kawaii388

ဘင်ဖီကာ Vs အင်တာ [11 Apr 23 - 01:30 hrs]

kawaii388 ရော်ဂျာရှမစ်ရဲ့ ဘင်ဖီကာအသင်း နောက်ဆုံးတစ်ပွဲကမှ အရှုံးရလာပါတယ်။ ဒါပေမယ့် သူတို့က ဒီဖလားပွဲကိုပဲ ပိုပြီးအားစိုက်နေမှန်း သိထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဆင်းကစားပြီး ဒိန်းမတ်လူမျိုးဖြစ်တဲ့ Alexander Bah မှာ ဒဏ်ရာရသွားတဲ့အတွက် သူ့နေရာ အသက် ၃၀ ဖြစ်တဲ့ Gilberto က အစားထိုး ဆင်းသွားလိမ့်မယ်။ ဘင်ဖီကာဘက်က ဒီပွဲ ခြေချင်းဝတ်ခွဲစိတ်ထားတဲ့ Julian Draxler မရှိမှန်း သေချာသွားပါပြီ၊ သူက ၅ လပိုင်းကုန်တဲ့အထိ အနားယူခဲ့ရလိမ့်မယ်။ ဝုဗ်ဗာဟန်တန်မှ အငှါးစာချုပ်နဲ့ ခေါ်ထားတဲ့ Gonçalo Guedes နဲ့ Mihailo Ristić တို့မှာလည်း အခုထိ ကွင်းထဲပြန်လည်ဆင်းကစားဖို့ မရှိသေးပါဘူး။ ကျန်တဲ့ Odysseus Vlahodemos၊ Nicolas Otamendi၊ Alex Grimaldo၊ Joao Mario၊ Rafa Silva နဲ့ Gonzalo Ramos တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ အသင်းနည်းပြက Rafa Silva ကို play maker အနေနဲ့ တာဝန်ပေးထားပြီး အသင်းရဲ့ နံပါတ် ၁ ဂိုးဖန်တီးရှင်ဖြစ်တဲ့ Gonzalo က ဂိုးသွင်းဖို့နေရာ တာဝန်ယူထားလိမ့်မယ်။

အင်တာအသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက Salernitana အသင်းနဲ့ ၁-၁ သရေကျလာခဲ့ပါတယ်။ အင်တာအသင်းက လောလောဆယ် အရမ်းဆိုးနေတဲ့အချိန်ထဲ လုံးထွေးနေပြီး နောက်ဆုံး ၆ ပွဲတုန်းက အနိုင်တစ်ပွဲမှမရသေးပါဘူး။ အသင်းရဲ့အဆင်သင့်ပိုင်းဆိုရင် ဟိုးအရင်ကတည်းက ဒဏ်ရာရထားတဲ့ Dalbert ကို ထည့်မတွက်ပဲပြောရင် သူတို့မှာ ဒဏ်ရာရထားတဲ့ Milan Skriniar နဲ့ Hakan Calhanoglu တို့လောက်ပဲ ရှိပါတယ်။ ဂျူဗင်တပ်စ်နဲ့ပွဲတုန်းက ဘန်းခံထိသွားတဲ့ လူကာကူနဲ့ Samir Handanovic တို့ ဒီပွဲ ပြန်ဆင်းနိုင်ပါပြီ။ ဘာလို့လည်းဆိုတော့ အဲ့ဒီပိတ်ပင်မှုက ဥရောပပွဲစဉ်နဲ့ မသက်ဆိုင်လို့ပါ။ အသင်းထဲက ပြောင်းလဲမှုကျတော့ လိဂ်ထဲက နောက်ဆုံးတစ်ပွဲတုန်းက ဘန်းခံထိသွားတဲ့ Danilo D’Ambrosio ဟာ ဒီပွဲပထမ ၁၁ ယောက်စာရင်းထဲ ပါချင်ပါလိမ့်မယ်။ Federico Di Marco ရောပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အရန်ထိုင်ခုန်မှာ ထိုင်ခဲ့ရတဲ့ Dzeko နဲ့ Martinez တို့က ဒီပွဲ ဂိုးသွင်းဖို့နေရာ လက်တွဲပြီး ဆင်းကစားခဲ့ရလိမ့်မယ်။

အင်တာအသင်း ချန်ပီယံလိဂ်ထဲက ဘင်ဖီကာရဲ့အိမ်ကွင်းအထိ သွားရောက်ကစားစရာရှိနေပါတယ်။ ဘင်ဖီကာအသင်းရဲ့အဆင့်အတန်းကတော့ ပေါ်တူဂီလိဂ်မှနံပါတ် ၁ ဖြစ်ပြီး အင်တာတို့ကျတော့ စီးရီးအေရဲ့ အဆင့် ၅ ဖြစ်ပါတယ်။ နှစ်သင်းစလုံးကစားသမားရဲ့ အရည်သွေးချင်းယှဉ်ကြည့်တဲ့အခါမှာ အင်တာဘက်က ပိုကြည့်ကောင်းပါတယ်။ ဒါပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်နဲ့ အဆင်သင့်ပိုင်းကိုကြည့်ရင်တော့ ဘင်ဖီကာဘက်က ပိုသာပါတယ်။ ဘင်ဖီကာတို့ရဲ့ နောက်ဆုံး ၉ ပွဲတုန်းက အနိုင် ၈ ပွဲတောင်ရရှိသွားပါတယ်။ အခုမှ ပေါ်တိုကိုရှုံးလာပေမယ့် အတည်ယူလို့မရသေးပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ဒီပွဲအတွက် ကြိုတင်ပြင်ဆင်လိုက်လို့ ရှုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီပထမကျော့ကို စွမ်းဆောင်ရည်ကောင်းပြီး အိမ်ကွင်းနဲ့ အရင်စကစားရမှာဖြစ်ပါတယ်။ ဒီအစီစဉ်ထဲ ၄ ပွဲတုန်းကဆိုရင် ၄ ပွဲစလုံး ဂိုးအပြတ်နဲ့ အနိုင်ရလာတယ်။ အဲ့တော့ သူတို့ အင်တာကိုကြိုဆိုဖို့ အဆင်သင့် အရမ်းဖြစ်နေပါတယ်။ အင်တာတို့ကျတော့ အခုတလော စွမ်းဆောင်ရည်တွေကျဆင်းနေပြီး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ စွမ်းဆောင်ရည်မကောင်းပဲ နိုင်ငံခြားအထိ ခရီးစဉ်ရမှာဆိုတော့ ရှုံးပြီးပြန်ဖို့အခြေနေ ရှိလောက်ပါတယ်။ ဒီပွဲ ဘင်ဖိကာဘက်က ပိုသေချာပါတယ်။

11 Players

Benfica (4-2-3-1) : Vlachodimos; Gilberto, Silva, Verissimo, Grimaldo; Luis, Chiquinho; Mario, Silva, Aursnes; Ramos

Inter Milan (3-5-2): Onana; D’Ambrosio, De Vrij, Bastoni; Darmian, Barella, Brozovic, Mkhitaryan, Dimarco; Martinez, Dzeko

Missing Players

Benfica : Gonçalo Guedes (Meniscal Injury), Mihailo Ristić (Hamstring Injury), Julian Draxler (Ankle Surgery)

Inter Milan : Hakan Calhanoglu (groin strain), Milan Skriniar (Back trouble), Dalbert (Cruciate Ligament Injury)

Facebook

မန်စီးတီးအသင်း လောလောဆယ် ဖလား ၃ ခုကို ရင်ခုန်နေရပါတယ်။ အဲ့ဒီဖလား ၃ ခုမှာ ယူဖာချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ FA ဖလားပဲ ဖြစ်ပါတယ်။ ၃ ခုစလုံး ဖြစ်နိုင်ချေရှိပါသေးတယ်။ မန်စီးတီးအသင်းရဲ့ အရွယ်အစားက အေးအေးဆေးဆေး Rotation လို့ရပါတယ်။ အသင်းရဲ့ ကစားစနစ်က ကစားသမားတိုင်းအတွက် အဆင်ပြေပါတယ်။ အဲ့ဒီတော့ ဘယ်ဖလားမဆို ပိုင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်ထဲမှာ အာဆင်နယ်ရဲ့အနောက်ကနေ သိပ်မဝေးတော့ပါဘူး။ အချင်းချင်းတွေ့ဖို့ ၁ ပွဲကျန်သေးတယ်။ ၃ မှတ်ရခဲ့လို့ရှိရင်တော့ ကျော်တက်ဖို့ ၂ မှတ်ထဲပဲ ကျန်လိမ့်မယ်။ အဲ့တော့ လိဂ်ထဲမှာ ဖလားပိုင်ဆိုင်ဖို့အခွင့်ရေး ရှိနေတုန်းဖြစ်ပါတယ်။ FA ဖလားထဲမှာလည်း ပိုင်ဆိုင်ဖို့အခွင့်ရေး အများဆုံးပဲ ဖြစ်ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ တစ်မြို့တည်းသောသူငယ်ချင်းနဲ့ ဖလားတက်လုရမှာဖြစ်ပါတယ်။ UCL ပွဲစဉ်ထဲမှာလည်း ပွဲတိုင်းပဲကြမ်းနေတယ်။ ဒီပွဲ အနိုင်ရရှိသူက နောက်ဆုံး ၄ သင်းအဆင့် တက်သွားမှာဖြစ်ပြီး ချယ်လ်ဆီးသို့မဟုတ် ရီးရဲလ်နဲ့ သွားတွေ့ရမှာဖြစ်ပါတယ်။ ဒီကနေစပြီး ပွဲတိုင်းပဲရှယ်ကောင်းလိမ့်မယ်။ ဗိုလ်လုပွဲအထိ ဝင်ရောက်သွားနိုင်ရင်တော့ ဖလားရဖို့ တော်တော်ပဲသေချာသွားလိမ့်မယ်။ အသင်းရဲ့အခြေနေကတော့ ဘာပြသာနာမှမရှိတော့ပါဘူး။ ဟာလန်းက ဒီပွဲအတွက် အဆင်သင့်ဖြစ်လောက်ပါတယ်။ ကျန်တာ အရေးကြီးတဲ့ကစားသမားအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီဘရိုင်းတို့ ဆေးလ်ဗားတို့ ပြီးတော့ ဖိုဒန်းတို့က လောလောဆယ် ခြေစွမ်းတွေအရမ်းကောင်းနေကြပါတယ်။ Grealish နဲ့တစ်ယောက်ကလည်း တစ်နေ့တစ်ခြား ပိုပိုကောင်းလာပါတယ်။ ဒီပွဲ အသုံးပြုမယ့်စနစ်ကတော့ အရင်အတိုင်းပဲဖြစ်လိမ့်မယ်။ ၃-၄-၂-၁ စနစ်နဲ့ တော်တော်အဆင်ပြေနေတယ်။ ဒီရာသီအတွင်း နောက်ခံ ၃ ယောက်စနစ်နဲ့ တစ်ပွဲလေးပဲ ရှုံးထားပါတယ်။ ကျန်တဲ့ပွဲတွေကျတော့ အနိုင် ၁၀၀% နီးပါးရရှိခဲ့ပါတယ်။ စီးတီးတို့ရဲ့စည်းဘေးက အခြားအသင်းတွေနဲ့မတူဘူး။ သူတို့စည်းဘေးကစားသမားတွေက တိုက်စစ်ဆင်ဖို့ပဲ အဓိက စီစဉ်ထားပါတယ်။ ခံစစ်ပိတ်ကစားဖို့နေရာကျတော့ ကွင်းလယ်နှစ်ယောက်ဖြစ်တဲ့ ရိုဒရီနဲ့ Stones တို့နှစ်ယောက်ကို ချထားပါတယ်။ သူတို့နှစ်ယောက်က စည်းဘေးအထိတွေပါ Position တိုးပြီး ခံစစ်ပိတ်ပေးပါတယ်။ တော်တော်ပဲကောင်းပါတယ်။ အဲ့တော့ ထိုးစစ်စနစ်က စုံလင်စွာရှိပါလေရော။ ပြီးတော့ အဓိကကျတဲ့နောက်တစ်ခုက စီးတီးတို့မှာ ဘောလုံးကို လွယ်လွယ်လေးနဲ့ မဆုံးရှုံးတတ်ဘူး။ ဝမ်းတူးကစားတဲ့နေရာကလည်း နားလည်မှုတော်တော်ရှိကြပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် ဘာမှစိတ်ပူစရာမရှိပါဘူး။ နောက်ဆုံးမှာတော့ သူတို့ပဲ ဒီပထမကျော့ကို အရင်နိုင်သွားလိမ့်မယ်။

kawaii388 ဘိုင်ယန်တို့ကျတော့ Julian Nagelsmann နဲ့ လမ်းခွဲပြီးနောက် သောမတ်တူချယ်လ်နဲ့ အလုပ်ပြန်စခဲ့ပါတယ်။ သူရဲ့ ဘိုင်ယန်နဲ့ ပထမပွဲတုန်းက ဒေါ့မွန်နဲ့တန်းတွေ့ခဲ့ရပြီး ၄-၂ နဲ့ အနိုင်ရသွားပါတယ်။ အဲ့ပွဲ သူတို့ဘက်က ၄ ဂိုးဆက်တိုက် အရင်သွင်းပြီးမှ ဂိုး ၂ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ အဲ့တာနဲ့ပဲ ဘိုင်ယန်က ဒေါ့မွန်ထက် နှစ်မှတ်ပိုသာပြီး လိဂ်ရဲ့အဆင့် ၁ ဖြစ်နေပါတယ်။ ဒါပေမယ့် ဘိုင်ယန်တို့ နောက်ဆုံးတစ်ပွဲတုန်းက DFB POKAL ပွဲစဉ်ထဲမှာ ဖရီဘာ့ဂ်ကို ရှုံးနိမ့်လာပါတယ်။ အိမ်ကွင်းကြီးနဲ့ ရှုံးလာပါတယ်။ အဲ့ပွဲ သူတို့ဘက်က Rotation ရှိလို့ ရှုံးလာမှန်း နားလည်လို့ရပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းကြီးဖြစ်ပြီး မိနစ် ၉၀ အတွင်း ရှုံးသွားတာကတော့ မဟုတ်သေးပါဘူး။ ဒီပွဲ သူတို့ဘက်က အပီကစားဖို့ရှိပါတယ်။ တူချယ်လ်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်ပါတယ်။ အသင်းထဲက စိတ်ဝင်စားစရာအကောင်းဆုံးနေရာကတော့ Cancelo က ပထမ ၁၁ ယောက်ထဲမှာ ပါလောက်တယ်။ ကိုယ့်အသင်းဟောင်းနဲ့ ပြန်တွေ့ရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ သူက ပက်နဲ့စကားများပြီး အငှါးစာချုပ်နဲ့ ဘိုင်ယန်ဆီရောက်လာပါတယ်။ သူ့မှာ ဂိုးသွင်းနိုင်ရင်တော့ အောင်ပွဲခံရဲမလားတောင်မသိသေးပါဘူး။ ကျန်တဲ့ကစားသမားတွေကတော့ ဘာပြသာနာမှမရှိပါဘူး။ အဓိက တိုက်စစ်မှူးတွေ အကုန်နီးပါး ဆင်းကစားနိုင်ပါတယ်။ ကွင်းလယ်ပိုင်းကျတော့ Kimmich နဲ့တစ်ယောက်က ခံစစ်ပိတ် ကစားနိုင်သလို တိုက်စစ်ဆင်ကစားတဲ့နေရာလည်း အဆင်ပြေပါတယ်။ သူ့ကြောင့် သူငယ်ချင်းတွေက ဖိအားလျော့နည်းစေပါတယ်။ ဒီနှစ်အတွင်း နာမည်တော်တော်ကျော်ကြားလာတဲ့ Jamal Musiala ကလည်း Kimmich ကြောင့်လို့ပြောရင် မမှားပါဘူး။ နောက်တစ်ယောက်ကတော့ မာနေးပဲဖြစ်ပါတယ်။ ဒီနှစ်အတွင်း စွမ်းဆောင်ရည်တော်တော်ကျဆင်းနေပါတယ်။ ဒါပေမယ့် မာနေးရဲ့အရည်အချင်းက စီးတီးနဲ့တွေ့တိုင်း စီးတီးရဲ့ခံစစ်ပိုင်းကို အားနည်းအောင်လုပ်နိုင်ပါတယ်။ ဘိုင်ယန်ရဲ့အားသာချက်ကတော့ သွက်လက်မှုပဲဖြစ်ပါတယ်။ အပြေးလည်းတော်တော်မြန်ကြတယ်။ အဲ့ဒီတော့ တိုက်စစ်ဆင်တဲ့အခါမှာ ထိုးတက်ချက်က အရမ်းမြန်ပါတယ်။ ဒီပွဲ တော်တော်ကြည့်ကောင်းလိမ့်မယ်။ သူတို့ဘက်က တတ်နိုင်သလောက် စီးတီးနဲ့ တိုက်ခိုက်လိမ့်မယ်။ ဘယ်လောက်ထိ ကောင်းနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေး ဖြစ်ခဲ့ကြပါတယ်။ ၆ ပွဲတုန်းက ၃ ပွဲစီ အနိုင်ရရှိသွားကြပါတယ်။ ဒါပေမယ့်လည်း တော်တော်ကြာခဲ့ပါပြီ။ ဒီနှစ်သင်း အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲဟာ ၂၀၁၄ ခုနှစ်တုန်းကဖြစ်ပါတယ်။ နှစ်သင်းစလုံး UCL တိုက်ပွဲထဲက ချန်ပီယံဖြစ်မယ့်အသင်းတွေဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ စီးတီးဘက်က အစစအရာရာ အရမ်းအဆင်သင့်ဖြစ်နေပါတယ်။ သူတို့ရဲ့ အတွေ့အကြုံကစ အခြားအသင်းတွေထက် သာပါတယ်။ ဒီပွဲ ဘိုင်ယန်နဲ့တွေ့ရမယ့်နေရာ မလွယ်ပါဘူး။ ဘိုင်ယန်တို့က PSG ဆိုတဲ့အသင်းကိုတောင် ထုထောင်းဖူးတယ်။ ဒါပေမယ့် အဲ့တုန်းက တူချယ်လ်လက်ထက်မဟုတ်ပဲ Nagelsmann လက်ထက် ဖြစ်ပါတယ်။ ဒီနေရာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ နည်းပြချင်း တွေ့ဖူးတဲ့စံချိန်ထဲမှာ တူချယ်လ်ထက် ပက်က ပိုသာပါတယ်။ ပက်ရဲ့ အသေးစိတ်က ပိုပြီး ကြည့်ကောင်းပါတယ်။ ပြီးတော့ ကစားသမားချင်းယှဉ်ကြည့်တဲ့အခါမှာလည်း စီးတီးဘက်ကပဲ ပိုသာနေတယ်။ အဓိက အလယ်တန်းမှာဆိုရင် ဒီဘရိုင်းဦးဆောင်နေပါတယ်။ Jamal Musiala က Golden Boy ဟု နာမည်ကောင်းရထားပေမယ့် vision ချင်း ယှဉ်ကြည့်ရင်တော့ ဒီဘရိုင်းကပဲ ပိုကြည့်ကောင်းပါတယ်။ အတွေ့အကြုံကြောင့်လည်း ပါပါတယ်။ တိုက်စစ်ပိုင်းနေရာကတော့ စီးတီးဘက်က ပိုသာမှန်းကောင်းကောင်းမြင်ရပါတယ်။ စီးတီးမှာ ဟာလန်းရှိနေလို့လေ။ လက်ရှိရာသီအတွင်း ပွဲစုံထဲက ၃၇ ပွဲ ဆင်းကစားပြီး သွင်းဂိုး ၄၂ လုံးတောင် လုပ်ထားနိုင်ပါတယ်။ ချန်ပီယံလိဂ်ထဲမှာဆိုရင် ၁၀ လုံးတောင် သွင်းပြီးပါပြီ။ ဘိုင်ယန်ရဲ့တိုက်စစ်ပိုင်းကျတော့ ထူးခြားတာ ဘာမှမရှိဘူး။ ဒါပေမယ့် ကွင်းလယ်ပိုင်းက တာဝန်ကျေနေလို့သာ ချန်ပီယံရမယ့်ထဲ ပါနေပါတယ်။ ဒီပထမကျော့ကတော့ စီးတီးရဲ့ အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပြီး နည်းပြပြောင်းလဲခါစပါ ဖြစ်နေတဲ့အတွက် ကြမ်းနိုင်မယ်မထင်သေးပါဘူး။ နည်းပြပြောင်းခါစ မကြာသေးပဲ ရှုံးလာသေးတယ်။ အဲ့တော့ ယုံကြည်မှု သိပ်မရှိကြလောက်ပါဘူး။ ဒီပွဲ ဘိုင်ယန်တို့ တော်တော်ပင်ပန်းလိမ့်မယ်။ ဒါပေမယ့် စီးတီးနဲ့တော့ ကောင်းကောင်းတိုက်ခိုက်နိုင်လောက်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ စီးတီးတို့ပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players

Manchester City (3-4-2-1) – Ederson – Dias – Ake – Akanji – Stones – Rodri – Grealish – Silva – Gundogun – Haaland

Bayern Munich (4-2-3-1) – Sommer – Davies – Cancelo – Upamecano – de Ligt – Goreztka – Kimmich – Muller – Sane – Coman – Mane

Missing Players

Manchester City – ဒဏ်ရာနဲ့ ဘန်းခံထိထားတဲ့ကစားသမားမရှိပါ။

Bayern Munich – Mathys Tel (Torn Muscle Fibre), Paul Wanner (Adductor problems), Arijon Ibrahimovic (Virus Infection), Manuel Neuer(Fracture of the lower leg), Lucas Hernández (Cruciate Ligament Rupture)

Facebook