king855 myanmar

နယူးကာဆယ် Vs စပါး [23 Apr 23 - 19:30 hrs]

king855 myanmar နယူးကာဆယ်အသင်း အိမ်ကွင်းနဲ့ နောက်ဆုံး ၅ ပွဲတုန်းက အနိုင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ အခုမှ လိဂ်တိုက်ပွဲဖြစ်တဲ့ နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာကိုရှုံးလာပါတယ်။ ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ Allan Saint-Maximin က ဒဏ်ရာရထားတဲ့အတွက် လကုန်ခါနီးမှ ပြန်လာမယ်ထင်တယ်။ အရင်တစ်ပွဲတုန်းက ဒုတိယကစားသမားအနေနဲ့ ဆင်းကစားခဲ့တဲ့ Miguel Almiron ကျတော့ ဒီပွဲ ပထမကစားသမားအနေနဲ့ ဆင်းခွင့်ရရင် ရသွားနိုင်ပါတယ်။ ကျန်တဲ့ Nick Pope၊ Fabian Cher၊ Kieran Trippier၊ Bruno Gilmarais၊ Joe Willock၊ Jacob Murphy၊ Jolinton နဲ့ Alexander Isaac တို့ကျတော့ အားလုံးပဲ ပါဝင်ကစားနိုင်ပါတယ်။ ဒီပွဲ အသင်းနည်းပြက ၄-၃-၃ စနစ်နဲ့ စီစဉ်ထားမယ်ထင်ပါတယ်။ ဂိုးသမားနေရာ Nick Pope ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်တိုက်စစ်နေရာ Schar နဲ့ Botman တို့ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။ ခံစစ်ပိုင်း ညာဘက်ခြမ်းကနေ ကစားပွဲဖန်တီးဖို့ကျတော့ Trippier ကိုတာဝန်ပေးထားလောက်ပါတယ်။ အလယ်တန်းနေရာကျတော့ Guimaraes နဲ့ Almiron တို့ကို ထိန်းခိုင်းပြီး တိုက်စစ်ဆင်ဖို့တာဝန်ပါ ပေးထားလောက်ပါတယ်။ အရှေ့တန်းနေရာကျတော့ Isaac ကိုပဲ ဂိုးသွင်ဖို့အတွက် အဓိကတာဝန်ပေးထားလောက်ပါတယ်။ Joelinton လည်း Isaac နဲ့အတူ တွဲဆင်းရလောက်ပါတယ်။

စပါးတို့ကျတော့ အဝေးကွင်းအခြေနေ မကောင်းပါဘူး။ အဝေးကွင်းနဲ့ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အနိုင် ၀ သရေ ၂ ပွဲနဲ့ အရှုံး ၃ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ လိဂ်တိုက်ပွဲဖြစ်တဲ့ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဘုန်းမောက်ကို ရှုံးလာပါတယ်။ ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ Clement Lenglet၊ Emerson Royal၊ Eve Bissouma၊ Ryan Sessegnon နဲ့ Lucas Moura တို့ မပါလောက်သေးပါဘူး။ ဒီပွဲ အသင်းနည်းပြက ၃-၄-၂-၁ စနစ်နဲ့ စီစဉ်ထားမယ်ထင်တယ်။ ဂိုးသမားနေရာ နံပါတ် ၁ ဖြစ်တဲ့ Lloris ကိုပဲ တာဝန်ထမ်းဆောင်ခိုင်းပြီး အနောက်တန်းနေရာကျတော့ Romero နဲ့ Dier တို့ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။ Porro နဲ့တစ်ယောက်ကျတော့ ခံစစ်ပိုင်းကနေ ကစားပွဲဖန်တီးပြီး တိုက်စစ်ဆင်လိမ့်မယ်။ အလယ်တန်းနေရာကျတော့ Hojbjerg ကိုပဲ အဓိက ထိန်းခိုင်းလိမ့်မယ်။ ပြီးရင် Perisic နဲ့ Kulusevski တို့နှစ်ယောက်က ပြိုင်ဘက်ခံစစ်ပိုင်းကို အနောက်ယှက်ပေးဖို့ တာဝန်ပေးထားလောက်ပါတယ်။ သူတို့နှစ်ယောက်ဆီက ဂိုးတွေလည်း မျှော်လင့်လို့ရပါတယ်။ အရှေ့တန်းနေရာကျတော့ son နဲ့ ကိန်းတို့ပဲ တာဝန်ယူထားကြလောက်ပါတယ်။

ဒီပွဲလည်း တော်တော်ကြည့်ကောင်းလောက်တယ်။ နယူးကာဆယ်ဘက်က အိမ်ကွင်းနဲ့ စပါးကို လက်ခံကြိုဆိုရမှာဖြစ်ပါတယ်။ သူတို့နှစ်သင်းက ပရီးမီးယားလိဂ် အဆင့် ၄ နဲ့ အဆင့် ၅ ဖြစ်ပြီး ရင်ဆိုင်ခဲ့ကြလိမ့်မယ်။ ဒီပွဲက ရမှတ်လုယက်တိုက်ပွဲပဲဖြစ်ပါတယ်။ နယူးကာဆယ်ဘက်က ၃ မှတ်လိုချင်ပြီး Top4 နေရာ ဆက်လက် ရပ်တည်ဖို့ဖြစ်ပါတယ်။ စပါးတို့ကျတော့ Top4 ထဲပါသွားအောင် ၃ မှတ်လိုချင်နေကြပါတယ်။ အဲ့ဒီတော့ ဘယ်အသင်းမှ အရှုံးရသွားချင်ကြမှာမဟုတ်ပါဘူး။ ဒီပွဲ သရေကျသွားရင် နှစ်သင်းစလုံးအတွက် မကောင်းပါဘူး။ ဘာလို့လည်းဆိုတော့ အဆင့် ၆ နဲ့ အဆင့် ၇ တို့က သူတို့ကို ကျော်တက်ဖို့ချောင်းနေကြလို့ပါ။ စပါးတို့ ဒီနားမတိုင်ခင် လိဂ်တိုက်ပွဲဖြစ်ရင် ၄ ပွဲဆက်တိုက် အရှုံးမရှိခဲ့ပါဘူး။ နောက်ဆုံးတစ်ပွဲရောက်တော့မှ ဘုန်းမောက်ကိုရှုံးသွားပါတယ်။ စပါးရဲ့တိုက်စစ်ပိုင်းက မဆိုးပါဘူး ဂိုးတွေသွင်းနိုင်နေကြပါတယ်။ ဆိုးတာ ခံစစ်ပိုင်းပဲ ဖြစ်နေတယ်။ ပွဲတိုင်းနီးပါး ဂိုးသွင်းခံထိတတ်တယ်။ နယူးကာဆယ်တို့ကျတော့ အိမ်ကွင်းနဲ့ ကစားရတဲ့အတွက် အကျောပိုရထားပါတယ်။ သူတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာကို ရှုံးလာပါတယ်။ ဒီပွဲ နှစ်သင်းစလုံးက တိုက်စစ်ဆင်တဲ့စတိုင်လ်ချင်းတူနေတဲ့အတွက် ပြတ်သားမှုပိုရှိတဲ့အသင်းပဲ အနိုင်ရသွားလိမ့်မယ်။ နောက်ဆုံးမှာတော့ ဘယ်အသင်းမှ ဂိုးပိုသွင်းနိုင်မယ်လို့မထင်ပါဘူး။ ဂိုးသွင်းမှုရှိရှိနဲ့တော့ သရေကျသွားလိမ့်မယ်။

11 Players

Newcastle (4-3-3): Pope; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Willock; Almiron, Wilson, Joelinton

Tottenham (3-4-2-1): Lloris; Porro, Romero, Dier, Perisic; Kulusevski, Hojbjerg, Skipp, Danjuma; Kane, Son

Missing Players

Newcastle : Allan Saint-Maximin (Hamstring Injury), Matty Longstaff (Knee Injury),E.Krafth (Ligament Injury)

Tottenham : Yves Bissouma (Ankle Fracture), Rodrigo Bentancur (Cruciate Ligament Rupture),Lucas Moura(Red card), C. Lenglet(Muscle Injury)R.Sessegnon(Hamstring Injury),Emerson Royal(Meniscus Injury)

Facebook

ဘရိုက်တန်အသင်း သူတို့ပရိသတ်တွေကို မျှော်လင့်ချက် အပေးနိုင်ဆုံးအသင်းဖြစ်ပါတယ်။ ဒီပွဲပြီးသွားတာနဲ့ ဗိုလ်လုပွဲတက်ရောက်သွားမှာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းရဲ့ကစားပုံကစားနည်းကတော့ Pressing နဲ့ Team Work ရှိရှိ ကစားတတ်ကြပါတယ်။ သူတို့ရဲ့ တောင်ပံကစားသမားနှစ်ယောက်စလုံးက သွက်လက်တယ်။ ပြီးတော့ ကွင်းလယ်ကစားသမားဆိုရင် ကမ္ဘာ့အဆင့်ရှိတဲ့ကစားသမား ဖြစ်နေပါတယ်။ ဒီပွဲ သူတို့ဘက်က အနိုင်ရပြီး ဗိုလ်လုပွဲအထိ တက်ရောက်သွားဖို့အခွင့်ရေးရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်းက လောလောဆယ် မသန်မစွမ်းတွေဖြစ်နေကြလို့ပါ။ အဲ့အခြေနေမျိုးနဲ့ တက်ကြွနေတဲ့ ဘရိုက်တန်နဲ့ တိုက်လိုက်ရမှာဆိုတော့ မန်ယူအတွက် အရမ်းပဲခက်လိမ့်မယ်။ ဒီပွဲ ဘရိုက်တန်နည်းပြက ကစားစနစ်ကို ပြောင်းလဲမယ်မထင်ပါဘူး။ ဒီစနစ်နဲ့ တော်တော်အဆင်ပြေနေပြီးသား ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လောလောဆယ်အခြေနေနဲ့ ဆိုရင် သွက်လက်မှုရှိတဲ့ ဘရိုက်တန်ရဲ့ Pressing နဲ့ညားရင်တော့ ပွဲသိမ်းလောက်ပါတယ်။ ဘရူနိုရဲ့ ကစားစရာနေရာပါ မပေးပဲ ပိတ်ပင်ထားနိုင်ရင် မန်ယူအတွက် ပိုဆိုးလိမ့်မယ်။ အဲ့ဒီတော့ ဘရိုက်တန်ရဲ့ ဒီပွဲ အားကိုးချင်စရာအကောင်းဆုံးက ကွင်းလယ်ကစားသမားဖြစ်တဲ့ Moises Caiseido ပဲ ဖြစ်ပါတယ်။ သူက Box to Box စတိုင်လ်နဲ့ကစားသမားဖြစ်တယ်။ တိုက်စစ်ဆင်ကစားတတ်သလို ခံစစ်ပိတ်လည်း ကစားတတ်တယ်။ ပြီးတော့ သူ့ရဲ့ ထိုးတက်မှုက တော်တော်သွက်လက်ပါတယ်။ တိုက်စစ်ဆင်တဲ့အခါမှာ Mac Allister ကို ကစားပွဲဖန်တီးပေးခိုင်းပြီး လျင်မြန်တဲ့ တောင်ပံကစားသမား Mitoma နဲ့ ထိုးတက်ခိုင်းလို့ရပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဘရိုက်တန်ရဲ့ တိုက်ပွဲကိုကြည့်ဖြစ်တယ်ဆိုရင် Enciso ရဲ့ ခြေစွမ်းကို မြင်ခဲ့ကြမှာပဲ။ ဒီတစ်ယောက်လည်း တော်တော်ကြမ်းနေတယ်။ ချယ်လ်ဆီးတို့တောင် တော်တော်တိုင်ပတ်သွားကြတယ်။ ဘရိုက်တန်ရဲ့ တိုက်စစ်ဆင်ကစားနည်းက တောင်ပံကနေ ထိုးတက်တာမျိုးမဟုတ်တော့ပါဘူး။ အခွင့်ရေး ကြုံရင်ကြုံသလို ကွင်းအလယ်ကနေ ထိုးတက်ပြီး Welbeck ဆီ ဘောလုံးရောက်အောင် ပို့ပေးတယ်။ အဲ့ပုံစံနဲ့ ဂိုးရလာတာမနည်းတော့ပါဘူး။ ခံစစ်ပိုင်းနေရာကလည်း တော်တော်တောင့်တင်းမှုရှိနေပါတယ်။ လွယ်လွယ်လေးနဲ့ ဘောလုံးသွင်းခံမထိတော့ပါဘူး။ အဲ့တော့ ဒီပွဲ ဘရိုက်တန်ရဲ့ကစားပုံကစားနည်းက မန်ယူထက်သာပြီး အနိုင်ပါ ကောက်ရသွားမယ်ထင်ပါတယ်။

king855 myanmar မန်ယူတို့ကျတော့ နှစ်သစ်ကူးလာကတည်းကစပြီး ပြိုင်ပွဲတွေတောက်လျှောက် ဝင်နေရပါတယ်။ ဖလားတိုင်းပဲ ရင်ခုန်ခဲ့ရလို့ပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်ထဲမှာတော့ ချန်ပီယံဖြစ်ဖို့မရှိတော့ပါဘူး။ ဒါပေမယ့် ဖလား ၃ ခုအတွက်ကိုတော့ ရင်ခုန်လို့ရနေတုန်းဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးမားဆုံးပြသာနာက အခုတလော ဒဏ်ရာရထားတဲ့ကစားသမားတွေ အရမ်းများနေတယ်။ အဓိကကစားသမား ၇ ယောက်တောင် ရှိနေတယ်။ အနစ်နာဆုံးကတော့ ခံစစ်မှူးဖြစ်တဲ့ Varane နဲ့ Martínez တို့ပဲ ဖြစ်ပါတယ်၊ Martínez နဲ့တစ်ယောက်ဆိုရင် ပိုဆိုးပါတယ်။ သူက ရာသီကုန်သွားတဲ့အထိ ပြန်လာဖို့မရှိသေးပါဘူး။ အဲ့ဒီတော့ သူ့နေရာ မက်ဂွိုင်းယားနဲ့ အစားထိုးထားခဲ့ရပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းယားက ဘန်းခံထိထားလို့ မပါနိုင်သေးပါဘူး။ ဆီဗီလာနဲ့တစ်ပွဲတုန်းက သွင်းဂိုး ၂ လုံးကို ထိန်းသိမ်းနိုင်ရင်တော့ တော်တော်အေးဆေးဖြစ်လောက်တယ်။ ဒါပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ကစားသမားကို အလကားနေရင်းနဲ့ လူစားလဲလိုက်တယ်။ အဲ့အပိုင်း တန်ဟက်အမှားလည်းပါပါတယ်။ ကိုယ့်ဘက်က ပိုသာအောင်လုပ်နိုင်ပေမယ့် တစ်ခါထဲသ တ်ပစ်တာမျိုးမဟုတ်ပဲ လက်လျှော့လိုက်တယ်။ ဘရူနိုက နောက်ပွဲကျရင် ဘန်းခံထိမှာပဲကို ကွင်းထဲက စောစောစီးစီးထုတ်လိုက်တယ်။ ပြီးရောလေ။ သူ့ကိုထုတ်လိုက်တော့ ဘယ်သူက ကစားပွဲဖန်တီးပေးတော့မှာလည်း။ သူမရှိတော့ ဆီဗီလာတို့အတွက် အရမ်းအဆင်ပြေသွားတယ်။ မန်ယူရဲ့ တိုက်စစ်ဆင်ကစားခြင်းကို စိတ်ပူစရာမလိုတော့ပဲ အသက်ကုန်တက်ကျွေးလေရော။ နောက်လာတဲ့တစ်ပွဲရောက်တော့ ဖောရက်စ်နဲ့တွေ့ပြီး ၃ မှတ်ရသင့်တာပါပဲ။ ဒါပေမယ့် ဖောရက်စ်တို့က တကယ့်စစ်မှန်တဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီပွဲမှသာ စစ်မှန်တာပါ။ တစ်ပွဲထဲကစားပြီး အပြီးသတ်တယ်။ အဲ့တော့ ဘာမဆို ဖြစ်နိုင်ချေရှိပါတယ်။ ဒီပွဲ ကစားသမားတွေရဲ့ ကြိုးစားမှုအပေါ် မူတည်ပါတယ်။ ကာစီမီရိုကတော့ တော်တော်ရုန်းခဲ့ရလိမ့်မယ်။ ကံကောင်းတာ အဲရစ်ဆင်လည်း သူ့ကို ဆင်းကူပေးနိုင်ပါပြီ။ အဲ့ဒီတော့ မန်ယူရဲ့ ကွင်းလယ်ပိုင်းအတွက် ဘာမှစိတ်ပူစရာမရှိပါဘူး။ အဓိက  ခံစစ်ပိုင်းဆိုရင် Dalot က Position အသစ်လေးနဲ့ ဒီပွဲ ဘယ်လောက်ထိကောင်းနိုင်မလဲမသိသေးပါဘူး။ အရှေ့တန်းကတော့ မာရှယ်လ်အပေါ်ပဲ မျှော်လင့်ချက်တင်ထားရမယ်။ Marcus Rashford ကြီးက ဒဏ်ရာရထားတုန်းမို့လို့ပါ။ ကိုလှည့်ကြီးကတော့ တစ်ပွဲကောင်း တစ်ပွဲဆိုးဖြစ်နေတုန်းဖြစ်ပါတယ်။ ဆန်ချိုနဲ့ Marcel Sabitzer တို့မှာလည်း မဆင်းနိုင်သေးပါဘူး။ တိုက်စစ် ဒုတိယလှိုင်းနေရာ Wenghorst ကိုပဲ တာဝန်ပေးထားလိမ့်မယ်။ သွက်လက်မှုရှိမယ့်ပုံမပေါ်ဘူး။ အဲ့တော့ မန်ယူအခြေနေက ဘရိုက်တန်လောက် မကောင်းသေးတာ အမှန်ပဲ။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က ပိုသာပါတယ်။ ၁၀ ပွဲတုန်းကဆိုရင် မန်ယူတို့ အနိုင် ၇ ပွဲ ရသွားတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ ဒီရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ တွေ့ခဲ့ကြပြီး မန်ယူဘက်က တစ်ပွဲမှမနိုင်ခဲ့ပါဘူး။ နှစ်ပွဲစလုံး ဘရိုက်တန်ကိုရှုံးသွားပါတယ်။ ဘရိုက်တန်တို့က ဒီရာသီအတွင်း ခြေစွမ်းတော်တော်ကောင်းနေကြပြီး အခြားအသင်းတွေအတွက် လွယ်ကူတဲ့အလုပ် မဟုတ်တော့ပဲ ဖြစ်သွားပါတယ်။ အဲ့ဒီတော့ ဒီပွဲမှာလည်း မန်ယူအတွက် မလွယ်ပါဘူး။ နာမည်ကျော်ကြားမှု ပိုကောင်းပေမယ့် အသင်းအနေနဲ့ဆိုရင်တော့ ဘရိုက်တန်ဘက်က ပိုသာပါတယ်။ ဒီပွဲ အရေးကြီးဆုံးနေရာကတော့ အဆင်သင့်ပိုင်းပဲ ဖြစ်ပါတယ်။ မန်ယူဘက်က အဓိက ကစားသမား တစ်ဝက်နီးပါး ဒဏ်ရာနဲ့ ဘန်းခံထိထားကြတယ်။ ဒဏ်ရာအပြင်းထံဆုံးရထားတဲ့ကစားသမားကတော့ မာတီနက်ဇ်ပဲဖြစ်ပါတယ်။ (သူ့ခြေချောင်းအရိုးအက်သွားတယ်ဆိုလားပဲ) အဲ့တာနဲ့ပဲ သူ့ကို ရာသီကုန်သွားတဲ့အထိ အသုံးမပြုနိုင်သေးပါဘူး။ ကျန်တဲ့ ဒဏ်ရာရထားတဲ့ အဓိကကစားသမားတွေကတော့ ဝါရန်းရှိမယ်။ လုရှောနဲ့ ရက်ချ်ဖိုဒ် တို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး မက်ဂွိုင်းယားကြီးကလည်း ဘန်းခံထိထားပါတယ်။ Sabitzer ကတော့ ဒီပွဲ မပါနိုင်မှန်း သေချာသွားပါပြီ။ လုရှောလည်း ဒီပွဲ မဆင်းနိုင်လောက်သေးပါဘူး။ တွက်ကြည့်ရင် ၇ ယောက်လောက်ရှိနေပါတယ်။ အခြေနေဆိုးလိမ့်မယ်။ ဘရိုက်တန်တို့ကျတော့ အခြေနေ တောက်ပနေတယ်။ ယုံကြည်မှုနဲ့ စိတ်ဓာတ်တွေ အားကောင်းနေတယ်။ ဒီပွဲ အကောင်းဆုံးကစားသမားကတော့ Enciso နဲ့ Mitoma တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တကယ်ခြေစွမ်းကောင်းကြတယ်။ စွမ်းဆောင်ရည်အရမ်းကောင်းနေကြတယ်။ အဲ့ဒီတော့ မန်ယူတို့ Full team မဖြစ်သေးပဲ ဘရိုက်တန်နဲ့ တိုက်ခိုက်ရမှာဆိုတော့ မရှုံးပဲမနေလောက်ပါဘူး မန်ယူရဲ့ အားကိုးရာက မာရှယ်လ်နဲ့ ဘရူနိုပဲ ဖြစ်ပါတယ်။ ဘရိုက်တန်တို့က ဒီနှစ်အတွင်း မထင်မှတ်ပဲ တော်တော်ကြမ်းနေတယ်။ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ပြီး ချန်ပီယံပါ ဖြစ်သွားချင် ဖြစ်သွားလိမ့်မယ်။

11 Players

Brighton (4-2-3-1) – Sanchez – Estupinan – Dunk – Webster – Veltman – GroB – Caicedo – Mac Allister – March – Mitoma – Enciso

Manchester Utd (4-2-3-1) – De Gea – Lindelof – Wan Bissaka – Dalot – Shaw – Casemiro – Eriksen – Anthony – Sancho – Wenghorst – Martial

Missing Players

Brighton & Hove Albion : Jakub Moder (Cruciate Ligament Rupture), Jeremy Sarmiento(Metatarsal Fracture)

Manchester United : Tom Heaton (Ankle Injury), Luke Shaw (Unknown Injury), Marcel Sabitzer (groin strain), Marcus Rashford (Muscle Injury), Raphaël Varane (Foot Injury), Alejandro Garnacho (Ankle Injury), Donny van de Beek (Knee Injury), Lisandro Martínez(Metatarsal Fracture)

Facebook