m9 casino app

လိဒ်စ် Vs မန်ယူ [12 Feb 23 - 20:30 hrs]

m9 casino app အိမ်ရှင်လိဒ်စ်အသင်း အခုထိ အသင်းနည်းပြအသစ်ကို အတည်တကျမခန့်အပ်သေးပါဘူး။ အခုမှမန်ယူနဲ့ ၂-၂ သရေကျလာပါတယ်။ အဲ့ပွဲ သူတို့ဘက်ကဂိုး ၂ လုံးအရင်ကျောနိုင်ပေမယ့် ပွဲမသိမ်းနိုင်ခဲ့ပါဘူး။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ Rodigo၊ Archie Grey၊ Adam Forshaw၊ Stuart Dallas တို့မရှိသေးပါဘူး။ ကျန်တာ စိတ်ဝင်စားဖို့ကောင်းတဲ့ကစားသမားကတော့ Sunny Perkins၊ Mark Roca နဲ့ Riam Cooper တို့က ပြန်လည်ရောက်ရှိလာပြီး အခြေနေပြန်စစ်ဆေးဖို့ပဲလိုတော့တယ်။ တောင်ပံကစားသမား Sinisterra နဲ့ Pascal Strauss တို့လည်း အပတ်ရဲ့အလယ်ပိုင်းတုန်းက ဒဏ်ရာရထားတဲ့အတွက် အစစအရာရာစစ်ဆေးပြီးမှ ဆင်းခွင့်ရမှာဖြစ်ပါတယ်။ အကယ်၍မဆင်းနိုင်သေးဘူးဆိုရင်တော့ Junior Fipo နဲ့ အစားဆင်းခိုင်းလိမ့်မယ်။ ကျန်တဲ့ Position တွေကတော့ အရင်အတိုင်းပဲ ဆင်းကစားခိုင်းမယ်ထင်တယ်။ ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ဂိုးသွင်းတဲ့အပိုင်း Patrick Bamford ကို တာဝန်ပေးထားလောက်တယ်။ ပြီးရင် Jack Harrison ကို တိုက်စစ်ဆင်ဖို့ အခွင့်ရေးဖန်တီးပေးခိုင်းလိမ့်မယ်။

အဲရစ်တန်ဟက်နည်းပြလက်ထဲက မန်ယူအသင်းကျတော့ ပြီးခဲ့တဲ့တစ်ပွဲကမှ လိဒ်စ်နဲ့မနည်းရုန်းပြီး သရေကျလာခဲ့ပါတယ်။ အဲ့ပွဲ Marcus Rasford နဲ့ Jadon Sanchow တို့ သရေဂိုးရအောင် ဖန်တီးပေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက် ခြေစွမ်းတော်တော်ပြနိုင်ခဲ့ကြပါတယ်။ ဒီပွဲတော့ မန်ယူအသင်းက ဥရောပဇုန်တက်လှမ်းဖို့အတွက် ၃ မှတ်ရတဲ့အထိ ရည်ရွယ်ထားလောက်တယ်။ အသင်းရဲ့အခြေနေကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ ဥပမာ ဗန်ဒီဘက်ခ်ပေါ့ သူ့ဒဏ်ရာက တော်တော်ပြင်းထန်တဲ့အတွက် ရာသီကုန်တဲ့အထိ မဆင်းနိုင်တော့ပါဘူး။ နောက်တစ်ယောက်ကျတော့ Christian Eriksen ပါပဲ၊ သူလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပါတယ်။ ၄ လပိုင်းမဟုတ်ရင် ၅ လပိုင်းကျမှ ကွင်းထဲပြန်ဆင်းနိုင်မယ်ထင်ပါတယ်။ Scott McTominay နဲ့ nthony Martial တို့မှာလည်း အခုထိ ဒဏ်ရာမသက်သာသေးဘူး။ Aaron Wan-Bissaka ကျတော့ ဒဏ်ရာသက်သာနေပြီဆိုပေမယ့် ဆင်းနိုင်မလားမသေချာသေးပါ။ အဓိကကျတဲ့ ကွင်းလယ်ကစားသမား ကာစီမီရိုကတော့ အနီကဒ်ထိထားလို့ ဒုတိယပွဲမြောက်ရှိသွားပါပြီ။ ဒီပွဲ တန်ဟက်ဘက်က ၄-၂-၃-၁ စနစ်နဲ့ပဲ ရောက်ရှိလာပြီး Wout Weghorst ကို ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်တယ်။ ပြီးရင် Bruno Fernandes နဲ့ Jadon Sancho တို့လည်း ဒီပွဲ ဆင်းရလောက်တယ်။ ရက်ဖိုဒ်ရောပဲထင်ပါတယ်။

ဒီနှစ်သင်းက အချင်းချင်းတွေ့ခဲ့ကြတာမကြာသေးပါဘူး။ နည်းပြပြောင်းလဲချိန်ရဲ့ခြေစွမ်းက အသင်းတိုင်းပဲ ကောင်းတတ်ကြတယ်။ အနိုင်ရတဲ့အထိမဟုတ်ပေမယ့် တော်တော်အဆင်ပြေခဲ့ပါတယ်။ လိဒ်စ်တို့ အခုထိ အသင်းနည်းပြအသစ် မရသေးပါဘူး။ ယာယီနည်းပြနဲ့ပဲ ရှေ့ဆက်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲ မန်ယူနဲ့ ၂-၂ သရေကျလာပေမယ့် အဲ့ပွဲ သူတို့ဘက်က ဂိုး ၂ လုံး အရင်သွင်းနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကစားပွဲကိုမထိန်းနိုင်ပဲ သရေကျသွားပါတယ်။ အဲ့တာနဲ့ပဲ မန်ယူအတွက်လည်း Top4 နဲ့ပိုနီးသွားအောင်အခွင့်ရေးပါ မရလိုက်ဘူး။ ဒီပွဲဟာ ဂုဏ်သရေနဲ့သက်ဆိုင်တဲ့ နှင်းဆီတိုက်ပွဲဖြစ်တဲ့အတွက် တော်တော်လေးကြည့်ကောင်းလိမ့်မယ်။ မန်ယူအသင်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲတုန်းက  အနိုင် ၁ ပွဲလေးပဲလုပ်နိုင်ကြတယ်။ ဂိုးကျတော့ တစ်ပွဲနဲ့တစ်ပွဲမှာ ၂ လုံးမှစပြီး သွင်းနိုင်ကြပါတယ်။ နောက်လာမယ့်တစ်ပွဲကျရင် ဘာစီလိုနာနဲ့တိုက်ခိုက်ဖို့ရှိနေတဲ့အတွက် ဒီပွဲ ကစားသမား Rotation ချဖို့ရှိလောက်တယ်။ ဒီပွဲ မန်ယူတို့က လိဒ်စ်တို့ရဲ့မထင်မှတ်တဲ့အရာနဲ့ ကြုံနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့တစ်ပွဲတုန်းကတောင် လိဒ်စ်ရဲ့ကစားပုံကစားနည်းက မန်ယူထက်မညံ့ခဲ့ပါဘူး။ ဂိုးပါစောစောစီးစီးထသွင်းနိုင်ကြသေးတယ်။ နောက်ပြီး ဒီပွဲ သူတို့အိမ်ကွင်းပါဖြစ်နေတော့ ပိုပြီးကြမ်းနိုင်ကိန်းရှိပါတယ်။ ဒီပွဲ နှစ်သင်းစလုံးက ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ၃ မှတ်လိုချင်နေကြပါတယ်။ လိဒ်စ်ဘက်က အတန်းမဆင်းဖို့အရေး ရုန်းကန်ဖို့နဲ့ မန်ယူကျတော့ ဥရောပဇုန်ထဲပါဖို့အတွက် ဖြစ်ပါတယ်။ ဒီပွဲက အရင်တစ်ပွဲလို သရေကျရုံနဲ့ ပြီးသွားနိုင်ပါတယ်။

11 Players

Leeds United (4-2-3-1) : Meslier; Ayling, Koch, Wober, Firpo; Adams, McKennie; Summerville, Aaronson, Gnonto; Bamford

Manchester United (4-2-3-1): De Gea; Dalot, Varane, Martinez, Shaw; Sabitzer, Fred; Sancho, Fernandes, Rashford; Weghorst

Missing Player

Leeds United: Stuart Dallas (Femoral Fracture) Rodrigo (Ligament Injury), L.Cooper (Knock Injury), A. Forshaw (Hip Injury), Marc Roca (Knok Injury), L. Sinisterra (Muscle Injury), P.Struijk, A.Gray (Broken toe)

Manchester United: Scott McTominay (Unknown Injury), Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury),Casemiro , A. Wan-Bissaka, Antony (Knock Injury)

Facebook

အိမ်ရှင်မန်စီးတီးအသင်း နံပါတ်  ၁ နဲ့ အာဆင်နယ်ကို  မှီဖို့နည်းနည်းပဲလိုတော့ပေမယ့်  မလုပ်နိုင်ခဲ့ပါဘူး။  ပြီးခဲ့တဲ့တစ်ပွဲတုန်းက  အာဆင်နယ်အသင်းမှားပြီး  အဲဗာတန်ကိုရှုံးလိုက်သေးတယ်။ ဒါပေမယ့်  နောက်ဆုံးမှာတော့  မန်စီးတီးတို့လည်း စပါးကိုရှုံးသွားပါတယ်။ အဲ့ပွဲ  သူတို့ဟာသူတို့မှားပြီး ရှုံးလာပါတယ်။ စီးတီးတို့ရဲ့  အစစအရာရာကတော့ ကောင်းပါတယ်။ တိုက်စစ်ပိုင်းနေရာက အဆင်ပြေနေတုန်းဖြစ်တယ်။ အဓိက De Bruyne နဲ့ ဟာလန်းတို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘောလုံးတိကျစွာအပို့အယူလုပ်နိုင်နေကြပါတယ်။ ဒါပေမယ့် De Bruyne ရဲ့ခြေစွမ်းက ကမ္ဘာ့ဖလားပြီးလာတော့ နည်းနည်းကျဆင်းသွားပါတယ်။ အရင်တုန်းကဆိုရင် အခွင့်ရေး ခန ခန ဖန်တီးနိုင်ပေမယ့် ကမ္ဘာ့ဘောလုံးပွဲပြီးသွားတော့မှ သူ့ရဲ့ killer pass ကို သိပ်မမြင်ခဲ့ရတော့ဘူး။ အဲ့ဒီတော့ ဟာလန်းက အခုနောက်ပိုင်း တော်တော်လေးအထီးကျန်သွားပါတယ်။ ပြီးတော့ ဒီကြားထဲမှာ ဖိုဒန်းကလည်း ခြေစွမ်းတွေကျဆင်းနေတယ်။ အဲ့တာနဲ့ပဲ ပက်က ဖိုဒန်းနေရာ Grealish နဲ့ ခနသာ အစားထိုးထားပါတယ်။ တိုက်စစ်မှူးနောက်တစ်ယောက်ကျတော့ Alvarez နဲ့ Mahrez ရှိပါတယ်၊ ကြိုက်တဲ့သူကို ဆင်းခိုင်းလို့ရပါတယ်။ ကွင်းလယ်ပိုင်းကျတော့ တော်တော်ပဲအဆင်ပြေနေကြပါတယ်။ ခံစစ်ပိုင်းနေရာ အသက်ငယ်နေကြသေးလို့ အတွေ့ကြုံနည်းတဲ့အတွက် မှားယွင်းမှုတွေ ဖြစ်ပေါ်တတ်တယ်။ ဒီပွဲ ကိုယ့်ထက်အရည်သွေးနိမ့်တဲ့အသင်းနဲ့ကစားရမှာဆိုတော့ အနိုင်ရသွားလောက်ပါတယ်။

m9 casino app အက်စတွန်ဗီလာတို့ကျတော့ ပရီးမီးယားလိဂ်ရဲ့ပြိုင်ပွဲအခြေနေကို သိကျွမ်းပြီးသားဖြစ်တဲ့ နည်းပြအသစ် ပြောင်းလိုက်ကတည်းက အစစအရာရာ ပိုအဆင်ပြေလာပါတယ်။ အာဆင်နယ်နဲ့ အောင်မြင်မှုမရပေမယ့် အက်စတွန်ဗီလာနဲ့တော့ တော်တော်လေးအဆင်ပြေပါတယ်။ သူတို့ အဆင့်ဇယားထဲမှာ နံပါတ် ၁၁ ဖြစ်ပြီး အတန်းဆင်းမယ့်ဇုန်ထက် အမှတ်အများကြီးသာမနေပေမယ့် ဘယ်လိုပဲနေနေ သူတို့အတန်းဆင်းမယ့်ထဲ မပါလောက်ပါဘူး။ အသင်းထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ကစားသမားကတော့ Bailey နဲ့ Watkins တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အထောက်အကူလုပ်ပေးနေကြပါတယ်။ ကွင်းလယ်ပိုင်းမှာရှိတဲ့ Ramsey က အသင်းရဲ့အဓိကနေရာကို သေသေချာချာ တာဝန်ထမ်းဆောင်နိုင်နေပါပြီ။ Douglas Luiz ဆိုတဲ့တစ်ယောက်ကလည်း ပြိုင်ဘက်ရဲ့ဘောလုံးကို တော်တော်ဖြတ်ယူနိုင်တယ်။ အဲ့တော့ ဒီပွဲ စီးတီးနဲ့ တိုက်ခိုက်မယ်ဆိုရင် ကွင်းလယ်ပိုင်းကို သေသေချာချာစီစဉ်ထားဖို့လိုလိမ့်မယ်။ သူတို့ရဲ့ တိုက်စစ်ဆင်ကစားခြင်းကို ဖြတ်ချုပ်နိုင်ရမယ်။ ခံစစ်ပိတ်ကစားမယ်ဆိုရင်လည်း ဟိုးအတွင်းအထိ စီစဉ်ဖို့လိုတယ်။ ဟိုမရောက်ဒီမရောက်တော့ မလုပ်သင့်ပါဘူး။ နောက်ပြီး သူတို့ဂိုးသမား Martinez က မာချင်တဲ့နေ့ဆို အရမ်းမာတယ်။ အဲ့ဒီတော့ အစစအရာရာကြည့်ပြီး အရှုံးရသွားမယ်ဆိုရင်တောင် ကပ်ရှုံးရုံလောက်ပဲရှိလိမ့်မယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်ကပိုသာပါတယ်။ အချင်းချင်းတွေ့ခဲ့ကြတဲ့ ၁၀ ပွဲတုန်းကဆိုရင် စီးတီးဘက်က အနိုင် ၉ ပွဲတောင်ရသွားပါတယ်။ သရေ ၁ ပွဲလေးပဲ ဖြစ်ပေါ်ခဲ့တယ်။ နှစ်သင်းစလုံးရဲ့ နာမည်ကျော်ကြားပိုင်းကတော့ စီးတီးဘက်ကပိုများပါတယ်။ ပြောမယ်ဆိုရင် အက်စတွန်ဗီလာဘက်က ယှဉ်လို့တောင်မရပါဘူး။ စီးတီးတို့ရဲ့အင်အားက ထိပ်တန်းတွေချည်းလည်းဖြစ်နေကြတယ်။ အက်စတွန်ဗီလာတို့ကျတော့ သူတို့ရဲ့ကစားသမားတော်တော်များများက B အဆင့်လောက်ပဲရှိကြပါတယ်။ ဒီရာသီအတွင်း စွမ်းဆောင်ရည်ပိုင်းယှဉ်ကြည့်ရင် စီးတီးဘက်က နံပါတ် ၂ ဖြစ်နေပေမယ့် ကမ္ဘာ့ဖလားပြီးလာတော့ တော်တော်ကျဆင်းသွားပါတယ်။ အခု အာဆင်နယ်ထက် ပြိုင်ပွဲ ၁ ပွဲ ပိုများပြီး ၅ မှတ်ထက် ပိုနည်းနေပါတယ်။ အဲ့တာနဲ့ သူတို့ အာဆင်နယ်ထက် ၈ မှတ်နည်းသွားဖို့တောင် ရှိနိုင်တယ်။ ဒါပေမယ့်လည်း ဒီရာသီက အဝေးကြီးကျန်သေးတယ်။ နံပါတ် ၁ နဲ့ နံပါတ် ၂ တို့ အခုထိ တစ်ပွဲမှမတွေ့ကြရသေးပါဘူး။ အဲ့တော့ ချန်ပီယံနေရာ စီးတီးအတွက် ရှိပါသေးတယ်။ အက်စတွန်ဗီလာတို့ကျတော့ စွမ်းဆောင်ရည်တွေ ကောင်းလိုက်ဆိုးလိုက် ဖြစ်နေတုန်း။ အစပိုင်းတုန်းကတော့ မကောင်းဘူးပေါ့။ နည်းပြအသစ်ပြောင်းလိုက်တော့မှ အမှတ်ဇယားရဲ့ အလယ်ပိုင်းအထိ ပြန်တက်လာပါတယ်။ ဒီပွဲကတော့ သူတို့အတွက် အရမ်းခက်ပါတယ်။ စီးတီးတို့က ၃ မှတ်အရမ်းလိုချင်နေတာနဲ့ သူတို့ အပီကစားဖို့ရှိကြလောက်ပါတယ်။ စံချိန်ထဲမှာတော့ အပြန်လှန်ခုခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စီးတီးတို့ကို မခံနိုင်ပဲ ရှုံးသွားလောက်ပါတယ်။

11 Players

Man City (4-3-3) – Ederson – Akanji – Lewis – Ake – Walker – Silva – Rodri – De Bruyne – Alvarez – Mahrez – Haaland

Aston Villa (4-4-2) – Martinez – Moreno – Mings – Konsa – Young – Ramsey – Buendia – Kamara –  Dendocker – Watkins – Bailey Missing players

Missing Players

Manchester City – ဒဏ်ရာနဲ့ ဘန်းခံထိထားတဲ့ကစားသမားမရှိပါ။

Aston Villa – Lucas Digne (Shoulder Injury), Bertrand Traoré (Knee Injury), Diego Carlos (Achilles tendon rupture)

Facebook