jilimm

jilimm ချယ်လ်ဆီး Vs ဘရိုက်တန် [15 Apr 23 - 20:30 hrs]

jilimm အိမ်ရှင်ချယ်လ်ဆီးအသင်း လက်ရှိစွမ်းဆောင်ရည်တော်တော်ညံ့နေပါတယ်။ ဒီရာသီအတွင်း နည်းပြ ၃ ယောက် ပြောင်းလဲခဲ့တာတောင် အခြေနေကောင်းမလာသေးပါဘူး။ နောက်ဆုံး ၅ ပွဲတုန်းက အနိုင်တစ်ပွဲမှမရှိသေးပါဘူး။ အသင်းနည်းပြ ဖရန့် လမ်းပတ်ကို ပြောင်းလဲကတည်းက နောက်ဆုံး ၃ ပွဲထဲမှာ တစ်မှတ်လေးပဲ ကောက်သိမ်းနိုင်တယ်။ အခုတလော လက်ထဲမှာ ၃၉ မှတ် ပိုင်ဆိုင်ထားပြီး အဆင့်ဇယားထဲမှာ အဆင့် ၁၁ ဖြစ်နေပါတယ်။ ဝုဗ်ဗာဟန်တန်ကို ၁-၀ ရှုံးပြီး နောက်ဆုံးတစ်ပွဲ ရီးရဲလ်ကို ၂-၀ ထပ်ရှုံးလာပါတယ်။ နည်းပြပြောင်းလဲပြီးနောက် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Kalidou Koulibaly ကို အသုံးပြုလို့မရသေးပါဘူး။ ရီးရဲလ်နဲ့ပွဲတုန်းကမှ ဒဏ်ရာရသွားတာဖြစ်ပါတယ်။ Armando Broja နဲ့တစ်ယောက်မှာလည်း ဒဏ်ရာရထားပါတယ်။ ကျန်တဲ့ Au Felix၊ Enzo Fernandez၊ Mateo Kovacic၊ Reece James၊ Kai Havertz နဲ့ Raheem Sterling တို့ကျတော့ အကုန်လုံးပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ ချယ်လ်ဆီးတို့ ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Kepa ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာ James, W. Fofana, Silva နဲ့ Chilwell တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Fernandez ကို အလယ်မှာထားပြီး သူ့ဘေးနှစ်ဖက်ကို Kovacic နဲ့ Mount တို့ကိုပဲ ချထားလောက်ပါတယ်။ တိုက်စစ်ပိုင်းနေရာမှာဆိုရင် Sterling, Havertz နဲ့ Felix တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

ဘရိုက်တန်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက စပါးကိုရှုံးလာပေမယ့် စွမ်းဆောင်ရည်တွေတော့ ကောင်းနေတုန်းဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၈ ပွဲထဲမှာ အဲ့တစ်ပွဲလေးနဲ့ ရှုံးခဲ့ပါတယ်။ ဒီရာသီ ၂၈ ပွဲ ဆင်းကစားပြီး လက်ထဲမှာ ၄၆ မှတ်လေးနဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။ အခုတလော ဥရောပတိုက်ပွဲထဲပါဖို့ ရုန်းကန်နေပါတယ်။ အသင်းထဲကအားသာချက်ကတော့ ဘောလုံးပိုင်ဆိုင်မှုပဲဖြစ်ပါတယ်။ ပြီးတော့ ဘောလုံးအပို့အယူလည်းကောင်းတယ်။ ဒီပွဲ သူတို့မှာ အခြားအသင်းနဲ့  အငှါးစာချုပ် ချုပ်ဆိုသွားတဲ့ Levi Colville ကို အသုံးပြုလို့မရသေးပါဘူး။ Jakub Moder, Jakub Moder နဲ့ A. Lallana တို့ကျတော့ ဒဏ်ရာရထားကြလို့ မပါနိုင်ပဲဖြစ်နေပါတယ်။ ဘရိုက်တန်တို့ ဒီပွဲ ၄-၃-၁-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Steele ကိုပဲ တာဝန်ပေးပြီး အနောက်တန်းနေရာ Veltman, Webster, Dunk နဲ့ Estupinan တို့ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။ ကွင်းလယ်နှစ်ယောက်နေရာကျတော့ Caicedo နဲ့ Gross တို့ကိုတွဲထားပြီး March, Mac Allister နဲ့ Mitoma တို့ ၃ ယောက်ကို တိုက်စစ်ပိုင်းအထောက်အကူလုပ်ဖို့ ချထားမယ်ထင်ပါတယ်။ ဂိုးသွင်းဖို့နေရာကျတော့ Ferguson ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

ချယ်လ်ဆီးတို့ အခြေနေတွေဆိုးပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ အဲ့ဒီ ၅ ပွဲထဲမှာ သွင်းဂိုးမရှိပဲ ၄ ပွဲတောင် ပြီးလာပါတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ဘရိုက်တန်ကို လက်ခံကြိုဆိုရမှာဖြစ်ပါတယ်။ ဒီနှစ်သင်း အချင်းချင်းတွေ့ဖူးတဲ့တစ်ပွဲတုန်းက ဘရိုက်တန်ဘက်က အိမ်ကွင်းနဲ့ ၄-၁ အရင်နိုင်ထားပါတယ်။ ဂိုးအပြတ်နဲ့ နိုင်ထားပေမယ့် ကစားပုံကစားနည်းကတော့ သိပ်ပြီး ကွာခြားမှုမရှိပါဘူး။ ချယ်လ်ဆီးအသင်း လောလောဆယ် ဘာမှရင်ခုန်စရာမရှိတော့ပါဘူး။ ဒီပွဲမတိုင်ခင် အနားနည်းနည်းပဲယူခဲ့ရပါတယ်။ အဲ့ဒီတော့ ကစားသမားရဲ့ အင်အားတွေ ကောင်းမနေကြလောက်သေးပါဘူး။ ကစားသမားအချို့နေရာကို Rotation ရှိလောက်ပါတယ်။ ဒီပွဲ ချယ်လ်ဆီးရဲ့ကစားသမားက ဘရိုက်တန်ထက်ညံ့လောက်တယ်။ ဘရိုက်တန်တို့ကျတော့ လောလောဆယ် ခြေစွမ်းတွေအရမ်းပဲတက်ကြွနေပါတယ်။ အဆင့် ၇ ရောက်အောင် ကောင်းတဲ့စွမ်းဆောင်ရည်ကိုယူပြီး သက်သေပြုလို့ရပါတယ်။ လိဂ်တိုက်ပွဲထဲက နောက်ဆုံး ၆ ပွဲထဲမှာ တစ်ပွဲလေးပဲရှုံးထားတယ်။ အနိုင် ၃ ပွဲနဲ့ သရေ ၂ ပွဲ လုပ်နိုင်ခဲ့တယ်။ အဲ့ဒီ ၆ ပွဲထဲနဲ့ ဂိုး ၁၃ လုံးတောင် သွင်းနိုင်ခဲ့ကြပါတယ်။ ဥရောပတိုက်ပွဲထဲ ပါနိုင်လောက်အောင် ခြေစွမ်းတွေကောင်းနေကြပါတယ်။ ချယ်လ်ဆီးတို့ရဲ့ ထိုးစစ်ပိုင်းက ကောင်းပေမယ့် ငါတို့သိထားသလို ဂိုးသွင်းတဲ့အပိုင်း အဆင်မပြေသေးပါဘူး။ ဘရိုက်တန်တို့မှာလည်း ကောင်းသောထိုးစစ်ပိုင်းရှိပါတယ်။ ကစားသမားအသီးသီးတွေက တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုလည်း ရှိနေကြတယ်။ ယုံကြည်မှုအပြည့်ပါ ရှိနေကြပါတယ်။ အဲ့ဒီတော့ ဒီပွဲ ဘရိုက်တန်ဘက်က ချယ်လ်ဆီးရဲ့အိမ်ကွင်းနဲ့ အနည်းဆုံး တစ်မှတ်လောက်တော့ ရသွားနိုင်လောက်ပါတယ်။

11 Players

Chelsea FC(4-3-3) : Kepa; James, W. Fofana, Silva, Chilwell; Kovacic, Fernandez, Mount; Sterling, Havertz, Felix

Brighton & Hove Albion (4-2-1-1) : Steele; Veltman, Webster, Dunk, Estupinan; Caicedo, Gross; March, Mac Allister, Mitoma; Ferguson

Missing Players

Chelsea FC : Armando Broja (Cruciate Ligament Rupture), C.Chukwuemeka

Brighton & Hove Albion: Jakub Moder (Cruciate Ligament Rupture), Jeremy Sarmiento (Metatarsal Fracture), T. Lamptey (Knee Injury), A. Lallana (Mussle Injury)

Facebook

အိမ်ရှင်မန်စီးတီးအသင်း အခုတလော အစစအရာရာ သူတို့လက်ထဲမှာပဲရှိနေပါတယ်။ ဒီရာသီရဲ့ လက်ကျန်ပွဲတွေအားလုံးကို အနိုင်ရခဲ့ရင်တော့ ချန်ပီယံနောက်တစ်ခေါက် တန်းဖြစ်သွားလိမ့်မယ်။ အဲ့ဒီတော့ ဒီနှစ်မှာလည်း ရာသီရဲ့ နောက်ဆုံးတိုက်ပွဲအထိ လိုက်ကြည့်ခဲ့ရလိမ့်မယ်။ အတွေ့ကြုံပိုင်းကလည်း အာဆင်နယ်ထက်များပါတယ်။ လီဗာပူးလ်နဲ့ တိုက်ခိုက်တုန်းက ပိုတောင်ခက်သေးတယ်။ အဲ့တာနဲ့ပဲ သူတို့ ဖိအားအောက်ကနေ ကောင်းကောင်းစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ ဒီနေ့မှာတော့ သူတို့ နံပါတ် ၁ အသင်းထက် စောပြီးကစားခဲ့ရပါတယ်။ အနိုင်ရခဲ့လို့ရှိရင်တော့ အာဆင်နယ်ထက် ၃ မှတ်ပဲ နည်းလိမ့်မယ်။ အာဆင်နယ်တို့ကျတော့ တနင်္ဂနွေနေ့ကျမှ ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ စီးတီးတို့အတွက် ဘာမှမခက်ပါဘူး။ သူတို့ပြိုင်ဘက်ဖြစ်တဲ့ လက်စတာအသင်းက စွမ်းဆောင်ရည် တော်တော်ညံ့နေပါတယ်။ ဒါပေမယ့် စီးတီးတို့မှာ ဒီပွဲ ဟာလန်းမပါသေးပါဘူး။ ဒါပေမယ့်လည်း အသင်းရဲ့အရွယ်အစားနဲ့ပြောရင် ပြသာနာမရှိပါဘူး။ စီးတီးရဲ့စွမ်းဆောင်ရည်က တော်တော်ပဲကောင်းနေပါတယ်။ လက်စတာတို့က ဘယ်လိုမျိုးနဲ့ ပြန်လှန်တိုက်ခိုက်မလဲတောင်မသိတော့ဘူး။ ဒီဘရိုင်းကတော့ ဒီပွဲအတွက် အဆင်သင့်ပဲ ဖြစ်နေတယ်။ Grealish နဲ့တစ်ယောက်မှာလည်း လောလောဆယ် ခြေစွမ်းတွေတော်တော်ကောင်းနေတယ်။ ဆက်တိုက် ဆင်းကစားခွင့် ရသွားလောက်ပါတယ်။ ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကြည့် စီးတီးဘက်က ကစားစနစ်ပိုသာပါတယ်။ အဲ့တော့ ဒီပွဲ အနိုင်ရဖို့အရေး ခက်မနေလောက်ပါဘူး။ စီးတီးတို့ ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ စည်းဘေးနှစ်ဖက်က ၃-၄-၃ စနစ်လိုမျိုး အရှေ့တိုးပြီးကစားလိမ့်မယ်။ တိုက်စစ်ဆင်တဲ့အခါမှာ ပြိုင်ဘက်ရဲ့ ပင်နယ်တီစည်းအတွင်း စီးတီးကစားသမား ၆ ယောက်လောက် ရှိနေလိမ့်မယ်။ အဓိက စီးတီးတို့ ဘောလုံးကို လွယ်လွယ်လေးမဆုံးရှုံးတတ်ဘူး။ တစ်ပွဲနဲ့တစ်ပွဲမှာ ဘောလုံးပိုင်ဆိုင်နှုန်း တော်တော်မြင့်ပါတယ်။ ဒီပွဲကတော့ စီးတီးနဲ့ပဲ ရှိနေကြမယ်။

jilimm လက်စတာတို့ကျတော့ အခုတလော အောက်ဆုံးအဆင့်ထက် တစ်ဆင့်ထဲပဲသာနေပါတယ်။ အတန်းမဆင်းတဲ့အဆင့်ထက် ၃ မှတ်ပဲနည်းနေပါတယ်။ အဲ့ဒီတော့ သူတို့အတွက် အခွင့်ရေးရှိပါသေးတယ်။ ဒါပေမယ့်လည်း တော်တော်ရုန်းခဲ့ရလိမ့်မယ်။ အတန်းဆင်းမယ့်အသင်းတွေထက်ဆိုင်ရင် သွင်းဂိုးစံချိန်ပိုကောင်းပါတယ်။ ပြီးတော့ အတန်းဆင်းမယ့်ထဲကအသင်းတွေနဲ့ ရင်ဆိုင်ဖို့ပွဲတွေလည်းရှိနေတယ်။ အဲဗာတန်တို့ လိဒ်စ်တို့နဲ့ တွေ့စရာရှိပါသေးတယ်။ အဲ့နှစ်ပွဲစလုံး အနိုင်ရခဲ့ရင်တော့ အတန်းဆင်းရမယ့်ထဲကနေ ရုန်းထွက်နိုင်လောက်ပါတယ်။ လက်စတာတို့ရဲ့ အဝေးကွင်းအခြေနေကတော့ သိပ်မကောင်းပါဘူး။ အဝေးကွင်းနဲ့ ၁၅ ပွဲကစားပြီး ဂိုး ၃၂ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ တစ်ပွဲကို ဂိုးနှစ်လုံး ပုံမှန်သွင်းခံထိနေပါတယ်။ ဒီပွဲ သူတို့မှာ Terlemans၊ Justin Evans နဲ့ Bertrant တို့ မရှိသေးပါဘူး။ အဲ့တော့ တော်တော်နစ်နာလိမ့်မယ်။ ဒဏ်ရာရထားတဲ့ကစားသမားမရှိတာတောင် စီးတီးကိုမခံနိုင်ပါဘူး။ အဲ့တော့ လက်ရှိ အခြေနေမျိုးနဲ့ဆိုရင် ဂိုးအပြတ်နဲ့တောင် ရှုံးသွားနိုင်ပါတယ်။ အသင်းထဲက အားကိုးရာကတော့ Maddison ပဲ ဖြစ်လိမ့်မယ်။ ဒီပွဲ လက်စတာတို့ ဘုန်းမောက်နဲ့ပွဲတုန်းကလို ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်ပါတယ်။ နောက်ခံ ၄ ယောက်ရဲ့အရှေ့မှာ လူပို ၂ ယောက် ထပ်ပြီးချထားလိမ့်မယ်။ အရှေ့ဆုံးနေရာမှာတော့ Ihenacho တစ်ယောက်ထဲကိုပဲ နေခိုင်းလိမ့်မယ်။ သူက အခုတလော ဗာဒီထက် ပိုကောင်းနေတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Maddison ကို ထိန်းခိုင်းပြီး သူ့ဘေးနားမှာ Barnes နဲ့ Pereira တို့ကို တာဝန်ပေးထားလောက်ပါတယ်။ အသင်းထဲက ပြသာနာအကြီးမားဆုံးကတော့ ဘောလုံးအပို့အယူနဲ့ Team work သိပ်မဖြစ်ကြဘူးဖြစ်ပါတယ်။ အဲ့တော့ ကွင်းလယ်ပိုင်းကနေ ဘောလုံးဆုံးရှုံးနိုင်ပြီး စီးတီးရဲ့အပိုင် ပြန်ဖြစ်သွားဖို့အခြေနေရှိပါတယ်။ လက်ရှိ စီးတီးရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် လက်စတာတို့ ဘယ်လိုမှမခံနိုင်ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ စီးတီးဘက်က ပိုသာပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် စီးတီးဘက်က ၇ ပွဲတောင် အနိုင်ရရှိခဲ့ပါတယ်။ အရှုံးကတော့ ၃ ပွဲ ရရှိသွားပါတယ်။ ပြီးတော့ အဲ့ထက်ဆိုးတာ လက်စတာနည်းပြဖြစ်တဲ့ ဒင်းစမစ်က လက်စတာကိုဦးဆောင်ပြီး မန်စီးတီးနဲ့ ၆ ပွဲရင်ဆိုင်ခဲ့ဖူးပါတယ်။ အနိုင်တစ်ပွဲမှမရပဲ အကုန်လုံးရှုံးသွားပါတယ်။ လက်ရှိ နှစ်သင်းစလုံးရဲ့အခြေနေက လုံးဝကွာခြားမှုရှိတယ်။ စီးတီးတို့က ဖြစ်ချင်သလို ဖန်တီးနိုင်ပြီး ရာသီကုန်တဲ့အထိ အနိုင်ဆက်တိုက် ရခဲ့ရင်တော့ ချန်ပီယံတန်းဖြစ်ဖို့ အရမ်းသေချာပါတယ်။ လက်စတာတို့ကျတော့ စွမ်းဆောင်ရည်တွေအရမ်းညံ့ပြီး တကယ့်မနိုင်စိန်ဖြစ်နေပါတယ်။ အခု လိဂ်ထဲက အဆင့် ၁၉ ရောက်ရှိနေပြီး အတန်းဆင်းရမယ့်ကိန်းရှိနေပါတယ်။ နှစ်သင်းစလုံးရဲ့ အဆင်သင့်ပိုင်းကလည်း စီးတီးဘက်က ပိုပြီး အဆင်သင့်ဖြစ်ပါတယ်။ လက်စတာတို့မှာ Terlemans နဲ့ Justin Evans တို့ မရှိသေးပါဘူး။ စီးတီးမှာ ဟာလန်းပဲ မရှိသေးတာ ဖြစ်ပါတယ်။ ဟာလန်းက အဝါကဒ်ပြည့်သွားလို့ အနားယူနေရပါတယ်။ ဒါပေမယ့် ပြသာနာမရှိပါဘူး။ အစားဆင်းနိုင်တဲ့ကစားသမားတွေ တစ်ပုံကြီးရှိနေပါတယ်။ အဲ့တော့ စီးတီးရဲ့တိုက်စစ်ပိုင်းကို ဘာမှစိတ်ပူစရာမလိုပါဘူး။ ဒီဘရိုင်းနဲ့ ဆေးလ်ဗားတို့ကျန်သေးတယ်။ Alvarez နဲ့တစ်ယောက်ကလည်း ဂိုးတော်တော်ပြတ်သားနိုင်ပါတယ်။ အဲ့တော့ အေးအေးဆေးဆေးဖြစ်ပါတယ်။ လက်စတာတို့မှာကျတော့ နည်းနည်းအားကိုးလို့ရတယ်ဆိုလို့ Maddison ပဲရှိပါတယ်။ ကျန်တာ အဆင်မပြေသေးပါဘူး။ တစ်သင်းလုံး ခြေစွမ်းကျဆင်းနေကြပါတယ်။ အရင်တုန်းက လက်စတာအသင်းဟာ အမှတ်ဇယားရဲ့ အလယ်ပိုင်းမှာပဲ လုံးထွေးနေတဲ့အသင်းဖြစ်ပါတယ်။ အခုကျတော့ အတန်းဆင်းမယ့်ထဲ လုံးထွေးနေရော။ ဒီပွဲ နှစ်သင်းစလုံးရဲ့ ဦးတည်ချက်ချင်းယှဉ်ကြည့်ရင် စီးတီးဘက်က ပိုပြင်းထံပါတယ်။ အဲ့တော့ လက်စတာတို့ ပိုးစိုးပက်စက်ခံရလိမ့်မယ်။

11 Players

Man city (3-4-2-1) – Ederson – Akanji – Ake – Dias – Rodri – Stone – Grealish –  Rodri – Bernado Silva – Alvarez – De Bruyne

Leicester City (4-2-3-1) – Iversen – Faes – Amartey – Castagne – Ndidi – Maddison – Barnes – Ihenacho- Pereira – Kristiansen – Soumare

Missing Players

Man city : Erling Haaland (Yellow card suspension)

Leicester City : Ryan Bertrand (Knee Surgery), Jonny Evans (Calf Injury), Youri Tielemans (Torn Ankle Ligament), James Justin (Achilles tendon rupture)

Facebook