k8win myanmar

ဂျူဗင်တပ်စ် Vs စပို့တင်း [13 Apr 23 - 01:30 hrs]

k8win myanmar Massimiliano Allegri နည်းပြလက်ထဲက အိမ်ရှင်ဂျူဗင်တပ်စ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက စီးရီးအေတိုက်ပွဲဖြစ်ပြီး လာဇီယိုကို ၂-၁ ရှုံးလာပါတယ်။ သူတို့ရဲ့ အိမ်ကွင်းနဲ့ နောက်ဆုံး ၅ ပွဲတုန်းက အနိုင် ၄ ပွဲနဲ့ သရေ ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ ဂိုး ၁၁ လုံးသွင်းနိုင်ပြီး ၅ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ Moise Keen ဆိုတဲ့ ဒုတိယတိုက်စစ်မှူး ဘန်းစာရင်းကနေ လွတ်မြောက်လာပါပြီ။ Mattia De Sciglio နဲ့ညာဘက်ခံစစ်မှူးကလည်း အဆင်သင့်ဖြစ်ခါနီးနေပါပြီ။ pogba အပြင် အခြားကစားသမားတွေအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ အဲ့တော့ ဒီပွဲ Massimiliano Allegri နည်းပြကြီးက အကောင်းဆုံး ကစားသမားအဖွဲ့အစုကိုပဲ အသုံးချသွားလောက်ပါတယ်။ Gleyson Bremer၊ Juan Cuadrado၊ Philip Kostic၊ Manuel Locatelli၊ Adrien Rabiot၊ Angel Di Maria နဲ့ Dusan Vlahovic တို့အားလုံး ဒီပွဲ ဆင်းကစားရကြလောက်တယ်။ ဒီပွဲ ဂျူဗင်တပ်စ်ဘက်က ၃-၅-၁-၁ စနစ်နဲ့ ကစားမယ်ထင်ပါတယ်။ ကွင်းလယ်ပိုင်းနေရာ Fagioli၊ Locatelli နဲ့ Rabiot တို့ကိုတာဝန်ပေးထားပြီး Di Maria ကို အရှေ့ ဒုတိယတန်းမှာ ချထားလောက်ပါတယ်။ ပြီးရင် ဂိုးသွင်းတဲ့အပိုင်း Vlahovic ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။

ပေါ်တူဂီမှ စပို့တင်းတို့ကျတော့ နောက်ဆုံး ၅ ပွဲတုန်းက အရှုံးတစ်ပွဲမှမရှိပဲ အနိုင် ၃ ပွဲနဲ့ သရေ ၂ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုး ၁၀ လုံး သွင်းနိုင်ပြီး ၄ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ Paulinho နဲ့ Jovane Cabral တို့ မရှိသေးပါဘူး။ သူတို့နှစ်ယောက် ဒဏ်ရာရထားပြီး ဘယ်တော့ပြန်လာမလဲမသိသေးပါဘူး။ နောက်ပြီး ဘန်းစာရင်းထဲ ပါသွားတဲ့ : Manuel Ugarte မှာလည်း ဒီပွဲ မပါနိုင်သေးပါဘူး။ ဒါ့အပြင် အသင်းနည်းပြက အခုမှ ဒဏ်ရာသက်သာသွားတဲ့ နောက်ခံလူ Hector Bellerin ကို ဆင်းကစားခွင့် ပေးသွားလောက်ပါတယ်။ ဒါပေမယ့်လည်း အရန်ကစားသမားအနေနဲ့ အရင်ဆင်းခိုင်းမယ်ထင်ပါတယ်။ ကျန်တဲ့ Antonio Adan၊ Sebastian Coates၊ Gonzalo Inacio၊ Marcus Edwards၊ Pedro Gonzaves နဲ့ Francisco Trincao တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ စပို့တင်းတို့ ၃-၄-၃ စနစ်နဲ့ပဲ ကစားလောက်တယ်။ တိုက်စစ်မှူး ၃ ယောက်နေရာ Trincao၊ Edwards နဲ့ Chermiti တို့ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။

စီးရီးအေမှ တောင့်တင်းမှုရှိတဲ့ အိမ်ရှင်ဂျူဗင်တပ်စ်အသင်း ဒီအစီစဉ်ထဲကစွမ်းဆောင်ရည် တော်တော်ကောင်းပါတယ်။ ပြီးခဲ့တဲ့နောက်ဆုံးအဆင့်တုန်းက ဖရီဘာ့ဂ်အပေါ်  ဂိုးပေါင်း ၃-၀ နဲ့ အနိုင်ရရှိလာပါတယ်။ စပို့တင်းတို့ကျတော့ နောက်ဆုံးအဆင့်တုန်းက အင်္ဂလန်ပရီးမီးယားလိဂ်အဆင့် ၁ ဖြစ်တဲ့ အာဆင်နယ်ကို ကျော်ဖြတ်လာပါတယ်။ အဲ့လိုမျိုးလုပ်နိုင်တဲ့အတွက် မလွယ်ပါဘူး။ ဂျူဗင်တပ်စ်တို့ရဲ့ နောက်ဆုံး ၆ ပွဲတုန်းက အနိုင် ၄ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်နိုင်ပြီး ဂိုး ၁၀ လုံးသွင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ၅ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ စပို့တင်းတို့ကျတော့ သူတို့ရဲ့ နောက်ဆုံး ၆ ပွဲတုန်းက အနိုင် ၃ ပွဲ သရေ ၃ ပွဲ လုပ်နိုင်ပါတယ်။ ဂိုး ၁၃ လုံးသွင်းနိုင်ပြီး ၆ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ ဒီပွဲကတော့ နှစ်သင်းစလုံးရဲ့တိုက်ခိုက်မှုက တော်တော်ကြည့်ကောင်းလောက်ပါတယ်။ ဂျူဗင်တပ်စ်တို့ရဲ့ ဥရောပတိုက်ပွဲထဲကအခြေနေ တော်တော်ကြမ်းပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း Vlahovic ကြီးက ဂိုးသိပ်မသွင်းနိုင်တဲ့အတွက် ပြသာနာကြီးကြီးမားမား ဖြစ်ပေါ်နေပါတယ်။ ဒီဖလားပွဲတစ်ခုက ဂျူဗီတို့ ရင်ခုန်လို့ရသေးတဲ့ ၂ ခုထဲက ၁ ခု ဖြစ်ပါတယ်။ ဒီအဆင့်ကို အိမ်ကွင်းနဲ့ အရင်စကစားရမှာဖြစ်တဲ့အတွက် အနိုင်ရအောင်တော့ လုပ်ချင်ကြလောက်ပါတယ်။ စပို့တင်းတို့ကျတော့ လွယ်လွယ်လေးနဲ့ အရှုံးရသွားမယ်မထင်ပါဘူး။ အာဆင်နယ်ကြီးကိုတောင် တက်ကြိတ်သွားပြီဖြစ်တဲ့အတွက် ယုံကြည်မှုအပြည့် ရှိနေကြလောက်ပါတယ်။ အဲ့ဒီတော့ တူရင်အထိ ခရီးစဉ်ရမယ့်အလုပ်က လုံးဝမဖြစ်နိုင်ဘူးဆိုတာ တန်းပြောလို့မရသေးပါဘူး။

11 Players 

juventus (3-5-1-1) : Szczesny; Danilo, Bremer, Sandro; Cuadrado, Fagioli, Locatelli, Rabiot, Kostic; Di Maria; Vlahovic

Sporting Lisbon(3-4-3) : Adan; Diomande, Coates, St. Juste; Esgaio, Goncalves, Morita, Reis; Edwards, Chermiti, Trincao

Missing Players

Juventus : Kaio Jorge (Fitness), M.DE Sciglio (Muscle Injury),

Sporting Lisbon : Manuel Ugarte (Indirect card suspension), Héctor Bellerín (Unknown Injury), Paulinho (Unknown Injury), Daniel Bragança (Cruciate Ligament Rupture),Jovane Cabral (muscle Injury)

Facebook

မန်ယူအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေပြန်ကောင်းပြီး နောက်ဆုံးတစ်ပွဲတုန်းကမှ အဲဗာတန်အပေါ် အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ မန်ယူဘက်က အဲဗာတန်ထက် အစစအရာရာပိုသာခဲ့ပါတယ်။ အမှန်တကယ်ဆိုရင် ဂိုးသွင်းခွင့်အခါ ၂၀ ဖန်တီးနိုင်ပြီး ဂိုး ၄ လုံးထက် မနည်းသွင်းနိုင်သင့်ပါတယ်။ အဲဗာတန်ဘက်က ဘာထူးခြားမှုမှမရှိဘူး။ မန်ယူရဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ Sabitzer ကို အရှေ့တန်း ဒုတိယလှိုင်းမှာ ချထားတာပဲဖြစ်ပြီး Fernandes ကိုပါ အနောက်တန်း ၄ ယောက်ရဲ့အရှေ့အထိ နောက်ဆုတ်ထားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ Position ပြောင်းလဲမှုက တော်တော်ကြည့်ကောင်းပါတယ်။ Fernandes ရဲ့အားသာချက်က အဲ့ဒီလို မြောက်ဘောထိုးပေးချက်ဖြစ်နေတော့ နောက်ဆုတ်ထားတဲ့အခါမှာ သူရဲ့ vision က ပိုပြီး ကျယ်ပြန့်သွားပါတယ်။ ဒီပွဲကတော့ မန်ယူဘက်က ဆီဗီလာထက်သာပြီး တစ်လမ်းသွားလိုမျိုး တိုက်စစ်အကြိမ်ကြိမ်ဆင်ခဲ့ရလိမ့်မယ်။ လိဂ်ထဲက စွမ်းဆောင်ကိုကြည့်ပြီး ပြောတာပါ။ နောက်ပြီး ဘာစီတို့ ဘက်တစ်တို့မှာလည်း မန်ယူကိုခံခဲ့ဖူးပြီးပြီ။ အဲ့ဒီတော့ ဆီဗီလာတို့လည်း ကြိတ်ခံထိသွားလောက်ပါတယ်။ မန်ယူဘက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ တိုက်စစ်ပိုင်းနေရာ Rashford ကို ဦးဆောင်ခိုင်းလိမ့်မယ်။ ကာစီမီရိုပြန်လာပြီဖြစ်တဲ့အတွက် ကွင်းလယ်ပိုင်းနေရာ သူ့ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။ သူ့ဘေးနားမှာ McTominay ကို ချထားလိမ့်မယ်။ ဘယ်ဘက်ခြမ်းမှာ Fernandes ကို နေခိုင်းလို့တောင်ရပါတယ်။ အဲ့နေရာ ဆန်ချိုကတော့ အဆင်မပြေပါဘူး။ သူက ဟိုလိုလို ဒီလိုလိုနဲ့ အဆင်မပြေနိုင်လောက်ဘူး။ ညာဘက်ခြမ်းမှာကျတော့ ကိုလှည့်ကြီးထက် ဘယ်သူမှမကောင်းသေးဘူး။ နောက်ခံ ၄ ယောက်ကျတော့ အရင်အတိုင်းပဲ ပြောင်းလဲမှုမရှိလောက်ပါဘူး။ Varane – Martinez – Wan Bissaka နဲ့ Shaw တို့ပဲ ဖြစ်ပါတယ်။ ဒီပွဲ ဆီဗီလာဘက်က ကစားပွဲဖန်တီးဖို့ မလွယ်လောက်ပါဘူး။ အဲ့ဒီတော့ ဒီပွဲ စပရိုက်တိုက်မှုတွေဘာညာ မဖြစ်ပေါ်လောက်ဘူး။ မန်ယူဘက်က အနိုင်ရသွားလောက်ပါတယ်။ ဂိုးအပြတ်နဲ့တော့ မသေချာသေးပါဘူး။ ပြီးတော့ မန်ယူတို့က ဆိုးချင်ရင်လည်း ချက်ချင်းဆိုးတတ်ပါတယ်။ အနိုင်ရမယ်ဆိုရင်တောင် ကပ်နိုင်ရုံပဲ ရှိလိမ့်မယ်။

k8win myanmar ဆီဗီလာတို့ကျတော့ ဒီနှစ်အတွင်း လိဂ်ထဲမှာ စွမ်းဆောင်ရည်တော်တော်ဆိုးနေပါတယ်။ အပြောအဆိုအရမ်းခံရလွန်းလို့ ဘာထပ်ပြောရမှန်းတောင်မသိတော့ဘူး။ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် တော်တော်ညံ့နေတယ်။ ဥရောပတိုက်ပွဲတွေမှာ အားရစရာမကောင်းသလို UEL တိုက်ပွဲမှာလည်း အားရစရာ လုံးဝမရှိဘူးဖြစ်နေတယ်။ အခုတလော သူတို့ရဲ့ လိဂ်ထဲက အဝေးကွင်းအခြေနေကိုသွားကြည့်ရင် တစ်ပွဲမှာ ဂိုး ၂ လုံးကနေ စသွင်းခံထိနေပါတယ်။ တိုက်စစ်ပိုင်းကျတော့ ဂိုးတစ်လုံးထက် ပိုမသွင်းနိုင်ဘူးဖြစ်နေတယ်။ အခုနောက်ပိုင်းစွမ်းဆောင်ရည်ကတော့ နည်းနည်းပြန်ကောင်းလာပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အနိုင် ၂ ပွဲ လုပ်နိုင်ပြီး အဆင့် ၁၃ အထိ ကျဆင်းသွားပါတယ်။ နောက်နှစ် ဥရောပတိုက်ပွဲထဲပါဖို့ မရှိတော့ပါဘူး။ အဲ့ဒီတော့ လက်ရှိ သူတို့အတွက် မျှော်လင့်လို့ရသေးတဲ့ဖလားက UEL ပဲကျန်တော့တယ်။ ၁၆ သင်းအဆင့်ကိုကြည့်ပြီးပြောရင် ဆီဗီလာတို့က ချန်ပီယံဖြစ်မယ့်ထဲမရှိပါဘူး။ မန်ယူဘက်က ပိုသေချာပါတယ်။ ဒုချန်ပီယံကျတော့ ဂျူဗင်တပ်စ်တို့ပဲလို့ ထင်မြင်ထားပါတယ်။ ပြီးတော့မှ ရိုးမားနဲ့ နံပါတ် ၄ က စပို့တင်းတို့ပဲ ဖြစ်ဖို့များပါတယ်။ ဆီဗီလာတို့ကျတော့ အဲ့ထက်နိမ့်တဲ့အဆင့်နဲ့ပဲ ပြီးသွားလောက်ပါတယ်။ နာမည်ကျော်ကြားမှု ကောင်းပေမယ့် အခြေနေကတော့ ဆိုးနေပါတယ်။ တစ်ပွဲနဲ့တစ်ပွဲမှာ ကြုံရာကျပန်းခန့်မှန်းနေရသလိုဖြစ်နေတယ်။ ထူးခြားမှုရှိတဲ့ကစားသမားလည်းမရှိဘူး။ En-Nesyri က အသက်ကုန်ရုန်းပြီး ခါးပါစောင်းချင်ချင်ဖြစ်နေပါပြီ။ Mir ဆိုတဲ့ တိုက်စစ်မှူးဆိုရင် လုံးဝအဆင်မပြေဘူး။ အရမ်းပဲညံ့နေတယ်။ ခံစစ်ပိုင်းကလည်း ဂိုးအမြဲသွင်းခံထိနေတယ်။ အဝေးကွင်းဖြစ်ရင် ပိုဆိုးပါတယ်။ ဆီဗီလာတို့က တိုက်စစ်ဆင်တဲ့စနစ်ကို ဦးစားပေးတာ မှန်ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းက အရင်လိုမျိုး ကြမ်းမနေတော့ပါဘူး။ Lamela တို့ Gil တို့က အခုနောက်ပိုင်း မသေချာတော့ပါဘူး။ ဒီ‌တိုင်းကြည့်ပြီးပြောရင် ဆီဗီလာအတွက် အနိုင်ရဖို့ မရှိသလောက် ဖြစ်နေပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့ ၃ ပွဲတုန်းက မန်ယူတို့ အနိုင်တစ်ပွဲမှမရခဲ့ဖူးသေးပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြောင်းလဲမှု ရှိလောက်ပါတယ်။ နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်တုန်းက ကျော်ဖြတ်ချင်း မတူကြပါဘူး။ မန်ယူဘက်က ၁၆ သင်းအဆင့်တုန်းကဆိုရင် အိမ်ကွင်းနဲ့ အဝေးကွင်း ၂ ပွဲစလုံး အနိုင်ရပြီး ၈ သင်းအဆင့်ကို တက်ရောက်လာပါတယ်။ ဆီဗီလာတို့ကျတော့ အဲ့အဆင့်မှာပဲ ပြီးသွားတော့မလို့ပါပဲ။ ကံကောင်းလို့ အိမ်ကွင်းနဲ့ပွဲတုန်းက ခြေစွမ်းပြနိုင်လို့ပါ။ အစစအရာရာကတော့ မန်ယူလောက်မကောင်းပါဘူး။ မန်ယူတို့က စပိန်မှအသင်းတွေကို အနိုင်ရယူတတ်ပါတယ်။ ဘာစီတို့ ဘက်တစ်တို့နဲ့လည်း တွေ့ဖူးပြီးပြီ။ နောက်ဆုံး ၈ သင်းအဆင့် ရောက်ပြန်တော့လည်း ဆီဗီလာနဲ့လာတွေ့ရတာဆိုတော့ အကြိုက်ပဲဖြစ်လိမ့်မယ်။ ဒါပေမယ့် ဆီဗီလာတို့က ယူရိုပါရဲ့ စူပါအသင်းကြီးပါဗျ။ UCL ရဲ့ စူပါအသင်းက ရီးရဲလ်ဖြစ်ရင် UFL ရဲ့ စူပါအသင်းက ဆီဗီလာတို့ပဲ ဖြစ်ပါတယ်။ သူတို့က ဒီဖလားကို အများဆုံးပိုင်ဆိုင်ဖူးတဲ့အသင်းဖြစ်ပါတယ်။ သူတို့ ဒီဖလားကို ၄ ခါတိတိ ရဖူးပါတယ်။ အဲ့တော့ ခံစားချက်ပိုင်း မန်ယူထက်သာလိမ့်မယ်။ ဒီဖလားနဲ့ မန်ယူထက်ပိုပြီး feeling ရှိတယ်ဆိုတဲ့သဘောပေါ့။ အသင်းရဲ့အရည်သွေးယှဉ်ကြည့်ရင်တော့ မန်ယူဘက်က အများကြီးပဲ ပိုသာပါတယ်။ မန်ယူအသင်းရဲ့ ထူးခြားတဲ့ကစားသမားတွေ အပြည့်ပဲရှိနေပါတယ်။ ကွင်းလယ်ပိုင်းမှာ ကာစီမီရိုရှိပြီး အဲရစ်ဆင်နဲ့ ဖာနန်ဒက်ဇ်တို့လည်း ရှိနေပါတယ်။ တိုက်စစ်မှူးနဲ့ Rashford က ဂိုးတွေ ပြန်စသွင်းနိုင်နေပါပြီ။ ခံစစ်ပိုင်းနေရာကျတော့ The Butcher ကြီးက Varane နဲ့အတူ ဆင်းကစားလိမ့်မယ်။ ဆီဗီလာတို့ကျတော့ အသင်းရဲ့ ဂိုးဖန်တီးရှင်ဖြစ်တဲ့ En-Nesyri ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။ သူက အခု ဂိုး ၇ လုံး သွင်းထားပြီးပါပြီ။ ကျန်တာ ဘာမှမရှိတော့ပါဘူး။ ဆီဗီလာတို့က ဒီနှစ်မှာ တော်တော်အဆင်မပြေဘူး။ ခါတိုင်း Top4 နေရာ လုယက်နေတဲ့အသင်းဖြစ်ပါတယ်။ အခုတော့ အဆင့် ၁၃ အထိ ကျဆင်းသွားတယ်။ ဒီနှစ် ဒီဖလားကိုမရခဲ့ရင် နောက်နှစ် ဘယ်တိုက်ပွဲထဲမှပါဖို့ မရှိတော့ပါဘူး။ ဒါပေမယ့် မန်ယူလိုအသင်းမျိုးနဲ့တွေ့ရမှာဆိုတော့ ဒီအဆင့်မှာပဲ အပြီးသတ်သွားမယ်ထင်ပါတယ်။ ဆီဗီလာဘက်က ခံစစ်ပိုင်းကို သေသေချာချာ ခံစစ်ပိတ်ထားရင်တော့ ဂိုးအပြတ်နဲ့ရှုံးဖို့မရှိလောက်ပါဘူး။

11 Players

Manchester United (4-2-3-1) – De Gea – Varan – Martinez – Wan Bissaka – Shaw – Casemiro – McTominay – Fernandes – Sabitzer – Anthony – Rashford

Sevilla (4-2-3-1) – Dmitrovic – Telles – Gudelj – Bade – Navas – Gueye – Fernando – Lamela – Gil – Suso – En-Nesyri

Missing Players

Manchester United : Alejandro Garnacho (Ankle Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Sevilla FC : Tecatito (No eligibility), Pape Gueye (No eligibility)

Facebook