jdbxr

jdbxr အပြင်သစ် Vs မော်ရိုကို [14 Dec 22 - 01:30 hrs]

jdbxr အရင်နှစ်မှ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ပြင်သစ်အသင်း ဒီနှစ်မှာလည်း ချန်ပီယံရမယ့်စာရင်းထဲ ပါဝင်ရှိနေတုန်းဖြစ်တယ်။ နောက်ဆုံး ၈ သင်းအဆင့်တုန်းက အင်္ဂလန်အပေါ် ၂-၁ နဲ့ အနိုင်ရရှိလာပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ အဲ့ပွဲ ပေါလ် ပေါ့ဂ်ဘားတို့ N’Golo Kante နဲ့ Karim Benzema တို့မပါပေမယ့် တိုက်စစ်ပိုင်းက ခြေစွမ်းပြနိုင်ကြပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက တကယ်ပဲအားကောင်းပြီး အရည်သွေးအရမ်းရှိပါတယ်။ ဒီပွဲမှာတော့ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ပြီးတော့ အဓိကကစားသမားတွေကို ဆင်းခိုင်းလောက်ပါတယ်။ ဒါပေမယ့်လည်း အဓိကကျတဲ့ Dayot Upamecano ဆိုတဲ့ ကွင်းလယ်နောက်ခံကစားသမားရဲ့အခြေနေကိုတော့ ကြည့်ရသေးတယ်။ Aurelian Chuameni ဆိုတဲ့ ကွင်းလယ်ခံစစ်ကလည်း လေ့ကျင့်ခန်းမလုပ်ရသေးဘူး။ သူ့မှာ လည်ချောင်းနာပြီး နာစည်းချင်သလိုဖြစ်နေပါတယ်။ Chuameni မှာတော့ ဒဏ်ရာနည်းနည်းပါးပါးရထားပါသေးတယ်။ Jules Gunde, Raphael Varane, Dayot Upamecano နဲ့ Teo Hernandez တို့က နောက်ခံကစားသမားအနေနဲ့ ခံစစ်ပိတ်ကစားခဲ့ကြလိမ့်မယ်။ ကွင်းလယ်ပိုင်းနဲ့ အခွင့်ရေးဖန်တီးဖို့ကျတော့ Aurean Jouameni, Adrien Rabiot, Ousmane Dembele နဲ့ Antoine Griezmann တို့ကို အသုံးပြုထားလောက်ပါတယ်။ တိုက်စစ်ပိုင်းကျတော့ အခုအချိန်မှာ ဂိုး ၅ လုံးသွင်းထားနိုင်တဲ့ Kylian Mbappe နဲ့ Olivier Giroud တို့ကို အသုံးပြုလိမ့်မယ်။ Olivier Giroud  ကို Striker အနေနဲ့ ထားထားလောက်ပါတယ်။ ဒီအသက် ၃၆ နှစ်နဲ့တိုက်စစ်မှူးက ဂိုးနောက်တစ်လုံးလောက်သွင်းနိုင်ရင် ကမ္ဘာ့ဖလားပွဲထဲက အသက်အကြီးဆုံးဂိုးဖန်တီးရှင် တန်းဖြစ်သွားလိမ့်မယ်။

 

မော်ရိုကိုတို့ကျတော့ ပြင်သစ်မှာမွေးဖွားခဲ့တဲ့နည်းပြက မော်ရိုကိုအသင်းကိုဦးဆောင်ပြီး သမိုင်းအသစ်တွေ စတင်ရေးတားနေပါတယ်။ ဆီမီးဖိုနယ်အထိ ရောက်အောင်လုပ်နိုင်တဲ့အတွက် မော်ရိုကိုအသင်း အာဖရိကတိုက်မှ ကမ္ဘာ့ဖလားပွဲဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်တဲ့ ပထမဦးဆုံးအသင်း ဖြစ်သွားခဲ့ပါပြီ။ အရင်တစ်ပွဲတုန်းက ပေါ်တူဂီနဲ့တွေ့ပြီး ကပ်နိုင်လာတယ်။ မော်ရိုကိုတို့ ဒီအစီစဉ်ထဲမှာ ၅ ပွဲကစားပြီး သွင်းခံထိတဲ့ဂိုးအရေအတွက်က ၁ လုံးလေးပဲရှိပါတယ်။ သူတို့သွင်းခံထိတဲ့ဂိုးက ကိုယ့်ဂိုးကိုပြန်သွင်းတဲ့ဟာကြီးလည်းဖြစ်နေတယ်။ သူတို့မှာ ၅ ပွဲကစားပြီး Clean Sheet ၄ ပွဲတောင် ရရှိခဲ့ပါတယ်။ ဒီအစီစဉ်ထဲမှာ အရှုံးတစ်ပွဲမှတောင်မရှိသေးပါဘူး။ ဒီလိုတောင့်တင်းမှုရှိတဲ့ ခံစစ်ပိတ်ကစားခြင်းဟာ စပိန်နဲ့အီတလီတို့ကို ကမ္ဘာ့ဖလားရအောင် လုပ်ယူသွားနိုင်ခဲ့ဖူးပါတယ်။ သူတို့နှစ်သင်းစလုံးက Clean sheet ၅ ပွဲလေးနဲ့ ကမ္ဘာ့ချန်ပီယံတန်းဖြစ်သွားခဲ့ဖူးပါတယ်။ ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ပဲကစားကြမယ်ထင်တယ်။ ဒီပွဲ သူတို့ ဒဏ်ရာရထားတဲ့ Nayef Agurd ကို အသုံးပြုလို့မရသေးပါဘူး။ Valid Chedira လည်း ဘန်းစာရင်းထဲပါသွားတဲ့အတွက် မဆင်းနိုင်ပဲနေနေတယ်။ Romain Saiss, နဲ့ Noussair Mazraoui တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ်။ ကျန်တဲ့အဓိကကစားသမားတွေကတော့ အဆင်သင့် ဖြစ်နေကြပါတယ်။

 

ဒီနှစ်ကမ္ဘာ့ချန်ပီယံဖြစ်မယ့်ပြင်သစ်အသင်း လောလောဆယ် Form တွေ တော်တော်တက်ကြွနေပါတယ်။ ခက်တဲ့အသင်းတွေနဲ့ တွေ့ဖူးပြီး ကျော်ဖြတ်လာနိုင်တယ်။ အခုတလော ၅ ပွဲကစားပြီး အနိုင် ၄ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ နောက်ဆုံး ၈ သင်းအဆင့်တုန်းက အင်္ဂလန်နဲ့တွေ့ပြီး ၂-၁ နဲ့ အနိုင်ရလာတဲ့အတွက် ဆီမီးဖိုင်နယ်ပွဲထဲ ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ပွဲတုန်းက အင်္ဂလန်တို့ ကိုယ့်အခြေခံခြေစွမ်းအတိုင်း မှီအောင်မကစားနိုင်ကြပါဘူး၊ အဲ့တော့ ပြင်သစ်ဘက်ကလည်း ပိုပြတ်သားမှုရှိတဲ့ဟာနဲ့ အနိုင်ကောက်ရလာပါတယ်။ ပြင်သစ်တို့ရဲ့တိုက်စစ်ပိုင်းက တိုက်စစ်အမျိုးမျိုးဆင်နိုင်ပြီး ကစားသမားအသီးသီးတွေမှာ ကိုယ်ပိုင်အရည်အချင်းလည်း တော်တော်ရှိနေကြပါတယ်။ ပြောမယ်ဆို ပြိုင်ဘက်ရဲ့ခံစစ်ပိုင်းကို ပွဲတိုင်းပဲတိုင်ပတ်အောင်လုပ်နိုင်နေကြပါတယ်။ ဒီချန်ပီယံဟောင်းနဲ့ပြင်သစ်အသင်းဟာ ဒီလိုဆီမီးဖိုင်နယ်ပွဲကို ခန ခန ရောက်ဖြစ်ပါတယ်။ ဒီပွဲ သူတို့ အဓိကကစားသမားတွေကိုပဲ အသုံးပြုဖို့ရှိပါတယ်။ Raphael Varane, Antoine Griezmann, Kylian Mbappe ကစ အသုံးပြုသွားမှာဖြစ်ပြီး Olivier Giroud ကိုလည်း အသုံးပြုဖို့ရှိပါတယ်။ မော်ရိုကိုတို့ကျတော့ ဒီအဆင့်ကို ပထမဦးဆုံးအနေနဲ့ ရောက်ချလာပါတယ်။ အာဖရိကတိုက်ထဲမှာ သူတို့နိုင်ငံတစ်နိုင်ငံထဲပဲ ရောက်ဖူးသေးတယ်။ ဘယ်လ်ဂျီယံတို့ စပိန် နဲ့ ပေါ်တူဂီတို့ကို ကျော်ဖြတ်လာခဲ့ဖူးပါပြီ။ သူတို့ရဲ့ နောက်ဆုံး ၄ ပွဲစံချိန်ထဲမှာ အနိုင် ၃ ပွဲနဲ့ ၄ ပွဲစလုံး Clean sheet ရရှိခဲ့ပါတယ်။ ဂိုးတစ်လုံးမှတောင် သွင်းခံမထိသေးပါဘူး။ ပြီးတော့ ၅ ပွဲတိတိ အရှုံးမရှိသေးဘူးဖြစ်နေပါတယ်။ ပေါ်တူဂီတို့ကိုနိုင်သွားတဲ့ပွဲမှာ တော်တော်ပဲချီးကျူးခံခဲ့ရပါတယ်။ အဲ့တော့ စနစ်တကျ ကစားနိုင်တဲ့ ကစားသမားတွေရော နည်းပြကိုရော ချီးကျူးရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ ပြတ်သားမှုပိုရှိတဲ့ဘက်ကပဲ ဗိုလ်လုပွဲတက်ရလိမ့်မယ်။ နှစ်သင်းစလုံးအစစအရာရာယှဉ်ကြည့်ရင်တော့ ပြင်သစ်ဘက်က ပိုသာမှန်း လုံးဝသေချာပါတယ်။ နာမည်ကြီးကစားသမားတွေလည်း အများကြီးရှိနေတယ်။ နှစ်သင်းစလုံးရဲ့ Form ကိုကြည့်ပြီးပြောရင်တော့ ကောင်းတာချင်းတူတူပဲ။ ဒီပွဲ ပြင်သစ်ဘက်က တိုက်စစ်ဆင်ကစားဖို့ စီစဉ်ထားပြီး မော်ရိုကိုတို့ကျတော့ ခံစစ်ပိတ်ကစားတဲ့စနစ်နဲ့ ရောက်ချလာလိမ့်မယ်။ စပိန်တို့နဲ့တွေ့သလိုမျိုး စီစဉ်ထားကြလောက်တယ်။ မော်ရိုကိုတို့ စောစောစီးစီးဂိုးမပေးရရင်တော့ ပင်နယ်တီနဲ့ဆုံးဖြတ်ဖို့ရှိသွားနိုင်တယ်။ အဲ့တော့ မော်ရိုကိုက ကစားပွဲအပေါ် ဘယ်လောက်ထိ အာရုံစိုက်နိုင်မလဲပဲစောင့်ကြည့်ရလိမ့်မယ်။ နောက်ဆုံးမှားတော့ ပြင်သစ်တို့ပဲ အနိုင်ကောက်ယူပြီး ပွဲသိမ်းသွားမယ်လို့တော့ ထင်မြင်ထားပါတယ်။

11 Player –

France (4-2-3-1): Hugo Lloris; Jules Gunde, Raphael Varane, Dayot Upamecano, Theo Hernandez; Aure. Lian Jouameni, Adrian Rabiot – Ousmane Dembele, Antoine Griezmann, Kylian Mbappe – Olivier Giroud

Morocco (4-3-3): Yassin Bonu – Achraf Hakimi, Yawad El Yamiq, Achraf Dari, Nuyahia Attiyat Allah – Assedi. N Unai, Sophia Amrabat, Selim Amallah – Hakeem Seyek, Youssef Ennessri, Sophia Boufal

Missing Player –

France : Lucas Hernandez

Morocco :  H.Ziyech, R.Saiss, N.Mazraoui, N.Aguerd, A.Sabiri, W.Cheddira

Facebook