jdmk

jdmk အာဂျင်တီးနား Vs ပြင်သစ် [18 Dec 22 - 21:30 hrs]

jdmk ကမ္ဘာ့ဖလားပြိုင်ပွဲမစခင်တုန်းက အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားရမယ့်စာရင်းထဲပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအစီစဉ်ရဲ့ စစလာချင်းတုန်းက ဆော်ဒီကိုရှုံးသွားသေးတယ်။ ဒါပေမယ့်လည်း နောက်လာတဲ့ ၂ ပွဲမှာကျတော့ ၂ ပွဲစလုံးပဲ အနိုင်ရအောင် လုပ်နိုင်ခဲ့ကြပါတယ်။ အဲ့တာနဲ့ပဲ သူတို့က ဂရုရဲ့နံပါတ် ၂ နဲ့ နောက်တစ်ဆင့် ဆန်ကာတင်သွားခဲ့ကြပါတယ်။ Knock-Out အဆင့်စစရောက်ချင်းပွဲမှာ နယ်သာလန်ကိုတန်းပြီး အနိုင်ရသွားပါတယ်။ နောက်ဆုံး ၄ သင်းအဆင့်ရောက်သွားတော့လည်း ခရိုအေးရှားအပေါ် ၃ ဂိုး ၀ နဲ့ ရိုက်လွတ်နိုင်တယ်။ အဲ့တာနဲ့ပဲ သူတို့ ဗိုလ်လုပွဲကို ဂုဏ်သရေရှိရှိနဲ့ တက်ရောက်လာပါတယ်။ အာဂျင်တီးနားအသင်း ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲသွားမယ်ထင်တယ်။ သူတို့ရဲ့ Full-Back ဖြစ်တဲ့ Margon Acuña နဲ့ Gonzalo Montiel တို့ အဘန်းစာရင်းကနေ လွတ်မြောက်လာပါပြီ။ ဒါပေမယ့်လည်း အသင်းနည်းပြက Acuña ကို အသုံးမပြုလောက်သေးပါဘူး။ သူက ပထမကစားသမားအနေနဲ့ ပွဲတိုင်းပဲဆင်းခဲ့ရပေမယ့် ဒီပွဲမှာတော့ သူ့နေရာ Nicolas Tagliafico ကိုပဲ အသုံးပြုသွားလောက်ပါတယ်။ ဘာလို့လည်းဆိုတော့ Nicolas Tagliafico က လိုင်ယွန်းအသင်းမှာ နေနေတဲ့အတွက် ပြင်သစ်ထဲက စူပါစတားတွေရဲ့ကစားကွက်ကို သိကျွမ်းနေပြီဖြစ်သောကြောင့်ပါ။ Angel Di Maria က အခြေနေပြန်ကောင်းပြီဆိုရင် ဒီပွဲဆင်းရလောက်ပါတယ်။ တိုက်စစ်ပိုင်းကျတော့ မက်ဆီနဲ့ Julian Alvarez တို့ကိုတွဲထားလောက်တယ်။ ဘာလို့လည်းဆိုတော့ သူတို့နှစ်ယောက်က တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုတော်တော်ရှိနေကြလို့ပါ။ အသင်းထဲက သွင်းဂိုးအများဆုံးနဲ့ကစားသမားကတော့ မက်ဆီပါပဲ၊ ဒီနှစ် ကမ္ဘာ့ဖလားပွဲက သူ့အတွက် နောက်ဆုံးဖြစ်အကြိမ်ပါပဲ။ အဲ့ဒီတော့ အဲ့အဖြစ်ကိုယူပြီး အားဆေးတစ်ခုအနေနဲ့ ရှယ်ကစားခဲ့ကြလိမ့်မယ်။ ကမ္ဘာ့ဖလားလေးမြောက်ပြီး နှုတ်ဆက်သွားရင် ဘယ်လောက်တောင်ကောင်းမလဲဗျာ။

၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့ချန်ပီယံဖြစ်သွားတဲ့ ပြင်သစ်တို့ကျတော့ ကမ္ဘာ့ချန်ပီယံ ၂ နှစ်ဆက်တိုက် ရယူလိုပြီး သမိုင်းအသစ်တွေ စတင်ရေးတားချင်နေကြပါတယ်။ အရင်ပွဲတွေတုန်းက Karim Benzema, N’Golo Kante နဲ့ Paul Pogba တို့လို နာမည်ကြီးကစားသမားတွေမရှိပေမယ့် ပြင်သစ်အသင်းက ခြေစွမ်းပြနိုင်ပြီး ဒီအဆင့်အထိ တက်ရောက်လာနိုင်ခဲ့ကြပါတယ်။ ဒီအစီစဉ်ထဲက ပထမအဆင့်ကို အရင်ဦးဆုံး ကျော်ဖြတ်လာနိုင်တဲ့အသင်းလည်း ဖြစ်တယ်။ Knock-Out အဆင့်ရောက်တော့ အရမ်းခက်တဲ့ ပိုလန်နဲ့ အင်္ဂလန်တို့ကို ဆော်ပြီး မထင်မှတ်ထားတဲ့ မော်ရိုကိုအသင်းတို့ကိုလည်း ရိုက်လွတ်နိုင်ပါတယ်။ အဲ့တာ ပြင်သစ်တို့ရဲ့ခြေစွမ်းက အရမ်းကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ Olivier Giroud, Antoine Griezmann နဲ့ Kylian Mbappe တို့က ဒီနှစ်မှာ ခြေစွမ်းတွေအရမ်းတက်ကြွပြီး မက်ဆီလို သွင်းဂိုး ၅ လုံး သွင်းထားနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အပြေးမြန်တဲ့ကစားသမားက ကမ္ဘာ့ဖလား နှစ်ကြိမ်ရဖူးတဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် နာမည်ရထားချင်နေတယ်။ သူတို့ဘက်က ဒီပွဲ နည်းနည်းနစ်နာပါတယ်။ ဘာလို့လည်းဆိုတော့ အာဂျင်တို့ထက် နားရက်တစ်ရက် ပိုနည်းနေလို့ပါ။ ပြီးတော့ သူတို့ထဲမှာရှိတဲ့ ကစားသမား ၅ ယောက်က ကုလားအုတ်ဖျားရောဂါပါ ဖြစ်ချင်နေကြပါတယ်။ ဒီနားမတိုင်ခင် Raphael Varane နဲ့ Ibrahima Konate တို့တောင် ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လိုက်သေးတယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့ ၁၂ ပွဲတုန်းက အာဂျင်တီနားဘက်က အနိုင် ၆ ပွဲနဲ့ ပြင်သစ်ဘက်က အနိုင် ၃ ပွဲ ရရှိခဲ့ဖူးကြပြီး သရေ ၃ ပွဲ ကျသွားခဲ့ဖူးပါတယ်။ ကမ္ဘာ့ဖလားပွဲထဲ သီးသန့်တွေ့ဖူးတဲ့ပွဲတွေမှာကျတော့ ၃ ပွဲထဲရှိပြီး အာဂျင်ဘက်က ၂ ပွဲရှုံးသွားခဲ့ဖူးပါတယ် ၁ ပွဲလေးတော့ အနိုင်ရရှိသွားပါတယ်။ နှစ်သင်းစလုံးရဲ့အရည်သွေးကို ယှဉ်ကြည့်မယ်ဆိုရင် တော်တော်နီးစပ်ကြပါတယ်။ အာဂျင်မှာ မက်ဆီရှိပြီး ပြင်သစ်မှာ အမ်ဘတ်ပီရှိနေပါတယ်။ သူတို့နှစ်ယောက်က ကိုယ့်အသင်းကို ဦးဆောင်ပေးနေကြပါတယ်။ မက်ဆီအတွက် အရေးကြီးဆုံးကိစ္စကတော့ ဒီ နောက်ဆုံးဖြစ်တဲ့ ကမ္ဘာ့ဖလားပွဲကို ချန်ပီယံလေးနဲ့ ရုပ်သိမ်းချင်တယ်။ အမ်ဘတ်ပီမှာကျတော့ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဆက်တိုက်ရချင်နေတဲ့ကိစ္စနဲ့ ပစ်မှတ်တင်ထားပါတယ်။ ဒီလို ကမ္ဘာ့ဖလား ၂ နှစ်ခါဆက်တိုက်ရဖူးတဲ့အသင်းက အခုထိ ဘရာဇီးတို့ပဲရှိပါတယ်။ ၁၉၅၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်တုန်းကပဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင်တော့ အာဂျင်ဘက်က လက်နက်ပိုစုံပါတယ်။ တိုက်စစ်အမျိုးမျိုးလည်း ဆင်ကစားနိုင်တယ်။ ပြင်သစ်ဘက်ကကျတော့ နေမကောင်းတဲ့သူနဲ့တိုင်ပတ်နေတယ်။ သူတို့ရဲ့အကြီးမားဆုံးပြသာနာက ခံစစ်ပိုင်းပဲဖြစ်ပါတယ်။ ပွဲတိုင်းပဲ ဂိုးသွင်းခံထိတတ်တယ်။ အဲ့တော့ ဒီပွဲက နည်းပြရဲ့ နည်းဗျူဟာပေါ်ပဲ မူတည်သွားလိမ့်မယ်။ နည်းပြအချင်းချင်းယှဉ်ကြည့်ရင်တော့ ပြင်သစ်နည်းပြက အာဂျင်နည်းပြထက် ကြည့်ကောင်းပါတယ်။ ဒီပွဲက မျက်နှာပြန်ကုရမယ့်ပွဲဖြစ်တဲ့အတွက် သရေကျရုံနဲ့ ပြီးသွားနိုင်ပြီး ပင်နယ်တီနဲ့ ဆုံးဖြတ်ရဖို့များနေပါတယ်။ ဒီပွဲကတော့ မလွယ်ဘူးဗျ။ ဒါပေမယ့် ဘယ်သူ့ကိုပိုအားပေးလည်းဆိုရင် ကျွန်တော် အာဂျင်ဘက်ကိုပါချင်ပါတယ်။ မက်ဆီကို ကမ္ဘာ့ဖလားမြောက်ပြီး အာဂျင်နိုင်ငံအသင်းရဲ့ သမိုင်းဝင်ကစားသမားပါ ဖြစ်သွားစေချင်ပါတယ်။

11 Players –

Argentina (4-3-3): Emiliano Martinez – Najuel Molina, Christian Romero, Nicolas Otamendi, Marcos Aguila – Roma. Drigo de Paul, Enzo Fernandez, Alexis Max Allister – Angel Di Maria, Lionel Messi, Julian Alvarez

France (4-2-3-1): Hugo Lloris; Jules Gunde, Raphael Varane, Ibrahima Konate, Theo Hernandez; Aureliang. Jouameni, Adrien Rabiot – Ousmane Dembele, Antoine Griezmann, Kylian Mbappe – Olivier Giroud

Missing Players –

Argentina :  –

France :  A. Rabiot, Lucas Hernadez

Facebook