joker123

joker123 အာဆင်နယ် Vs ဆောက်သန်တန် [ 21 Apr 23 - 01:30 hrs]

joker123 မိုက်ကယ် အာတီတာနည်းပြလက်ထဲက အိမ်ရှင်အာဆင်နယ်အသင်း ဒီရာသီ ၃၂ ပွဲ ဆင်းကစားပြီး ၇၄ မှတ် ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ အခုတလော အဆင့် ၁ ဖြစ်ပြီး စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဝက်စ်ဟမ်းနဲ့ ၂-၂ သရေကျလာသေးတယ်။ အခုနောက်ပိုင်း မှားယွင်းမှုတွေ ခန ခန မြင်ခဲ့ရပါတယ်။ အဲ့တာနဲ့ပဲ မန်စီးတီးက သူတို့ကို ကျော်တက်ခါနီးနေပါပြီ။ မန်စီးတီးက အာဆင်နယ်ထက် ပြိုင်ပွဲတစ်ပွဲ ပိုနည်းပြီး အာဆင်နယ်ထက် ၄ မှတ်ထဲပဲ နည်းနေတော့တယ်။ ဒီပွဲ အာဆင်နယ်အတွက် Takehiro Tomiyasu ဆင်းကစားပေးလို့မရသေးပါဘူး။ သူ့မှာ ဒဏ်ရာရထားလို့ အကြာကြီးပဲအနားယူဖို့ ရှိနေပါတယ်။ Oleksandr Zinchenko နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့လိုပါသေးတယ်။ ဒီပွဲ ဆင်းနိုင်မလားမသေချာသေးပါဘူး။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ William Saliba နဲ့ Mohammed Elneny တို့က ဒီပွဲ ပြန်ဆင်းဖို့အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဒီပွဲ အာတီတာနည်းပြက ၄-၃-၃ စနစ်နဲ့ စီစဉ်ထားလောက်ပါတယ်။ Striker နေရာ ဂါဗြေလ ယေရှုကို တာဝန်ပေးပြီး စည်းဘေးနှစ်ယောက် Bukayo Saka နဲ့ Gabriel Martinelli တို့ကိုပဲ ကစားပွဲဖန်တီးဖို့ စီစဉ်ထားလောက်ပါတယ်။ Martin Odegaard၊ Thomas Partey နဲ့ Granite Xhaka တို့ကျတော့ ကွင်းလယ်ပိုင်းကို အဓိက ထိန်းချုပ်သွားလိမ့်မယ်။ ခံစစ်ပိုင်းနေရာ Gabriel Margalles က William Saliba နဲ့တွဲပြီး ကွင်းလယ်ခံစစ် တာဝန်ယူသွားမယ်ထင်ပါတယ်။

Ruben Celles နည်းပြလက်ထဲက ဆောက်သန်တန်အသင်းကျတော့ ဒီရာသီ ၃၁ ပွဲ ဆင်းကစားပြီး ၂၃ မှတ်လေးပဲ ကောက်သိမ်းနိုင်ခဲ့ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အဆင့်ဇယားထဲမှာ အောက်ဆုံးအဆင့်ဖြစ်နေပါတယ်။ အတန်းဆင်းဖို့အခြေနေ အများကြီးပဲ ရှိနေပါတယ်။ သူတို့ရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည် အရမ်းညံ့ပါတယ်။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် သရေ ၁ ပွဲနဲ့ အရှုံး ၄ ပွဲတောင် ရရှိသွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ခရစ်စတယ်ပဲလေစ့်ကို ၀-၂ နဲ့ ရှုံးလာပါတယ်။ အဲ့ဒီတော့ ဒီပွဲ အနိုင်ရအောင်ကြိုးစားရမှာထက် ဘယ်နည်းလမ်းမှမရှိတော့ပါဘူး။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ M.Salisu မရှိသေးပါဘူး။ သူ့မှာ ဒဏ်ရာရထားပြီး အကြာကြီးပဲအနားယူဖို့ရှိပါတယ်။ Ainsley Maitland-Niles ဆိုတဲ့တစ်ယောက်ကျတော့ မူရင်းကလပ်နဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒီပွဲ ပါဝင်ကစားခွင့်မရပါဘူး။ Valentino Livramento၊ Juan Larios နဲ့ Mislav Orcic တို့မှာလည်း ဒဏ်ရာရထားကြလို့ မဆင်းနိုင်ကြသေးပါဘူး။ ဒီပွဲ Celles နည်းပြက ၄-၄-၂ စနစ်နဲ့ စီစဉ်ထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Che Adams ကိုပဲ အဓိက တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Camaldine Zulemana၊ Romeo Lavia ပြီးတော့ အသင်းကပ္ပတိန်ဖြစ်တဲ့ Ward-Prowse တို့ကို တာဝန်ပေးထားလောက်ပါတယ်။ ခံစစ်ပိုင်းနေရာ Kyle Walker-Peters နဲ့ Jan Bednarek တို့ပဲ အဓိက တာဝန်ယူဆောင်ထားလောက်ပါတယ်။

အိမ်ရှင်အာဆင်နယ်အသင်း နောက်ဆုံး ၆ ပွဲတုန်းက အရှုံးတစ်ပွဲမှမရှိပဲ အနိုင် ၃ ပွဲနဲ့ သရေ ၃ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုး ၁၆ လုံးတောင်သွင်းနိုင်ပြီး ၇ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၂ ပွဲမှာ ၂ ပွဲဆက်တိုက် သရေကျထားပြီဖြစ်ပါတယ်။ ၂ မှတ်ထဲပဲ ကောက်သိမ်းနိုင်ပြီး အမှတ်တွေ အလကားစွန့်ပစ်နေကြပါတယ်။ အဲ့တာနဲ့ပဲ လက်ရှိ သူတို့ရဲ့ရမှတ်က မန်စီးတီးထက် ၄ မှတ်ထဲပဲ ပိုများနေပါတော့တယ်။ အဲ့ထက်ဆိုးတာ ပြိုင်ပွဲအရေအတွက်က သူတို့ မန်စီးတီးထက် တစ်ပွဲ ပိုများပါတယ်။ ဒီပွဲ အိမ်ကွင်းနဲ့ကစားရမှာဖြစ်တဲ့အတွက် ၃ မှတ်ရတဲ့အထိ ရည်ရွယ်ထားကြလောက်တယ်။ အာဆင်နယ်တို့ ကိုယ့်အိမ်ကွင်းနဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ တောင့်တင်းမှုရှိပြီး တစ်ပွဲမှမရှုံးသေးပါဘူး။ အနိုင် ၄ ပွဲနဲ့ သရေ ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ ဂိုး ၁၆ လုံးတောင်သွင်းနိုင်ပြီး ၅ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ အဆင့် ၂၀ ဖြစ်တဲ့ ဆောက်သန်တန်တို့ကျတော့ လောလောဆယ် စွမ်းဆောင်ရည်တွေအရမ်းညံ့ပြီး နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ အနိုင် ၀ သရေ ၂ ပွဲနဲ့ အရှုံး ၄ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုး ၄ လုံးသွင်းနိုင်ပြီး ၁၂ လုံးတောင် ပြန်သွင်းခံထိခဲ့ပါတယ်။ အကယ်၍ သူတို့အတန်းဆင်းမယ့်ထဲ လုံးဝပါမသွားချင်သေးဘူးဆိုရင် ဒီပွဲ အမှတ်ရအောင်တော့ ကြိုးစားရမယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ၁၀၅ ပွဲရှီပြီး အာဆင်နယ်ဘက်က ခြေစွမ်းပိုပြနိုင်ပါတယ်။ အဲ့ဒီ ပွဲစဉ်အားလုံးထဲမှာ ၅၃ ပွဲနိုင်ပြီး သရေ ၂၉ ပွဲ ကျသွားပါတယ်။ ဆောက်သန်တန်ဘက်ကကျတော့ အာဆင်နယ်ကို ၂၃ ပွဲ အနိုင်ရရှိခဲ့ဖူးပါတယ်။ ဒီရာသီအတွင်း ပထမပွဲတွေ့ခဲ့ကြတုန်းက ဆောက်သန်တန်တို့ အာဆင်နယ်နဲ့ ၁-၁ သရေကျသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်တဲ့အခါမှာ အာဆင်နယ်ဘက်က အရမ်းပဲပိုသာပါတယ်။ ကစားသမားအရည်သွေးကစ စွမ်းဆောင်ရည်တွေပါ ပိုသာနေတယ်။ နောက်ပြီး ကိုယ့်အိမ်ကွင်းနဲ့ပါ ကစားရမှာဆိုတော့ ဆောက်သန်တန်ထက် အများကြီးပဲ အကျောပိုရထားပါတယ်။ ဆောက်သန်တန်တို့ရဲ့ ခံစစ်ပိုင်းက တော်တော်ဆိုးဆိုးဖြစ်နေပါတယ်။ ပွဲတိုင်းပဲ ဂိုးသွင်းခံထိတတ်ပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် အာဆင်နယ်ရဲ့လက်နက်ကြီးကို ခံနိုင်မယ်မထင်ပါဘူး။ မှားယွင်းမှုမရှိရင်တော့ ဒီပွဲ အာကြီးတို့ အိမ်ကွင်းနဲ့ တက်ကြိတ်သွားလောက်ပါတယ်။

11 Players

Arsenal (4-3-3): Ramsdale; White, Holding, Gabriel, Zinchenko; Xhaka, Thomas, Odegaard; Martinelli, Jesus, Saka

Southampton(4-4-2) : Bazunu; Perraud, Bednarek, Bella-Kotchap, Walker-Peters; Djenepo, Ward-Prowse, Lavia, Sulemana; Alcaraz, Onuachu

Missing Players

Arsenal : Mohamed Elneny (Knee Injury), William Saliba (Back Injury), Oleksandr Zinchenko (Unknown Injury), Takehiro Tomiyasu (Knee Surgery)

Southampton : Tino Livramento (Cruciate Ligament Rupture), Juan Larios (Unknown Injury),Che Adams (Calf Injury), M.Salisu(Knock Injury)

Facebook