင်ကြိုးစားရမယ်။ အဲ့ဒီတော့ သူတို့ ဒီပွဲ တည့်တည့်ကြီးဝင်လုံးဖို့ရှိပါတယ်။ ပြတ်သားမှုချင်း ယှဉ်ခဲ့ရလိမ့်မယ်။ အတန်းဆင်းမယ့်ဇုန်ကနေ ရုန်းထွက်ချင်တယ်ဆိုရင်တော့ ပြောထားတဲ့အတိုင်း လုပ်နိုင်မှရမယ်။ နယူးကာဆယ်တို့ရဲ့ နောက်ဆုံးစွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင်။ သူတို့က အခွင့်ရေးကို သိပ်မဖြုန်းတတ်ဘူး။ ပြတ်သားမှုပါရှိနေတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင်တော့ နယူးကာဆယ်ဘက်က တော်တော်ပဲပိုသာပါတယ်။ ပေါ့ဆမှုမရှိပဲကစားနိုင်ရင်တော့ အဲဗာတန်ဆီက အမှတ်ရယူသွားနိုင်ပါတယ်။ ဒီပွဲကတော့ အဲဗာတန်အတွက် အရမ်းခက်ပါတယ်။ အာရုံနည်းနည်းလွတ်သွားပြီး ပြတ်သားမှုပါ လွတ်သွားခဲ့ရင်တော့ အိမ်ကွင်းနဲ့တန်းရှုံးနိုင်ပါတယ်။ ဒီပွဲကတော့ နယူးကာဆယ်ကို ဘယ်လိုမှ ပြန်မတိုက်နိုင်လောက်ပါဘူး။

11 Players

Everton (4-4-2): Pickford , Patterson, Keane, Tarkowski, Mykolenko; Iwobi, Onana, Gueye, Doucoure, McNeil; Calvert-Lewin

Newcastle United (4-3-3): Pope; Trippier, Schar, Botman, Burn; Willock, Bruno Guimaraes, Longstaff; Murphy, Wilson, Joelinton

Missing Players

Everton : Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament Injury), Amadou Onana (Leg Injury)S. Coleman (Knock Injury),M. Holgate(Red card)Ruben Vinagre(Achilles tendon Injury)

Newcastle United : Allan Saint-Maximin (Hamstring Injury), Matty Longstaff (Knee Injury)F.Scgar(Hamstring Injury),E.Krafth (Ligament Injury)

Facebook

အိမ်ရှင်စပါးအသင်း အခြေနေအရမ်းတွေဆိုးနေပါတယ်။ အဆင့် ၄ ထက် ၆ မှတ်နည်းပြီး ပြိုင်ပွဲ ၂ ပွဲ ပိုများနေတယ်။ ဒီပွဲကတော့ အိမ်ကွင်းနဲ့ရှုံးခဲ့ရင် UCL ထဲပါဖို့မပြောနဲ့ UEL ထဲတောင် ပါချင်မှပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အခုအချိန်မှာ အဆင့် ၅ နေရာကို ဆုံးရှုံးသွားပါပြီ။ ဒီပွဲပြီးရင် နောက်ပွဲ လီဗာပူးလ်နဲ့ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက သူတို့ရဲ့ ငယ်နိုင်လိုမျိုးလည်းဖြစ်တယ်။ အခု ကွင်းဘေးမှာယာယီနည်းပြလုပ်နဲ့တဲ့သူကလည်း Ryan Mason ဖြစ်နေတဲ့အတွက် အသင်းရဲ့စွမ်းဆောင်ရည်က တိုးတက်လာမယ်မထင်သေးပါဘူး။ ကွန်တီပြောသလို ဆင်းကစားခဲ့တဲ့ကစားသမားတွေက ဖြစ်ချင်စိတ်မရှိကြဘူးဖြစ်နေတယ်။ နယူးကာဆယ်နဲ့ပွဲတုန်းက မိနစ် ၂၀ အတွင်းနဲ့ ပိုးစိုးပက်စက် ၅ လုံး သွင်းခံထိခဲ့တယ်။ အဲ့ပွဲ နယူးကာဆယ်ဘက်က ဘယ်လိုပဲသွင်းသွင်း ဝင်နေရာ။ မိနစ် ၂၀ အတွင်းနဲ့ ပွဲသိမ်းတယ်။ ပထမပိုင်းပြီးသွားတော့ Hugo Lloris ကြီးက ကစားချင်စိတ်မရှိတော့ပဲ အခြားသူတွေနဲ့ စကားများလိုက်သေးတယ်။ အဲ့ဒီတော့ သူတို့ နောက်နှစ် UCL တိုက်ပွဲထဲပါဖို့အခွင့်ရေး မရှိတော့ပါဘူး။ UEL ထဲတောင် ပါချင်မှပါမယ်။ ကစားသမားတွေက စီးရုံးမှုမရှိကြဘူး။ ဘယ်လိုပဲနေနေ ကောင်းသောရလဒ်ကိုရအောင် မစွမ်းဆောင်နိုင်လောက်ပါဘူး။ ဒီပွဲမှာတော့ Yves Bissouma နဲ့ Rodrigo Bentancur တို့ မပါသေးပါဘူး။ ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ Hugo Lloris ကြီးကတော့ သတင်းထဲကအတိုင်းဖြစ်ရင် အသင်းရဲ့အစီစဉ်ထဲ အပြီးပါဖို့မရှိတော့ပါဘူး။ သူလုပ်ခဲ့တဲ့ပြသာနာက အသင်းနဲ့ အရမ်းထိခိုက်သွားတာနေမယ်။ ဒီပွဲကတော့ သူတို့ဘက်က အဆင်မပြေပါဘူး။ စီးလုံးညီညွတ်မှုရှိရင်တော့တစ်မျိုးပေါ့။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲတုန်းက ဂိုး ၉ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ တော်တော်ဆိုးပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ တစ်ပွဲလေးပဲ အနိုင်ရထားပါတယ်။ ဒီပွဲ အစစအရာရာကြည့်ပြီး စိတ်ပျက်စရာကြီးပါ။ အခုအချိန်မှာ သူတို့ UCL တိုက်ပွဲအတွက် ရုန်းကန်နေတဲ့အသင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်နှစ်တုန်းကတော့ ကြီးမားတဲ့အသင်းတွေနဲ့ တိုက်ခိုက်နိုင်ပါတယ်။ ဒီနှစ်ရောက်တော့မှ ညံ့သွားတာဖြစ်ပါတယ်။

mayn789  မန်ယူတို့ကျတော့ ဒီရာသီအတွင်း တော်တော်အောင်မြင်ခဲ့ပါတယ်။ အခုလက်ရှိ FA ဖလားအစီစဉ်ထဲမှာ ဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ပါပြီ။ ပြီးတော့ တစ်မြို့တည်းသောရန်သူနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် သမိုင်းအသစ်ပါ ဖြစ်နေတယ်။ မန်ယူရဲ့ အစစအရာရာက စီးတီးလောက်မကောင်းသလို ဘရိုက်တန်နဲ့ပွဲတုန်းက စွမ်းဆောင်ရည်ပြပြီး အနိုင်ရလာတာမဟုတ်ပေမယ့် လက်ရှိအခြေနေဖြစ်အောင် ပြန်ပြင်နိုင်တဲ့အတွက် တော်တော်ကြေးဇူးတင်နေရပါပြီ။ စီးတီးလောက်မကောင်းပေမယ့် တစ်ပွဲထဲပဲကစားကြရမှာဆိုတော့ ဘာမဆိုဖြစ်နိုင်ပါတယ်။ မန်ယူရဲ့ကစားသမားတွေက ပြိုင်ပွဲတွေ တောက်လျှောက်ဝင်ထားတဲ့အတွက် တော်တော်ပင်ပန်းနေကြပေမယ့် ဘရိုက်တန်နဲ့တော့ ကောင်းကောင်းတိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ လုရှောနဲ့ Wan bissaka တို့ကို တော်တော်ချီးကျူးသင့်ပါတယ်။ အဲ့ပွဲ သူတို့နှစ်ယောက်က ဘရိုက်တန်ရဲ့တိုက်စစ်ဆင်ကစားခြင်းကို တားဆီးနိုင်တယ်။ အဓိက မီတိုမာနဲ့တစ်ယောက်ဆိုရင် Wan bissaka ကို တစ်ပွဲလုံးခံခဲ့ရပါတယ်။ အဲ့ဒီလိုနဲ့ပဲ မန်ယူတို့ လောလောဆယ် သာယာနေပါတယ်။ ဒီရာသီ အဆင့် ၃ အဆင့် ၄ နဲ့ ပြီးသွားလောက်ပါတယ်၊ ဒီပွဲ စပါးကိုအနိုင်ရသွားရင်တော့ ပြိုင်ပွဲ ၇ ပွဲ ကျန်ပြီး စပါးထက် ၉ မှတ် သာသွားလိမ့်မယ်။ ပြီးရင် နောက်ပွဲတွေမှာ ထိန်းကစားရုံနဲ့ UCL တိုက်ပွဲထဲ အေးအေးဆေးဆေး ပါသွားနိုင်ပါတယ်။ အရင်တစ်ပွဲကမှ ပြိုင်ပွဲဝင်ထားတဲ့အတွက် ဒီပွဲ Rotation ရှိလိမ့်မယ်။ နောက်ခံ ၄ ယောက်နေရာကတော့ ပြောင်းလဲမှုမရှိလောက်ဘူး။ ကွင်းလယ်ပိုင်းကတော့ ပြောင်းလဲမှုရှိလောက်ပါတယ်။ ဒီပွဲ အထူးခြားဆုံးနေရာကတော့ လုရှောနဲ့ ကာစီမီရိုတို့နေရာပဲဖြစ်လိမ့်မယ်။ တောင်ပံနေရာကျတော့ ဘရူနိုနဲ့ Rashford တို့ပဲ တာဝန်ယူသွားမယ်ထင်တယ်။ ဒီပွဲ အမှားမရှိရင် စပါးရဲ့အမွှေးကို တက်နှုတ်သွားမယ်ထင်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ငယ်နိုင်လို့တောင် ပြောရမလားမသိပါဘူး။ ဘာလို့လည်းဆိုတော့ တော်တော်များများ စပါးဘက်က မန်ယူကို အမြဲရှုံးနေလို့ပါ။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၄ ပွဲဆက်တိုက်တောင် ရှုံးသွားပါတယ်။ နောက်ပြီး စပါးတို့က လောလောဆယ် စီးရုံမှုမရှိကြသေးပါဘူး။ စွမ်းဆောင်ရည်လည်း ညံ့နေကြတယ်။ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင် စပါးတို့ အခုတလော အဆင့် ၅ နေရာ အက်စတွန်ဗီလာကို ဆုံးရှုံးပေးသွားပါပြီ။ ချန်ပီယံလိဂ်အဆင့်မှာရှိတဲ့အသင်းထက် ပြိုင်ပွဲ ၂ ပွဲ ပိုများနေပြီး ၆ မှတ် ပိုနည်းနေတယ်။ ကျွန်တော့်အမြင်နဲ့ဆိုရင် သူတို့ ချန်ပီယံလိဂ်ထဲ ပါဖို့မရှိတော့ပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် နယူးကာဆယ်ကို ပိုးစိုးပက်စက် ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးလာတယ်။ ပထမ ၅ လုံးဟာ မိနစ် ၂၀ အတွင်းနဲ့ သွင်းခံထိတယ်။ အခြေနေအရမ်းပဲဆိုးနေပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည် ကျဆင်းနေတဲ့အပြင် ကစားသမားတွေရဲ့အင်အားကလည်း လျော့ကျနေပါတယ်။ အခုအချိန်မှာ ဘယ်အသင်းနဲ့ပဲ တွေ့ပါစေ အနိုင်ရအောင် မလုပ်နိုင်လောက်သေးပါဘူး။ အသင်းရဲ့ အားကိုးရာကတော့ ဟယ်ရီကိန်းပါပဲ။ ရာသီကုန်သွားရင်တော့ အသင်းရွှေ့ပြောင်းလောက်တယ်။ မန်ယူတို့ကျတော့ FA ဖလားဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့ပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းက ဘရိုက်တန်နဲ့ မိနစ် ၁၂၀ အထိ ကစားခဲ့ရတဲ့အတွက် အင်အားတွေ တော်တော်နည်းပါးသွားလိမ့်မယ်။ အင်အားတွေ လျော့နည်းပေမယ့် စိတ်ဓာတ်တွေကတော့ ကောင်းနေတုန်းဖြစ်ပါတယ်။ မန်ယူရဲ့ အထူးခြားဆုံးနေရာကတော့ Rashford နဲ့ ဘရူနိုပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်က စပါးကို အပြီးတက်ကြိတ်သွားလိမ့်မယ်။ ဒီပွဲ မန်ယူဘက်က အနိုင်ရသွားမှာ သေချာတယ်။

11 Players

Tottenham Hotspur (3-4-2-1) –  Forster – Dier – Romero – Sanchez – Porro – Perisic – Sarr – Hojbjerg – Kulusevski – Son – Kane

Manchester United (4-2-3-1) – De Gea – Malacia – Shaw – Wan bissaka – Lindelof – Casemiro – Fred – Rashford – Fernandes – Anthony – Martial

Missing Players

Tottenham Hotspur – Yves Bissouma (Ankle Fracture), Rodrigo Bentancur (Cruciate Ligament Rupture)

Manchester United – Tom Heaton (Ankle Injury), Alejandro Garnacho (Ankle Injury), Scott McTominay (Unknown Injury), Raphaël Varane (Foot Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury)

Facebook