M9 SKM

အဲဗာတန် Vs မန်စီးတီး [14 May 23 - 19:30 hrs]

M9 SKM အဲဗာတန်အသင်း အခုမှဘရိုက်တန်အပေါ် အနိုင်ရရှိလာပါတယ်။ အခု ပရီးမီးယားလိဂ်ထဲ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။ ဒီရာသီအတွင်း ၃၅ ပွဲ ဆင်းကစားပြီး ၃၂ မှတ် ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီ ၃၅ ပွဲထဲမှာ ၇ ပွဲအနိုင် ၁၁ ပွဲသရေနဲ့ ၁၇ ပွဲအရှုံး ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဆိုရင် ၁ ပွဲအနိုင် ၂ ပွဲသရေနဲ့ ၂ ပွဲအရှုံး ဖြစ်ပါတယ်။ အတန်းဆင်းမယ့်ထဲမပါချင်ဘူးဆိုရင်တော့ ရာသီရဲ့ လက်ကျန် ၃ ပွဲထဲမှာ အနိုင်တစ်ပွဲလောက်တော့ ရယူသင့်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ သူတို့မှာ Seamus Coleman, Andros Townsend, Ben Godfrey နဲ့ Ruben Vinagre တို့ကို အသုံးပြုလို့မရသေးပါဘူး။ Coleman နဲ့တစ်ယောက်ကတော့ ရာသီကုန်တဲ့အထိ ပါဖို့လုံးဝမရှိတော့ပါဘူး။ Townsend နဲ့တစ်ယောက်ကျတော့ ရာသီမကုန်ခင် နောက်ဆုံးတစ်ပွဲမှ ပြန်လာဖို့ရှိပါတယ်။ Godfrey နဲ့ Vinagre တို့နှစ်ယောက်ကတော့ ပြန်လာမယ့်အချိန် သတ်မှတ်ထားတာမရှိသေးပါဘူး။ ဒီပွဲ အဲဗာတန်တို့ အရင်တစ်ပွဲတုန်းက ပထမ ၁၁ ယောက်ကိုပဲ ဆက်ပြီးအသုံးပြုသွားမယ်ထင်ပါတယ်။ သူတို့က ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသမားနေရာကတော့ Pickford ပဲ တာဝန်ယူသွားလိမ့်မယ်။ Patterson, Tarkowski, Mina, Mykolenko တို့ ၄ ယောက်ကျတော့ ခံစစ်ပိုင်းနေရာ တာဝန်ယူထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Garner နဲ့ Gueye တို့နှစ်ယောက်ပဲ အဓိကထိန်းချုပ်သွားလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာကတော့ Doucoure, McNeil နဲ့ Iwobi တို့ပဲ ဖြစ်လိမ့်မယ်။ ပြီးရင် Striker နေရာ Calvert-Lewin ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

မန်စီးတီးအသင်းကျတော့ အခုမှလိဒ်စ်အပေါ် အနိုင်ရလာတဲ့အတွက် ပရီးမီးယားလိဂ်ပွဲစဉ်ထဲက ၁၀ ပွဲဆက်တိုက် အနိုင်ရရှိထားနေပြီဖြစ်ပါတယ်။ ယူဖာချန်ပီယံလိဂ်နဲ့တစ်ပွဲတုန်းက ရီးရဲလ်အိမ်ကွင်းနဲ့ ၁-၁ သရေကျလာပါတယ်။ အခု ပရီးမီးယားလိဂ်အဆင့် ၁ နေရာ ရပ်တည်နေပါပြီ။ ဒီရာသီအတွင်း ၃၄ ပွဲ ဆင်းကစားပြီး ၈၂ မှတ် ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီ ၃၄ ပွဲထဲမှာ ၂၆ ပွဲအနိုင် ၄ ပွဲသရေနဲ့ ၄ ပွဲအရှုံး ဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Nathan Ake ဆိုတဲ့ အဓိက ကစားသမားကို အခုထိ ဆင်းကစားခိုင်းလို့မရသေးပါဘူး။ ကျန်တဲ့ Ruben Dias, John Stones, Rodri Hernandez, Kevin De Bruyne, Ilkay Gundogan, Riyad Mahrez, Jack Grealish နဲ့ Erling Haaland တို့ကျတော့ အားလုံး အဆင်သင့်ပဲဖြစ်နေကြပါတယ်။ ဒီပွဲ ပက်က ၄-၃-၃ စနစ်ကိုပဲ အသုံးပြုမယ်ထင်တယ်။ ဂိုးသမားနေရာ Ederson ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာ Akanji, Dias, Laporte နဲ့ Lewis တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Rodri, ဖိုဒန်းနဲ့ ဒီဘရိုင်းတို့ကိုပဲ ဆင်းထိန်းခိုင်းလိမ့်မယ်။ ပြီးရင် တိုက်စစ်မှူး ၃ ယောက်နေရာ Mahrez, Alvarez နဲ့ ဟာလန်းတို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

ဒီတစ်ပွဲဟာ ဒီအပတ်ရဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ်နောက်ဆုံးတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲ အတန်းမဆင်းအောင် ရုန်းကန်နေတဲ့အိမ်ရှင်နဲ့ ချန်ပီယံဖြစ်ချင်နေတဲ့အသင်းတို့ရဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ကွင်းထဲဆင်းမကစားခင် မန်စီးတီးဘက်က အာဆင်နယ်ထက် ၁ မှတ် ပိုသာထားပြီး အာဆင်နယ်က သူတို့ထက် ၁ ပွဲ ပိုကစားထားပါတယ်။ အဲဗာတန်တို့ကျတော့ အဆင့် ၁၇ မှာ ရပ်တည်နေပြီး အတန်းဆင်းမယ့်ဇုန်ထက် ၂ မှတ်ထဲပဲ ပိုသာနေပါတယ်။ အဲ့တော့ အိမ်ရှင်ဘက်က ကိုယ့်အိမ်ကွင်းနဲ့ အပီကစားဖို့ရှိကြလောက်တယ်။ မန်စီးတီးတို့မှာလည်း အာဆင်နယ်ထက် ၄ မှတ်သာအောင် ဒီပွဲ အနိုင်ရဖို့လိုပါတယ်။ ဒီနှစ်သင်း အချင်းချင်းတွေ့ဖူးတဲ့ ၁၉၄ ပွဲထဲမှာ အဲဗာတန်ဘက်က ၆၈ ပွဲ နိုင်သွားခဲ့ဖူးပါတယ်။ သရေ ၄၈ ပွဲလေးနဲ့ မန်စီးတီးဘက်က ၇၈ ပွဲ အနိုင်ရသွားခဲ့ပါတယ်။ နောက်ဆုံး ၁၂ ပွဲတုန်းကဆိုရင် မန်စီးတီးဘက်က တစ်ပွဲမှမရှုံးသေးပါဘူး။ အဲဗာတန်တို့က အခုမှ ၃ မှတ်ကောက်လာပြီး စွမ်းဆောင်ရည်ကောင်းနေပေမယ့် မန်စီးတီးအပေါ်ကို နိုင်ဖို့ကိစ္စကတော့ လုံးဝမလွယ်ပါဘူး။ နောက်ပြီး စံချိန်အသီးသီးအရထဲမှာဆိုရင် မန်စီးတီးတို့က ဒီလိုရာသီရဲ့ နောက်ဆုံးအချိန်မှာ မမှားတတ်ပါဘူး။ နှစ်သင်းစလုံးရဲ့ အစစအရာရာကို ယှဉ်ကြည့်ရင် မန်စီးတီးဘက်က ပိုသာပါတယ်။ ဒီပွဲ မှားယွင်းမှုမရှိရင်တော့ မန်စီးတီးဘက်က အဲဗာတန်အပေါ် အေးအေးဆေးဆေး အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players

Everton (4-2-3-1) : Pickford; Patterson, Tarkowski, Mina, Mykolenko; Iwobi, Garner, Gueye, Doucoure, McNeil; Calvert-Lewin

Manchester City (4-3-3) : Ederson; Akanji, Dias, Laporte; Lewis, Rodri; Mahrez, Alvarez, Foden, Grealish; Haaland

Missing Players

Everton : Andy Lonergan (Knee Problems), Amadou Onana (Leg Injury), Andros Townsend (Cruciate Ligament Injury), Seamus Coleman (Knee Injury)

Manchester City : B. Mendy (Disciplinary Sanction), N.Ake (Calf Injury)

Facebook

အိမ်ရှင်အာဆင်နယ်အသင်း ဒီနှစ်အတွင်း စွမ်းဆောင်ရည်တော်တော်ကောင်းခဲ့ပါတယ်။ ဂုဏ်ယူစရာတော်တော်ကောင်းပါတယ်။ သူတို့ အဆင့် ၁ နေရာကို အကြာကြီးပဲ ရပ်တည်ခဲ့ပြီး နောက်ဆုံးမှ ဆုံးရှုံးသွားပါတယ်။ လီဗာပူးလ်နဲ့ သရေကျသွားတဲ့တစ်ပွဲကစပြီး နောက်တစ်ပွဲ မန်စီးတီးကို ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ်ပွဲလေးကြောင့် ပြောင်းလဲမှုတွေ တော်တော်ဖြစ်ပေါ်ခဲ့ပါတယ်။ အန်ဖီးကွင်းနဲ့တစ်ပွဲတုန်းက တိုက်စစ်တွေ မတရားဆင်ကစားခဲ့လို့ တော်တော်မှားပါတယ်။ လီဗာပူးလ်က သူတို့ရဲ့ငယ်နိုင်အသင်း ဖြစ်နေလို့လေ။ အဲ့တာပြီးသွားတော့ ပြန်လာဖို့မလွယ်တော့ပါဘူး။ ဝက်စ်ဟမ်းနဲ့တွေ့ပြီး ဆောက်သန်တမ်နဲ့ပါ တွေ့ဖို့ရှိပါတယ်။ ကံကောင်းလို့ နောက်ဆုံးနှစ်ပွဲတုန်းက အနိုင်ရလာသေးတယ်။ ဒါပေမယ့် မန်စီးတီးကို ပြန်ကျော်တက်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒီပွဲ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ နယူးကာဆယ်နဲ့တစ်ပွဲတုန်းက ကစားသမားတွေကိုပဲ အသုံးပြုသွားမယ်ထင်ပါတယ်။ အာဆင်နယ်ရဲ့အားသာချက်က Team work ပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေ ဝင်ဖြည့်ပေးတာလည်း တော်တော်အဆင်ပြေတယ်။ ဒါပေမယ့် အတွေ့ကြုံနည်းနေသေးလို့ မှားယွင်းမှုဖြစ်ပေါ်တယ်။ အဓိက ခံစစ်ပိုင်းနေရာမှာ Saliba မရှိတော့တာနဲ့ ဘာမှသိပ်မတတ်နိုင်ကြပါဘူး။ ဂိုးတွေ လွယ်လွယ်လေးနဲ့ သွင်းခံထိတတ်တယ်။ Rob Holding နဲ့တစ်ယောက်ဆိုရင် အသင်းရဲ့မုန့်စိန်ကြီးပါ။ အဲ့တော့ အာတီတာက သူ့နေရာ Kiwior ဆိုတဲ့လူငယ်လေးနဲ့ အစားထိုးခဲ့ရပါတယ်။ တကယ်လည်းပိုကောင်းပါတယ်။ ကျန်တဲ့နေရာကတော့ စိုးရိမ်စရာမရှိပါဘူး။ Jorginho၊ Odegaard နဲ့ Xhaka တို့ ၃ ယောက်က တော်တော်အဆင်ပြေနေကြပါတယ်။ အရှေ့ဆုံးနေရာမှာလည်း Martinelli၊ Saka နဲ့ Jesus တို့က တာဝန်တော်တော်ကျေကြပါတယ်။ မန်စီးတီးနဲ့ ပိုဝေးမသွားချင်ရင်တော့ ဒီပွဲ နိုင်အောင်လုပ်မှရမယ်။ ဒါပေမယ့်လည်း မန်စီးတီးရဲ့ပွဲမှာ မန်စီးတီးနိုင်သွားရင်တော့ အာဆင်နယ်တို့ ဖိအား တော်တော်များသွားလိမ့်မယ်။ ဒီပွဲကတော့ အာဆင်နယ်တို့ မနိုင်ပဲမနေလောက်ပါဘူး။

M9 SKM ဘရိုက်တန်တို့ကျတော့ အဆင့် ၄ နေရာကို လုယက်ပြိုင်ဆိုင်ရတာ တော်တော်ပင်ပန်းနေပါတယ်။ အစစအရာရာက သူတို့လက်ထဲမရှိတော့ပါဘူး။ ရာသီရဲ့လက်ကျန်ပွဲတွေအားလုံး အနိုင်ရခဲ့ပြီး သူတို့ထက် အဆင့်သာတဲ့အသင်းတွေ မှားယွင်းမှုမရှိရင်တော့ ဘာမှမထူးပါဘူး။ ဒီရာသီ ၄ ပွဲထဲပဲ ကျန်တော့တဲ့အတွက် တော်တော်ခက်နေပါပြီ။ မန်ယူနဲ့တစ်ပွဲတုန်းက အနိုင်ကောက်ရသွားပေမယ့် နောက်လာတဲ့တစ်ပွဲရောက်တော့ အဲဗာတန်ကို ၁-၅ နဲ့ ရှုံးလာပါတယ်။ တော်တော်ထူးဆန်းပါတယ်။ အဲ့ပွဲ သူတို့ရဲ့ကွင်းလယ်ပိုင်းက အဲဗာတန်ကို မယှဉ်နိုင်ခဲ့ပါဘူး။ ကွင်းလယ်ပိုင်းကနေ ဘောလုံးတော်တော်များများ ဆုံးရှုံးခဲ့ပါတယ်။ သူတို့ကစားသမားတွေ ပင်ပန်းနွမ်းနယ်နေကြတာလည်း ပါပါတယ်။ တန်ပြန်တိုက်စစ်ဆင်ခံပြီဆိုတာနဲ့ ဘောလုံးနောက်ကနေ မလိုက်နိုင်ခဲ့ကြတော့ဘူး။ အဲ့ဒီတော့ ကွင်းလယ်ပိုင်းမှာတောင့်တင်းမှုရှိတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်နေရာ ဂိုး ၂ လုံးထက် ပိုသွင်းခံထိဖို့ရှိပါတယ်။ ဘရိုက်တန်တို့က လိမ့်ဘောကျွမ်းပေမယ့် ခံစစ်ပိုင်းကနေ ဘောလုံးထိုးပေးချက်က ခန ခန မှားတာတွေ့ခဲ့ရပါတယ်။ Mitoma ရဲ့ အရည်အချင်းနဲ့ တန်ပြန်တိုက်စစ်ဆင်တဲ့နေရာ အားကောင်းပေမယ့် သူတို့အကြောင်းကိုတော့ အသင်းတော်တော်များများ သိထားနေကြပါပြီ။ Mitoma ကို သေသေချာချာထိန်းချုပ်ထားရင် ဘာမှမတတ်နိုင်တော့ပါဘူး။ ဘရိုက်တန်ရဲ့ထူးခြားချက်က ဘောလုံးရှိတဲ့အချိန်နဲ့ မရှိတဲ့အချိန်ရဲ့ လှုပ်ရှားမှုပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ကွင်းလယ်ပိုင်းက ဘောလုံးမဖျက်နိုင်ရင်တော့ ချထားတဲ့စနစ်အတိုင်း လုပ်နိုင်မယ်မထင်ပါဘူး။ အဲဗာတန်နဲ့တစ်ပွဲတုန်းကတောင် မလုပ်နိုင်ခဲ့ပါဘူး။ သွက်လက်မှုရှိတဲ့ တောင်ပံ့ကစားသမားတောင် ကစားပွဲဖန်တီးဖို့ အဆင်မပြေခဲ့ဘူး။ နေရာအလွတ် လုံးဝကိုမရှိတာပါ။ အဲ့တော့ ဒီပွဲ သူတို့ ကွင်းလယ်ပိုင်းကို ဘောလုံးလွယ်လွယ်လေးမဆုံးရှုံးအောင် စိစဉ်နိုင်မှရမယ်။ အဲ့တော့မှ Mitoma ရဲ့ အရည်အချင်းကို ကောင်းကောင်းမြင်ခဲ့ရလိမ့်မယ်။ ဒါပေမယ့်လည်း ဒီပွဲ ဖြစ်ချင်စိတ်နဲ့ လိုချင်စိတ်ကိုယှဉ်ကြည့်တဲ့အခါမှာ အာဆင်နယ်ဘက်က ပိုပြင်းထံမှုရှိပါတယ်။ အဲ့ဒီတော့ ဘရိုက်တန်တို့ အမှတ်ရှိရှိနဲ့ ပြန်သွားဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ တော်တော်ရုန်းခဲ့ကြရတယ်။ ဘာလို့လည်းဆိုတော့ အနိုင်နဲ့အရှုံးကို တစ်ယောက်တစ်ဝက်စီရသွားခဲ့ကြလို့ပါ။ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ အာဆင်နယ်ဘက်က ဘရိုက်တန်ရဲ့အိမ်ကွင်းကိုခရီးစဉ်ပြီး ၂-၄ နဲ့ အနိုင်ရရှိသွားပါတယ်။ ဒါပေမယ့် ဘရိုက်တန်တို့ကလည်း FA ဖလားပွဲတုန်းက အာဆင်နယ်ကို ထောင်းလွတ်ခဲ့ဖူးပါတယ်။ ပြောမယ်ဆိုရင် တစ်ယောက်တစ်ချက် အလှည့်ကျထိုးကျိတ်ခဲ့ဖူးပါတယ်။ အခုတလော နှစ်သင်းစလုံးအတွက် ဘာကိုဘာမှမလွယ်တော့ပါဘူး။ အာဆင်နယ်တို့က ချန်ပီယံဖြစ်ချင်ပေမယ့် ဖြစ်ဖို့မလွယ်တော့ပါဘူး။ အားလုံးက ကိုယ့်အမှားတွေချည်းလည်းဖြစ်နေတယ်။ သူတို့ ရာသီစစလာချင်းကတည်းက အဆင့် ၁ နေရာ သေသေချာချာ ပိုင်ဆိုင်ထားပြီးမှ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးသွားလေရော။ နေရာအရင်ဦးထားပေမယ့် ရာသီမသိမ်းနိုင်ခဲ့ပါဘူး။ အဲ့တော့ စီးတီးကလည်း သူတို့ကို ကျော်တက်သွားပါပြီ။ နောက်ပြီး ချန်ပီယံလုယက်နေတဲ့နှစ်သင်းက အချင်းချင်းတွေ့တဲ့ ၂ ပွဲမှာ အာဆင်နယ်ဘက်က ၂ ပွဲစလုံးပဲ ရှုံးသွားပါတယ်။ အဲ့နေရာ စိတ်ဓာတ်တော်တော်ကျသွားကြလောက်တယ်။ ကံကောင်းလို့ နောက်ဆုံး ၂ ပွဲအနိုင်ရပြီး ၆ မှတ် ပိုင်ဆိုင်သွားတယ်။ အဲ့တော့ စီးတီးနဲ့ အရမ်းဝေးမနေသေးပါဘူး။ ဆောက်သန်တမ်နဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ မှားယွင်းမှုမရှိရင်တော့ အခြေနေတော်တော်ကောင်းပါလိမ့်မယ်။ ဒီပွဲကတော့ အာဆင်နယ်ရဲ့ထူးခြားချက်က တိုက်စစ်ပိုင်းပဲဖြစ်ပါတယ်။ ဒီရာသီအတွင်း ဂိုး ၈၃ လုံးတောင် သွင်းနိုင်ခဲ့ပါတယ်။ အဓိက ကျဆုံးနေရာကတော့ Team work ပါပဲ။ Martinelli၊ Saka နဲ့ Jesus တို့ ၃ ယောက်က တိုက်စစ်ပိုင်းရဲ့ အဓိကဖြစ်နေပါတယ်။ ပြီးတော့ အသင်းကပ္ပတိန်ဖြစ်တဲ့ Odegaard ကလည်း ဆင်းထိန်းပေးနေပါတယ်။ အဲ့တော့ အာဆင်နယ်တို့မှာ တစ်ယောက်ယောက်ကိုပဲ အားကိုးနေရတာမျိုးမဟုတ်ပါဘူး။ Team work ကသာ အဓိကဆုံးဖြစ်ပါတယ်။ ဒီပွဲမှာတော့ Saliba နဲ့ Tomiyasu တို့ မရှိသေးပါဘူး။ ကျန်တဲ့အဓိက ကစားသမားတွေကတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ်။ ဘရိုက်တန်တို့ကျတော့ အခြေနေသိပ်မကောင်းပါဘူး။ နောက်ဆုံး ၅ ပွဲတုန်းက အရှုံး ၃ ပွဲတောင်ရှိတဲ့အတွက် နောက်နှစ် UCL တိုက်ပွဲထဲပါဖို့ မရှိသလောက် ဖြစ်နေပါပြီ။ ဒီရာသီ လက်ကျန်ဘယ်နှပွဲမှမရှိတော့ပေမယ့် လမ်းခရီးကြမ်းတမ်းနေတုန်းဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီပွဲပြီးသွားရင် နောက်ပွဲ နယူးကာဆယ်နဲ့ တန်းတွေ့ရမှာဖြစ်နေလို့ပါ။ သူတို့ရဲ့ အဝေးကွင်းအခြေနေက တိုက်စစ်ပိုင်းမှာ တအားညံ့မနေပေမယ့် ခံစစ်ပိုင်းကတော့ မှားယွင်းမှု ခန ခန ဖြစ်ပေါ်တတ်ပါတယ်။ အဝေးကွင်းဖြစ်ရင် သိပ်မမာကြဘူး။ အသင်းရဲ့ထူးခြားချက်ကတော့ Mac Allister နဲ့ Caicedo တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အသင်းရဲ့ကွင်းလယ်ပိုင်းကို လှုပ်ရှားမှု လုပ်ပေးနေပါတယ်။ ဒီပွဲကတော့ သူတို့အတွက် တော်တော်ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ အာဆင်နယ်အသင်းက မဖြစ်မနေ ၃ မှတ်ရအောင်လုပ်မှာမလို့ပါ။ ဒီပွဲကတော့ အာဆင်နယ်အတွက် ၃ မှတ်ရဖို့အရေး ကိစ္စမရှိလောက်ပါဘူး။

11 Players

Arsenal (4-3-3) – Ramsdale – White – Zinchenko – Kiwior – Magalhaes – Jorginho – Odegaard – Xhaka – Martinelli – Saka – Jesus

Brighton (4-2-3-1) – Sanchez – Estupinan – Dunk – Webster – GroB – Mac Allister – Caicedo – March – Enciso – Mitoma – Welbeck

Missing Players

Arsenal FC – Mohamed Elneny (Knee Injury), William Saliba (Back Injury), Takehiro Tomiyasu (Knee Surgery)

Brighton & Hove Albion – Jeremy Sarmiento (Metatarsal Fracture), Tariq Lamptey (Knee Injury)

Facebook