k9winmm

လီဗာပူးလ် Vs နော်တင်ဟမ်ဖောရက်စ် [22 Apr 23 - 20:30 hrs]

k9winmm  အိမ်ရှင်လီဗာပူးလ်အသင်း မန်ယူကို ပိုးစိုးပက်စက်နိုင်သွားပြီးနောက် ၅ ပွဲဆက်တိုက် နိုင်ပွဲတွေ လုံးဝပျောက်ဆုံးသွားပါတယ်။ ဘုန်းမောက်ကို အရင်ရှုံးပြီး ရီးရဲလ်ကို ထပ်ရှုံးတယ်။ ပြီးရင် မန်စီးတီးကိုပါထပ်ရှုံးပါတယ်။ ချယ်လ်ဆီးနဲ့ အာဆင်နယ်နဲ့ သရေကျသွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက စွမ်းဆောင်ရည်တွေသိပ်မကောင်းပဲ ၆-၁ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ ဂိုးတွေမတရားသွင်းနိုင်တာထက် Team work ရှိတာကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ပွဲ မန်ယူနဲ့ပွဲတုန်းကထက်တောင် ကစားတာတော်တယ်လို့ ပြောနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့သွင်းနိုင်ခဲ့တဲ့ ဂိုးတိုင်းက ကစားသမားတစ်ယောက်နဲ့တစ်ယောက် ချိတ်တွယ်ကစားပြီး ရလာတာတွေချည်းဖြစ်ခဲ့လို့ပါ။ အဲ့ပွဲ ဒိုင်လူကြီးရဲ့မှားယွင်းမှုနဲ့ လိဒ်စ်ကစားသမားတွေရဲ့ မှားယွင်းမှုကို မြင်ခဲ့ရပေမယ့် ယာဂင်ကလော့ပ်ရဲ့ Heavy Metal စတိုင်လ်ကိုတော့ ကောင်းကောင်းမြင်ခဲ့ရပါတယ်။ အဲ့ပွဲ အနိုင်လုံးဝရစေတဲ့တစ်နေရာကတော့ Position အသစ် ရရှိသွားတဲ့ အာနိုးပဲဖြစ်ပါတယ်။ တောင်ပံခံစစ်နေရာမှာ မနေတော့ပဲ ကွင်းလယ်ပိုင်းနေရာကို တက်နေလိုက်တယ်။ တိုက်စစ်ဆင်ပြီး ဘောလုံးဆုံးရှုံးခဲ့ရင် အဲ့ဒီကွင်းအလယ်ကနေ ဘောလုံးပြန်ယူဖို့ လုယက်တာမျိုးပေါ့။ အနည်းဆုံး ညာဘက်ခံစစ်ကနေ ထိုးဖောက်ခံမထိတာတော့ မြင်ခဲ့ရပါတယ်။ ခံစစ်ပိုင်းကို တစ်ပိုင်းထဲပဲ တာဝန်ယူခိုင်းပြီး ခံစစ်မှူး ၃ ယောက်ထဲကိုပဲ တာဝန်ပေးထားတယ်။ ပြီးတော့ အဲ့ဒီ ၃ ယောက်က အာနိုးကိုပါ အထောက်အကူလုပ်ပေးရမယ်။ အဲ့ ၃ ယောက် ၁ ယောက်စနစ်က အဆင်ပြေလားဆိုရင် အဆင်ပြေပါတယ်။ ဘာလို့လည်းဆိုတော့ အာနိုးရဲ့ မြောက်ဘောထိုးပေးချက်နဲ့ ဆန့်ကျင့်ဘက်ထိုးပေးချက်က အသင်းအတွက် တိုက်စစ်ဆင်တဲ့အခါမှာ ကစားရတာ ပိုလွယ်စေလို့ပါ။ ပြီးတော့ ကွင်းလယ်ကစားသမားကို နောက်တစ်ယောက်တိုးသွားသလိုမျိုး ဖြစ်သွားပါတယ်။ အဲ့ပွဲ တိုးတက်မှုရရှိသွားတဲ့ နောက်တစ်ယောက်ကျတော့ Curtis Jude Belling Jones (နာမည်ပြောင် ဟား ဟား) ပေါ့ဗျာ။ အဲ့ပွဲ တော်တော်ကောင်းတယ် ကျန်တဲ့ပွဲတွေကတော့ မသိသေးဘူး။ အဲ့ပွဲ သူ့မှာ လွတ်လပ်စွာကစားနိုင်တာလည်းပါတယ်။ ကွင်းလယ်ပိုင်းကို စိတ်ပူစရာမလိုတော့ဘူး။ ဆာလက်တို့ ဂျိုတာတို့မပါသေးဘူး။ သူတို့အားလုံးက ခြေစွမ်းတော်တော်ပြနိုင်ကြပါတယ်။ လီဗာပူးလ်ရဲ့ အားနည်းချက်တစ်ခုကတော့ ကြာရှည်မခံနိုင်ဘူးဖြစ်နေတယ်။ အဲ့လိုစွမ်းဆောင်ရည်မျိုးကို ၈ ပွဲဆက်တိုက် ထိန်းနိုင်လို့ကတော့ ဥရောပဖလားထဲ ပါဖို့အခွင့်ရေး ရသွားနိုင်ပါတယ်။ ဘယ်ဖလားပွဲလည်းဆိုတော့ မသိသေးပါဘူး။ သုံးခုစလုံးက U နဲ့ စတာချင်းတူပြီး နောက်ဆုံးပိတ်စာလုံးတွေပဲ ကွာခြားတယ်။

နော်တင်ဟမ်ဖောရက်စ်တို့ကျတော့ အခုတလော အခြေနေဆိုးနေပြီး ၉ ပွဲဆက်တိုက် နိုင်ပွဲ လုံးဝပျောက်ဆုံးသွားပါတယ်။ နောက်ဆုံး အနိုင်ရခဲ့တဲ့ပွဲမှာ လိဒ်စ်နဲ့တွေ့ပြီး အနိုင်ရလာပါတယ်။ လီဗာပူးလ်အတိုင်းပဲ ဖြစ်နေတယ်။ အဲ့ပွဲပြီးသွားတော့ နိုင်ပွဲတွေ ထပ်ပြီးပေါ်မလာတော့ပါဘူး။ အဲ့နားမတိုင်ခင် ၅ ပွဲတုန်းက အနိုင် ၃ ပွဲတောင်ရရှိခဲ့ပြီး အတန်းဆင်းမယ့်ဇုန်ကနေ လွတ်မြောက်သွားပါပြီ။ ဒါပေမယ့် ဒီတိုင်းနေရင်းနဲ့ ခြေစွမ်းထိုးကျသွားတယ်။ အခုအချိန်မှာ ၂ ပွဲဆက်တိုက် ဂိုးသွင်းမှုပါ ပျောက်ဆုံးနေပါပြီ။ မန်ယူနဲ့ပွဲတုန်းက ၅ လုံးထက် သွင်းခံထိရမှာကို ကံကောင်းလို့ ၂ လုံးထဲပဲ ထိသွားပါတယ်။ သူတို့ရဲ့ ကစားပုံကစားနည်းကို ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။ ပုံစံမဖော်နိုင်ဘူးဖြစ်နေလို့ပါ။ Set Piece ဘောကိုပဲ အားကိုးနေပါတယ်။ ဘောလုံးချိတ်တွယ်ပြီး ကစားတာမျိုးမမြင်ခဲ့ရပါဘူး။ ၃ ချက် ၄ ချက်တွယ်ပြီးတာနဲ့ ဘောလုံးဆုံးရှုံးတတ်တယ်။ ပရီးမီးယားလိဂ်ထဲ ပြန်ရောက်လာတာ အရင်းနှီးဘယ်လောက်ထိ အသုံးပြုခဲ့လဲဆိုရင် ၁၇၉ သန်းတောင် အသုံးပြုသွားပါတယ်။ ဒါပေမယ့် ထွက်လာတဲ့စွမ်းဆောင်ရည်က မကောင်းပါဘူး။ ဒါပေမယ့်လည်း ကစားသမားအသီးသီးက အခုမှရောက်ခါစမို့လို့ ၅ နှစ် ၆ နှစ်လိုမျိုး နားလည်းမှုတန်းရှိရအောင် မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့်လည်း အဲ့လောက်ထိ ငွေတွေအများကြီးသုံးပြီး နည်းနည်းပါးပါတော့ ကောင်းသင့်ပါတယ်။ အသင်းထဲကနည်းနည်း အဆင်ပြေတဲ့ကစားသမားဆိုရင် Gibb White နဲ့ Brennan Johnson ပြီးတော့ Keylor navas တို့ပဲ ဖြစ်ပါတယ်။ ကျန်တာ မရှိတော့ပါဘူး။ ဒီတိုင်းကြည့်ရင် သူတို့အစား ပင်ပန်းပါတယ်။ သူတို့ရဲ့ အခုနောက်ပိုင်း ပွဲတိုင်းပဲ ခက်နေတယ်။ အခြားအသင်းတွေထက် သွင်းဂိုးစံချိန်လည်း ပိုညံ့ပါတယ်။ ဒီနှစ်မှာတော့ ဖောရက်စ်တို့ ကိုယ့်တောကို ပြန်ဖို့ရှိပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ပရီးမီးယားလိဂ်ထဲ ပါဝင်ကစားတဲ့ခေတ်ကိုပဲ ယူကြည့်မယ်ဆိုရင် ဒီနှစ်အတွင်း ၂ ပွဲ တွေ့ခဲ့ကြပြီး တစ်ယောက်တစ်ပွဲ အနိုင်ရရှိသွားပါတယ်။ နှစ်ပွဲစလုံးရဲ့ အခြေနေကတော့ လီဗာပူးလ်ဘက်က ဘောလုံးပိုင်ဆိုင်မှုပိုသာပြီး တိုက်စစ်ပိုဆင်ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဆင့်အတန်းကွာခြားနေတော့ မထူးဆန်းပါဘူး။ ဖောရက်စ်တို့က မဖြစ်မနေ ခံစစ်ပိတ်ပြီး ကစားရမှာပဲလေ။ ပြီးတော့မှ Set Piece ဘောကိုအားကိုးတယ်။ လီဗာပူးလ်တို့ လက်ရှိရာသီအတွင်း အခြေနေသိပ်မကောင်းသေးပါဘူး။ အနိုင်ရသွားတဲ့ပွဲဆိုရင် ပိုးစိုးပက်စက် နိုင်သွားတတ်ပါတယ်။ ညံ့မယ်ဆိုရင် မထင်မှတ်ပဲ တော်တော်ညံ့ခဲ့တယ်။ လက်ရှိ နှစ်သင်းစလုံးရဲ့ ဦးတည်ချက်က ကွားခြားမှုရှိတယ်။ လီဗာပူးလ်တို့က UCL UEL UCF တိုက်ပွဲတွေထဲ ပါဝင်ဖို့ အခွင့်ရေး နည်းနည်းပါးပါး ဖြစ်ပေါ်လာနေတယ်။ အဲ့ဒီအစီစဉ်ထဲပါဖို့ နောက်ဆုံး ၈ ပွဲထဲကအခြေနေကိုကြည့်ရလိမ့်မယ်။ ဘယ်အစီစဉ်ထဲကိုမှ မပါနိုင်ခဲ့ဘူးလို့တောင် ဖြစ်နိုင်ပါတယ်။ ဖောရက်စ်တို့ကျတော့ အတန်းဆင်းမယ့်ထဲပါဖို့ ရှိနေပါတယ်။ ဒီရာသီ ၃၁ ပွဲ ဆင်းကစားပြီး ၂၇ မှတ်လေးပဲ ကောက်သိမ်းနိုင်တယ်။ အဆင့် ၁၆ ၁၇ ၁၈ နဲ့ ရမှတ်သိပ်မကွာပေမယ့် သွင်းဂိုးစံချိန်ကတော့ အခြားအသင်းတွေထက် တော်တော်ဆိုးပါတယ်။ သူတို့ရဲ့ သွင်းဂိုးစံချိန်က -၃၂ တောင် ဖြစ်နေတယ်။ အခြားအသင်းတွေဆိုရင် -၂၂ လုံးထဲပဲ ရှိနေကြတယ်။ အဲ့ထက်ဆိုးတာ ဒီပွဲပြီးသွားရင် ချန်ပီယံဖြစ်ချင်တဲ့ အာဆင်နယ်နဲ့ တွေ့ဖို့ရှိပြီး စွမ်းဆောင်ရည်အရမ်းတက်ကြွနေတဲ့ ဘရိုက်တန်နဲ့ တွေ့ဖို့ပါရှိနေတယ်။ ပြီးတော့ အိမ်ကွင်းနဲ့ အရမ်းကြမ်းတဲ့ ဘရန်ဖိုတ့်နဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ပွဲတိုင်းပဲ သူတို့အတွက်အရမ်းခက်ပါတယ်။ ချယ်လ်ဆီးနဲ့လည်း တွေ့ဖို့ကျန်သေးတယ်။ ထားပါတော့ မဖြစ်မနေ ရင်ဆိုင်ရမှာပါပဲ။ ဒီပွဲ ကစားပုံကစားနည်းအသစ် တွေ့ရှိသွားတဲ့ လီဗာပူးလ်နဲ့ တိုက်ခိုက်ရမှာဆိုတော့ တော်တော်ရုန်းခဲ့ရလိမ့်မယ်။ လီဗာပူးလ်ရဲ့ နည်းစနစ်အသစ်က အာဆင်နယ်နဲ့ လိဒ်စ်နဲ့တွေ့ပြီး တော်တော်အဆင်ပြေခဲ့တယ်။ အဲ့ထက်ကောင်းတာ ဒီပွဲ အန်ဖီးလ်ကွင်းကြီးပါဖြစ်နေတယ်။ လီဗာပူးလ်တို့က ကိုယ့်အိမ်ကွင်းနဲ့ ခြေစွမ်းပြချင်တယ်ဆိုရင် အရမ်းကြမ်းပါတယ်။ မန်ယူကို နမူနာကြည့်လို့ရသလို မန်စီးတီးနဲ့ပွဲကိုလည်း ကြည့်လို့ရပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် ဖောရက်စ်တို့လည်း ခံရဖို့ရှိပါတယ်။ ဖောရက်စ်တို့ရဲ့ အားသာချက်ကတော့ ဒီ Set Piece ဘောပဲဖြစ်ပါတယ်။ direct ဘောကို အသုံးချပြီး လီဗာပူးလ်ရဲ့ လွတ်ပေါက်ကို ရှာဖွေရမယ်။ ဘယ်လောက်ထိ ကောင်းနိုင်မလဲတော့ စောင့်ကြည့်ရလိမ့်မယ်။ ဒါပေမယ့်လည်း ဒါတွေအားလုံးဟာ ဖြစ်ချင်စိတ်တွေ ပိုများပြီး ကိုယ့်အိမ်ကွင်းနဲ့ပါ ကစားရမယ့်လီဗာပူးလ်တို့ပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Van Dijk – Konate – Fabinho – Henderson – Jones – Jota – Gakpo – Salah

Nottingham Forest (3-4-1-2) – Navas – Niakhate – McKenna – Felipe – Danilo – Freuler – Lodi – William – Gibb White – Awoniyi – Johnson

Missing Players

Liverpool FC – Calvin Ramsay (Knee Surgery), Stefan Bajcetic (Tear in the abductor muscle)

Nottingham Forest – Cheikhou Kouyaté (Hamstring Injury), Willy Boly (Hamstring Injury), Chris Wood (Hamstring Injury), Giulian Biancone (Knee Injury)

Facebook

မန်စီးတီးအသင်း အခုတလော စွမ်းဆောင်ရည်တွေအရမ်းတက်ကြွနေပြီး နောက်ဆုံး ၅ ပွဲထဲမှာ အနိုင် ၄ ပွဲတောင် ရရှိသွားပါတယ်။ အဲ့ထက်ကောင်းတာ ဥရောပတိုက်ပွဲတုန်းက ဘိုင်ယန်အပေါ် အနိုင်ရလာသေးတယ်။ အဲ့ဒီတော့ သူတို့ ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ်အထိ တက်ရောက်သွားပြီဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ပွဲတွေ အရမ်းများတဲ့အတွက် ဒီပွဲ ကစားသမား ၁၁ ယောက်ကို ပြောင်းလဲမှုရှိလိမ့်မယ်။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ N.Ake လောက်ပဲ ဒဏ်ရာအနည်းငယ်ရထားပါတယ်။ ဘိုင်ယန်နဲ့သရေကျသွားတဲ့ပွဲတုန်းက လူစားလဲပေးခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီပွဲ အသုံးပြုရဲမယ်မထင်သေးပါဘူး။ သူ့နေရာ Laporte နဲ့ အစားထိုးထားလောက်ပါတယ်။ Calvin Phillips၊ Julian Alvarez နဲ့ Riyad Mahrez တို့က ဒီပွဲ ပထမ ၁၁ ယောက်အနေနဲ့ ဆင်းကစားရလောက်ပါတယ်။ Jack Grealish ကို အနားပေးထားပြီး Riyad Mahrez ကို ခြေစွမ်းဆင်းပြခိုင်းလိမ့်မယ်။ Ortega ဆိုတဲ့ ဒီအစီစဉ်ရဲ့ နံပါတ် ၁ ဂိုးသမားက ဒီပွဲ တာဝန်ယူရမယ်ထင်တယ်။ ကွင်းလယ်တိုက်စစ်နှစ်ယောက်ကျတော့ ဖိုဒန်းနဲ့ Julian Alvarez တို့ကိုပဲ တာဝန်ပေးထားမယ်ထင်တယ်။ ပြီးတော့ ဂိုးသွင်းဖို့နေရာ ဟာလန်းကိုပဲ ချထားလောက်ပါတယ်။

k9winmm  ရှက်ဖီးလ်တို့ကျတော့ ၉ နှစ်အတွင်းသာ ပထမဦးဆုံး FA ဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခြင်းဖြစ်ပါတယ်။ ဒီနားမတိုင်ခင် Millwall၊ Wrexham၊ စပါး ပြီးတော့ ဘလက်ဘန်းတို့ကို ကျော်ဖြတ်လာပါတယ်။ သတို့က ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်လာနိုင်ပေမယ့် ရောက်ဖူးခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်တုန်းကဆိုရင် ဒီအဆင့်မှာပဲ ပြီးသွားတတ်ပါတယ်။ ဒီအဆင့်အထိ ရောက်ဖူးတဲ့ နောက်ဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ခုနှစ်ပဲဖြစ်ပါတယ်။ အဲ့နှစ် ဆီမီးဖိုင်နယ်အဆင့်မှာ ဟူးလ်စီးတီးနဲ့တွေ့ပြီး ၅-၃ နဲ့ ရှုံးသွားပါတယ်။ သူတို့ ဒီအဆင့်ကို ပထမဦးဆုံး ရောက်ဖူးတဲ့အကြိမ်ဆိုရင် ၁၉၃၆ ခုနှစ်တုန်းကပဲဖြစ်ပါတယ်။ အရမ်းနည်းပေမယ့် မရောက်ဖူးတာတော့မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ် FA ဖလား စတုတ္ထအဆင့်တုန်းကဆိုရင် ရှက်ဖီးလ်တို့မန်စီးတီးကို နိုင်သွားခဲ့ဖူးပါတယ်။ ဒီပွဲအတွက် အဆင်သင့်ပိုင်းကတော့ မန်စီးတီးမှ အငှါးစာချုပ်နဲ့‌ခေါ်ထားတဲ့ Tommy Doyle နဲ့ James McAthy တို့ ပါဖို့မရှိပါဘူး။ Ben Osborne၊ Rhys Norrington-Davis၊ Enda Stevens၊ Jack O’Connell နဲ့ Ryan Brewster တို့ကျတော့ ဒဏ်ရာရထားနေကြပါတယ်။ ဒီပွဲ သူတို့ Berge, Norwood၊ Ndiaye နဲ့ နံပါတ် ၁ ဂိုးသမားဖြစ်တဲ့ Foderingham တို့ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။

ဒီနားမတိုင်ခင်တုန်းက မန်စီးတီးအသင်းဟာ FA ဖလားထဲမှာ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ကို ဆီမီးဖိုင်နယ်အဆင့်မှာ ၃ ကြိမ်တိတိ ရှုံးသွားခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့ ၃ သင်းစလုံး ဒီရာသီရောက်တော့ ဘယ်အသင်းမှ ဆီမီးဖိုင်နယ်ထဲမပါခဲ့ပါဘူး။ အဲ့ဒီတော့ မန်စီးတီးတို့အတွက် အောင်ပွဲတန်းခံလို့ရတဲ့အခွင့်ရေး ကြုံလာပါပြီ။ မန်စီးတီးက ဒီနှစ်ထဲမှာ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘရစ်စတိုစီးတီးနဲ့ ဘန်လေတို့အပေါ် အနိုင်ရရှိလာပါတယ်။ သွင်းဂိုး ၁၄-၀ နဲ့ ဒီအဆင့်မရောက်ခင် တစ်ပွဲတုန်းက ၆-၀ နဲ့ အနိုင်ရရှိလာပါတယ်။ အခုတလော မန်စီးတီးနဲ့ရင်ဆိုင်ရမယ့်အသင်းတွေ အရှုံးရသွားမှာကို ကြိုသိထားသင့်ပါတယ်။ စီးတီးရဲ့ နောက်ဆုံး ၁၁ ပွဲစံချိန်ထဲမှာ အနိုင် ၁၀ ပွဲတောင်ရသွားပါတယ်။ ပွဲတိုင်းပဲ ဂိုးရှယ်သွင်းနိုင်တယ်။ ဘောပွဲကြိုတင်ခန့်မှန်းတဲ့ ဝဘ်ဆိုဒ်တော်တော်များများက ဒီပွဲ စီးတီးတို့မနိုင်ပဲ မနေပါဘူးလို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ရှက်ဖီးလ်တို့က ဒီ FA ဖလားထဲမှာ မန်စီးတီးအပေါ် အနိုင်ရသွားတတ်တဲ့ထဲက အသင်းတစ်သင်း ဖြစ်နေမှန်းတော့ မမေ့ကြပါနဲ့ဦး။ စီးတီးတို့အတွက် စိတ်နာသွားတာမနည်းတော့ဘူး။ အဲ့ဒီတော့ ဒီလိုဖလားပွဲမျိုး ဘာမဆို ဖြစ်နိုင်ပါတယ်။ ပြီတော့ စီးတီးတို့က တိုက်ပွဲတွေတောက်လျှောက်ဝင်ထားတော့ အင်အားတွေကလည်း အလိုလိုကျဆင်းသွားမယ်။ ပင်ပန်းနွမ်းနယ်မှုတွေ မများရင်တောင် နည်းနည်းပါးပါး မြင်ခဲ့ရလိမ့်မယ်။ ဒီပွဲကတော့ စီးတီးဘက်က အဓိက ကစားသမားတော်တော်များများ အနားပေးထားပေမယ့် ရှက်ဖီးလ်အပေါ်ကိုတော့ အသာလေးနဲ့ အနိုင်ရသွားလောက်ပါတယ်။

11 Players

Manchester City(3-4-2-1): Ortega; Stones, Dias, Laporte; Lewis, Rodri; Mahrez, Gundogan, De Bruyne, Grealish; Haaland

Sheffield United (3-5-2): Foderingham; Ahmedhodzic, Egan, Robinson; Baldock, Berge, Norwood, Fleck, Lowe; McBurnie, Ndiaye

Missing Players

Manchester City: N.Ake (Hamstring Injury)

Sheffield United : Enda Stevens (Unknown Injury), Jack O’Connell (Knee Surgery), Rhian Brewster (Hamstring Injury)

Facebook