m9 shan koe me

ဝက်စ်ဟမ်း Vs ချယ်လ်ဆီး [11 Feb 23 - 19:00 hrs]

m9 shan koe me David Moyes နည်းပြလက်ထဲက အိမ်ရှင်ဝက်စ်ဟမ်းအသင်း ဒီရာသီ ၂၁ ပွဲ ဆင်းကစားပြီး လက်ထဲမှာ ၁၉ မှတ်လေးပဲ ကိုင်ဆောင်ထားပါတယ်။ အဲ့တာနဲ့ပဲ သူတို့ လိဂ်ထဲမှာ နံပါတ် ၁၇ အထိ ကျဆင်းသွားပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကမှ နယူးကာဆယ်နဲ့ ၁-၁ သရေကျလာခဲ့တာဖြစ်ပါတယ်။ ဒီပွဲ Maxwell Gornet, Gianluca Scarmacca, Kurt Zouma နဲ့ Alphonse Areola တို့ ဒဏ်ရာရထားတဲ့အတွက် မပါနိုင်သေးပါဘူး။ David Moyes က ၃-၄-၂-၁ စနစ်ကို အသုံးပြုပြီး စွမ်းဆောင်ရည်ကောင်းနေတဲ့ဂိုးသမား Lukasz Fabianski ကို အသုံးပြုလောက်တယ်။ Thilo Kehrer, Nayev Agerd, Angelo Ogbonna  နဲ့ Vladimir Cufal Mikhail တို့ကိုကျတော့ ခံစစ်ပိုင်းနေရာ တာဝန်ပေးထားလောက်တယ်။ ကွင်းလယ်ပိုင်းကိုကျတော့ Lucas Paqueta နဲ့ Declan Rice တို့ကိုပဲ ထိန်းခိုင်းမယ်။ Antonio ကို Striker နေရာထားပြီး တိုက်စစ်ဆင်ဖို့ Jarrod Bowen နဲ့ Said Benrahma တို့ကို တာဝန်ပေးထားလောက်ပါတယ်။

ပေါ်တာနည်းပြလက်ထဲက ချယ်လ်ဆီးတို့ကျတော့ ဒီရာသီ ၂၁ ပွဲ ဆင်းကစားပြီး အမှတ် ၃၀ နဲ့ နံပါတ် ၉ ဖြစ်နေပါတယ်။ သူတို့ရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေသိပ်မကောင်းပါဘူး။ စံချိန်တင်ထားတဲ့အတိုင်း မလုပ်နိုင်ကြသေးဘူးဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းက အနိုင် ၁ ပွဲ သ‌ရေ ၂ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ ဖူဟမ်နဲ့ ၀-၀ သရေကျလာပါတယ်။ ဒီပွဲအတွက် Edouard Mendy, N’Golo Kante, Christian Pulisic တို့ မပါနိုင်သေးပါဘူး။ Armando Broya ရောပဲ ဒဏ်ရာရထားတုန်း ဖြစ်ပါတယ်။ ဒီပွဲ ပေါ်တာက ၄-၃-၃ စနစ်နဲ့ ရောက်ချလာပြီး ဂိုးသမားနေရာ Kepa Arrizabalaga ကို တာဝန်ပေးသွားလိမ့်မယ်။ Reece James, Thiago Silva, Benoit Badiagil နဲ့ Marc Cucurella တို့ကိုကျတော့ ခံစစ်ပိုင်းနေရာ စီစဉ်ထားပြီး Enzo Fernandez နဲ့ Mason Mount တို့ကို ကွင်းလယ်ပိုင်းနေရာ ထိန်းကစားဖို့ ပြင်ဆင်ထားလောက်ပါတယ်။ Kai Havertz, Michaelo Mudric နဲ့ Chukwunonzo Madueke တို့ကိုကျတော့ တိုက်စစ်ပိုင်းနေရာ တွဲထားလောက်ပါတယ်။

လိဂ်ရဲ့ နံပါတ် ၁၇ ဖြစ်နေတဲ့ဝက်စ်ဟမ်းအသင်း အခုတလော အတန်းမဆင်းဖို့အရေး ရုန်းကန်နေပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်လေးပဲ ပိုသာနေပါတယ်။ ချယ်လ်ဆီးနဲ့ စပါးနဲ့ လန်ဒန်ဒါဘီတိုက်ပွဲဝင်ဖို့ အဆင်သင့် ပြင်ဆင်နေပါတယ်။ ချယ်လ်ဆီးအသင်း ဒီနှစ်အတွင်း ကစားသမားအသစ်ဝယ်ယူတဲ့အပိုင်း ငွေပမာဏက အရင်တုန်းကထက် များပြီး အရင်တုန်းက စံချိန်ကိုချိုးဖောက်ခဲ့တယ်။ သူတို့ ဆောင်းရာသီဈေးကွက်တုန်းက ပေါင်သန်း ၃၀၀ အသုံးပြုပြီး ကစားသမားအသစ် ၈ ယောက် ထပ်မံခေါ်သွင်းနိုင်ခဲ့ပါတယ်။ ပေါ်တာရဲ့အကြိုက်တွေချည်းပဲဖြစ်နေတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၁၀ လပိုင်းကတည်းက အခုထိ  ၁၂ ပွဲ ဆင်းကစားပြီး အနိုင် ၂ ပွဲထဲပဲ လုပ်နိုင်ကြတယ်။ ၃၆ မှတ်ထဲက ၂၄ မှတ်ကို လွှင့်ပစ်ခဲ့တာဖြစ်ပါတယ်။ အခုတလော လိဂ်အဆင့်ထဲမှာ နံပါတ် ၉ အထိ ကျဆင်းနေပါတယ်။ Top4 ထက် ၁၀ မှတ်နည်းနေပါတယ်။ နောက်နှစ် ချန်ပီယံလိဂ်ထဲပါဖို့အခွင့်အရေး မရှိသလောက်ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းနဲ့တစ်ပွဲတုန်းကလည်း အိမ်ကွင်းနဲ့ ဂိုးမသွင်းနိုင်တဲ့အတွက် သူတို့မှာ စိတ်ဖိအားတွေ အရမ်းများနေကြလောက်ပါတယ်။ ချယ်လ်ဆီးတို့ရဲ့ နောက်ဆုံး ၁၂ ပွဲစံချိန်ထဲမှာ ဂိုး ၇ လုံးထဲပဲ သွင်းနိုင်ကြတယ်။ အဲ့တာနဲ့ပဲ ဒီရာသီ ၂၁ ပွဲဆင်းကစားပြီး ဂိုး ၂၂ လုံးထဲပဲ သွင်းထားနိုင်ပါတယ်။ ပြောမယ်ဆို သူတို့ရဲ့ သွင်းဂိုးပမာဏဟာ လိဂ်ထဲက ၁၂ သင်းထက် နည်းပြီး လက်စတာနဲ့ လိဒ်စ်တို့ထက်တောင် သွင်းဂိုးနည်းနေပါတယ်။ ချယ်လ်ဆီးတို့ရဲ့ လက်ရှိအခြေနေက ဂိုးသွင်းတဲ့အပိုင်း အရမ်းခက်ခဲနေပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းနဲ့တွေ့တိုင်း ဂိုးတော်တော်များများ သွင်းနိုင်ကြပါတယ်။ ဝက်စ်ဟမ်းနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ၆ ပွဲတုန်းကဆိုရင် ဂိုးအမြဲပဲသွင်းနိုင်ကြပါတယ်။ အနည်းဆုံးတော့ အဲ့ဒီ ၆ ပွဲထဲက ၄ ပွဲမှာ တစ်ပွဲကို ဂိုး ၂ လုံးမှစပြီး သွင်းနိုင်ကြပါတယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ပစ်မှတ်က ရှိနေကြတယ်။ ဝက်စ်ဟမ်းဘက်က အတန်းမဆင်းဖို့အတွက် ၃ မှတ်လိုချင်နေကြနေပါတယ်။ နံပါတ် ၁၈ မှာရှိနေတဲ့အဲဗာတန်အသင်းထက် ၁ မှတ်ပဲ သာနေပါတယ်။ အဲ့တော့ ဝက်စ်ဟမ်းတို့ အနိုင်ရတဲ့အထိ ရည်ရွယ်ထားကြလောက်ပါတယ်။ ချယ်လ်ဆီးတို့ကျတော့ အခုတလော အခြေနေမကောင်းပါဘူး။ အမှတ်ဇယားထဲက အလယ်ပိုင်းနေရာမှာ ဒစ်လည်နေပါတယ်။ ၃ မှတ်ရနိုင်မယ့်နည်းလမ်းကို အခုထိ ရှာဖွေနေတုန်းဖြစ်ပါတယ်။ အဲ့တော့ ဒီပွဲ တော်တော်လေးကြည့်ကောင်းပြီး သရေကျဖို့ တော်တော်များပါတယ်။ ဝက်စ်ဟမ်းရဲ့တိုက်စစ်ပိုင်းက ပြတ်သားမှုရှိရင်တော့ တကျော့ပြန်တိုက်ပွဲဖြစ်ဖို့ရှိပါတယ်။

11 players

West ham United (3-4-2-1) : Fabianski; Johnson, Ogbonna, Aguerd; Coufal, Rice, Paqueta, Emerson; Benrahma, Bowen; Antonio

Chelsea (4-3-3): Arrizabalaga; James, Thiago Silva, Badiashile, Cucurella; Gallagher, Fernandez, Mount; Madueke, Havertz, Sterling

Missing Player

West ham United: Kurt Zouma (Hamstring Injury), Maxwel Cornet (Calf Injury), Gianluca Scamacca (Knee Injury), A.Areola (Hamstring Injury), T.Kehrer (Knock Injury), M.Cornet(Thigh Injury)

Chelsea: Edouard Mendy (Shoulder Injury), Christian Pulisic (Knee Problems), Denis Zakaria (Hamstring Injury), N’Golo Kanté (Hamstring Injury), Armando Broja (Cruciate Ligament Rupture) W. Fofana (Knee Injury), M. Kovacic (Calf Injury)

Facebook

အာဆင်နယ်အသင်း ဒီနှစ်အတွင်း အစစအရာရာတော်တော်အဆင်ပြေနေပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲ အသင်းနည်းပြ ပြောင်းလဲခါစဖြစ်တဲ့ အဲဗာတန်နဲ့တွေ့ပြီး ဒုက္ခရောက်လာခဲ့ကြပေမယ့် အဲ့တစ်ပွဲလေးပဲရှုံးထားတော့ ဘာမှထိခိုက်မသွားပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ပြိုင်ဘက်ဖြစ်တဲ့မန်စီးတီးတို့မှာလည်း စပါးကိုရှုံးခဲ့ပါတယ်။ အဲ့တစ်ခါပဲ အာဆင်နယ်တို့ စပါးကို ကျေးဇူးတင်ရှိလောက်တယ်။ နို့မို့ဆို ၅ မှတ်ကွာဟနေတဲ့နေရာ ၂ မှတ်ပဲ ကွာသွားလိမ့်မယ်။ အဲ့အချိန်ကျရင် အာကြီးဘက်က စိတ်ဖိအားတွေ အရမ်းများလာနိုင်ပါတယ်။ အဲဗာတန်နဲ့ပွဲတုန်းက ရရှိလာတဲ့သင်ခန်းစာကတော့ ပြင်းထံတဲ့ Pressing စနစ်နဲ့ စည်းကျော်အပြုအမှုတွေလည်း ခံခဲ့ရခြင်းဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့ ညာဘက်ခြမ်းခံစစ်မှူး Zinchenko က တော်တော်ပဲပေါက်ကွဲသွားပါတယ်။ အဲ့တော့ သူတို့ရမှတ်မရလိုက်တဲ့အကြောင်းရင်းက ကိုယ့်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီပွဲ အာဆင်နယ်ရဲ့အဆင်သင့်ဖြစ်မှုကတော့ ပြသာနာမရှိပါဘူး။ Xhaka၊ Odegaard၊ Martinez၊ Saka နဲ့ Nketiah တို့အားလုံးက ဆင်းကစားဖို့အဆင်သင့် ဖြစ်နေကြပါတယ်။ အာဆင်နယ်တို့ရဲ့ ဒီနှစ်အတွင်း ကွင်းထဲကလှုပ်ရှားမှုတိုင်း နားလည်မှုနဲ့ လှုပ်ရှားနေကြပါတယ်။ အဲ့ဒီတော့ ဒီပွဲ မထင်မှတ်ပဲ ရှုံးမသွားတာ သေချာပါတယ်။ အရင်တစ်ပွဲလိုမျိုး ခလုတ်မတိုက်ရင်တော့ မရှုံးလောက်ပါဘူး။ အဓိက ကစားသမားတွေ အဆင်သင့် ဖြစ်နေကြသလို အသစ် ဝယ်လိုက်တဲ့ကစားသမားတွေလည်း နေသားကျဖို့မရှိတော့ပါဘူး။ အားလုံးက ပရီးမီးယားလိဂ်ဇာတ်ခုံမှာ ကစားနေကြပြီးသား ဖြစ်သောကြောင့်ပါ။ ဒီပွဲကတော့ အာဆင်နယ်ဘက်က အားရစရာတော်တော်ကောင်းပါတယ်။

m9 shan koe me ဘရန်ဖိုဒ့်တို့မှာလည်း အသင်းရဲ့အရွယ်အစားနဲ့ပြောရင် ဒီနှစ်အတွင်း အခြေနေတော်တော်ကောင်းပါတယ်။ လက်ရှိစွမ်းဆောင်ရည်ကလည်း တကယ်မိုက်ပါတယ်။ အက်စတွန်ဗီလာကို ၄ ဂိုး ၀ ရှုံးသွားကတည်းက အခုထိ တစ်ပွဲမှမရှုံးသေးပါဘူး။ ၉ ပွဲတောင်ရှိသွားပါပြီ။ သူတို့ရဲ့ အကောင်းဆုံးကတော့ မန်စီးတီးကို ထောင်းခဲ့ဖူးတယ်။ စပါးနဲ့သရေကျလာတယ်။ ပြီးရင် လီဗာပူးလ်ကို ဖင်လိုက်ကန်ခဲ့သေးတယ်။ သူတို့ရဲ့ ဒီနှစ် ၂၁ ပွဲဆင်းကစားပြီး အရှုံး ၄ ပွဲထဲပဲရှိပါတယ်။ သူတို့ရဲ့အသင်းနည်းပြက တော်တော်အဆင်ပြေတယ်။ ဘရန်ဖိုဒ့်အသင်းဟာ ရှေးဟောင်းပုံစံ ကစားတဲ့အသင်းမျိုးမဟုတ်ပါဘူး။ သူတို့စတိုင်လ်က လိမ့်ဘောနဲ့ အရမ်းကောင်းနေပါတယ်။ သူတို့ရဲ့ အရှေ့တန်း Wissa၊ Mbuemo နဲ့ Toney တို့ ၃ ယောက်မှာလည်း တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိရှိနဲ့ ကစားနိုင်ကြတယ်။ ဒီပွဲကတော့ သူတို့အရည်အချင်းကြောင့် ရှုံးသွားနိုင်တယ်တော့မဟုတ်ပါဘူး။ အိမ်ရှင်အသင်းကသာ ကြမ်းနေလို့ပါ။ အာဆင်နယ်တို့က ဒီနှစ်အတွင်း အိမ်ကွင်းနဲ့သိပ်မမှားတတ်ဘူး။ အဲ့တော့ အာဆင်နယ်နဲ့ တိုက်ခိုက်ချင်ရင်တော့ ကွင်းလယ်ပိုင်းကို သေသေချာချာစီစဉ်ထားဖို့လိုလိမ့်မယ်။ အဲဗာတန်တို့လုပ်သလို ဖိအားပေးနိုင်ရမယ်။ ပြီးတော့ မိနစ် ၉၀ လုံးလုံး ပြေးနိုင်ဖို့လည်းလိုတယ်။ အဲ့တာတွေမလုပိနိုင်ရင်တော့ သူတို့အတွက် မလွယ်လောက်ဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်ကပိုသာပါတယ်။ သူတို့အချင်းချင်း သိပ်တွေ့ဖို့မရှိပေမယ့် အသင်းအရွယ်အစားက အရမ်းကွာဟနေကြတာဆိုတော့ အာဆင်နယ်ဘက်က အစစအရာရာပဲ ပိုသာနေပါတယ်။ ပြီးတော့ အာဆင်နယ်တို့ ချန်ပီယံမဖြစ်ရတဲ့နှစ်ပေါင်းများစွာထဲမှာ နစ်နေကြတာဆိုတော့ ချန်ပီယံဖြစ်ချင်စိတ်တွေ အများကြီးပဲရှိနေကြလောက်ပါတယ်။ နောက်ပြီး အရင်တစ်ပွဲကမှ အဲဗာတန်ကိုရှုံးလာသေးတယ်ဆိုတော့ တော်တော်ပေါက်ကွဲနေကြလောက်တယ်။ နည်းနည်းကံကောင်းတာတော့ မန်စီးတီးတို့မှာလည်း စပါးကိုရှုံးသွားတယ်။ အဲ့တော့ ကွာဟမှု ၅ မှတ်ကလည်း ၅ မှတ်မှာပဲ ရပ်တန့်နေပါတယ်။ ဒီပွဲကတော့ အာဆင်နယ်အတွက် ဘရန်ဖိုဒ့်တို့ မုန့်စိန်မဟုတ်ပါဘူး။ ဒီနှစ်အတွင်း အစစအရာရာက အာဆင်နယ်လောက်မကောင်းပေမယ့် ကြီးမားတဲ့အသင်းနဲ့ တွေ့ခဲ့တဲ့စံချိန်ကတော့ တော်တော်မိုက်ပါတယ်။ အခုထိ အာဆင်နယ်ကိုပဲ ရှုံးခဲ့ဖူးသေးတယ် ကျန်တာ လီဗာပူးလ်တို့ မန်ယူ မန်စီးတီးတို့အပေါ် အနိုင်ရသွားပါတယ်။ ပြီးရင် စပါးနဲ့ နယူးကာဆယ်တို့နဲ့ သရေကျလာတယ်။ အဲ့ဒီတော့ အာဆင်နယ်တို့ မဖြစ်မနေ ပေါ့ဆလို့မရသေးပါဘူး။ ဒီပွဲ အာဆင်နယ်ဘက်က ခရာသံမကြားမချင်း ဝင်လုံးလိမ့်မယ်။ ဘရန့်ဖိုဒ့်တို့ကျတော့ အရင်အတိုင်းပဲ Pressing စနစ်နဲ့ ရောက်ချလာမယ်။ ဖိအားပေးမယ်။ ပြီးရင် အိမ်ရှင်ရဲ့အမှားကိုစောင့်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ် အာဆင်နယ်ဘက်က ဘောလုံးအပို့အယူ တော်တော်တိကျနေပါတယ်။ ပြောမယ်ဆို ဘရန်ဖိုဒ့်တို့ရဲ့ Pressing က မကောင်းရင်တော့ အာကြီးကိုဒုက္ခမပေးနိုင်လောက်ပါဘူး။ ဒီပွဲ ချန်ပီယံအရမ်းဖြစ်ချင်နေတဲ့အာဆင်နယ်တို့ ကိုယ့်အိမ်ကွင်းနဲ့ပါကစားရတဲ့အတွက် အနိုင်မရပဲမနေလောက်ပါဘူး။

11 Players

Arsenal (4-2-3-1) – Ramsdale – Zinchenko – Magalhaes – Saliba – White – Jorginho – Xhaka – Odegaard – Martinelli – Saka – Nketiah

Brentford (4-3-3) – Raya – Henry – Mee – Pinnock – Hickey – Norgaard – Dasilva – Jensen – Wissa – Mbuemo – Toney

Missing players

Arsenal FC – Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury)

Brentford FC – ဒဏ်ရာနဲ့ ဘန်းခံထိထားတဲ့ကစားသမားမရှိပါ။

Facebook

Gary O’Neill ယာယီနည်းပြလက်ထဲက ဘုန်းမောက်အသင်း ပြီးခဲ့တဲ့တစ်ပွဲကမှ ဘရိုက်တန်ကို ၁-၀ ဂိုးနဲ့ ရှုံးလာပါတယ်။ အဲ့တာနဲ့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ သရေ ၁ ပွဲနဲ့ အရှုံး ၄ ပွဲပဲ လုပ်ထားနိုင်ခဲ့ပါတယ်။ အဲ့ပွဲပြီးသွားတာနဲ့ အဓိကခံစစ်မှူး ၂ ယောက် Jack Stephens နဲ့ Lloyd Kelly တို့ကိုပါ ဆက်ပြီး အသုံးပြုလို့မရပဲ ဖြစ်သွားပါတယ်။ အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ ဒီပွဲ Fredericks, David Brooks, Marcus Tavernier, Lloyd Kelly, Dominic Solanke and Lewis Cook နဲ့ Junior Stanislas တို့ကို အသုံးပြုလို့မရသေးပါဘူး။ ပြောမယ်ဆိုရင် တစ်သင်းလုံးနီးပါးပဲ ဒဏ်ရာရရှိထားကြပါတယ်။ ကျန်တဲ့သူတွေကိုတော့ အသုံးပြုလို့ရပါတယ်။ ဒီပွဲ အသင်းနည်းပြက Adam Smith, Chris Mepham, Marcos Senesi နဲ့ Jordan Zemura တို့ကို ခံစစ်ပိုင်းနေရာ တာဝန်ထားပြီး Gidon Anthony နဲ့ Jefferson Lerma တို့ကို Ben Pearson နဲ့အတူ ကွင်းအလယ်ပိုင်း တာဝန်ပေးထားလောက်ပါတယ်။ ပြီးရင် ဂိုးသွင်းတဲ့အပိုင်းကိုကျတော့ Ryan Christie Kiefer Moore နဲ့ Antoine Semero တို့ကို တာဝန်ချပေးထားလောက်ပါတယ်။

နယူးကာဆယ်တို့ကျတော့ နောက်ဆုံး ၅ ပွဲထဲမှာ အရှုံးပွဲမရှိပဲ အနိုင် ၄ ပွဲနဲ့ သရေ ၁ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဝက်စ်ဟမ်းနဲ့ ၁-၁ သရေကျလာပေမယ့် အခြေနေကောင်းတဲ့ထဲတော့ ရှိနေတုန်းဖြစ်ပါတယ်။ အသင်းရဲ့အခြေနေက ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမားအသစ်တွေ မရှိပါဘူး။ ဒါပေမယ့် အရင်ကတည်းက ဒဏ်ရာရထားတဲ့ Emile Kraft နဲ့ Matt Targett တို့ကိုကျတော့ အသုံးပြုလို့မရပဲ ဖြစ်နေပါတယ်။ Bruno Guimaraes ဆိုတဲ့တစ်ယောက်ကတော့ ဘန်းစာရင်းထဲရှိနေပြီး Javier Maginho မှာလည်း အခြေနေစစ်ဆေးဖို့လိုနေတုန်းဖြစ်ပါတယ်။ ဒီပွဲ ဝက်စ်ဟမ်းနဲ့ပွဲတုန်းက မပါလိုက်ရတဲ့ Alexander Isak ဟာ ကစားကွင်းထဲပြန်ဆင်းဖို့အခြေနေ ရှိပါတယ်။ Anthony Gordon ဆိုတဲ့ တောင်ပံကစားသမား အသစ်လည်း ဆင်းရလောက်ပါတယ်။ အသင်းနည်းပြ Eddie Howe က ဒီပွဲ နောက်ခံ ၄ ယောက်စနစ်ကိုပဲ အသုံးပြုမယ်ထင်ပါတယ်။ Kieran Trippier, Fabian Cher, Sven Botman နဲ့ Dan Byrne တို့ကို ခံစစ်ပိုင်းနေရာ တာဝန်ယူခိုင်းလောက်ပါတယ်။ ပြီးရင် ကွင်းလယ်ပိုင်းနေရာ Sean Longstaff, Jacob Murphy, Joe Willock နဲ့ Miguel Almiron တို့ကို တိုက်စစ်ဆင်ဖို့ အထောက်အကူ လုပ်ခိုင်းထားလောက်တယ်။ နောက်ဆုံး ဂိုးသွင်းဖို့နေရာကျတော့ Cholinton နဲ့ Callum Wilson တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

m9 shan koe me  ဘုန်းမောက်အသင်းရဲ့ နောက်ဆုံး ၈ ပွဲစံချိန်ထဲမှာ အနိုင်ပွဲမရှိပဲ အရှုံး ၇ ပွဲတောင် ရရှိသွားပါတယ်။ အိမ်ကွင်းနဲ့ နောက်ဆုံး ၅ ပွဲထဲမှာဆိုရင် အရှုံး ၃ ပွဲတောင် ရရှိခဲ့ပြီး အနိုင် ၁ ပွဲလေးပဲ လုပ်နိုင်ကြတယ်။ သူတို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်က တော်တော်ဆိုးနေပါတယ်။ ဒါပေမယ့်လည်း သူတို့အဓိက ကစားသမားတွေ ဒဏ်ရာရထားကြတာလည်းပါတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုပေမယ့် ပြိုင်ဘက်ထက်တော့ ပိုသာမနေပါဘူး။ နောက်ပြီး အခုတလော စွမ်းဆောင်ရည်ကောင်းတဲ့ နယူးကာဆယ်ကို ကြိုဆိုရမှာဆိုတော့ ဘယ်လိုမှအဆင်ပြေမယ်မထင်ပါဘူး။ နယူးကာဆယ်တို့ အခုနောက်ပိုင်း အနိုင်ပွဲတွေသိပ်မရပေမယ့် စွမ်းဆောင်ရည်ကောင်းတဲ့ထဲတော့ ရှိပါတယ်။ စပါးကို နိုင်ဖူးပြီး အာဆင်နယ်နဲ့ သရေကျလာခဲ့ဖူးပါတယ်။ လိဂ်ပွဲစဉ်ထဲမှာ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ သူတို့က လိဂ်ရဲ့နံပါတ် ၃ နေရာ ပြန်နေဖို့ ဒီပွဲဆီက ၃ မှတ်အရမ်းလိုချင်နေကြပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၄ ပွဲစံချိန်ထဲမှာ နယူးကာဆယ်ဘက်က တစ်ပွဲမှမမှားဖူးသေးပါဘူး။ အဲ့တော့ ဒီပွဲ အိမ်ရှင်အသင်းကို မျက်စိလည်သွားအောင် ထုထောင်းလိမ့်မယ်။

11 Playes

bournemouth (4-4-2) : Neto; Smith, Mepham, Senesi, Zemura; Lerma, Billing; Ouattara, Traore, Anthony; Solanke

Newcastle United (4-3-3) : Pope; Trippier, Schar, Botman, Burn; Willock, Longstaff, Joelinton; Almiron, Wilson, Gordon

Missing Player

bournemouth  : Ryan Fredericks (Knock), David Brooks (Fitness), Lewis Cook (Knee Injury), Dominic Solanke (Knee Injury), J. Stanislas (Muscle Injury),J. Stephens (Knock Injury),M. Tavenrnier, L. Kelly (Knock Injury)

Newcastle United : Matty Longstaff (Knee Injury), Emil Krafth (Cruciate Ligament Rupture),J. Manquillo (Muscle Injury),A. Isak (Head Injury)

Facebook