lucky388

မန်စီးတီး Vs RB လိုက်ပ်ဇစ် [14 Mar 23 - 02:30 hrs]

lucky388 အိမ်ရှင်မန်စီးတီးအသင်း နောက်ဆုံးတစ်ပွဲတုန်းက လိဂ်ပွဲစဉ်ဖြစ်ပြီး ခရစ်စတယ်ပဲလေစ့်ကို ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ ဟာလန်းပဲ သူတို့ကို အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲကတော့ UCL တိုက်ပွဲဖြစ်ပြီး အနိုင်ရသွားတဲ့ဘက်က နောက်တစ်ဆင့်ဆန်ကာတင်သွားမှာဖြစ်တယ်။ ပထမတစ်ပွဲတုန်းက ၁-၁ သရေကျသွားတဲ့အတွက် ဘယ်သူမှ ပိုသာထားတာမရှိပါဘူး။ ဒါပေမယ့် မန်စီးတီးတို့က ကိုယ့်အိမ်ကွင်းနဲ့ဆုံးဖြတ်ရမှာဆိုတော့ အကျောပိုရထားပါတယ်။ ဒီပွဲ မန်စီးတီးဘက်က တော်တော်ပြည့်စုံပါတယ်။ အဓိကကစားသမားအားလုံး အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီဘရိုင်းတို့ ဆေးလ်ဗားတို့ Rodri တို့ပြီးတော့ ဟာလန်းမှာလည်း ဆင်းကစားဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။ အဲ့တာနဲ့ ဒီပွဲ မန်စီးတီးမှာ လက်နက်အစုံပဲ ရှိနေကြပါတယ်။ ဒီ့အပြင် ဖိုဒန်းက လောလောဆယ် ခြေစွမ်းတွေအရမ်းတက်ကြွနေပါတယ်။ ပက်ရဲ့ နည်းစနစ်အသစ်နဲ့ အရမ်းအဆင်ပြေတယ်။ ပက်က အခုနောက်ပိုင်း ၃-၄-၂-၁ စနစ်ကို ပြောင်းသုံးတတ်ပါတယ်။ ဒီနည်းစနစ်နဲ့ဆိုရင် တိုက်စစ်ပိုင်းနေရာ လူ ၇ ယောက်တောင် သွင်းလို့ရတယ်။ ပြီးရင် နောက်ခံစင်တာတို့ကို ကွင်းလယ်အထိ တက်နေခိုင်းလို့ရတယ်။ အဲ့တာနဲ့ စည်းဘေးမှာ ဘောလုံးအပို့အယူ ပိုကျယ်ပြန့်စေပါတယ်။ မန်စီးတီးရဲ့ပွဲတိုင်းကို ကြည့်ဖြစ်ရင် ဖိုဒန်းနဲ့ Grealish တို့ သူတို့ဘာသာ သူတို့ ဘောလုံးခေါ်ဆောင်သွားတာ မြင်ရလိမ့်မယ်။ စီးတီးတို့ရဲ့ လက်ရှိအင်အားကြီးနဲ့ဆိုရင် ထိုးဖောက်အားတွေ အရမ်းပြင်းထံပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်လောက် ထိုးဖောက်အားနည်းပေမယ့် ဒီပွဲမှာတော့ ဘာပြသာနာမှမရှိလောက်ပါဘူး။ ဂိုးနှစ်လုံးထက်လည်း ပိုသွင်းနိုင်လောက်ပါတယ်။

ဂျာမနီလိဂ်မှ နာမည်ကြီး RB လိုက်ပ်ဇစ်တို့ကျတော့ ပထမတစ်ပွဲတုန်းက ခြေစွမ်းတွေပြပြီး သရေကျအောင်ထိန်းနိုင်ခဲ့ပါတယ်။ ဒီပွဲကတော့ တော်တော်ခံရလိမ့်မယ်။ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ သုံးစားလို့ရတဲ့ထဲရှိပါတယ်။ အဲ့တာနဲ့ပဲ လိဂ်ထဲမှာ နံပါတ် ၃ ဖြစ်နေပါတယ်။ နောက်နှစ် UCL တိုက်ပွဲထဲပါဖို့ အခက်အခဲမရှိလောက်ပါဘူး။ သူတို့အဝေးကွင်းနဲ့ပွဲတွေမှာကတော့ အားနည်းနေပါတယ်။ လိဂ်ထဲက အဝေးကွင်း ၁၂ ပွဲမှာ ဂိုး ၁၉ လုံးတောင်သွင်းခံထိသွားတယ်။ ပြီးတော့ အနိုင် ၄ ပွဲထဲပဲ ကောက်သိမ်းနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ခံစစ်မှူးတွေက နာမည်ကြီးကစားသမားတွေရှိနေပေမယ့် စွမ်းဆောင်ရည်ကောင်းအောင်တော့ ပွဲတိုင်းမထိန်းနိုင်ကြသေးပါဘူး။ ဒီပွဲ သူတို့မှာ ခံစစ်ပိတ်ပြီး ကောင်းကောင်းကစားဖို့လိုလိမ့်မယ်။ ပြီးရင် တန်ပြန်တိုက်စစ်နဲ့ ပြန်လှန်တိုက်ခိုက်ရမယ်။ သူတို့မှာရှိတဲ့ တိုက်စစ်မှူးကတော့ Andre Silva နဲ့ Timo Werner တို့နှစ်ယောက်က အပြေးမြန်ပါတယ်။ ဒီနှစ်က မထင်မှတ်ပဲ ခြေစွမ်းအရမ်းပြနိုင်ရင်တော့ တကျော့ပြန်တိုက်ပွဲဖြစ်ပြီး နောက်တစ်ဆင့် ဆန်ကာတင်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့မှာ မိနစ် ၉၀ လုံးလုံး အာရုံစိုက်နိုင်ဖို့လိုပါသေးတယ်။ သူတို့က ပင်နယ်တီနဲ့ ဆုံးဖြတ်ရတဲ့အထိ အချိန်ဆွဲနိုင်ရမယ်။ အဲ့တော့ ခံစစ်ပိုင်းမှာရှိတဲ့ Josko Gvardiol နဲ့ Willi Orban တို့ကိုပဲ အားကိုးရလိမ့်မယ်။ သူတို့အတွဲက လိမ့်ဘောကျွမ်းကျင်သလို မြောက်ဘောတွေလည်း ကျွမ်းကျင်ကြပါတယ်။ ဒီပွဲ ဟာလန်းနဲ့တိုက်ခိုက်တဲ့နေရာ တော်တော်ကြည့်ကောင်းလိမ့်မယ်။ စည်းဘေးကတော့ တော်တော်မျက်စိလည်လိမ့်မယ်။ ခံစစ်ပိုင်းအထိ မဖြစ်မနေ ဆင်းကူရလိမ့်မယ်။ ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် တော်တော်ပင်ပန်းလိမ့်မယ်။

အရင်တစ်ပွဲတုန်းက အချင်းချင်းတွေ့ပြီး ၁-၁ နဲ့ပဲ သရေကျသွားခဲ့ပါတယ်။ အဲ့ပွဲ မန်စီးတီးဘက်က လိုက်ဇစ်ပ်အိမ်ကွင်းဖြစ်နေတာတောင် တော်တော်တိုက်ခိုက်နိုင်ကြပါတယ်။ ပထမမိနစ် ၃၀ အတွင်းနဲ့ ဂိုးအရင်သွင်းခံထိခဲ့ပေမယ့် အာရုံစိုက်မှုက အားကောင်းနေကြတော့ ဂိုးပြန်သွင်းနိုင်ကြပါတယ်။ ဒီပွဲ စီးတီးတို့ရဲ့အိမ်ကွင်း ပြန်ဖြစ်သွားပြီဆိုတော့ လိုက်ပ်ဇစ်တို့ တော်တော်ရုန်းခဲ့ရလိမ့်မယ်။ ဒါပေမယ့်လည်း ဘောလုံးဆိုတာ ဘာမှဆိုဖြစ်နိုင်ပါတယ်။ အိမ်ရှင်တို့ရဲ့ထူးခြားချက်ကတော့ ဘယ်သူမှမဟုတ်ပါဘူး ဟာလန်းပါပဲ။ ဒီနှစ်အတွင်း အစီစဉ်အားလုံးထဲမှာ ဂိုး ၃၃ လုံး သွင်းထားပြီးပါပြီ၊ ဒီ UCL ထဲမှာ ၅ လုံး သွင်းထားနိုင်ပါတယ်။ အခု သူ့မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့နေရာ အစားထိုးမယ့်ကစားသမားပါဆိုပြီး ပြောဆိုနေကြကုန်ပြီ။ သူ့ခေတ်က အခုပဲစတင်နေပါတယ်။ စီးတီးတို့ရဲ့ အသင်းထဲမှာ ဘာပြသာနာမှမရှိပါဘူး။ အဓိက ကစားသမားအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ Gundogun – De Bruyne – Grealish – Silva နဲ့ Foden တို့အားလုံး အဆင်သင့်ဖြစ်နေကြပါတယ်။ တိုက်စစ်ပိုင်းကို ဘာမှစိတ်ပူစရာမရှိပါဘူး။ ဘောလုံးပိုင်ဆိုင်မှုကလည်း လိုက်ပ်ဇစ်ထက် တော်တော်များလိမ့်မယ်။ လိုက်ပ်ဇစ်တို့ကျတော့ လက်ရှိကစားသမားအဖွဲ့အစုဟာ ဒီ ၁၀ နှစ်အတွင်းသာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုတလော ဒဏ်ရာရထားတဲ့ကစားသမားတွေရှိနေပါတယ်။ ဥပမာ အသင်းရဲ့ ဂိုးဖန်တီးရှင် Nkunku ဒီပွဲ မပါနိုင်သေးပါဘူး။ အဲ့တော့ အလယ်ခံစစ်မှူးဖြစ်တဲ့ Josko Gvardiol နဲ့ ဘယ်ညာခံစစ်မှူး Henrichs နဲ့ Raum တို့ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။ ဒီပွဲကတော့ Etihad Stadium အထိ ခရီးစဉ်ရမှာဖြစ်တဲ့အတွက် ဘယ်အသင်းမဆို ဘယ်တော့မှမလွယ်ပါဘူး။ ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကည့် စီးတီးဘက်က အနိုင်ရသွားမယ့်အခွင့်ရေး ပိုများနေပါတယ်။

11 Players

Man City (3-4-2-1) – Ederson – Dias – Akanji – Ake – Gundogun – Rodri – De Bruyne – Grealish – Silva – Foden – Haaland

RB Leipzig (4-5-1) – Blaswich – Gvardiol – Orban – Raum – Henrichs – Haidara – Laimer – Werner – Szoboszlai – Forsberg – Andre Silva

Missing Players

Manchester City – ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ။

RB Leipzig – Péter Gulácsi (Cruciate Ligament Rupture), Timo Schlieck (Meniscal Injury), Dani Olmo (Torn Muscle Fibre), Xaver Schlager (Syndesmotic ligament tear), Christopher Nkunku (Torn Muscle Fibre), Abdou Diallo (Knee Problems)

Facebook

ပေါ်တိုအသင်း အခုတလော ပေါ်တူဂီလိဂ်ထဲက နံပါတ် ၂ အသင်း ဖြစ်နေပါတယ်။ နံပါတ် ၁ အသင်းထက် ၅ မှတ်နည်းပြီး ပြိုင်ပွဲအရေအတွက်က တစ်ပွဲ ပိုများနေပါတယ်။ အဲ့တာနဲ့ သူတို့မှာ ချန်ပီယံနေရာ ရင်ခုန်ရမယ်မထင်တော့ပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ Estoril အပေါ် ၃-၂ နဲ့ အနိုင်ရလာပါတယ်။ အဲ့ပွဲ ဂိုးသွင်းပေးတဲ့ကစားသမားတွေကတော့ Grujic, Franco နဲ့ Taremi တို့ပဲ ဖြစ်ပါတယ်။ အမှန်တော့ ဒီရာသီ သူတို့အတွက် ကောင်းပါတယ်။ အခုအချိန်အထိ လိဂ်ထဲမှာ ၃ ပွဲထဲပဲရှုံးနိမ့်ထားပါတယ်။ ခံစစ်ပိုင်းက အားကောင်းပြီး သွင်းခံထိတဲ့ဂိုးအရေအတွက် အနည်းဆုံးထဲက နံပါတ် ၂ ဖြစ်နေပါတယ်။ တိုက်စစ်ပိုင်းကျတော့ ဂိုး ၅၅ လုံး သွင်းနိုင်ပြီး လိဂ်ရဲ့ သွင်းဂိုးအရေအတွက် အများဆုံးထဲက နံပါတ် ၂ ပါပဲ။ အဲ့တာနဲ့ သူတို့မှာ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ အားကောင်းနေမှန်း မြင်ခဲ့ရပါတယ်။ ဥရောပတိုက်ပွဲထဲမှာကတော့ ဒီအဆင့်ကို ဂရုရဲ့ချန်ပီယံအနေနဲ့ တက်ရောက်လာပါတယ်။ သူတို့ပြိုင်ပွဲထဲက စိတ်ဝင်စားစရာကောင်းတဲ့ပွဲဆိုရင် အက်သလက်တီကိုတို့ကို ၂-၁ နဲ့ အနိုင်ရသွားတဲ့ပွဲပဲ ဖြစ်ပါတယ်။ အသင်းထဲက စိတ်ဝင်စားစရာအကောင်းဆုံး ကစားသမားကတော့ Taremi ပဲဖြစ်တယ်။ သူက ဒီဖလားပွဲထဲမှာ ဂိုး ၅ လုံး သွင်းထားပြီးသား ဖြစ်ပါတယ်။ အစီစဉ်အားလုံးထဲက သွင်းဂိုးအရေအတွက် အလုံး ၂၀ သွင်းထားပြီဖြစ်ပါတယ်။ ပေါ်တူဂီမှအသင်းဟာ ပထမလိပ်တုန်းက ၁-၀ နဲ့ အရင်ရှုံးလာပါတယ်။ အဲ့တော့ ဒီပွဲ သူတို့အတွက် အခွင့်ရေးရှိပါတယ်။ ဒီပွဲမှာတော့ အရင်တစ်ပွဲကမှ အနီကဒ်ထိသွားတဲ့ Otávio မရှိသေးပါဘူး။ သူ့နေရာ Danny Namaso နဲ့ အစားထိုး ဆင်းခိုင်းမယ်ထင်ပါတယ်။ ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

lucky388 အင်တာတို့ကျတော့ အီတလီစီးရီးအေလိဂ်ရဲ့ နံပါတ် ၂ အသင်းဖြစ်ပြီး နံပါတ် ၁ အသင်းထက် ၁၈ မှတ်တောင် နည်းနေပါတယ်။ အဲ့တော့ ချန်ပီယံရဖို့အခွင့်ရေး လုံးဝနည်းပါးနေပါတယ်။ ဥရောပတိုက်ပွဲဇုန်ထဲတော့ အေးအေးဆေးဆေးဆေး ထိန်းသိမ်းနိုင်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက Spezia ကို ၂-၁ နဲ့ ရှုံးလာပါတယ်။ မလိုအပ်ပဲ အမှတ်တွေဆုံးရှုံခဲ့ပါတယ်။ အဲ့ပွဲ အင်တာဘက်က ဂိုးသွင်းခွင့်တွေ အများကြီးပဲဖန်တီးနိုင်ပေမယ့် ဂိုးဖြစ်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။ လိဂ်တိုက်ပွဲမှာ အခုနောက်ပိုင်း ခန ခန မှားတတ်ပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အနိုင် ၂ ပွဲလေးပဲ လုပ်ထားနိုင်တယ်။ ဒီရာသီ ခံစစ်ပိုင်းက ဂိုး ၃၀ သွင်းခံထိသွားပါပြီ။ တစ်ပွဲကို ဂိုးတစ်လုံးထက် ပိုသွင်းခံထိနေပါတယ်။ ဒီလို ထိပ်ပိုင်းအသင်းတွေဖြစ်ပြီး သွင်းခံထိတဲ့ဂိုးအရေအတွက် ၃၀ တောင် ရှိတာဆိုတော့ များတယ်လို့ယူဆနိုင်ပါတယ်။ ဒါပေမယ့် ကောင်းတာကတော့ သူတို့ရဲ့တိုက်စစ်ပိုင်းက တော်တော်ကောင်းနေလို့ပါ။ Martinez နဲ့တစ်ယောက်ဆိုရင် လိဂ်ထဲမှာ ဂိုး ၁၄ လုံး သွင်းထားပြီးပြီဖြစ်ပါတယ်။ လက်နက်ကြီးဖြစ်တဲ့ Lukaku နဲ့တစ်ယောက်ကလည်း ဒီပွဲ ပြန်လာပါပြီ။ ဥရောပတိုက်ပွဲထဲမှာကတော့ ဒီအဆင့်ကို ဒုချန်ပီယံအနေနဲ့ တက်‌ရောက်လာပါတယ်။ ဘာစီလိုနာတို့ကိုလည်း အနိုင်ရလာခဲ့ဖူးသေးတယ်။ ဒါပေမယ့် အင်တာတို့ နောက်ဆုံးတစ်ပွဲတုန်းကမှ အရှုံးရလာတဲ့အတွက် ယုံကြည်မှု နည်းနည်းပျောက်ဆုံးလောက်တယ်။ ဒါပေမယ့် ကောင်းတာ ပထမလိပ်တုန်းက ၁-၀ နဲ့ အရင်နိုင်ထားလို့ပါ။ ဒီပွဲကတော့ အင်တာတို့မှာ ဒဏ်ရာရထားတဲ့ J.Correa တစ်ယောက်ထဲပဲရှိပါတယ်။ သူက ဒီရာသီ ၁၇ ပွဲဆင်းပြီ ဂိုး ၃ လုံး သွင်းထားနိုင်ပါတယ်။ ပထမကစားသမား ၁၁ ယောက်မှာကတော့ မသေချာသေးပါဘူး။ Milan Skriniar, Dumfries, Hakan Çalhanoğlu နဲ့ Federico Dimarco တို့ ဆင်းခွင့်ရရင် ရလိမ့်မယ်။ တိုက်စစ်ပိုင်းကတော့ လူကာကူနဲ့ မာတီနက်ဇ်တို့ပဲ ဖြစ်လိမ့်မယ်။

ဒီယူဖာချန်ပီယံလိဂ် နောက်ဆုံး ၁၆ အသင်းအဆင့်ဟာ အင်္ဂါနေ့ညမှ ပြိုင်ဆိုင်ကြမှာဖြစ်ပါတယ်။ ပထမတစ်ပွဲတုန်းက ပေါ်တိုဘက်က အင်တာကို အရင်ရှုံးထားပါတယ်။ ဒီပွဲကတော့ ကိုယ့်အိမ်ကွင်းနဲ့ ပြန်ကစားပြီး အင်တာကို ကြိုဆိုခဲ့ရလိမ့်မယ်။ ဒီပွဲ ပေါ်တိုဘက်က အနိုင်ရတာထက် ဘာမှရွေးစရာမရှိတော့ပါဘူး။ သရေကျရုံနဲ့ နောက်တစ်ဆင့် မတိုးနိုင်ဘူးဖြစ်ပါတယ်။ ပထမတစ်ပွဲတုန်းက အင်တာတို့ အိမ်ကွင်းနဲ့ ၁-၀ အရင်နိုင်ထားပါတယ်။ အဲ့ပွဲ အင်တာကို အနိုင်ဂိုးသွင်းပေးတဲ့ကစားသမားက လူကာကူပဲဖြစ်ပါတယ်။ ပွဲပြီးခါနီ ၈၆ မိနစ်မှပဲ ထသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ပွဲ ပေါ်တိုဘက်က ၇၈ မိနစ်မှာ အနီကဒ်ထိသွားတဲ့ကစားသမား အရင်စဖြစ်ပေါ်ခဲ့သေးတယ်။ အဲ့တာနဲ့ ပေါ်တိုမှာ ဒီပွဲ Otávio ကို အသုံးပြုလို့မရသေးပါဘူး။ ပထမတစ်ပွဲတုန်းက နှစ်သင်းစလုံးရဲ့စံချိန်အသီးသီးက အရမ်းနီးစပ်ကြပါတယ်။ ပေါ်တိုဘက်က အင်တာကို တော်တော်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၀ ယောက်ထဲပဲ ကျန်သွားလို့သာ ရှုံးသွားတာပါ။ ဒီပွဲ ပေါ်တိုတို့ ကိုယ့်အိမ်ကွင်းနဲ့ပြန်ကစားရပြီဖြစ်တဲ့အတွက် အကျောရထားလိမ့်မယ်။ တိုက်စစ်ပိုဆင်ခဲ့ကြလိမ့်မယ်။ ဖန်တွေရဲ့အားပေးသံက သူတို့အတွက် အားဆေးဖြစ်လိမ့်မယ်။ ဒီပွဲ ပေါ်တိုဘက်ကတိုက်စစ်ပိုင်း အင်တာရဲ့ခံစစ်ပိုင်းကို အန္တရာယ်တော်တော်ပေးသွားလိမ့်မယ်။ ဒါပေမယ့် အတွေ့ကြုံပိုင်းကတော့ အာတင်ဘက်က ပိုများပါတယ်။ ကစားသမားအရည်သွေးလည်း ပိုသာတယ်။ အဲ့တာနဲ့ပဲ ဒီပွဲ အာတာတို့ မရှုံးလောက်သေးပါဘူး။ နောက်တစ်ဆင့် ဆန်ကာတင်သွားမယ့်အသင်းက အင်တာဖြစ်ဖို့များပါတယ်။

11 Players

Porto FC (4-2-3-1) : Costa; Mario, Pepe, Cardoso, Sanusi; Grujic, Uribe; Franco, Pepe, Galeno; Taremi

Inter Milan (3-5-2) : Onana; De Vrij, Acerbi, Bastoni; Dumfries, Barella, Calhanoglu, Mkhitaryan, Dimarco; Martinez, Lukaku

Missing Players

Porto FC : Otávio (Indirect card suspension), Galeno (Muscle Injury), Gabriel Veron (Ankle Injury), Evanilson (Muscle Injury)

Inter Milan : Dalbert (Cruciate Ligament Injury) J.Correa (Thigh Injury), M. Skriniar (Physical discomfort)

Facebook