Live22

နယူးကာဆယ် Vs အာဆင်နယ် [ 7 May 23 - 22:00 hrs]

Live22 နယူးကာဆယ်အသင်း အခုလက်ရှိ UCL တိုက်ပွဲဇုန်ထဲပါနေတုန်းဖြစ်ပါတယ်။ အဆင့် ၄ ထက် ၂ မှတ်သာပြီး အဆင့် ၅ ထက် ၆ မှတ်သာနေတုန်းဖြစ်ပါတယ်။ ပြီးတော့ လက်ရှိစွမ်းဆောင်ရည်ကလည်း တော်တော်ပဲကောင်းနေပြီး နောက်ဆုံး ၈ ပွဲတုန်းက ၇ ပွဲတောင် အနိုင်ရရှိသွားပါတယ်။ ပြီးတော့ နောက်ဆုံး ၃ ပွဲတုန်းက ခြေစွမ်းတွေပြပြီး ဂိုး ၁၂ လုံးတောင် သွင်းထားနိုင်ခဲ့ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့သွင်းဂိုးစံချိန်က +၃၄ တောင် ဖြစ်သွားပါပြီ။ အဲ့ထက်ကောင်းတာ အိမ်ကွင်းနဲ့ပွဲတွေမှာဆိုရင် ပိုပြီးတောင့်တင်းမှုရှိတယ်။ အိမ်ကွင်းနဲ့ ၁၆ ပွဲကစားပြီး လီဗာပူးလ်ကိုပဲရှုံးဖူးပါတယ်။ စီးတီးနဲ့တောင် သရေကျသွားသေးတယ်။ အဲ့တော့ ခရီစဉ်ပြီး ရောက်လာတဲ့အသင်းတိုင်းပဲ တော်တော်ရုန်းကန်ခဲ့ကြရတယ်။ အသင်းပိုင်ရှင်က တကယ့်သူဌေးကြီးဖြစ်ပြီး ငွေသုံးတတ်တယ်။ အချို့အသင်းလို ပေါင်သန်း ၅၀၀ သုံးပြီး အရည်မရအဖတ်မရတာမျိုးမဟုတ်ဘူး။ Eddie Howe က နယူးကာဆယ်နဲ့ တော်တော်အဆင်ပြေတယ်။ အစတုန်းက မပြေသလိုလိုနဲ့ ဒါပေမယ့် ဆောင်းရာသီဈေးတုန်းက Trippier တို့ဘာတို့ဝယ်ပြီး အသင်းအခြေနေ လုံးဝပြောင်းလဲသွားပါတယ်။ ဒီရာသီမှာဆိုရင် မထင်မှတ်ပဲ အရမ်းကောင်းနေတယ်။ အသင်းကို အခြေခံကနေ ပြန်တည်ဆောက်တယ်။ ဘောလုံးစတိုင်လ်ကို ခြေထောက်ချင်း တိကျစွာပေးပို့တယ်။ သွက်လက်တဲ့ Pressing ပြီးတော့ သွက်လက်တဲ့ ဖိအားပေးတတ်ကြပါတယ်။ နောက်ပြီး Set Piece ဘောကိုလည်း ကောင်းကောင်းကျွမ်းကျင်ကြပါတယ်။ သူတို့လက်နက်ကလည်း တော်တော်စုံတယ်။ တိုက်စစ်ပိုင်းမှာ တောင့်တင်းမှုရှိပြီး အပြေးသိပ်မမြန်ပေမယ့် ပြိုင်ဘက်ကို ပြစ်ဒဏ်ပေးတဲ့နေရာကတော့ တော်တော်သွက်လက်ကြပါတယ်။ ဒီပွဲက သူတို့အတွက် မလွယ်ပေမယ့် လက်ရှိစွမ်းဆောင်ရည်နဲ့ ယုံကြည်မှုနဲ့ဆိုရင် အနည်းဆုံး ရှုံးမသွားလောက်သေးပါဘူး။ အဆိုးဆုံး သရေဖြစ်ပြီး အနိုင်ရသွားတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

အာဆင်နယ်တို့ကျတော့ ချန်ပီယံလမ်းခရီး တော်တော်ပဲပင်ပန်းနေကြပါတယ်။ အခုမန်စီးတီးရဲ့အနောက်ကနေ ၁ မှတ် ပြန်လိုက်နေရပြီး မန်စီးတီးထက် ၁ ပွဲပါ ပိုကစားထားတယ်။ အဲ့တာနဲ့ပဲ မန်စီးတီးရဲ့လက်ကျန်ပွဲပါထည့်တွက်ရင် သူတို့ထက် ၄ မှတ်သာတယ်လို့ ပြောနိုင်ပါတယ်။ ဒီရာသီ ၄ ပွဲထဲပဲကျန်ပြီး မှားယွင်းမှုအားလုံးက သူတို့ဟာသူတို့ ဖန်တီးကြတယ်လို့ပဲ ယူဆထားပါတယ်။ ဘာလို့လည်းဆိုတော့ အစတုန်းက သူတို့ စီးတီးထက် အမှတ်တော်တော်သာပြီး စွမ်းဆောင်ရည်ကို မထိန်းနိုင်လို့ပါ။ Saliba မရှိတဲ့အတွက် အသင်းရဲ့အခြေနေကို အရမ်းထိခိုက်သွားပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက အဆင်ပြေပါတယ်။ ပွဲတိုင်းလိုလို အခွင့်ရေးဖန်တီးနိုင်ပြီး ဂိုးပါသွင်းနိုင်ကြပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းကသာညံ့နေတယ်။ ဘာမှကာကွယ်ပေးလို့မရဘူး။ လီဗာပူးလ်နဲ့အရင်စပြီးးမှားတယ်။ ပြီးရင် ဝက်စ်ဟမ်းနဲ့ပါမှားပြီး နောက်ဆုံးမှာတော့ စီးတီးနဲ့ ပိုးစိုးပက်စက် မှားသွားပါတယ်။ အဲ့တာနဲ့ပဲ အဆင့် ၁ နေရာကို ဆုံးရှုံးသွားပါတယ်။ ချယ်လ်ဆီးကိုနိုင်ပြီး နည်းနည်းပြန်ကောင်းပေမယ့် လက်ကျန် ၄ ပွဲထဲက ၂ ပွဲမှာ တော်တော်ခက်တယ်။ ဒီပွဲနဲ့ နောက်ပွဲ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီလို ရာသီရဲ့ နောက်ဆုံးကာလအတွင်းဖြစ်ပြီး စီးတီးရဲ့အနောက်ကနေလိုက်ရတာ ပြန်ကျော်တက်ဖို့လုံးဝမလွယ်ပါဘူး။ စီးတီးတို့က ခြေစွမ်းပြပြီဆိုတာနဲ့ တောက်လျှောက်ပြနေတော့တာမို့လို့ပါ။ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က အိမ်ကွင်းနဲ့ တော်တော်တောင့်တင်းမှုရှိတယ်။ သရေကနေ အရှုံးအထိ ရသွားရင်တော့ စီးတီးကိုပဲ ဖလားတန်းပေးခဲ့ရလိမ့်မယ်။ အာကြီးရဲ့အခြေနေက ပြောသလို တိုက်စစ်ပိုင်းကအဆင်ပြေပြီး ခံစစ်ပိုင်းကသာ ညံ့နေပါတယ်။ Zinchenko ကြီးက လီဗာပူးလ်နဲ့ပွဲတုန်းကဆိုရင် တော်တော်တိုင်ပတ်သွားပါတယ်။ ဒီပွဲကတော့ Saliba မရှိသေးပါဘူး။ အခြေနေထပ်ဆိုးလိမ့်မယ်။ ဒီပွဲ အာကြီးတို့ အမှတ်ကောက်နိုင်မယ်မထင်ဘူး။ ကစားပုံကစားနည်းကလည်း ကွာဟမှုမရှိတဲ့အတွက် အာကြီးတို့ အားတော်တော်စိုက်ပြီး ကစားခဲရလိမ့်မယ်။ Odegaard – Martinelli – Saka တို့က အသင်းရဲ့မျှော်လင့်ချက် ဖြစ်ပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အာဆင်နယ်ဘက်က ပိုကောင်းပါတယ်။ ဒါပေမယ့် အဲ့တုန်းက နယူးကာဆယ်အသင်း အခုလို ကောင်းတဲ့စွမ်းဆောင်ရည်မျိုးမဟုတ်ပါဘူး။ နောက်ဆုံး ၂ ပွဲကိုကြည့်ပြီးပြောရင်တော့ နယူးကာဆယ်ဘက်က ပိုကောင်းပါတယ်။ ရာသီရဲ့အစပိုင်းတုန်းက အိမ်ကွင်းနဲ့တောင် အာဆင်နယ်ကိုနိုင်ဖူးတယ်။ အာဆင်နယ်ရဲ့အိမ်ကွင်းခရီးစဉ်ပြီး ၁ မှတ်ရလာသေးတယ်။ လက်ရှိ နှစ်သင်းစလုံးရဲ့အခြေနေကတော့ တော်တော်ပြင်းထံမှုရှိပါတယ်။ နယူးကာဆယ်ဘက်က အဆင့် ၃ မှာ ရောက်ရှိနေပြီး ဘရိုက်တန်ကို ရှုံးသွားတဲ့မန်ယူထက် ၂ မှတ် ပိုသာပါတယ်။ အဆင့် ၅ မှာရှိတဲ့လီဗာပူးလ်ထက် ၆ မှတ်ပိုသာပါတယ်။ နောက်ပြီး အဲ့အသင်းက သူတို့ထက် ၁ ပွဲပိုကစားထားသေးတယ်။ နယူးကာဆယ်တို့ လက်ရှိ ကစားဖို့ ၅ ပွဲကျန်ပြီး UCL တိုက်ပွဲထဲ သေသေချာချာပါနိုင်ဖို့ ၆ မှတ်ပဲလိုပါတော့တယ်။ သူတို့ရဲ့လက်ကျန်ပွဲကိုကြည့်ပြီးပြောရင် နည်းနည်းပင်ပန်းလိမ့်မယ်။ အတန်းဆင်းမယ့်ဇုန်ထဲကအသင်းတွေနဲ့ ရင်ဆိုင်ဖို့ရှိနေလို့ပါ။ အာဆင်နယ်တို့ကျတော့ အခြေနေသိပ်မကောင်းတော့ပါဘူး။ အဆင့် ၁ နေရာကို အကြာကြီးပဲပိုင်ဆိုင်ခဲ့ပြီး အခု ဆုံးရှုံးသွားပြီ။ စီးတီးက ခြေစွမ်းပြပြီဆိုတာနဲ့ အာဆင်နယ်အတွက် ချန်ပီယံဖြစ်ဖို့အခွင့်ရေး လုံးဝနည်းပါးသွားပါတယ်။ နောက်ပြီး ဒီပွဲ တောင့်တင်းမှုရှိတဲ့ နယူးကာဆယ်နဲ့ပါ ရင်ဆိုင်ရမှာဆိုတော့ တော်တော်ရုန်းခဲ့ရလိမ့်မယ်။ ဒီပွဲ အိမ်ရှင်ဘက်ကထူးခြားချက် Wilson ပဲ ဖြစ်ပါတယ်။ သူ့ခြေစွမ်းက အခုတလော တော်တော်ကြမ်းတယ်။ သူ့ကိုထိန်းချုပ်ဖို့ တော်တော်ခက်ပါတယ်။ အဆင်နယ်တို့ကျတော့ စွမ်းဆောင်ရည်ကျဆင်းနေတုန်းဖြစ်ပါတယ်။ အခုမှချယ်လ်ဆီးအပေါ် အနိုင်ရလာတဲ့အတွက် ယုံကြည်မှုနည်းနည်း ပြန်ရလာကြလောက်ပါတယ်။ နှစ်သင်းစလုံးရဲ့အဆင်သင့်ပိုင်းကတော့ နှစ်သင်းစလုံးမှာ အရင်တစ်ပွဲတုန်းက ကစားသမားတွေကိုပဲ ဆက်ပြီးအသုံးပြုဖို့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ အပတ်ရဲ့အလယ်ပိုင်းတုန်းက ပြိုင်ပွဲမရှိပဲ နောက်ဆုံးတစ်ပွဲတုန်းကပါ အနိုင်ရလာတာချင်းတူနေလို့ပါ။ အဲ့ဒီတော့ ကစားသမားပြောင်းလဲတာဘာညာ မရှိလောက်ဘူး။ ဒီပွဲကတော့ တော်တော်ကြည့်ကောင်းတဲ့တိုက်ခိုက်မှုဖြစ်လိမ့်မယ်။ လက်ရှိစွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင် နယူးကာဆယ်ဘက်က ပိုကြမ်းပါတယ်။

11 Players

Newcastle (4-3-3) – Pope – Burn – Botman – Schar – Trippier – Guimaraes – Joelington – Willock – Almiron – Gordon – Wilson

Arsenal (4-2-3-1) – Ramsdale – Zinchenko – Magalhaes – Kiwior – White –  Partey – Xhaka – Odegaard – Martinelli – Saka – Jesus

Missing Players

Newcastle United – Matty Longstaff (Knee Injury), Sean Longstaff (Knock), Jamaal Lascelles (Calf Injury)

Arsenal FC – Mohamed Elneny (Knee Injury), William Saliba (Back Injury), Takehiro Tomiyasu (Knee Surgery)

Facebook

ဒေးဗစ်မိုယက်နည်းပြလက်ထဲက အိမ်ရှင်ဝက်စ်ဟမ်းအသင်း အခုလက်ရှိ အဆင့် ၁၅ ရောက်ရှိနေပြီး ဒီရာသီ ၃၄ ပွဲ ကစားလို့ပြီးသွားပါပြီ။ သူတို့ရဲ့ အဲ့ဒီ ၃၄ ပွဲထဲမှာ ၉ ပွဲအနိုင် ၇ ပွဲသရေနဲ့ ၁၈ ပွဲအရှုံးဖြစ်ပါတယ်။ အိမ်ကွင်းနဲ့ ၁၇ ပွဲကစားပြီး ၂၂ မှတ်လေးပဲ ကောက်သိမ်းနိုင်ပါတယ်။ နောက်ဆုံးတစ်ပွဲကမှ မန်စီးတီးကို ၀-၃ နဲ့ ရှုံးလာပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၄ မှတ်ပဲသာပြီး လုံခြုံမှုမရှိသေးပါဘူး။ ဒါပေမယ့်လည်း Conference League ဖလားမှာတော့ ချန်ပီယံဖြစ်ဖို့ရှိပါသေးတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ V.Coufal မရှိသေးပါဘူး။ ပြီးတော့ ဒဏ်ရာရထားတဲ့ K.Zouma နဲ့ G.Scamacca တို့လည်း မပါနိုင်သေးပါဘူး။ ဒါပေမယ့် ဒဏ်ရာပြန်သက်သာသွားတဲ့ Declan Rice, Tomas Susek နဲ့ Nayev Agreed တို့ကိုကြတော့ ပြန်လည်အသုံးပြုနိုင်သွားပါပြီ။ ဒီပွဲ မိုယက်က ၄-၂-၃-၁ စနစ်နဲ့ပဲ စီစဉ်ထားလောက်ပါတယ်။ ဂိုးသွင်းဖို့နေရာ Antonio ကိုပဲ အသုံးပြုထားပြီး Jarrod Bowen, Pablo Fornals နဲ့ Said Benrahma တို့ကိုကြတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခိုင်းလောက်ပါတယ်။

Live22 အဲရစ်တန်ဟက်နည်းပြလက်ထဲက မန်ယူတို့ကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေပါတယ်။ ဒီရာသီ ၃၃ ပွဲဆင်းကစားပြီး ၁၉ ပွဲအနိုင် ၆ ပွဲသရေနဲ့ ၈ ပွဲအရှုံးဖြစ်ပါတယ်။ လက်ထဲမှာ ၆၃ မှတ်ရှိပါတယ်။ အဝေးကွင်းနဲ့ အမှတ်ဆုံးရှုံးတတ်ပြီး လီဗာပူးလ်ထက် ဘယ်လောက်မှကွာမနေတော့ပါဘူး။ အဝေးကွင်းစံချိန်ထဲက နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲလေးပဲ နိုင်ထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဘရိုက်တန်ကိုရှုံးလာတယ်။ သူတို့က ပြိုင်ပွဲတွေတောက်လျှောက်ဝင်နေရလို့ ပင်ပန်းနေကြလို့ စွမ်းဆောင်ရည်ကျဆင်းနေတာဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Phil Jones, Donny van de Beek, Tom Heaton, Raphael Varane, Scott McTominay နဲ့ Lisandro Martinez တို့မရှိသေးပါဘူး။ အားလုံးက ဒဏ်ရာရထားကြပါတယ်။ Garnacho နဲ့တစ်ယောက်ကတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ်။ ဒီပွဲ တန်ဟက်က ၄-၂-၃-၁ စနစ်နဲ့ပဲ ရောက်လာမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ အရှေ့ဆုံးမှာ Wout Weghorst ကိုပဲတာဝန်ပေးထားပြီး ဆန်ချို၊ ဘရူနိုနဲ့ Rashford တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ စီစဉ်ထားလောက်ပါတယ်။

Conference League လိဂ်ဖလားရသွားမယ့်ထဲ ဝက်စမ်ဟမ်းတို့ စာရင်းထဲ ပါဝင်ရှိနေပါတယ်။ အဲ့တော့ သူတို့ နောက်အပတ်သောကြာနေ့မှာ AZ Alkmaar နဲ့ ရင်ဆိုင်ဖို့အရေး အာရုံစိုက်နေရလိမ့်မယ်။ အဲ့ဖလားပွဲက မိုယက်ရဲ့မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ ဒီပွဲအတွက် သိပ်ပြီးအားစိုက်မယ်မထင်ပါဘူး။ ဒါပေမယ့်လည်း အတန်းမဆင်းအောင်တော့ ရုန်းဖို့လိုပါသေးတယ်။ ၁ မှတ်လောက်တော့ ရသင့်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၃ ပွဲတုန်းက ၃ ပွဲစလုံးရှုံးထားပါတယ်။ အခု အတန်းဆင်းမယ့်ဇုန်ထက် ၄ မှတ်ထဲပဲသာနေတော့တယ်။ မန်ယူတို့မှာလည်း နောက်ဆုံးတစ်ပွဲတုန်းက မပေးသင့်တဲ့ပင်နယ်တီကိုပေးခဲ့ရပြီး ရှုံးလာပါတယ်။ အဲ့တာနဲ့ သူတို့လက်ထဲမှာ ၆၃ မှတ်ရှိပြီး အဆင့် ၄ ဖြစ်နေပါတယ်။ ဒီရာသီ ၃၃ ပွဲကစားပြီး Top4 နေရာ မသေချာသေးပါဘူး။ မန်ယူတို့ရဲ့အခြေနေက သိပ်မကောင်းပေမယ့် ဝက်စ်ဟမ်းနဲ့တွေ့တိုင်း အနိုင်ရသွားတတ်ပါတယ်။ ဒီကစားပွဲအခြေနေကတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ်။ ဝက်စ်ဟမ်းတို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့အခွင့်ရေး စောင့်နေလိမ့်မယ်။ ဝက်စ်ဟမ်းမှာ K.Zouma မရှိသေးတဲ့အတွက် ခံစစ်ပိုင်း တော်တော်အားနည်းသွားလိမ့်မယ်။ ဆန်ချို၊ အန်တိုနီနဲ့ Rashford တို့ရဲ့သွက်လက်ချက်ကြောင့် တော်တော်ဒုက္ခရောက်သွားလိမ့်မယ်။ ဒီပွဲ မန်ယူဘက်က တိုက်စစ်ပိုင်းကို သေသေချာချာချုပ်ကိုင်ပြီး ပြတ်သားမှုပိုရှိအောင် စီစဉ်ထားလိမ့်မယ်။ နောက်ဆုံးမှာတော့ သူတို့ပဲ ၃ မှတ်ရသွားလောက်ပါတယ်။

11 Players

West ham United 4-2-3-1) : Fabianski; Kehrer, Ogbonna, Aguerd, Emerson; Soucek, Rice; Bowen, Paqueta, Benrahma; Antonio

Manchester United (4-2-3-1): De Gea; Wan-Bissaka, Lindelof, Shaw, Dalot; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho

Missing Players

West ham United : K.Zouma(Sprained ankle),V.Coufal (Thigh Injury),G.Scamacca(Knee Injury)

Manchester United :  Tom Heaton (Ankle Injury), Scott McTominay (Unknown Injury), Raphaël Varane (Foot Injury), Lisandro Martínez (Metatarsal Fracture), Donny van de Beek (Knee Injury)

Facebook