jili city

ချယ်လ်ဆီး Vs အဲဗာတန် [18 Mar 23 - 24:00 hrs]

jili city ချယ်လ်ဆီးအသင်း ဒီနှစ်ထဲမှာ စွမ်းဆောင်ရည်တွေမကောင်းကြဘူးဖြစ်နေတယ်။ အခုတလောလောက်ပဲ ကောင်းပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိလာပါတယ်။ UCL တိုက်ပွဲထဲမှာဆိုရင် ဒေါ့မွန်ကိုနိုင်ပြီး နောက်ဆုံး ၈ သင်းအဆင့်ထဲ ပါသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် လိဂ်ထဲမှာကျတော့ အခုမှ ၂ ပွဲဆက်တိုက် အနိုင်ရထားပေမယ့် နံပါတ် ၁၀ ကနေ မတက်လာသေးပါဘူး။ နောက်နှစ် UCL တိုက်ပွဲထဲပါဖို့ မရှိသလောက်ဖြစ်နေပါတယ်။ အခွင့်ရေးတော့ရှိပါတယ်။ ဒါပေမယ့် ပွဲတိုင်းပဲ အနိုင်ရဖို့တော့ လိုလိမ့်မယ်။ သူတို့ရဲ့ ဒီပွဲပြီးသွားတာနဲ့ ဘရိုက်တန်ရော လီဗာပူးလ်တို့ရော စောင့်နေပြီးသားဆိုတော့ တော်တော်ရုန်းကန်ခဲ့ရလိမ့်မယ်။ ဘရိုက်တန်နဲ့ လီဗာပူးလ်တို့က Top4 ထဲ ပါချင်တဲ့အသင်းတွေဖြစ်အတွက် အနိုင်ရသွားတဲ့သူက အခွင့်ကောင်းရသွားလိမ့်မယ်။ ချယ်လ်ဆီးတို့မှာ အခုတလော ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ စတာလင်ကြီးက ဂိုးပြတ်သားမှုသိပ်မရှိပေမယ့် ပြိုင်ဘက်ခံစစ်ပိုင်းကိုတော့ ဖျက်ဖောက်တတ်ပါတယ်။ Chiwell နဲ့တစ်ယောက်မှာလည်း ကောင်းတယ်။ ချယ်လ်ဆီးတို့က အခုတလော ကောင်းတဲ့ထဲရှိနေကြပါတယ်။ အဲ့တာနဲ့ပဲ ကစားသမားအစုံမရှိပေမယ့် အဆင်ပြေအောင်တော့ ကစားနိုင်နေကြပါတယ်။ သူတို့မှာ ၃ ပွဲဆက်တိုက် အမှတ်ကောက်နိုင်တဲ့အတွက် ယုံကြည်မှုတွေလည်း ပြည့်ဝနေကြလောက်တယ်။ ဒီအခြေနေမျိုးကို ဆက်လက်ထိန်းနိုင်ရင်တော့ ရာသီကုန်သွားရင် ကောင်းတဲ့နေရာ ရောက်သွားနိုင်ပါတယ်။ ဒီစွမ်းဆောင်ရည်နဲ့ဆိုရင် ဒီရာသီ Top4 မရပေမယ့် UCL ချန်ပီယံတော့ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က တောင့်တင်းမှုမရှိပါဘူး။ အဲ့တော့ သူတို့မှာ Position နည်းနည်းပါးပါးပဲ ပြောင်းလဲလိမ့်မယ်။ ဒီပွဲ ချယ်လ်ဆီးတို ကစားသမား Rotation ရှိပေမယ့် အနိုင်ရသွားလောက်ပါတယ်။

အဲဗာတန်တို့ကျတော့ ဒီနှစ်အတွင်း စွမ်းဆောင်ရည်တော်တော်ဆိုးနေပါတယ်။ အတန်းဆင်းမယ့်ထဲ ရင်ခုန်နေရပြီး သွင်းဂိုးစံချိန်လဲ မကောင်းဘူးဖြစ်နေတယ်။ အဲ့ထက်ဆိုးတာ အခုမှ အန်တိုနီဂေါ်ဒွန်ကို ရောင်းလိုက်တာဖြစ်ပါတယ်။ ကိုယ့်မှာ အခြေနေမကောင်းပဲနဲ့ ခြေစွမ်းကောင်းကစားသမားကို ရောင်းပစ်သေးတယ်။ အခု သူတို့မှာ နံပါတ် ၁၅ ရောက်ရှိနေပြီး အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်လေးပဲ ပိုသာနေပါတယ်။ ၁ ပွဲလေးမှားမိတာနဲ့ အတန်းဆင်းမယ့်ထဲ တန်းရောက်သွားမယ့်အခြေနေကြီးဖြစ်နေတယ်။ အဲဗာတန်တို့ရဲ့ ကစားသမားတွေက မဆိုးပါဘူး။ Team work မဖြစ်လို့သာ ညံ့နေတာပါ။ ပြီးတော့ အမှားတွေမကင်းကြဘူး။ ခံစစ်ပိုင်းဆိုရင် ပိုဆိုးပါတယ်။ ဘောလုံးအပို့အယူက ခန ခန မှားတတ်ပါတယ်။ ကွင်းလယ်ပိုင်းတွေကလည်း ဘောလုံးမပိုင်နိုင်ဘူး။ အဲ့တာနဲ့ပဲ တာဝန်အားလုံးက ခံစစ်ပိုင်းအပေါ် အကုန်ကျရောက်သွားပါတယ်။ တိုက်စစ်ပိုင်းကျတော့ လူးဝစ်မရှိတော့တဲ့နောက်ပိုင်း ကြောက်စရာမကောင်းတော့ပဲဖြစ်သွားတယ်။ ဒီပွဲကတော့ အဲဗာတန်ဘက်က အရင်ပွဲမှ စနစ်ကိုပဲ အသုံးပြုမယ်ထင်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက သွင်းခံထိတဲ့ဂိုးမရှိပဲ အနိုင်ရလာတော့ သူတို့မှာလည်း ယုံကြည်မှု ပြန်ရှိလာပြီလားမသိပါဘူး။ ဒီပွဲ သူတို့မှာ Calvert Lewi မရှိသေးဘူး။ ဒါပေမယ့် Gray သို့မဟုတ် Mcniel တို့ကိုတော့ အသုံးပြုလို့ရပါတယ်။ သူတို့တွေက စည်းဘေးကို ပိုအားသာပြီး ဘောလုံးအနားယူလို့မရေပေမယ့် လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကိုတော့ ဆင်ကစားတတ်ပါတယ်။ အဲဗာတန်တို့ ဒီပွဲ ၄-၅-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ခံစစ်ပိုင်းကို လူအပြည့်စီစဉ်ထားမှာဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့ ချယ်လ်ဆီးအသင်းနဲ့ တွေ့ရမယ့်နေရာ သရေကျရုံနဲ့ သူတို့အတွက် အဆင်ပြေပါတယ်။ သူတို့ကွင်းလယ်ပိုင်းက ဒီပွဲ တော်တော်ပြေးဖို့လိုလိမ့်မယ်။ အိမ်ရှင်ဘက်ကကစားသမားတွေ ကိုယ်ပိုင်အရည်အချင်းရှိနေကြပါတယ်။ အဲ့တော့ ဒီပွဲ ပြင်ထန်မှုရှိတဲ့ ဘောလုံးလုယူမှု ဖြစ်ပေါ်နိုင်ပါတယ်။ အာဆင်နယ်နဲ့ပွဲတုန်းကလိုမျိုး ဖိအားပေးနိုင်ရင်တော့ အဲဗာတန်တို့ သရေကျသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီတိုင်းကြည့်လိုက်ရင် မလွယ်ပါဘူး။ သူတို့တွေရဲ့ စွမ်းဆောင်ရည်က အမြဲလိုလိုကောင်းမနေကြလို့ပါ။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်က ပိုသာခဲ့ဖူးပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်လည်း ဒီရာသီအတွင်းဖြစ်ပြီး ချယ်လ်ဆီးဘက်က ၀-၁ နဲ့ အရင်နိုင်သွားပါတယ်။ လက်ရှိစွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် ချယ်လ်ဆီးဘက်က အရင်လောက်ကြမ်းမနေပေမယ့် အဲဗာတန်ဘက်က ပိုဆိုးပါတယ်။ ပြီးတော့ ချယ်လ်ဆီးတို့ရဲ့စွမ်းဆောင်ရည်က အခုတလော ပြန်ကောင်းချင်နေကြပါပြီ။ UCL တိုက်ပွဲမှာ နောက်တစ်ဆင့် ဆန်ကာတင်သွားနိုင်ပြီး လိဂ်ထဲမှာ ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ အဲဗာတန်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ၃ မှတ်ရလာပေမယ့် အခုထိ စိတ်ချချင်စရာမကောင်းသေးပါဘူး။ အဲ့တာနဲ့ပဲ အစစအရာရာကြည့်ပြီး ချယ်လ်ဆီးဘက်ကပိုသာပါတယ်။ နှစ်သင်းရဲ့ကစားသမားကိုပါ ယူပြီးယှဉ်ကြည့်ရင်လည်း ချယ်လ်ဆီးဘက်က တော်တော်သာမှန်း မြင်ခဲ့ရပါတယ်။ ငွေအင်အားကြောင့် ပိုသာနေတော့ မထူးဆန်းပါဘူး။ ဒီပွဲ အဲဗာတန်တို့ အဖြေကောင်းရအောင်နည်းလမ်းတစ်ခုကတော့ စိတ်ရဲ့တိုက်တွန်းမှုပဲဖြစ်လိမ့်မယ်။ ချယ်လ်ဆီးတို့က UCL တိုက်ပွဲအတွက် ဦးတည်ချက်ရှိနေပေမယ့် တကယ့်တကယ်ပြောရင်တော့ မဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ လိဂ်တိုက်ပွဲဖြစ်နေရင် အဲဗာတန်ဘက်က အတန်းမဆင်းအောင် ရုန်းကန်နေတဲ့အတွက် ဖြစ်ချင်စိတ်ပိုများပါတယ်။ အဲဗာတန်က အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်လေးပဲ ပိုသာနေတဲ့အတွက် နည်းနည်းမှားမိတာနဲ့ ပြုတ်တဲ့ထဲ ပါသွားလိမ့်မယ်။ ပြီးတော့ အဲဗာတန်တို့ရဲ့သွင်းဂိုးစံချိန်ကလည်း အရမ်းညံ့နေပါတယ်။ ဒီပွဲ ၃ မှတ်လိုချင်စိတ်ဟာ အဲဗာတန်ဘက်က ပိုများပေမယ့် အိမ်ရှင်ဖြစ်တဲ့ ချယ်လ်ဆီးတို့က ၃ မှတ်ကို လွယ်လွယ်လေး ဆုံးရှုံးခံမယ်မထင်ပါဘူး။ ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် ချယ်လ်ဆီးနိုင်ဖို့ပိုများပါတယ်။

11 Players

Chelsea (3-4-2-1) – Kepa – Fofana – Koulibaly – Chalobah – Chiwell – Fernandez – Kovacic – Jame – Felix – Sterling – Havertz

Everton (4-5-1) – Pickford – Tarkowski – Keane – Godfrey – Coleman – Onana – Gueye – Doucure – Iwobi – Mcniel – Gray

Missing Players

Chelsea FC – Thiago Silva (Ligament Injury), Edouard Mendy (Shoulder Injury), Raheem Sterling (Hamstring Injury), Mason Mount ( bruised pelvis), Armando Broja (Cruciate Ligament Rupture)

Everton FC – Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament Injury)

Facebook

အိမ်ရှင်မန်စီးတီးအသင်း ချန်ပီယံလိဂ်နဲ့တစ်ပွဲတုန်းက ခြေစွမ်းတွေမတရားပြပြီး ၇-၀ နဲ့ အနိုင်ရရှိလာပါတယ်။ ဒီပွဲမှာတော့ သူတို့ဘက်က အစစအရာရာ ပြိုင်ဘက်ထက်သာပါတယ်။ အခုတလော ၉ ပွဲဆက်တိုက် အနိုင်ရရှိထားပြီးပြီ။ FA ဖလားထဲမှာ အိမ်ကွင်းနဲ့ ၁၀ ပွဲစံချိန်ထဲမှာ ၁၀ ပွဲစလုံး အနိုင်ရပြီး သွင်းဂိုး ၄၁ လုံးတောင် လုပ်နိုင်ခဲ့ပါတယ်။ သွင်းခံထိတဲ့ဂိုးကျတော့ ၄ လုံးထဲပဲရှိပါတယ်။ ဒီပွဲ သူတို့အသင်းထဲမှာ ဒဏ်ရာရထားတဲ့ ကစားသမားမရှိပါဘူး။ ဒါပေမယ့် အရန်ကစားသမားကို အသုံးပြုဖို့ရှိနေပါတယ်။ ဂိုးသမားကစ Stefan Ortega ကို ဆင်းခိုင်းမှာဖြစ်ပြီး လိုက်ပ်ဇစ်အပေါ် ၇-၀ နဲ့ အနိုင်ရရှိသွားတဲ့ကစားသမား Kyle Walker, Rico Lewis, Aymeric Laporte နဲ့ Sergio Gomez တို့ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဘက်က နေရာတော်တော်များများ Rotation ချဖို့ရှိပါတယ်။ ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ FA ဖလားပွဲတုန်းက ကစားသမားအဖွဲ့အစုကိုပဲ အသုံးပြုချင် ပြုလိမ့်မယ်။ ဥပမာ တိုက်စစ်မှူး ၃ ယောက်နေရာ Riyad Mahrez, Julian Alvarez နဲ့ Phil Foden တို့ကို တာဝန်ပေးရင်ပေးလိမ့်မယ်။ အဲ့တော့ ဟာလန်းက ဒီပွဲ အနားယူခဲ့ရလိမ့်မယ်။

jili city ဘန်လေတို့ကျတော့ ဒီပွဲ သူတို့မှာ Taylor Harwood-Bellis မရှိပဲ မန်စီးတီးရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပါတယ်။ အဲ့ကစားသမားက မူရင်းအသင်းနဲ့ပြိုင်ကစားရမှာဖြစ်တဲ့အတွက် ကွင်းထဲဆင်းခွင့်မရှိပါဘူး။ Josh Brownhill, Manuel Benson နဲ့ Jay Rodriguez တို့မှာလည်း ဒဏ်ရာရထားကြလို့ မပါနိုင်သေးပဲ ဖြစ်လိမ့်မယ်။ Darko Sherlinov မှာလည်း နေမကောင်းဖြစ်နေတဲ့အတွက် မဆင်းနိုင်သေးပါဘူး။ တိုက်စစ်ပိုင်းနေရာ Nathan Tella နဲ့ Anas Saruri တို့ကို တာဝန်ပေးသွားလိမ့်မယ်။ Benson နဲ့ Jay Rodriguez တို့က လေ့ကျင့်ခန်းပြန်လုပ်နိုင်ပြီဆိုပေမယ့် ဒီပွဲ မပါနိုင်လောက်သေးပါဘူး။ ဘန်လေတို့ ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Barnes ကို တာဝန်ပေးထားလိမ့်မယ်။

အိမ်ရှင်မန်စီးတီးအသင်း အိမ်ကွင်းနဲ့ ဘန်လေကိုလက်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲ ဘန်လေနည်းပြ Vincent Kompany ရဲ့ အသင်းဟောင်း မန်စီးတီးနဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်၊ ဘန်လေတို့က အခုတလော ချန်ပီယံရှစ်ရဲ့ နံပါတ် ၁ ဖြစ်ပါတယ်။ နောက်ရာသီကျရင် ပရီးမီးယားလိဂ်ထဲ ပြန်ရောက်လာမှာသေချာတယ်။ ဒီရာသီအတွင်း သူတို့ ၈၂ မှတ် ကောက်သိမ်းနိုင်ပြီး နံပါတ် ၂ နဲ့ နံပါတ် ၃ တို့ထက် ၁၃ မှတ်တောင် ပိုသာနေပါတယ်။ ဘန်လေတို့ရဲ့ နောက်ဆုံး ၅ ပွဲတုန်းက အနိုင် ၄ ပွဲနဲ့ သရေ ၁ ပွဲ လုပ်ထားနိုင်တယ်။ သွင်းဂိုး ၁၁ လုံးတောင် လုပ်နိုင်ကြတယ်။ အဲ့တာနဲ့ပဲ သူတို့မှာ ယုံကြည်မှုအပြည့် ရှိနေကြလောက်တယ်။ မန်စီးတီးတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ဂျာမနီမှ လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အောင်မြင်စွာအနိုင်ရရှိလာပါတယ်။ အိမ်ကွင်းနဲ့ အရှုံးမရှိတာ ၉ ပွဲဆက်တိုက်ရှိသွားပါပြီ။ အခုတလော အာဆင်နယ်ထက် ၅ မှတ်နည်းနေပေမယ့် စွမ်းဆောင်ရည်ကတော့ အရမ်းပဲကောင်းနေကြပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးတို့ အနိုင် ၆ ပွဲ ရသွားဖူးပြီး ဂိုး ၁၈ လုံးတောင် သွင်းနိုင်ခဲ့ပါတယ်။ ဘန်လေဘက်က ဂိုးတစ်လုံးမှတောင် ပြန်မသွင်းနိုင်ခဲ့ကြပါဘူး။ တစ်ပွဲကို ဂိုးအနည်းဆုံး ၂ လုံး သွင်းခံထိတတ်ပါတယ်။ ဒါပေမယ့် မန်စီးတီးတို့ ဒီပွဲ နေရာအသီးသီးကို Rotation ရှိပါတယ်။ ဒါပေမယ့်လည်း ဆင်းကစားမယ်ကစားသမားတွေကတော့ ဘန်လေရဲ့ကစားသမားတွေထက် သာနေတုန်းဖြစ်ပါတယ်။ ပြီးတော့ စီးတီးတို့က အခုတလော အစီစဉ်အားလုံးထဲက ၅ ပွဲဆက်တိုက်အနိုင်ရရှိထားသေးတယ်။ ဂိုး ၁၇ လုံး သွင်းနိုင်ပြီး ၁ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ ဒီပွဲကတော့ သူတို့ဘက်က အနိုင်ထပ်ရတဲ့အထိ မျှော်လင့်ထားလောက်ပါတယ်။ ဘန်လေတို့ အခုတလော ခြေစွမ်းတွေကောင်းနေပေမယ့် မန်စီးတီးကိုတော့ ခံနိုင်မယ်မထင်ပါဘူး။

11 Players

Manchester city (4-2-3-1): Ortega; Lewis, Stones, Laporte, Ake; De Bruyne, Phillips, Bernardo; Mahrez, Alvarez, Foden

Burnley  (4-2-3-1): Peacock-Farrell; Roberts, Ekdal, Beyer, Maatsen; Cork, Cullen; Zaroury, Gudmundsson, Tella; Barnes

Missing Players

Manchester city – ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ

Burnley – J. Brownhill (Foot Injury), T. Harwood-Bellis (Foot Injury)

Facebook