jjj2d

jjj2d လီဗာပူးလ် Vs ရီးရဲလ်မက်ဒရစ် [ 21 Feb 23 - 02:30 hrs]

jjj2d လီဗာပူးလ်အသင်း လိဂ်ထဲကအခြေနေ Top4 နေရာအတွက် ပြန်လည်ရင်ခုန်နေပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲတုန်းက သူတို့ ၂ ပွဲစလုံးပဲ အနိုင်ရရှိသွားပါတယ်။ တစ်ပွဲက အဲဗာတန်နဲ့တွေ့ပြီး နောက်တစ်ပွဲကျတော့ နယူးကာဆယ်နဲ့တွေ့ရတာဖြစ်ပါတယ်။ အဲ့ဒီ ၂ ပွဲတုန်းက လီဗာပူးလ်ရဲ့အခြေနေ ကောင်းနေတာကြောင့် အနိုင်ရလာတာခြင်းဖြစ်ပါတယ်။ အခုတလော လီဗာပူးလ်ရဲ့အဓိက ကစားသမားတွေ တော်တော်များများ ပြန်လည်ရောက်ရှိလာနေကြပါပြီ။ အဲ့ပွဲတွေမတိုင်ခင် ဝုဗ်နဲ့ပွဲတုန်းက အရှုံးရသွားပြီး နည်းပြ ယာဂင်ကလောပ့်က ကစားသမားအားလုံးကို အိမ်ပြန်ခိုင်းခဲ့တယ်။ ကိုယ့်ဦးတည်ချက်ကို ပြန်လည်စဉ်းစားခိုင်းတယ်။ ကစားသမားအသီးသီး အိမ်ပြန်ပြီး အဲဗာတန်နဲ့ပွဲကျရောက်လာတော့ ခြေစွမ်းတွေ ချက်ချင်းပဲပြနိုင်ကြတယ်။ အရင်ကလီဗာပူးလ်လို အသင်းမျိုးမဟုတ်တော့ပဲ ပိုကြမ်းလာတယ်။ ဟိုးအရင်တုန်းက ကြမ်းသလောက် ပြန်မကြမ်းနိုင်သေးပေမယ့် သူတို့ရဲ့ဦးတည်ချက်ကိုတော့ မြင်ယောင်လာပါတယ်။ Pressing ပိုင်းလည်း ပိုကောင်းလာတယ်။ Bajcetic နဲ့တစ်ယောက်ဆိုရင် အသက် ၁၉ နှစ်သာရှိပေမယ့် အခု အသင်းရဲ့အဓိက ကစားသမားတောင်ဖြစ်နေပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ နယူးကာဆယ်အပေါ် အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ လီဗာပူးလ်ရဲ့ဂိုးသွင်းချက်က တော်တော်မိုက်တယ်။ ကစားသမားအသီးသီး တစ်ယောက်နဲ့တစ်ယောက် တော်တော်နားလည်မှူရှိလာကြတယ်။ ပြီးတော့ အဲ့ပွဲ လီဗာပူးလ်ကိုနိုင်စေတဲ့အချက်အလက်တစ်ခုကတော့ နယူးကာဆယ်တို့ရဲ့ ပေါ့ဆမှုလည်းပါတယ်။ သူတို့ ပွဲအစပိုင်းကတည်းက တိုက်စစ်တွေရှယ်ဆင်ပြီး လီဗာပူးလ်နဲ့ဝင်လုံးတယ်။ အနောက်တန်းတွေကို အရှေ့တော်တော်တိုးထားကြတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုတော့ ဘယ်ကျန်တော့မလဲ။ တောင်ပံ့ကစားသမားနဲ့ အလယ်တန်းက ကိုယ့် Position ကို ထိန်းဖို့တောင်ဂရုမစိုက်ကြဘူး။ လီဗာပူးလ်ကို မြောက်ဘောနဲ့ တိုက်စစ်ဆင်နိုင်အောင် အခွင့်ရေးတော်တော်ပေးသွားပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ကိုချီးကျူးရမှာပါပဲ။ ဘောလုံးမရှိတဲ့အချိန်ရဲ့ လှုပ်ရှားမှုက ပြောစရာမရှိလောက်အောင်ကောင်းကြတယ်။ အလီဆွန်ရဲ့ တန်ပြန်တိုက်စစ်ကလည်း တော်တော်ထိရောက်တယ်။ ဒုတိယပိုင်းရောက်တော့ လီဗာပူးလ်ဘက်က အချို့ကစားသမားတွေကို အနားပေးလိုက်တယ်။ ပြီးရင် ဒဏ်ရာသက်သာလာတဲ့ကစားသမားတွေကို အစားဆင်းခိုင်းခဲ့ပါတယ်။ လီဗာပူးလ်တို့ရဲ့အခြေနေက ပြန်ကောင်းပြီဆိုတော့ ရီးရဲလ်ကိုရှုံးဖို့မရှိပါဘူး။

ရီးရဲလ်မက်ဒရစ်တို့ကျတော့ အောင်မြင်မှုတွေ အများကြီးရဖူးတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ဥရောပချန်ပီယံရှစ် ၈ ကြိမ်တောင် ရသွားပါပြီ။ ဥရောပချန်ပီယံရှစ်ကို ၃ ကြိမ်ဆက်တိုက်အနိုင်ရတဲ့ ပထမဆုံးအသင်းပါဖြစ်နေတယ်။ ၂၀၁၅ မှ ၂၀၁၈ ခုနှစ်အထိ ဖြစ်ပါတယ်။ ပြီးရင် ပြီးခဲ့တဲ့တစ်နှစ်ကမှ ထပ်ရလာခဲ့ပါတယ်။ အဲ့နှစ် လီဗာပူးလ်နဲ့ ဗိုလ်လုပွဲတက်ပြီး အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တုန်းကဆိုရင် လီဗာပူးလ်ကို စတုတ္ထအဆင့်မှာပဲ ထုထောင်းခဲ့တယ်။ ပြောမယ်ဆို ရီးရဲလ်တို့က လီဗာပူးလ်ရဲ့ ငယ်နိုင်လိုမျိုးဖြစ်နေတယ်။ ရီးရဲလ်ဘက်က အနိုင်ရသွားတာ အချိန်အခါနဲ့ အခွင့်အရေးပေါ်မူတည်ပြီး ရသွားတတ်ပါတယ်။ ကစားပုံကစားနည်းကတော့ မနိုင်မရှုံးလေးဖြစ်ပါတယ်။ ဒီနှစ်အတွင်း ရီးရဲလ်တို့ရဲ့စွမ်းဆောင်ရည်က ကျဆင်းနေပါတယ်။ လိဂ်ထဲမှာ နံပါတ် ၂ ဖြစ်နေတယ်။ ဒီရာသီ ၂၂ ပွဲ ဆင်းကစားပြီး ၅၁ မှတ် ကိုင်ဆောင်ထားနိုင်တယ်။ ဘာစီလိုနာထက် ၅ မှတ်နည်းပြီး ပြိုင်ပွဲအရေအတွက်ကျ ၁ ပွဲ ပိုများနေတယ်။ ဒါပေမယ့်လည်း ရီးရဲလ်တို့ရဲ့ စွမ်းဆောင်ရည်ကတော့ တအားကြီးညံ့မနေပါဘူး။ အခုနောက်ပိုင်းဆိုရင် နည်းနည်းပြန်ကောင်းလာပါတယ်။ လိဂ်ထဲမှာ ၂ ပွဲဆက်တိုက် အနိုင်ရထားပြီး ကမ္ဘာ့ကလပ်ချန်ပီယံဆုပါရသွားသေးတယ်။ အဲ့တာနဲ့ သူတို့ ယုံကြည်မှုတွေ ပြည့်ဝနေကြလောက်တယ်။ ဒီပွဲ အသင်းထဲက အဓိကကစားသမားကတော့ Karim Benzema ပဲဖြစ်လိမ့်မယ်။ ဒီနှစ်အတွင်း သူ့မှာ ဂိုး ၁၆ လုံးတောင် သွင်းယူပြီးပါပြီ။ ဒါပေမယ့် UCL တိုက်ပွဲထဲမှာကျတော့ ၄ ပွဲကစားပြီး ဂိုးတစ်လုံးမှမသွင်းနိုင်သေးပါဘူး။ ဒါပေမယ့် သူ့အားသာချက်က ဂိုးသွင်းတဲ့အပိုင်းပဲမဟုတ်ပါဘူး။ သူ့ဆီမှာ ဘောလုံးနားနေလို့ပါရတယ်။ ဒီပွဲ ရီးရဲလ်ဘက်က ဘယ်လောက်ထိပဲကြောက်စရာကောင်းနေပါစေ အန်ဖီးလ်ကွင်းကြီးဖြစ်တဲ့အတွက် လွယ်မယ်မထင်ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အခုနောက်ပိုင်း ရီးရဲလ်ဘက်ကပိုသာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ ဥရောပချန်ပီယံကို အကြိမ်ကြိမ်ဖြစ်နေပါတယ်။ ဒါပေမယ့် အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က တိုက်စစ်ပိုဆင်ခဲ့ရပါတယ်။ အဲ့တော့ အချိန်အခါနဲ့ အခွင့်အရေးပေါ်မူတည်လိမ့်မယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင်တော့ ရီးရဲလ်ဘက်က ပိုကြည့်ကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးလ်တို့မှာလည်း လိဂ်ထဲမှာ ၂ ပွဲဆက်တိုက် အနိုင်ရထားတဲ့အတွက် ယုံကြည်မှုပြည့်ဝ နေကြလောက်ပါတယ်။ နောက်ပြီး သူတို့ရဲ့အဓိက ကစားသမားတော်တော်များများကလည်း ပြန်လည်ရောက်ရှိလာနေကြပါပြီ။ အဲ့တော့ ပွဲစဉ်အတွင်းမှာ လီဗာပူးလ်ဘက်က ရွေးချယ်စရာတွေ ပိုများလာနေပါပြီ။ ရီးရဲလ်တို့မှာလည်း ဒီပွဲ ယုံကြည်မှုအပြည့်ရှိနေကြပါတယ်။ လီဗာပူးလ်နဲ့တွေ့တိုင်း ကောင်းတဲ့ရလဒ်ရသွားတတ်ကြပါတယ်။ စိတ်ဓာတ်ကတော့ ၁+ ပဲ ရှိနေကြလောက်တယ်။ နောက်ပြီး ကမ္ဘာ့ကလပ်ချန်ပီယံဆုပါရထားတဲ့အတွက် စိတ်အားတွေ တော်တော်တက်ကြွနေကြလောက်တယ်။ လိဂ်ပွဲစဉ်ထဲမှာလည်း ၂ ပွဲဆက်တိုက် အနိုင်ရလာပါတယ်။ ဒါပေမယ့် သူတို့ ဒီဖေဖော်ဝါရီလထဲမှာ တိုက်ပွဲတွေအရမ်းစိပ်လွန်းပါတယ်။ အခုအချိန်အထိ ၅ ပွဲဆင်းပြိုင်ထားပြီးပြီ။ အဲ့ဒီတော့ အင်အားတွေ ပင်ပန်းနွမ်းနယ်နေကြမှာပဲ။ နောက်ပြီး အန်ဖီးလ်ကွင်းက ဘယ်တော့မှမလွယ်ပါဘူး။ ဒီပွဲ နှစ်သင်းစလုံးပဲ ဂိုးသွင်းဖို့အခွင့်ရေး ဖန်တီးနိုင်ချင်းတူလိမ့်မယ်။ ဒါပေမယ့် ဘယ်အသင်းက ပိုပြတ်သားမလဲပဲယှဉ်ပြိုင်ရလိမ့်မယ်။ နောက်ဆုံးမှာတော့ လီဗာပူးလ်ဘက်က ပိုပြတ်သားမယ်လို့ ယုံကြည်ထားပါတယ်။ ဒီပွဲ လီဗာပူးလ်ဘက်က ယုံကြည်မှုရှိပြီး အိမ်ကွင်းနဲ့ပါကစားရမှာဆိုတော့ ရှုံးဖို့လုံးဝမရှိလောက်ပါဘူး။ နောက်ပြီး ရီးရဲလ်တို့က လီဗာပူးလ်နဲ့ တည့်တည့်ကြီးဝင်မလုံးရဲလောက်သေးပါဘူး။ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေမယ်ထင်တယ်။ ဒီပွဲ လီဗာပူးလ်ရဲ့ Pressing က အားကောင်းရင်တော့ သတင်းကောင်းရရှိသွားနိုင်ပါတယ်။

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Van Dijk – Gomez – Robertson – Bajcetic – Henderson – Fabinho – Salah – Gakpo – Nunez

Real Madrid (4-3-3) – Lunin – Alba – Rudiger – Militao – Carvajal – Tchoumani – Camavinga – Valverde – Rodrygo – Vinicius – Benzema

Missing Players

Liverpool FC – Arthur Melo (Surgery), Luis Díaz (Knee Injury), Calvin Ramsay (Knee Surgery)

Real Madrid – Ferland Mendy (Muscle Injury), Toni Kroos (Abdominal Influenza)

Facebook