jdbkk

ဘရန့်ဖိုတ် Vs လီဗာပူးလ် [ 2 Jan 23 - 24:00 hrs]

jdbkk အိမ်ရှင်ဘရန့်ဖိုတ်အသင်း အခုလက်ရှိ ပရီးမီးယားလိဂ်အဆင့်ဇယားထဲမှာ နံပါတ် ၁၀ ဖြစ်နေပြီး လက်ထဲမှာ ၂၃ မှတ် ကိုက်ဆောင်ထားပါတယ်။ ကမ္ဘာ့ဖလားပွဲပြီးသွားတော့ သူတို့ရဲ့အခြေနေက ပိုကောင်းလာပြီး ၅ ပွဲဆက်တိုက် အရှုံးမရှိသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး ဝက်ဟမ်းအပေါ် အနိုင်ရလာတယ်။ ဒီပွဲ သူတို့ဆီမှာ Ivan Tonyney မရှိဘူး သူက အရင်တစ်ပွဲကမှ ဒဏ်ရာရသွားပါတယ်။ Shandon Baptiste, Aaron Hickey နဲ့ Kristoffer Ayer တို့မှာလည်း ဒဏ်ရာရထားတဲ့အတွက် မပါနိုင်သေးပါဘူး။ ဒီပွဲ ၃-၅-၂ စနစ်နဲ့သွားမယ်ထင်တယ်။ Striker နေရာကို Brian Mbomo ကိုထားထားမယ်။ Yoan Wissa နဲ့ Josh Dasilva တို့ကို တိုက်စစ်ကူဆင်ဖို့ စီစဉ်ထားလိမ့်မယ်။ Christian Norgaard နဲ့ Rico Henry တို့ကျတော့ ကွင်းလယ်ပိုင်းကို ဦးဆောင်သွားလိမ့်မယ်။ Sanga, Ethan Pinnock နဲ့ Ben Mee တို့ကျတော့ အဓိကခံစစ်ပိုင်း ထိန်းသွားလိမ့်မယ်။

လီဗာပူးလ်တို့ကျတော့ ပရီးမီးယားလိဂ်ပွဲစင်ထဲမှာ ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ သူတို့ရဲ့ Form တော်တော်တက်ကြွလာပြီး Top4 နေရာ လုယက်ပြိုင်ယူချင်နေကြပါတယ်။ အခုတလော လက်ထဲမှာ ၂၈ မှတ်ရှိပြီး အဆင့် ၆ တွင် ရောက်ရှိနေပါတယ်။ ကာရာဘောင်းဖလားတုန်းက မန်စီးတီးကိုရှုံးသွားပေမယ့် လိဂ်ပွဲစင်ဖြစ်တဲ့ ၂ ပွဲတုန်းကကျတော့ ၂ ပွဲစလုံး အနိုင်ရလာပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက လက်စတာနဲ့တွေ့ပြီး အနိုင်ရလာပါတယ်။ ဒီပွဲ သူတို့အသင်းထဲမှာ James Milner, Roberto Firmino, Luis Diaz, Diogo Jota နဲ့ Arthur တို့ မပါနိုင်သေးပါဘူး။ Curtis Jones ဆိုတဲ့တစ်ယောက်ကလည်း ဒဏ်ရာရထားသေးတယ်။ ကစားသမားအသစ်ဖြစ်တဲ့ Cody Gakpo က ဒီပွဲ မပါနိုင်လောက်သေးပါဘူး။ ဒီပွဲ ယာဂင်ကလော်ပ်က အဓိက ကစားသမားအဖွဲ့အစုကိုပဲ ၄-၃-၃ စနစ်နဲ့ စီစဉ်ထားလောက်တယ်။ တိုက်စစ်ပိုင်းမှာ Mohamed Salah, Darwin Nunez နဲ့ Alex Oxlade-Chamberlain တို့ကို တာဝန်ပေးထားပြီး Harvey Elliott ကိုလည်း ရှေ့နည်းနည်းတိုးထားချင် တိုးထားလိမ့်မယ်။ ကွင်းလယ်ပိုင်းနေရာ Jordan Henderson နဲ့ Thiago Alcantara တို့ကိုပဲ ထိန်းခိုင်းလောက်တယ်။ ခံစစ်ပိုင်းနေရာကျတော့ အရင်အတိုင်းပဲ Joel Matip နဲ့ Virgil van Dijk တို့ကို တာဝန်ပေးထားလောက်ပါတယ်။

အိမ်ရှင်အသင်းရဲ့ Form က တော်တော်ကောင်းပြီး နောက်ဆုံးတစ်ပွဲတုန်းက အနိုင်ရလာခဲ့သေးတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ထပ်ကစားရမှာဆိုတော့ ယုံကြည်မှုအပြည့် ရှိနေကြလောက်ပါတယ်။ အနိုင်ဆက်တိုက်ရအောင် ရည်ရွယ်ထားကြလောက်တယ်။ လီဗာပူးလ်တို့ကျတော့ ဘရန့်ဖိုတ်နဲ့ ကောင်းသောစံချိန်ရှိခဲ့ဖူးပါတယ်။ ဘရန့်ဖိုတ်နဲ့ ၁၇ ပွဲ တွေ့ဖူးပြီး အနိုင် ၁၀ ပွဲ လုပ်နိုင်တယ်။ ပြီးတော့ သူတို့ အခုမှအိမ်ကွင်းနဲ့ လက်စတာအပေါ် အနိုင်ရလာပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိထားတာဆိုတော့ တော်တော်လေး တက်ကြွနေကြလောက်တယ်။ သူတို့ Top4 နေရာလှမ်းဖို့ ဒီပွဲအမှတ် ၃ မှတ်ပဲ ရွယ်ထားလောက်ပါတယ်။ နှစ်သင်းစလုံးရဲ့အစစအရာရာယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်က ပိုသာပါတယ်။ ဘရန့်ဖိုတ်အသင်းရဲ့အိမ်ကွင်းအခြေနေက မဆိုးပေမယ့် ထိုနီမရှိတဲ့အတွက် ခြေစွမ်းတွေ ကျဆင်းသွားလိမ့်မယ်။ လီဗာပူးလ်တို့ရဲ့စွမ်းဆောင်ရည်က သိပ်မကောင်းပေမယ့် ဘရန့်ဖိုတ်အတွက်ကတော့ ခက်နေတုန်းပါပဲ။ ဒီပွဲ မနိုင်မရှုံးဖြစ်ဖို့ရှိပြီး အင်အားနဲ့ လက်နက်အသီးသီးပါ ထည့်တွက်ရင်တော့ လီဗာပူးလ်ဘက်က ပိုကြောက်ဖို့ကောင်းပါတယ်။ နယူးနက်ဇ် ဆာလက်နဲ့ သီယာဂိုးတို့က ပြေးပေါက်တွေရှာပြီး ဂိုးဝင်သွင်းသွားကြမှာပဲ။ ဒီပွဲ လီဗာပူးလ်တို့ ၃ မှတ်ရသွားလောက်ပါတယ်။

11 Players –

Brentford (3-5-2) :  Raya; Zanka, Mee, Pinnock; Roerslev, Dasilva, Jensen, Norgaard, Henry; Mbeumo, Wissa

Liverpool (4-3-3):  Alisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Thiago, Fabinho, Keita; Salah, Nunez, Carvalho

Missing Players –

Brentford : T.Strakosha (Ankle Injury), K. Ajer (Keen Injury), S. Baptiste (Muscle Injury), A. Hickey (Ankle Injury)

Liverpool : J. Milner (Hamstring Injury), R. Firmino (Muscle Injury), Diogo Jota (Calf Injury), Arthur (Muscle Injury), L. Diaz (Knee Injury), C.Jones (Muscle Injury),

Facebook

ဆွမ်ဆီးအသင်း လိဂ်ထဲကအခြေနေ နောက်ဆုံး ၉ ပွဲထဲမှာ အနိုင် ၁ ပွဲထဲပဲ ရရှိထားပါတယ်။ အဲ့အနိုင်ပွဲက ပြီးခဲ့တဲ့တစ်ပွဲဖြစ်ပြီး ဝက်ဖိုတ်ကိုနိုင်လာခဲ့တာဖြစ်ပါတယ်။ အဲ့တာနဲ့ပဲ သူတို့လက်ထဲမှာ ၃၅ မှတ်ရှိပြီး လိဂ်ရဲ့ နံပါတ် ၁၂ ရောက်ရှိနေပါတယ်။ နံပါတ် ၄ မှာရှိတဲ့ ဆန်းဒါးလန်းထက် ၂ မှတ်ပဲနည်းနေတော့တယ်။ အသင်းထဲကအခြေနေမှာတော့ ဒီပွဲ Michael Obafemi ကို အသုံးပြုလို့မရသေးပါဘူး။ Joel Latibodiere နဲ့ Harry Darling ဆိုတဲ့ နောက်ခံကွင်းလယ်နှစ်ယောက်လည်းမရှိဘူး။ သူတို့နှစ်ယောက်က ဘန်းခံထိထားကြတယ်။ ဒီပွဲ သူတို့ဘက်က ၄-၃-၃ စနစ်နဲ့ကစားသွားမယ်ထင်တယ်။ အရှေ့တန်းနေရာကို Cullen နဲ့ Piroe တို့ကို တာဝန်ပေးထားလိမ့်မယ်။ ပြီးတော့ Cooper နဲ့တစ်ယောက်ကိုပါ ကပ်တွယ်ထားလောက်တယ်။

Vincent Kompany နည်းပြလက်ထဲက ဘန်လေတို့ကျတော့ ချန်ပီယံရမယ့်ထဲကနံပါတ် ၁ ဖြစ်နေတယ်။ ပရီးမီးယားလိဂ်ကနေ အတန်းဆင်းလာတာ ၁၂ လထဲရှိပြီး စွမ်းတောင်ရည်တွေ တော်တော်ပြန်ကောင်းနေပါတယ်။ ချန်ပီယံရှစ်ထဲမှာ ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး နောက်ဆုံး ၂၅ ပွဲစံချိန်ထဲမှာ အရှုံး ၂ ပွဲလေးပဲ ရရှိခဲ့ပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် အနိုင် ၉ ပွဲတောင်ရသွားပါတယ်။ ဒီပွဲ အသင်းထဲက Vitinho ရဲ့အခြေနေကိုပဲ စောင့်ကြည့်ဖို့လိုပါတယ်။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ရောက်လာမှာဖြစ်ပြီး တိုက်စစ်ပိုင်းနေရာ Anass Saruri, Josh Brownhill နဲ့ Nathan Tella တို့ကို တာဝန်ပေးထားလောက်တယ်။ Rodriguez ဆိုတဲ့တစ်ယောက်ကတော့ Striker အနေနဲ့ ရှိနေလောက်တယ်။

jdbkk ဘန်လေအသင်း ချန်ပီယံရှစ်ထဲမှာ ခြေစွမ်းတွေအရမ်းတက်ကြွပြီး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ ဒီပွဲ ၂၀၂၃ ခုနှစ်ရဲ့ ပထမပွဲဖြစ်ပြီး ဆွမ်ဆီးကို ဧည့်သည်သွားလုပ်ပေးရမှာဆိုတော့ အရမ်းခက်မနေလောက်ပါဘူး။ ဘာလို့လည်းဆိုတော့ ဆွမ်ဆီးအသင်းက လောလောဆယ် စွမ်းဆောင်ရည်တွေညံ့နေလို့ပါ။ အခုမှပဲ အနိုင်ပွဲနဲ့ တိုးသွားတော့တယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲတုန်းက ဆွမ်ဆီးဘက်က အနိုင် ၃ ပွဲရဖူးတဲ့အတွက် အခြေနေပိုကောင်းပါတယ်။ ပြီးတော့ ဘန်လေကို အိမ်ကွင်းနဲ့ တစ်ခါမှမရှုံးဖူးသေးပါဘူး။ ဆွမ်ဆီးရဲ့ အိမ်ကွင်းစံချိန်ကတော့ မိုက်တယ်။ ဒါပေမယ့် kompany ဆိုတဲ့ဘန်လေနည်းပြရဲ့အစွမ်းက အဲ့ထက်ကောင်းပါတယ်။ သူ့ရဲ့ ကစားပုံကစားနည်းက တော်တော်ထိရောက်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ ဘန်လေဘက်က ဆွမ်ဆီးကိုကြောင်ပိတ်ပြီးကလော်တီးသွားလိမ့်မယ်။

11 Players –

Swansea City(4-3-3) : Benda; Latibeaudiere, Cabango, Darling, Manning; Allen, Grimes, Fulton; Cooper, Cullen; Piroe

Burnley (4-2-3-1): Muric; Roberts, Harwood-Bellis, Beyer, Maatsen; Cork, Cullen; Benson, Brownhill, Tella; Rodriguez

Missing Players –

Swansea City : M. Obafemi (Lack offitness)

Burnley : –

Facebook