jdmk com

ခရိုအေးရှား Vs မော်ရိုကို [17 Dec 22 - 21:30 hrs]

jdmk com ဒီဂရီကမ္ဘာ့နံပါတ် ၂ နဲ့ခရိုအေးရှားအသင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲထဲ ခြေစွမ်းတော်တော်ပြနိုင်ကြပါတယ်။ အစပိုင်းတုန်းကတော့ သူတို့မှာရှိတဲ့ကစားသမားအသီးသီးက အသက်တွေကြီးနေကြကုန်ပြီး နာမည်ကြီးကစားသမားတွေလည်း မရှိတဲ့အတွက် စောစောစီးစီး မပယ်ခံထိသွားမယ်လို့တောင် ထင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သူတို့ နောက်ဆုံး ၄ သင်းအဆင့်ကို ရောက်အောင်တက်လာနိုင်ပြီး အာဂျင်တီးနားကို ရှုံးသွားပါတယ်။ ခရိုအေးရှားအသင်း ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားပြီး Zelo Brozovic ဆိုတဲ့ အဓိက ကွင်းလယ်ကစားသမားရဲ့အခြေနေကို စောင့်ကြည့်ဖို့လိုသေးတယ်။ သူ့မှာ အရင်တစ်ပွဲတုန်းက မိနစ် ၅၀ အထိပဲကစားနိုင်ပြီး လူစားလဲပေးလိုက်ရပါတယ်။ အဲ့တော့ ဒီပွဲ သူ့နေရာ Lovro Mayer သို့မဟုတ် Christian Jakic တို့ တစ်ယောက်ယောက်ကို အသုံးပြုသွားလောက်တယ်။ ပြီးတော့ နောက်ခံကစားသမားဖြစ်တဲ့ Yosco Guardiol မှာလည်း အခြေနေမကောင်းသေးတော့ ဒီပွဲ မဆင်းနိုင်ပဲနေလိမ့်မယ်။

မော်ရိုကိုတို့ကျတော့ မထင်မှတ်တဲ့အသင်းအစစ်ကြီးဖြစ်နေပါတယ်။ ဒီ ၂၀၂၂ ကမ္ဘာ့ဖလားပွဲထဲမှာ သမိုင်းသစ်တွေရေးတားနိုင်ပြီး နောက်ဆုံး ၄ သင်းအဆင့်အထိ တက်ရောက်နိုင်ပါတယ်။ ဘယ်ဂျီယံတို့ကို အရင်စတင်ထုထောင်းပြီး ၁၆ သင်းအဆင့်မှာ စပိန်၊ ၈ သင်းအဆင့်မှာ ပေါ်တူဂီတို့ကိုပါ ရိုက်လွတ်နိုင်ပါတယ်။ နောက်ဆုံးရောက်တော့မှပဲ ကမ္ဘာ့ချန်ပီယံဟောင်းကြီးကို ရှုံးသွားပါတယ်။ ဒီပွဲ သူတို့ရဲ့အခြေနေကတော့ အဓိက ကစားသမား ၃ ယောက် ဒဏ်ရာရထားတာရှိတယ်။ ပထမတစ်ယောက်က Nussair Masraoui ပြီးရင် Romain Sais နောက်ဆုံး Naif Egerd တို့ပဲ ဖြစ်ပါတယ်။ သူတို့ ၃ ယောက်စလုံးက မော်ရိုကိုအသင်းရဲ့ နောက်ခံကစားသမားတွေချည်းဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ မော်ရိုကိုတို့ရဲ့ ခံစစ်ပိုင်းဟာ တောင့်တင်းမှုတွေ အလိုလိုကျဆင်းသွားလိမ့်မယ်။ ဒီပွဲ မော်ရိုကိုတို့ နောက်ခံ ၄ ယောက်နဲ့ စီစဉ်ထားလောက်တယ်။

ဂရုအဆင့်ပွဲတုန်းက သူတို့အချင်းချင်း တွေ့ခဲ့ဖူးပြီး ၀-၀ နဲ့ သရေကျသွားပါတယ်။ အဲ့ပွဲမတိုင်ခင်လည်း တစ်ပွဲတွေ့ခဲ့ဖူးကြပြီး ၂-၂ နဲ့ပဲ သရေကျသွားခဲ့ဖူးပါတယ်။ ပြောမယ်ဆို ဘယ်အသင်းကမှ အနိုင်မရဘူးသေးပါဘူး။ ဒီပွဲ နံပါတ် ၃ လုယူရမယ့်ပွဲဖြစ်တဲ့အတွက် အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ ဗိုလ်လုပွဲလောက် အရေးအကြီးပေမယ့် အနိုင်လိုချင်စိတ်နဲ့ တိုက်ခိုက်ခဲ့ကြလိမ့်မယ်။ မော်ရိုကိုအသင်းဟာ အာဖရိကတိုက်မှ ကမ္ဘာဖလားဆီမီဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်တဲ့ ထပမဆုံးသောအသင်းဖြစ်တဲ့အတွက် ရှိတာအကုန်ချလုပ်သွားလောက်ပါတယ်။ ကစားသမားအသီးသီးကိုကြည့်ရင် မော်ရိုကိုထဲမှာ ဥရောပတိုက်ထဲ ပါဝင်ကစားနေတဲ့သူတွေ တော်တော်များများ ရှိပါတယ်။ ကြီးမားတဲ့လိဂ်တွေထဲမှာလည်း ကြေးစားနေကြပါတယ်။ ဥပမာ အင်္ဂလန်ပရီးမီးယားလိဂ်တို့ ပြင်သစ်လီဂူးတို့မှာလည်း ရှိကြပါတယ်။ မော်ရိုကိုတို့ရဲ့ခံစစ်ပိုင်းက တောင့်တင်းမှုရှိပါတယ်။ တန်ပြန်တိုက်စစ်ဆင်တဲ့နေရာမှာလည်း အန္တရာယ်တော်တော်ရှိပါတယ်။ အဲ့တာကြောင့် သူတို့ရဲ့စွမ်းဆောင်ရည်က ကောင်းနေတာပါ။ ဒါပေမယ့်လည်း မော်ရိုကိုတို့ရဲ့ ကစားပုံကစားနည်းက အခြားအသင်းအတွက် အသစ်မဟုတ်တော့ပါဘူး။ သူတို့ဘက်က ဘယ်လိုတိုက်စစ်မျိုး ဆင်တတ်သလဲဆိုတာ တော်တော်သိထားနေကြပါပြီ။ အရင်လို တောင့်တင်းမှုသိပ်မရှိတော့ပဲ ထစ်တာ ခေါက်တာ မြင်ယောင်လာပါတယ်။ ပြီးတော့ သူတို့ရဲ့ အဓိကကျတဲ့ Romain Saiss နဲ့ Noussair Mazraoui တို့က ဒီပွဲ ဆင်းနိုင်မလားမသိသေးပါဘူး။ သူတို့ရဲ့ ခံစစ်ပိုင်းက Full team ဖြစ်တုန်းကလောက် တောင့်တင်းမှု မရှိတော့ပါဘူး။ ပြီးတော့ ခရိုအေးရှားထက်လည်း အနားယူရတဲ့ရက် ပိုနည်းသေးတယ်။ ဒီပွဲကတော့ မော်ရိုကိုတို့ ပွဲချိန်ကို အသက်ကုန်ဆွဲပြီး ပင်နယ်တီနဲ့ ဆုံးဖြတ်ရအောင်ကြိုးစားခဲ့ကြလိမ့်မယ်။ ခရိုအေးရှားဘက်က ဒီပွဲ ကစားသမားပိုပြည့်စုံပါတယ်။ အနားလည်း ပိုယူထားတယ်။ ကိုယ်ပိုင်အရည်ချင်းကောင်းတဲ့ ကစားသမားတွေလည်း အများကြီးရှိနေတယ်။ ဒီပွဲ Luka Modric နဲ့ Ivan Peresic တို့ ခရိုအေးရှားကိုဦးဆောင်လိမ့်မယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ ကစားသမားတစ်ယောက်ချင်းစီ ထောက်ကြည့်ရင်တော့ မနိုင်မရှုံးလေးဖြစ်သေးတယ်။ ဒါပေမယ့် အစစအရာရာကြည့်ပြီး အနိုင်ရမယ့်အသင်းကိုကျတော့ ခရိုအေးရှားတို့ပဲ ဖြစ်ဖို့များပါတယ်။ သူတို့အင်အားက မော်ရိုကိုထက် အဆင်သင့်ဖြစ်ပါတယ်။ ပြီးတော့ ခရိုအေးရှားတို့က အခုမှရှုံးလာတဲ့အတွက် အရှက်တွေပြန်ယူချင်နေကြလောက်တယ်။ ခရိုအေးရှားဟာ သူတို့ရဲ့ဖန်တွေကို နှစ်သိမ့်ဖို့အနေနဲ့ စကေးရှိရှိ အနိုင်ရအောင်တော့ လုပ်သွားနိုင်မယ်ထင်ပါတယ်။

11 Players –

Croatia (4-3-3): Dominic Livacovic – Josip Juranovic, Dejan Lovren, Josip Zutalo, Borna Sosa – Luka Mo. Drich, Christian Jakic, Mateo Kovacic – Nikola Vlasic, Andrey Kramaric, Ivan Perisic.

Morocco (4-3-3): Yassin Bunu – Achraf Hakimi, Yawad El-Yamiq, Achraf Dari, Yahia Attiyat-Allah – Azsee. Dean Unahi, Sofiane Amrabat, Selim Amallah – Hakim Ziyech, Youssef N Naziri, Sofiane Boufal

Missing Players –

Croatia : M. Brozovic

Morocco :  R. Saiss, N. Mazraoui

Facebook