k9win

k9win ဘရိုက်တန် Vs လီဗာပူးလ် [ 29 Jan 23 - 20:00 hrs]

k9win အိမ်ရှင်ဘရိုက်တန်အသင်း ပရီးမီးယားလိဂ်ထဲက နံပါတ် ၆ ဖြစ်ပြီး ဥရောပတိုက်ပွဲထဲပါဖို့အခွင့်ရေးနဲ့ သိပ်မဝေးပါဘူး။ အဲ့ဒီတော့ သူတို့ ဒီနှစ်မှာပဲ ဥရောပတိုက်ပွဲထဲ ပါနိုင်မယ်လို့ ထင်မြင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဘရိုက်တန်အသင်း စပါးကိုခံခဲ့ရပြီး စတုတ္ထအဆင့်မှာပဲ အပယ်ခံထိသွားပါတယ်။ ဒါပေမယ့် သူတို့ ဒီအစီစဉ်ထဲက နောက်ဆုံး ၅ ခါထဲမှာ ပဥ္စမအဆင့်ကို ၃ ခါတိတိ တက်ရောက်နိုင်ခဲ့ဖူးပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်တုန်းကဆိုရင် ဆီမီးဖိုင်နယ်အထိတောင် တက်ရောက်နိုင်ခဲ့တယ်။ ဒီပွဲမတိုင်ခင် ၄ ပွဲဆက်တိုက် အရှုံးတစ်ပွဲမှမရှိပါဘူး။ သူတို့ရဲ့ နောက်ဆုံး ၆ ပွဲထဲက သွင်းဂိုးစံချိန်ဟာ တစ်ပွဲကို ၂ လုံး သွင်းနိုင်နေကြတာဖြစ်ပါတယ်။ ဒီပွဲ သူတို့ ဒဏ်ရာရထားတဲ့ Adam Lallana မရှိသေးပါဘူး။ ဒဏ်ရာက ပြင်းထံမှုမရှိပေမယ့် အန္တရာယ်ရှိနိုင်တော့ မဆင်းရလောက်သေးပါဘူး။ ဒီ့အပြင် Jakub Moder နဲ့ Levi Colville တို့မှာလည်း ဒီပွဲ မဆင်းနိုင်လောက်သေးပါဘူး။ Lallana နေရာကို Pascal Gross နဲ့ အစားဆင်းခိုင်း လောက်တယ်။ သူက Alexis McAllister နဲ့ ကွင်းလယ်ပိုင်းကို အတူတူထိန်းခဲ့ရလိမ့်မယ်။ ညာဘက်ခြမ်းခံစစ်နေရာ စည်းဘေးကနေ တိုက်စစ်ဆင်လို့ရအောင် Tariq Lamptey ကို တာဝန်ပေးထားလောက်တယ်။ Roberto De Serbi နည်းပြရဲ့အသင်းဖွဲ့စည်းပုံကတော့ ခံစစ်ပိုင်းနေရာ Joel Feltman, Lewis Dunk, Levi Colville နဲ့ Purvis Estupignan တို့ကို အသုံးပြုထားပြီး အလယ်တန်းမှာကျတော့ Moises Caicedo, Pascal Gross, Solly March နဲ့ Alexis Mac Allister တို့ကို ချထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Kaoru Mitoma နဲ့ Evan Ferguson တို့ကို ဂိုးသွင်းတာဝန် ပေးထားလောက်ပါတယ်။

 

ယာဂင်ကလော့ပ်လက်အောက်က လီဗာပူးလ်အသင်းကျတော့ ပြီးခဲ့တဲ့ ၂ ပတ်တုန်းကမှ ဘရိုက်တန်ကို ၀-၃ နဲ့ ရှုံးလာခဲ့ပါတယ်။ အဲ့ပွဲ ကလော့ပ်ရဲ့လီဗာပူးလ်အသင်းက ဘရိုက်တန်ကို ဘယ်လိုမှပြန်မခုခံနိုင်ခဲ့ပါဘူး။ သူတို့မှာ အခုတလော အဆင်မပြေတဲ့ကစားသမားတွေ အများကြီးရှိနေတုန်းဖြစ်တယ်။ ဥပမာ Arto Melo, Luis Diaz – knee, Diogo Jota – calf, Roberto Firmino – calf နဲ့ Virgil van Dijk တို့လို ကစားသမားမျိုး မရှိသေးပါဘူး။ သူတို့အားလုံးက ဒဏ်ရာသက်သာတဲ့အထိ ကုသမှုခံယူနေရသေးတယ်ဖြစ်တဲ့အတွက် အကြာကြီးပဲ အနားယူရဦးမှာဖြစ်ပါတယ်။ ဒီပွဲ ကလော့ပ် အသုံးပြုမယ့်ကစားသမားတွေဟာ အရင်ပွဲလိုမျိုးနဲ့ ကွဲပြားခြားနားမှုသိပ်မရှိလောက်ဘူး။ အဲ့ဒီတော့ Ibrahima Konate, Andrew Robertson, Thiago Alcantara, Mohamed Salah နဲ့ Cody Gakpo တို့ ဆင်းရလောက်ပါတယ်။ ခံစစ်ပိုင်းနေရာ Trent Alexander-Arnold, Joel Matip, Ibrahima Konate နဲ့ Andrew Robertson တို့ကို ဆင်းထိန်းခိုင်းလောက်တယ်။ ကွင်းလယ်ပိုင်းကျတော့ Fabinho, Jordan Henderson, Thiago Alcantara နဲ့ Cody Gakpo တို့ကိုပဲ အခွင့်ရေးဖန်တီးဖို့ တာဝန်ပေးထားလောက်တယ်။ တိုက်စစ်ပိုင်းနေရာ ဆာလက်နဲ့ နူးနက်ဇ်တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားကြလောက်ပါတယ်။

 

ဒီ FA ဖလားပွဲ ယာဂင်ကလော့ပ်ဟာ လီဗာပူးလ်ကိုဦးဆောင်ပြီး ဘရိုက်တန်ရဲ့ Amex Stadium ကွင်းအထိ ဘရိုက်တန်နဲ့ သွားရောက်တိုက်ခိုက်ကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပွဲတုန်းက အချင်းချင်းတွေ့ခဲ့ဖူးပြီး လီဗာပူးလ်ဘက်က အိမ်ကွင်းနဲ့ ရှယ်ထောင်းခံခဲ့သွားပါတယ်။ အဲ့တော့ ဒီပွဲ လီဗာပူးလ်တို့ရဲ့ လက်စားချေပွဲပဲလို့ ထင်မြင်ယူဆထားပါတယ်။ ဒီပွဲက ဖလားပွဲသေးသေးလေးဆိုပေမယ့် လီဗာပူးလ်တို့ ဖလားစွတ်ခူးနိုင်မယ့် ၂ ခုထဲက ၁ ခု ဖြစ်နေတုန်းဖြစ်ပါတယ်။ ပြီးတော့ သူတို့ စတုတ္ထအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ လီဗာပူးလ်တို့ရဲ့ လက်ရှိအခြေနေက ကျဆင်းကာလဖြစ်နေပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲတုန်းက ချယ်လ်ဆီးနဲ့သရေကျလာတော့ အခုအချိန်မှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ။ ဒီပွဲအစီစဉ်ထဲမှာ ဝုဗ်ဗာဟန်တမ်နဲ့တွေ့တုန်းက ၂ ပွဲစလုံး မနည်းရုန်းပြီးမှ အနိုင်ရလာကြပါတယ်။ ဘရိုက်တန်နဲ့တခြားစီပါ ဘရိုက်တန်တို့က စွမ်းဆောင်ရည်တွေ ရှယ်ကောင်းနေတယ်။ လိဂ်ထဲက အဆင့်လည်း ပိုသာနေပြီး အခြေနေလည်း လီဗာပူးလ်ထက် ပိုကြည့်ကောင်းနေပါတယ်။ နောက်ဆုံး ၄ ပွဲတုန်းက အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ ဒီအစီစဉ်ထဲကအခြေနေဟာလည်း Middlesbrough ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှယ်ထောင်းပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ သူတို့ လောလောဆယ် ယုံကြည်မှုအပြည့် ရှိနေကြပါတယ်။ နောက်ပြီး အိမ်ကွင်းနဲ့ပါကစားရမှာဆိုတော့ လီဗာပူးလ်ထက်မညံ့မှန်းသေချာပါတယ်။ ဒီပွဲ ဘရိုက်တန်ဘက်က အိမ်ကွင်းနဲ့ အနိုင်လိုချင်တဲ့အတွက် တည့်တည့်ကြီးဝင်လုံးဖို့ရှိလောက်ပါတယ်။ ကလော့ပ်ကျတော့ ပြိုင်ဘက်ရဲ့တိုက်စစ်ဆင်ကစားခြင်းကို လေ့လာထားပြီး ပြန်လှန်ခုခံနည်းလမ်း ရှာတွေ့ထားပြီထင်တယ်။ ဒီပွဲကတော့ သရေကျဖို့အရမ်းများပါတယ်။ အနိုင်ရမယ့်အသင်း ရှိမယ်ဆိုရင်တော့ ဘရိုက်တန်ဘက်ကို ပိုအားပါပါတယ်။

11 Players

Brighton & Hove Albion (4-3-3) : Sanchez; Veltman, Dunk, Webster, Estupinan; Caicedo, Gross; March, Mac Allister, Mitoma; Ferguson

Liverpool (4-3-3) : Kelleher; Alexander-Arnold, Gomez, Konate, Robertson; Thiago, Bajcetic, Henderson; Salah, Nunez, Gakpo

Missing Players

Brighton & Hove Albion: A. Lallana (Muscle Injury), J. Moder (Cruciate ligament Injury)

Liverpool : Firmino (Muscle Injury),V. Van Dijk (Hamstring Injury)Diago Jota (Calf injury), Arthur (Muscle Injury), L. Diaz (Knee Injury)

Facebook