jdbyg

ဘိုင်ယန် Vs အင်တာ [ 01 Nov 22 - 02:30 hrs]

jdbyg ဘိုင်ယန်အသင်း ဒီ UCL တိုက်ပွဲထဲမှာ အခြေနေတော်တော်ကောင်းနေကြပါတယ်။ အခုလက်ရှိ ၅ ပွဲပြိုင်ပြီး ၅ ပွဲစလုံး အနိုင်ရထားတယ်၊ လက်ထဲမှာ အမှတ် ၁၅ မှတ်ရှိပြီး သွင်းဂိုး ၁၄ လုံးတောင် ရှိနေပါတယ်။ လိဂ်ထဲကအခြေနေမှာလည်း Top form ဖြစ်နေကြပြီး ဂိုးတွေပိုးစိုးပက်စက်သွင်းနိုင်နေကြပါတယ်။ လိဂ်ပွဲစဉ်ထဲမှာ ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ အဲ့တော့ ယူနီယံဘာလင်ထက် အမှတ် ၁ မှတ်ထဲပဲ နည်းနေပါတော့တယ်။ ဘိုင်ယန်တို့ရဲ့အားသာချက်ကတော့ အရှိန်နဲ့တိုက်စစ်ဆင်ကစားခြင်းပဲဖြစ်ပါတယ်။ ပြိုင်ဘက်ရဲ့ ခံစစ်မှူးကို ကျော်တက်နိုင်တယ်။ အရင်လို လီဝန်ဒေါ့စကီးမရှိတော့ပေမယ့် အခြားတိုက်စစ်မှူးတွေလည်း အဆင်ပြေနေကြပါတယ်။ မာနေးက အပြောခံထိနေသေးတယ်ဆိုပေမယ့် ဒီရာသီအတွင်း သွင်းဂိုး ၅ လုံးရှိသွားပါပြီ။ မဆိုးပါဘူး။ နောက် စူပါ Playmaker တစ်ယောက်ကတော့ Musiala ပဲ သူလည်း ဂိုးသွင်းနိုင်သလို အခွင့်ရေးတွေလည်း ဖန်တီးပေးနိုင်ပါတယ်။ ကိုယ်ပိုင်စကေးရှိရှိနဲ့ မကြာခင် ဘိုင်ယန်ရဲ့အဓိကကစားသမား ဖြစ်သွားလောက်တယ်။ ဘိုင်ယန်တို့က နောက်တစ်ဆင့် ဆန်ကာတင်ပြီးဖြစ်တဲ့အတွက် အပီကစားဖို့မရှိပါဘူး။

အင်တာတို့လည်း အခြေနေကောင်းပါတယ်။ လိဂ်ပွဲစဉ်တုန်းက ဘိုင်ယန်ကိုရှုံးလာပေမယ့် ဘာစီနဲ့ ၂ ပွဲတွေ့ပြီး ၂ ပွဲစလုံး ကျော်ဖြတ်နိုင်ပါတယ်။ သူတို့လည်း ဂရုရဲ့နံပါတ် ၂ အနေနဲ့ နောက်တစ်ဆင့် ဆန်ကာတင်သွားပါပြီ။ ဒီပွဲ အရမ်းတောင့်တင်းမှုရှိတဲ့ ဘိုင်ယန်ကို ဧည့်သည်သွားလုပ်ပေးရမှာဆိုတော့ လက်အလွှတ်ကြီးနဲ့ပြန်ဖို့ရှိတယ်။ ပထမလိပ်တုန်းက အိမ်ကွင်းနဲ့တောင် ဘိုင်ယန်ကိုမခံနိုင်ပါဘူး။ အင်တာတို့ရဲ့ လိဂ်ထဲကအခြေနေ တဖြည်းဖြည်းနဲ့ ကောင်းလာပါတယ်။ သူတို့ရဲ့ လိဂ်ထဲက နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ အရှုံးတစ်ပွဲမှမရှိပဲ အနိုင် ၅ ပွဲနဲ့သရေ ၁ ပွဲ လုပ်ထားနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အဝေးကွင်းနဲ့ အခြေနေကတော့ မကောင်းဘူးဗျာ။ အတိကျယူဆလို့မရသေးဘူး။ အဲ့တော့ ဒီပွဲ သူတို့ရှုံးဖို့ရှိလောက်တယ်။ ဒီပွဲ နှစ်သင်းစလုံးက ဆန်ကာတင်သွားပြီဖြစ်တဲ့အတွက် အေးအေးဆေးဆေးပဲ ကစားခဲ့ကြလိမ့်မယ်။ အင်တာဘက်က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ပဲ စောင့်နေလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ဘိုင်ယန်ဘက်က အနိုင်ပိုရသွားပါတယ်။ ဒီပွဲ သူတို့နှစ်သင်းစလုံးအတွက် ဘာအကျိုးမှမရှိတော့ပါဘူး။ နှစ်သင်းစလုံးပဲ ဆန်ကာတင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားစရာကောင်းပါတယ်၊ ဘာလို့လည်းဆိုတော့ ကြီးမားတဲ့အသင်းတွေရဲ့ တိုက်ပွဲဖြစ်နေတာကြောင့်မို့လို့ပါ။ အချင်းချင်း တွေ့ခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းက အင်တာတို့ အိမ်ကွင်းနဲ့ ၀-၂ ဂိုး အရင်ရှုံးလာပါတယ်။ အိမ်ကွင်းနဲ့တောင်မခံနိုင်တဲ့အတွက် အဝေးကွင်းဆို ပိုဆိုးလောက်တယ်။ ဘိုင်ယန်အသင်းရဲ့ အစစအရာရာက အင်တာထက် တော်တော်သာပါတယ်။ အမှတ် ၃ မှတ်ရဖို့တောင်ရှိတယ်။ ဘိုင်ယန်တို့ ၆ ပွဲကစားပြီး အမှတ်အပြည့်နဲ့ ဆန်ကာတင်သွားလောက်တယ်။ ပြီးတော့ ဘိုင်ယန်တို့ အခုနောက်ပိုင်း တော်တော်ကြောက်စရာကောင်းနေတယ်။ အင်တာတို့လည်း ကောင်းပါတယ်၊ ဒါပေမယ့် ကစားသမားအသီးသီးကိုယူပြီး တစ်ယောက်ချင်းစီယှဉ်ကြည့်လိုက်ရင် ဘိုင်ယန်ဘက်က အရမ်းပဲပိုသာနေတယ်။ အဲ့တော့ ဒီပွဲ ဘိုင်ယန်တို့ အိမ်ကွင်းနဲ့ အနိုင်ရသွားလောက်တယ်။

11 Players – 

Bayern Munich (4-2-3-1) – Ulreich – Davies – de Ligt – Upamecano – Pavard – Gravenberch – Sabitzer – Musiala – Mane – Gnabry – Muller

Inter Milan (3-5-2) – Onana – Acerbi – Bastoni – Skriniar – Dimarco – Calhanoglu – Mkhitaryan – Barella – Dumfries – Lukaku – Martinez 

Missing Players – 

Bayern Munich - Manuel Neuer (Bruised Acromioclavicular), Thomas Müller(Hip problems), Lucas Hernández (Torn muscle bundle), Bouna Sarr (Knee Surgery), Leroy Sané (Torn Muscle Fibre) 

Inter Milan - Dalbert (Cruciate Ligament Injury), Gabriel Brazão (Cruciate Ligament Rupture), Marcelo Brozovic (Hamstring Injury)

အိမ်ရှင်မာဆေးလ်အသင်း အဖယ်ခံထိသွားပြီလို့မပြောသေးပါဘူး။ ဆန်ကာတင်ဖို့တောင် ရှိကောင်းရှိပါသေးတယ်။ ဒါပေမယ့် အနိုင်ရမှသာ ဆန်ကာတင်သွားမှာဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ သူတို့လက်ထဲ အမှတ် ၉ မှတ်လေးကိုင်ပြီး ဆန်ကာတင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ထင်တဲ့အတိုင်းဖြစ်ရင်တော့ စပါးတို့ အဖယ်ခံချက်ချင်းထိဖို့ ရှိသွားလိမ့်မယ်။ ဒါပေမယ့် မာဆေးလ်တို့ရဲ့ အခုလက်ရှိအခြေနေက စပါးကိုနိုင်ဖို့ တော်တော်ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ Form က လုံးဝမကောင်းဘူး၊ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဆိုရင် အရှုံး ၄ ပွဲတောင်ရသွားပါတယ်။ ဒီ Form အတိုင်းပြောရင် စပါးနဲ့သရေကျဖို့တောင်မလွယ်ဘူးဗျ။ အသင်းထဲက ကစားသမားအားလုံးကိုယူပြီး အသက်တွက်ကြည့်ရင် ပျမ်းမျှနှုန်းက ၂၅ နှစ်လောက်ရှိကြပေမယ့် ကစားပုံကစားနည်းက အဲ့လောက်ထိလျင်မြန်မနေပါဘူး။ ဟိုပေါ် ဒီပြေးလည်းမလုပ်တတ်ကြဘူး၊ အသင်းထဲက ကြောက်စရာကောင်းတဲ့ကစားသမားလည်း လုံးဝမရှိဘူးဖြစ်နေပါတယ်။ အနိုင်ရဖို့ဆိုတာ လုံးဝခက်ပါတယ်။

စပါးတို့လည်း အခုတလော စိတ်ညစ်နေကြလောက်တယ်။ ဘာလို့လည်းဆိုတော့ လိဂ်ပွဲစဉ်ရော UCL ပွဲစဉ်တွေပါ အခြေနေ သိပ်မကောင်းဘူးဖြစ်နေတယ်။ အခုလက်ရှိ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးတဲ့အပြင် အရှုံး ၂ ပွဲပါ ရရှိထားတယ်။ အဲ့တော့ လိဂ်ထဲမှာ အာဆင်နယ်နဲ့ အမှတ် ၅ မှတ်ကွာဟနေပါတယ်။ ပြိုင်ပွဲအရေအတွက်ကတော့ စပါးဘက်က ပိုများပေမယ့် ရမှတ်က အာဆင်နယ်ထက် နည်းနေတယ်။ စပါးအသင်း ဒီနှစ်အတွင်း ကစားသမားသစ်ဝယ်ဖြည့်တဲ့နေရာက မဆိုးပါဘူး ဒါပေမယ့် သွင်းဂိုးအများဆုံးနဲ့ Son ကတော့ အခုတလော တိတ်စိတ်နေတယ်။ အဲ့တာနဲ့ပဲ စပါးရဲ့တိုက်စစ်ပိုင်းက အရင်လောက် ပြတ်သားမှုအားနည်းနေပါတယ်။ အသင်းထဲမှာ ဟယ်ရီကိန်းတစ်ယောက်ထဲပဲ ရုန်းနေရသလို ဖြစ်နေတယ်။ Son က လိဂ်ထဲမှာ အခုထိ ဂိုး ၃ လုံးထဲပဲ သွင်းနိုင်တယ်။ အဲ့သွင်းဂိုး ၃ လုံးဟာ တစ်ပွဲထဲနဲ့ သွင်းထားတဲ့ဂိုးပါ အဲ့ပွဲကလွဲပြီး ကျန်တဲ့ပွဲတွေမှာ ဂိုးတစ်လုံးမှ ထပ်မသွင်းနိုင်သေးပါဘူး။ Kulusevski ဆိုတဲ့တစ်ယောက်လည်း ဒဏ်ရာရထားတုန်း သူ့အစား ဆင်းပေးတဲ့ကစားသမားက ထင်သလောက်မကောင်းပါဘူး။ အဲ့တာကြောင့် စပါးရဲ့တိုက်စစ်ပိုင်းက တောင့်တင်းမှုပျောက်ဆုံးနေပါတယ်။ ဒါပေမယ့်လည်း ဘာပဲပြောပြော စပါးဘက်က မာဆေးလ်ထက်တော့ ကြည့်ကောင်းသေးတယ်။

jdbyg အရင်တစ်ပွဲတုန်းက အချင်းချင်းတွေ့ပြီး စပါးဘက်က ၂ ဂိုး ၀ နဲ့ အနိုင်ရသွားပါတယ်။ စပါးအသင်း ဒီပွဲ သရေကျရုံနဲ့ ဆန်ကာတင်သွားပါပြီ။ ဒါပေမယ့် အရှုံးရသွားရင်တော့ အဖယ်ခံထိဖို့ရှိသွားနိုင်တယ်။ အဲ့တော့ စပါးတို့ ဒီအစီစဉ်ထဲက အဖယ်ခံမထိချင်ရင်တော့ မရှုံးအောင်ထိန်းရမယ်။ နှစ်သင်းစလုံးရဲ့ Form ချင်း ယှဉ်ကြည့်ရင် နှစ်သင်းစလုံးပဲ သိပ်မကောင်းပါဘူး။ မာဆေးလ်က ၃ ပွဲဆက်တိုက်ရှုံးနိမ့်ပြီး စပါးတို့ကျတော့ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ မာဆေးလ်တို့ရဲ့ လက်ရှိ Form ဟာ စပါးအပေါ်အနိုင်ရဖို့ လုံးဝခက်ပါတယ်။ သူတို့ကသာ စပါးကိုခံနိုင်မလားတောင်မသိပါဘူး။ ဒီပွဲ နှစ်သင်းစလုံးက အပီကစားဖို့ရှိကြလောက်တယ်။ နည်းပြရဲ့ နည်းဗျူဟာချင်းယှဉ်ကြည့်ရင် ကွန်တီထက်ကောင်းတာ ကမ္ဘာပေါ်မှာမရှိတော့ပါဘူး။ ဒီပွဲ စပါးကို ပိုယုံပါတယ်။

11 Players 

Marseille (3-4-2-1) – Lopez – Balerdi – Gigot – Mbemba – Rongier – Veretout – Tavares – Clauss – Guendouzi – Under – Sanchez

Tottenham Hotspur (3-4-2-1) – Lloris – Sanchez – Dier – Romero – Bentancur – Hojbjerg – Perisic – Emerson – Son – Moura – Kane

Missing Players

Olympique Marseille - Isaak Touré (No eligibility), Bamba Dieng (No eligibility), Eric Bailly (Dead Leg) 

Tottenham Hotspur - Dejan Kulusevski (Thigh Problems), Richarlison (Calf Injury)