m9 log in

m9 log in လီဗာပူးလ် vs အဲဗာတန် [13 Feb 23 - 02:30 hrs]

m9 log in အိမ်ရှင်လီဗာပူးလ်အသင်း အခုတလော စွမ်းဆောင်ရည်တွေအရမ်းညံ့နေပါတယ်။ ပြောမယ်ဆို သူတို့ဘဝထဲမှာ အညံ့ဆုံးပဲလို့တောင် ပြောနိုင်ပါတယ်။ Position တစ်ခုချင်းစီထောက်ကြည့်မယ်ဆိုရင် ခံစစ်ပိုင်းက လုံးဝကို အသုံးမကျဘူးဖြစ်နေတယ်။ မှားယွင်းမှု ခန ခန ဖြစ်နေရော။ ဂိုမက်ဇ်နဲ့ မာတစ်တို့အတွဲက တွဲတိုင်းအဆင်မပြေကြဘူး။ ညာဘက်ခြမ်းမှအာနိုးကလည်း အဆင်မပြေတော့ဘူး အပေါက်တွေမပိတ်နိုင်ဘူး။ သူ့အပြေးက မြန်ရက်သားနဲ့ ခံစစ်ပိတ်လို့အဆင်မပြေဘူးဖြစ်နေတယ်။ သူ့ကို ကွင်းလယ်အထိ အရှေ့တိုးပြီး အစမ်းကစားခိုင်းစေချင်ပါတယ်။ ရောဘတ်ဆန်ကလည်း မာနေးမရှိတော့တဲ့နောက်ပိုင်း ဘယ်ဘက်ခြမ်းတိုက်စစ်ဆင်ကစားခြင်းက အားနည်းသွားပါတယ်။ ကွင်းလယ်ပိုင်းကျတော့ ပြောစရာမရှိတော့ဘူး။ စိတ်ပါလက်ပါကစားနေတယ်ဆိုလို့ Bajcetic ပဲရှိပါတယ်။ သီယာဂိုက အတွေ့ကြုံများပေမယ့် အချို့နေရာဆိုရင်လည်း ကစားခွင့်သိပ်မရလိုက်ဘူး။ အသင်းကပ္ပတိန်ဖြစ်တဲ့ ဟိန်ဒိုကြီးကလည်း အခုတလော အကျိုးမရှိပဲ ကစားနေရတယ်။ ဖာဘင်ဟိုနဲ့တစ်ယောက်ကတော့ စွမ်ဆောင်ရည်ကြောင်ပျောက်နေပြီး ပြန်မကောင်းနိုင်တော့ပါဘူး။ Elliott မှာလည်း အသက်ငယ်လွန်းလို့ အားကိုးလို့မရသေးဘူးဖြစ်နေတယ်။ ကာဗားလ်ဟိုကတော့ အသင်းမှ လုံးဝပျောက်ကွယ်သွားပါပြီ။ ပြီးတော့ လီဗာပူးလ်တို့ရဲ့ တိုက်စစ်မှူး ၃ ယောက်ကလည်း ပွဲတိုင်းပဲကွန်တန့်တွေဖြစ်ပေါ်နေတယ်။ ဆာလက်က မထင်မှတ်ပဲ ခြေစွမ်းကျဆင်းသွားတယ်။ နူးနက်ဇ်ကတော့ လွတ်ပေါက်ရှာတတ်ပေမယ့် အခွင့်ရေးကို အရမ်းဖြုန်းနေတယ်။ Gakpo ကြီးက မကစားတတ်တဲ့ False 9 ကို ကစားနေရပါတယ်။ အပေါ်ကပြောထားတာတွေနဲ့တင် ပြိုင်ဘက်ကို ဘယ်လိုပြန်ခုခံမလဲတောင်မသိတော့ဘူး။ မှားယွင်းမှုတွေကလည်း အမြဲဖြစ်ပေါ်နေတယ်။ အဲ့တော့ ဒဏ်ရာပြန်သက်သာလာတဲ့ ကစားသမားတွေကိုပဲ စောင့်နေရတော့မယ်။ ဂျိုတာ၊ Diaz၊ ဖာမီနို၊ Arthur၊ ဗန်ဒိုက်နဲ့ Konate တို့က လီဗာပူးလ်အခြေနေကို လာပင့်ပေးနိုင်လောက်ပါတယ်။ ဒီပွဲကတော့ ယုံကြည်မှုပြည့်ဝနေတဲ့အသင်းကို ကြိုဆိုရမှာဆိုတော့ တော်တော်ပင်ပန်းလိမ့်မယ်။

အဲဗာတန်တို့ကျတော့ လမ်းပတ်နည်းပြကို အလုပ်ထုတ်လိုက်ပါပြီ။ အခု Sean Dyce နဲ့အစားထိုးထားပါတယ်။ Sean Dyce ဦးဆောင်ခဲ့တဲ့ အဲဗာတန်အသင်း ပထမဦးဆုံးတစ်ပွဲတုန်းက နံပါတ် ၁ အသင်းကြီးအပေါ် အနိုင်ရရှိလာပါတယ်။ တကယ့် နည်းပြပြောင်းလဲလိုက်တဲ့တက်ကြွမှုဖြစ်နေတယ်။ အဲ့ပွဲ အဲဗာတန်တို့ရဲ့ ကွင်းလယ်ပိုင်းက တစ်ပွဲလုံးပဲပြေးနိုင်တယ်။ ပြောမယ်ဆိုရင် မိနစ် ၉၀ လုံးလုံး တက်ကြွမှုရှိတယ်။ အဲ့တာနဲ့ အာဆင်နယ်ရဲ့ကစားသမားတွေက တန်ပြန်တိုက်စစ်ဆင်ဖို့အချိန်တောင် မရလိုက်ပါဘူး။ အဲဗာတန်တို့က အခုမှ အန်တိုနီ ဂေါ်ဒွန်ကို ဆုံးရှုံးသွားပေမယ့် အရင်ပွဲကအခြေနေကိုကြည့်ပြီးပြောရင် သူတို့အရည်သွေးနဲ့ လုံးဝမထိခိုက်ဘူးလို့ ယူဆနိုင်ပါတယ်။ Calvert Levin က အရှေ့ဆုံးမှာနေပြီး ဘောလုံးစောင့်ရုံပဲလုပ်ရတယ်။ အလယ်တန်းကတော့ ၅ ယောက်တောင်ခံထားပါတယ်။ Sean Dyce ရဲ့စတိုင်လ်အတိုင်း အရမ်းပဲ တောင့်တင်းမှုရှိပါတယ်။ သူ့စတိုင်လ်က direct football ပါပဲ။ ရိုးရိုးရှင်းရှင်းလည်းဖြစ်တယ်။ စည်းဘေးကနေ အတွင်းဘက်ကို ဘောလုံးပို့သွင်းတယ်။ အဲ့ထက်ကောင်းတာ သူ့တပည့်ဟောင်း မက်ခ်နေးလ်ကပါရှိနေတော့ သူ့နည်းစနစ်ကို တော်တော်သိကျွမ်းပြီးသားဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းကို ၃ ယောက်နေခိုင်းတယ်။ Gueye၊ Ducoure၊ Onana တို့က တော်တော်အဆင်ပြေနေတယ်။ အပြေးတော်လွန်းလို့ အာကြီးကို အပိုင်ချုပ်နိုင်တယ်။ Iwobi ကလည်း စည်းဘေးကနေ ကစားပွဲဖန်တီးပြီး အပြေးလည်းတော်တော်မြန်တော့ ဘာမှစိတ်ပူစရာမရှိဘူး။ Sean Dyce ရဲ့ အနောက်တန်းကျတော့ အရင်တိုင်းပဲ အသုံးပြုမယ်ထင်တယ်။ သူ့တပည့်ဟောင်း Tarkowski လည်း ရှိနေတယ်။ အဲ့တော့ အဲဗာတန်ရဲ့ Set Piece က တော်တော်ကြောက်စရာကောင်းလိမ့်မယ်။ ဒီပွဲ အဲဗာတန်တို့ အရင်ပွဲလို စွမ်းဆောင်ရည်ထိန်းနိုင်ရင်တော့ အနိုင်ရတဲ့အထိ မျှော်လင့်လို့ရပါတယ်။ ဒါပေမယ့် အန်ဖီးလ်ကွင်းဖြစ်တဲ့အတွက် ဘယ်တော့မှမလွယ်ပါဘူး။ နောက်ပြီး Sean Dyce က ကလော့ပ်ကိုအမြဲရှုံးတတ်ပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ဒီဒါဘီတိုက်ပွဲ အနီရောင်ဘက်က အနိုင်ရသွားတာပိုများပါတယ်။ အန်ဖီးလ်ကွင်းပါဖြစ်နေရင် အဲဗာတန်ဘက်က အနိုင် ၁ ပွဲလေးပဲ ရသွားဖူးပါတယ်။ အဲ့တာနဲ့ပဲ အိမ်ရှင်အသင်းက ဧည့်သည်အသင်းထက် ပိုသာနေပါတယ်။ ဒီနှစ် နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာကောင်းတာချင်းတူတူပဲ။ အိမ်ရှင်ဘက်က ပိုကြည့်ကောင်းပေမယ့် စိတ်ပျက်စရာလည်း ပိုကောင်းနေပါတယ်။ အရင်နှစ်ကစွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင် ဒီနှစ် ထိပ်ပိုင်းနေရာရောက်သင့်ပါတယ်။ ဒါပေမယ့် ရာသီဈေးတုန်းက အရင်းနှီးတွေ သိပ်မလုပ်ခဲ့ကြတော့ မပြောတော့ပါဘူး။ ဆောင်းတွင်းတုန်းကဆိုရင် Gakpo တစ်ယောက်ပဲဝယ်ဖြည့်လိုက်တယ်။ ကွင်းလယ်ပိုင်းရဲ့အခြေနေကလည်း အခုထိ ပြန်မပြင်နိုင်သေးပါဘူး။ ခံစစ်မှူးတွေကလည်း လူတိုင်းပဲခြေစွမ်းကျဆင်းနေပါတယ်။ မာတစ်ကစ ဂိုမက်ဇ်ရောပဲ စိတ်ချလို့ရသေးဘူးဖြစ်နေတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ မာနေးမရှိတော့ တန်းပေါ်တော့တာပဲ။ ဆာလက်ကြီးက မထင်မှတ်ပဲ ခြေစွမ်းကျဆင်းသွားတယ်။ နူးနက်ဇ်နဲ့ Gakpo ကလည်း နေသားကျဖို့အချိန်ယူနေတုန်း။ အခုတလော စွမ်းဆောင်ရည်က အရမ်းပဲဆိုးရွားနေပါတယ်။ အဲဗာတန်တို့မှာလည်း လီဗာပူးလ်လိုပါပဲ။ ပိုတောင်ဆိုးသေးတယ်။ အဲ့တာနဲ့ပဲ အသင်းနည်းပြ လမ်းပြကြီးက အလုပ်ထုတ်ခံထိသွားရော။ အသင်းနည်းပြအသစ် Sean Dyce ကို ပြောင်းလိုက်တော့မှ အာဆင်နယ်ကြီးကို တန်းပြီး အနိုင်ရလာတယ်။ ကံကောင်းလို့မဟုတ်ပါဘူး။ အဲ့ပွဲ သူတို့ကွင်းလယ်ပိုင်းက အရမ်းပြေးနိုင်လို့သာ အနိုင်ရလာတာပါ။ ဒီပွဲသူတို့ အရင်ပွဲလိုပဲ ထပ်ပြီးကစားလောက်တယ်။ အဲ့တော့ အိမ်ရှင်အသင်းကို ထောင်းနိုင်ကိန်းရှိပါတယ်။ ဒါပေမယ့်လည်း စံချိန်အရထဲမှာ သူတို့ဘက်က လီဗာပူးလ်ကို အမြဲရှုံးနေတတ်တော့ လီဗာပူးလ်ဘက်က ပိုကြည့်ကောင်းနေရော။ ဒီပွဲ အဲဗာတန်တို့ ရှုံးဖို့ရှိပေမယ့် ကပ်ရှုံးရုံပဲရှိလိမ့်မယ်။ ဒါပေမယ့် ဒီပွဲ သရေကျရုံမဲ့ ပြီးဖို့တော်တော်များပါတယ်။

11 Players

Liverpool (4-3-3) – Allison – Trent Arnolds – Robertson – Van Dijk – Matip – Bacjetic – Thiago – Elliot – Gakpo – Salah – Nunnez

Everton (4-5-1) – Pickford – Mykolenko – Tarkowski – Coady – Coleman – Doucure – Gueye – Onana – Iwobi – Mcniel – Calvert Lewin

Missing Players

Liverpool FC – Virgil van Dijk (fitness test), Arthur Melo (fitness test), Luis Díaz (fitness test), Diogo Jota (fitness test)

Everton FC – Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament Injury)

Facebook