Jdbyg.com

မန်စီးတီး Vs ဆီဗီလာ [ 2 Nov 22 - 02:30 hrs]

jdbyg.com အခုတလော ဆရာကြီးအသင်းက အခြေနေသိပ်မကောင်းဘူးဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၁ ပွဲလေးပဲ လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း သရေကျသွားတဲ့ပွဲတွေမှာ အရံကစားသမားကို အသုံးပြုလို့သာ ရလာတာပါ။ ဘယ်လိုပဲနေနေ ဆန်ကာတင်သွားပြီဖြစ်တဲ့အတွက် အဓိကကစားသမားကို တော်တော်များများ အနားပေးထားလိမ့်မယ်။ ဒီပွဲ အရံကစားသမားတွေကို အသုံးပြုဖို့ရှိပါတယ်။ ဟာလန်းတို့ De Bruyne တို့ ပြီးတော့ Silva တို့ကို အနားပေးထားလောက်တယ်။ ဒုတိယဖြစ်တဲ့ ရွေးချယ်မှုကတော့ Alvarez တို့ Grealish ရယ် ပြီးတော့ Palmer တို့ပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဆိုသည်မှာ လွတ်ပေါက်တွေပြေးရှာတတ်တယ်။ ဘောလုံးရှိတဲ့အချိန်နဲ့ မရှိတဲ့အချိန်ရဲ့ လှုပ်ရှားမှုက စနစ်တကျဖြစ်တယ်။ အဓိက ကစားသမားတွေဖြစ်ဖြစ် အရံကစားသမားတွေပဲဖြစ်ဖြစ် ပပ်ချထားတဲ့ အခြေခံအတိုင်း လုပ်နိုင်ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် မန်စီးတီးရဲ့စွမ်းဆောင်ရည်က တော်တော်အဆင်ပြေမှန်း မြင်ခဲ့ရပါတယ်။ မန်စီးတီးတို့ ပွဲတိုင်းအနိုင်မရပေမယ့် ကစားပုံကစားနည်းကတော့ တော်တော်ကြည့်ကောင်းပါတယ်။ အဲ့တော့ ဒီပွဲ အမှတ် ၃ မှတ်မရပဲမနေလောက်ဘူး။

ဆီဗီလာတို့ကျတော့ အခုတလော အခြေနေတော်တော်ဆိုးနေပါတယ်။ အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ ခြေစွမ်းဘယ်လောက်မှမပြရပဲ အပယ်ခံထိသွားပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ အနိုင် ၂ ပွဲလေးပဲရပြီး သရေ ၅ ပွဲနဲ့ အရှုံး ၃ ပွဲ လုပ်ထားနိုင်တယ်။ သူတို့မှာ အနိုင်ပွဲတွေသိပ်မရပေမယ့် လွယ်လွယ်လေးနဲ့ ရှုံးတတ်တဲ့အသင်းမျိုးတော့ မဟုတ်သေးပါဘူး။ သရေကျရုံနဲ့ ပြီးသွားတာများပါတယ်။ ဒီပွဲ အရင်အတိုင်းပဲ ကစားလိမ့်မယ်၊ ခံစစ်ပိတ်ကစားဖို့သိပ်မရှိလောက်ပါဘူး။ ကစားပွဲအခြေနေအရအတိုင်း Pressing ဆွဲမယ်။ ဒီပွဲ သူတို့အတွက် ဘာအကျိုးမှမရှိတော့ပဲ မန်စီးတီးနဲ့တွေ့ရမှာဆိုတော့ ဂိုးတစ်လုံးမှတောင် ပြန်သွင်းနိုင်မယ်မထင်ပါဘူး။ အဲ့တာနဲ့ပဲ သူတို့ လုံးဝခံရလိမ့်မယ်။ ဆီဗီလာတို့ ဒီပွဲ ရမှတ်လေးနဲ့ မပြန်ရလောက်ပါဘူး။ ဒီပွဲ ရှုံးဖို့ရှိတာ မှန်ပေမယ့် နည်းနည်းပါးပါးပဲ ရှုံးသွားလိမ့်မယ်။

အချင်းချင်းတွေ့ဖူးတဲ့ပွဲတွေမှာ မန်စီးတီးဘက်က အနိုင်ရသွားတာများပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကလည်း မန်စီးတီးတို့ ဆီဗီလာရဲ့အိမ်ကွင်းအထိ ၄ ဂိုး ၀ နဲ့ ထုထောင်းခဲ့ပါတယ်။ ဒီပွဲမှာလည်း ဆီဗီလာတို့က ထပ်မံထုထောင်းခံခဲ့ရလိမ့်မယ်။ ဒီဂရုထဲက အသင်း ၂ သင်း မန်စီးတီးနဲ့ ဒေါ့မွန်တို့ ဆန်ကာတင်သွားပြီဖြစ်တဲ့အတွက် ဘာအကျိုးသက်ရောက်မှုမှမရှိတော့ပါဘူး။ အဲ့တာနဲ့ပဲ ဟာလန်းက အနားယူခဲ့ရလိမ့်မယ်။ De Bruyne နဲ့ Silva တို့ရောပဲပေါ့။ မန်စီးတီးတို့က အရံကစားသမားတွေအသုံးပြုဖို့ရှိပေမယ့် အစစအရာရာကတော့ ဆီဗီလာထက်သာနေတုန်းပါပဲ။ ဆီဗီလာအသင်းက အခုတလော Form တွေ တော်တော်ကျဆင်းနေတယ်။ တစ်ပွဲနဲ့တစ်ပွဲကို အနိုင်ရဖို့အရေး မနည်းရုန်းခဲ့ရပါတယ်။ အဲ့တာနဲ့ပဲ မန်စီးတီးရဲ့အိမ်ကွင်းအထိ ဧည့်သည်လာလုပ်ပေးရတဲ့အလုပ်က လုံးဝမလွယ်ဘူးဖြစ်နေတယ်။

11 Players –

Man City (4-3-3) – Ortega – Cancelo – Stones – Ake – Akaji – Palmer – Gundogun – Rodri – Grealish – Mahrez – Alvarez

Sevilla (4-3-3) – Dmitrovic – Telles – Marcao – Gudelj – Montiel – Jordan – Isco – Rakitic – Lamela – Papu – Dolberg

Missing Players

Manchester City – Sergio Gómez (Red card suspension), Kyle Walker (Groin Injury), Kalvin Phillips (Shoulder Injury)

Sevilla FC – Óliver Torres (No eligibility), Fernando (Mononucleosis), Tanguy Nianzou (Sprain), Tecatito (Fibula Fracture)

ချယ်လ်ဆီးအသင်း အခုနောက်ပိုင်း ပေါ်တာရောက်လာကတည်းကစပြီး အရှုံးတစ်ပွဲမှမတွေ့ရသေးပါဘူး။ လိဂ်ပွဲစဉ်ထဲမှာ သရေ ၂ ပွဲလေးရတဲ့အတွက် အဆင့်ဇယားထဲမှာ အဆင့် ၅ ဖြစ်နေပါတယ်။ သူတို့ရဲ့ ကစားပုံကစားနည်းက ရှင်းရှင်းလေးပဲ လိမ့်ဘောကစားတာများတယ်။ အသင်းရဲ့ လှုပ်ရှားမှုက တော်တော်အဆင်ပြေလာတယ်။ ပေါ်တာလက်ထဲက ကစားသမားအသီးသီး ခြေစွမ်းတွေ ပိုကောင်းလာတာတွေ့ခဲ့ရပါတယ်။ အဓိက Mason Mount ဆိုရင် လွတ်လပ်စွာ တိုက်စစ်ဆင်ကစားနိုင်နေတယ်။ ဘယ်ပြေးလိုက် ညာပြေးလိုက်နဲ့ ပြိုင်ဘက်ခံစစ်ပိုင်းကို တိုင်ပတ်အောင်တော်တော်လုပ်တတ်လာတယ်။ တိုက်စစ်ပိုင်းကသာ ပြတ်သားမှုနည်းနည်းလိုနေတယ်။ Aubameyang တစ်ယောက်ထဲကိုပဲ တော်တော်အားကိုးနေကြပါတယ်။ တိုက်စစ်ပိုင်းတွင် ဒုတိယအတန်းမှတိုက်စစ်မှူးတွေ ဂိုးဝင်မသွင်းတတ်သေးပါဘူး။ အဲ့တာနဲ့ပဲ ချယ်လ်ဆီးတို့ရဲ့ အခုနောက်ပိုင်း ဂိုးသွင်းဖို့ အခွင့်ရေးသိပ်မဖန်တီးနိုင်မှန်း မြင်ခဲ့ရပါတယ်။ ပြတ်သားမှုကို ပြန်ပြင်နိုင်ရင်တော့ ကြောက်စရာကောင်းလာလိမ့်မယ်။

Dinamo Zagreb တို့ကျတော့ အခုတလော အခြေနေသိပ်မကောင်းပါဘူး။ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၁ ပွဲလေးပဲရပါတယ်။ ဒါပေမယ့် ဒီ UCL တိုက်ပွဲထဲမှာပဲ အခြေနေမကောင်းတာပါ။ လိဂ်ပွဲစဉ်တွေမှာကျတော့ အခုထိ နံပါတ် ၁ ဖြစ်နေတုန်းပါဗျာ။ ဒီရာသီ ၁၃ ပွဲဆင်းကစားပြီး ၃၅ မှတ်ပိုင်ဆိုင်ထားပါတယ်။ နံပါတ် ၂ အသင်းထက် အမှတ် ၅ မှတ် ပိုသာပါတယ်။ အဓိကကျတဲ့ကစားသမားနဲ့ Petkovic ကလည်း ဒီပွဲ ဆင်းကစားဖို့အဆင်သင့်ဖြစ်နေပါတယ်။ ပြီးတော့ ဒီနှစ် UCL တိုက်ပွဲထဲမှာ ဂိုး ၅ လုံးသွင်းထားတဲ့ Orsic ဆိုတဲ့တစ်ယောက်ကလည်း အဆင်သင့်ဖြစ်နေပါတယ်။ အသင်းထဲက သွင်းဂိုးအများဆုံးနဲ့ ကစားသမားတောင် ဖြစ်နေပါတယ်။ Dinamo Zagreb အသင်းရဲ့ ဘောလုံးစတိုင်လ်က လိမ့်ဘောပါပဲ၊ ဒီပွဲ ဘာမှအရှုံးမရှိတော့ပေမယ့် ယူရိုပါလိဂ်ပွဲစဉ်လက်မှရဖို့ရှိနေသေးတော့ အပီကစားကြလောက်ပါတယ်။

jdbyg.com အချင်းချင်းတွေ့ခဲ့ကြတဲ့တစ်ပွဲတုန်းက ချယ်လ်ဆီးတို့ အနိုင်ရလာခဲ့ပါတယ်။ အဲ့ပွဲ ချယ်လ်ဆီးဘက်က ကပ်နိုင်လာတယ်။ ဒီဂရုထဲကအခြေနေဟာ ဘာထူးခြားမှုမှမရှိတော့ပါဘူး ဆန်ကာတင်သွားတဲ့အသင်းတွေ ရှိပြီးသားဖြစ်သလို အပယ်ထံထိသွားတဲ့အသင်းတွေလည်း ရှိသွားခဲ့ပါပြီ။ ဒါပေမယ့် ဒီပွဲ မထင်မှတ်ပဲ Dinamo Zagreb တို့အနိုင်ရသွားပြီး အေစီတို့အတွဲမှာ အေစီဘက်က အနိုင်ရသွားခဲ့လို့ရှိရင်တော့ ယူရိုပါလိဂ်အတွက် ပါဖို့အခွင့်ရေးရှိပါသေးတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးကို သူတို့အိမ်ကွင်းနဲ့ အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်တဲ့အလုပ်ပါဗျာ။ ချယ်လ်ဆီးအသင်းဟာ ပေါ်တာလက်ထဲရောက်လာကတည်းက အခြေနေတော်တော်ကောင်းနေတယ်။ အချို့ပွဲတွေမှာ အချို့ကစားသမားက Form ကျဆင်းပေမယ့် သူတို့ရဲ့ခံစစ်ပိုင်းကတော့ အမြဲကောင်းအောင်ထိန်းကစားနိုင်နေတယ်။ အသင်းရဲ့အခြေနေမကောင်းပေမယ့် အရှုံးမရအောင်တော့ ထိန်းချုပ်နိုင်ပါတယ်။ ဧည့်သည်အသင်းကျတော့ ချယ်လ်ဆီးအသင်းထက် အများကြီးညံ့ပါတယ်။ သူတို့ကိုယူပြီး ချယ်လ်ဆီးနဲ့မယှဉ်နိုင်ပါဘူး။ အရည်သွေးအရမ်းကွာပါတယ်။ အဲ့ဒီတော့ ဒီပွဲ ချယ်လ်ဆီးတို့ လွယ်လွယ်လေးနဲ့ အနိုင်ရသွားလောက်ပါတယ်။ ဒါပေမယ့် ဂိုးအပြတ်နဲ့တော့ မဟုတ်လောက်ပါဘူး။

11 Players

Chelsea (3-4-2-1) – Mendy – Chalobah – Silva – Cucurella – Jorginho – Kovacic – Azpillicueta – Chillwell – Pulisic – Sterling – Broja

Dinamo Zagreb (3-5-2) – Livakovic – Sutato – Peric – Ristovski – Misic – Ljubicic – Ivanusec – Ademi – Moharrami – Orsic – Petkovic

Missing Players

Chelsea FC – N’Golo Kanté (Hamstring Injury), Wesley Fofana (Knee Injury), Reece James (Knee Injury)

GNK Dinamo Zagreb – Bosko Sutalo (Fibula Fracture)