jdbaa

အာဆင်နယ် Vs နယူးကာဆယ် [ 3 Jan 23 - 02:15 hrs]

jdbaa အာဆင်နယ်အသင်း အခုတလော စွမ်းဆောင်ရည်တွေကောင်းနေကြပြီး နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၄ ပွဲတောင်ရရှိသွားပါတယ်။ နံပါတ် ၂ အသင်းထက် ၂ မှတ် ပိုသာပါတယ်။ ဒီပွဲအတွက် သူတို့ဆီမှာရှိတဲ့ ကစားသမားတော်တော်များများ ဒဏ်ရာရထားတုန်းဖြစ်တယ်။ ဒဏ်ရာရတဲ့ထဲမှာ Gabriel Jesus နဲ့ Rhys Nelson တို့အပါဝင် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန်နဲ့တစ်ပွဲတုန်းက ဒုတိယပိုင်းမှာဆင်းခဲ့ရတဲ့ Takehiro Tomiyasu ကတော့ ဒဏ်ရာပြန်သက်သာသွားပါပြီ။ Emil Smith လည်း ဒီပွဲ အရံထိုင်ခုံမှာ ဆင်းထိုင်ရလောက်တယ်။ သူက လေ့ကျင့်ခန်းလည်း ပြန်လုပ်တာ တွေ့ရပါတယ်။ အာတီတာက ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ ရှိနေလိမ့်မယ်။ ဒီပွဲ ဘရိုက်တန်ကိုနိုင်သွားတဲ့ ကစားသမားအဖွဲ့အစုနဲ့ပဲ ဆက်လက်အသုံးပြုသွားမယ်ထင်တယ်။ Striker နေရာ ဒီပွဲ Nketiah ပဲဖြစ်လိမ့်မယ်။ Martin Odegaard၊ Gabriel Martinelli နဲ့ Bukayo Saka တို့ကျတော့ အခွင့်ရေးအသီးသီး ဖန်တီးဖို့ တာဝန်ယူထားမယ်။ ကွင်းလယ်နှစ်ယောက်က Thomas Partey နဲ့ Granit Xhaka တို့ပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ နောက်ခံ ၄ ယောက်မှာ Ben White၊ William Saliba၊ Gabriel Magalhaes နဲ့ Oleksandr Zinchenko တို့ကိုပဲ အသုံးပြုသွားလောက်ပါတယ်။

နယူးကာဆယ်တို့ကျတော့ ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၃ ဖြစ်ပြီး နောက်ဆုံးတစ်ပွဲတုန်းက လိဒ်စ်နဲ့ ၀-၀ သရေကျလာခဲ့ပါတယ်။ နယူးကာဆယ်ရဲ့စွမ်းဆောင်ရည်ကကောင်းပြီး အရှုံးပွဲနဲ့မတိုးရတာ တော်တော်ကြာပါပြီ။ ဒီနှစ်မှာ နည်းနည်းပါးပါ ထစ်ခနဲဖြစ်ခဲ့ပေမယ့် အစစအရာရာကတော့ အရမ်းကောင်းနေပါတယ်။ ဒီပွဲ သူတို့မှာ Alexander Isaac ကို အသုံးပြုလို့မရသေးပါဘူး။ ကွင်းလယ်ပိုင်းမှ Jonjo Shelvey နဲ့ အနောက်တန်းကစားသမား Matt Targett, Emile Kraft၊ Paul Dummett တို့ကိုလည်း အသုံးပြုလို့မရသေးပါ။ အဲ့ဒီတော့ အချို့ Position ကို လူပြောင်းကစားတာ တွေ့ရလိမ့်မယ်။ ဒီပွဲ နယူးကာဆယ်တို့ ၄-၃-၃ စနစ်နဲ့ ရောက်ချလာလိမ့်မယ်။ Striker နေရာကို Callum Wilson ထားပြီး သူ့ဘေးနားမှာ Miguel Almiron နဲ့ Cholinton တို့ကို ချထားလိမ့်မယ်။ ကွင်းလယ်ပိုင်းကျတော့ Sean Longstaff, Joe Willock, Bruno Guimaraes တို့ကိုပဲ အသုံးပြုထားလောက်တယ်။ ပြီးရင် အနောက်တန်းတွေကို Kieran Trippier, Fabian Cher, Sven Botman နဲ့ Dan Byrne တို့ကိုပဲ အသုံးပြုထားလောက်ပါတယ်။

 ၁၆ ပွဲကစားပြီး ၄၃ မှတ်ရသွားတဲ့ဘယ်အသင်းမှ ချန်ပီယံမရပဲမရှိခဲ့ဖူးသေးပါဘူး။ အာဆင်နယ်အသင်း အခုတလော စွမ်းဆောင်ရည်တွေအရမ်းကောင်းနေကြပါတယ်။ ဒီရာသီ ၁၆ ပွဲဆင်းပြီး အနိုင် ၁၄ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်နိုင်ခဲ့တယ်။ နောက်ဆုံးတစ်ပွဲတုန်းက အနိုင်ရလာတဲ့အတွက် မန်စီးတီးထက် အမှတ် ၇ မှတ် ပြန်သာသွားပါပြီ။ အာဆင်နယ်အသင်း ဒီပွဲ အမှတ် ၃ မှတ်ရတဲ့အထိ ရည်ရွယ်ထားကြလောက်တယ်။ မန်စီးတီးနဲ့ ဝေးလေကောင်းလေပဲ ဖြစ်သောကြောင့်ပါ။ အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းက ပြတ်သားမှုရှိတယ်။ ဒီပွဲ အာတီတာမှာ ကစားစနစ်ကို သေသေချာချာ ပြင်ဆင်ထားလောက်ပါတယ်။ နယူးကာဆယ်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ထစ်ခနဲဖြစ်ပြီး အိမ်ကွင်းအဖြစ် လိဒ်စ်နဲ့သရေကျလာခဲ့ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်အားလုံးက မဆိုးပါဘူး နံပါတ် ၃ ဖြစ်ပြီး လက်ထဲမှာ ၃၄ မှတ်တောင် ပိုင်ဆိုင်ထားပါတယ်။ ကစားသမားတွေက တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိနေကြပါတယ်။ ဒီပွဲ သူတို့တိုက်စစ်ဆင်ပြီး ဝင်လုံးသွားလောက်ပါတယ်။ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ကတော့ မနိုင်မရှုံးလေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အာဆင်နယ်တို့ပဲ အိမ်ကွင်းနဲ့ အနိုင်ရသွားမယ်ထင်တယ်။

11 Players –

Arsenal (4-2-3-1): Ramsdale; White, Saliba, Gabriel, Zinchenko; Xhaka, Partey; Saka, Odegaard, Martinelli; Nketiah

Newcastle (4-3-3): Pope; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Joelinton; Almiron, Wilson, joe Willock

Missing Players –

Arsenal : Gabriel Jesus (Knee Injury), R. Nelson (Knock Injury), Smith Rowe (Groin Injury)

Newcastle : J. Shelvey (Calf Injury), E. Krafth (Ligament Injury), P.Dummett (Calf Injury), Matt Targett (Foot Injury), A.Isak (Muscle Injury)

Facebook

မန်ယူအသင်း ကမ္ဘာ့ဖလားပွဲထဲ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေ တော်တော်များများ အဆင်သင့်ပြန်ဖြစ်နေကြပါပြီ။ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အာဂျင်နိုင်ငံအသင်းမှ Lisandro Martinez ဆိုတဲ့ နောက်ခံကစားသမားက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက လေ့ကျင့်ကွင်းထဲ ဆင်းနိုင်နေပါပြီ။ Raphael Varane နဲ့အတူ ဆင်းကစားခဲ့ကြလိမ့်မယ်။ အနောက်တန်းကွင်းလယ်နေရာကျတော့ ဟယ်ရီမက်ဂွိုင်းယားကိုအနားပေးပြီး လုရှောကို ဘယ်ဘက်ခြမ်း ရွှေ့လိုက်မယ်ထင်ပါတယ်။ Diogo Dalot ကျတော့ ကမ္ဘာ့ဖလားပွဲတုန်းက ရသွားတဲ့ဒဏ်ရာဟာ ပြန်သက်သာလာပါပြီ။ ဒါပေမယ့် Aaron Wan-Bissaka က စွမ်းဆောင်ရည်ကောင်းနေသေးတယ်ဆိုတော့ သူ့ကိုပဲ ဆင်းခိုင်းလောက်ပါတယ်။ Marcus Rashford ကတော့ ဒီပွဲ ဆင်းဖို့အဆင်သင့်ဖြစ်နေပါတယ်။ အလက်ဂျန်ဒရို ကာနာချိုက အရံထိုင်ခုံ ပြန်ထိုင်ရလောက်ပါတယ်။ ဒဏ်ရာရထားတဲ့ Axel Tuanzebe နဲ့ နေမကောင်းဖြစ်နေတဲ့ Scott McTominay တို့ ဒီပွဲ မပါနိုင်သေးပါဘူး။ ဆန်ချိုရောပဲ စိတ်ရော လူပါ အဆင်သင့်မဖြစ်သေးပါဘူး။

ဘုန်းမောက်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ပဲလေ့စ်ကိုရှုံးလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၇ ပွဲထဲမှာ အရှုံး ၆ ပွဲတောင် ရရှိသွားပါတယ်။ နောက်ဆုံး ၂ ပွဲမှာ ၂ ပွဲဆက်တိုက်ပဲ ရှုံးထားပါတယ်။ သူတို့ ဒီရာသီအတွင်း ဂိုး ၃၆ လုံးတောင် သွင်းခံထိပြီးပြီ။ အဲ့တာ လိဂ်ထဲမှာ အများဆုံးပဲဖြစ်နေတယ်။ ဘုန်းမောက်အသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေရှိနေတယ်။ ဒီပွဲ နေတိုဆိုတဲ့ဘရာဇီးလူမျိုးနဲ့ဂိုးသမားကို  အသုံးပြုလို့မရသေးပါဘူး။ ပြီးတော့ Marcus Tavernier၊ David Brooks၊ Junior Stanislas နဲ့ Ryan Fredericks တို့ကိုလည်း အသုံးပြုလို့မရသေးပဲဖြစ်နေတယ်။ ဒီပွဲ ပထမ ၁၁ ယောက်မှာကတော့ ကွင်းလယ်ပိုင်းမှာ Luis Cook၊ Jefferson Lerma နဲ့ Siriki Dembele တို့ကိုပဲ တွဲထားလောက်ပါတယ်။ ဂိုးသွင်းဖို့နေရာကျတော့ Kiefer Moore၊ Dominic Solanke နဲ့အတူ တွဲထားလောက်ပါတယ်။

jdbaa အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ပရီးမီးယားလိဂ်ပွဲစင်အဖြစ် ၁၀ ပွဲတုန်းက မန်ယူမှာ အနိုင် ၇ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၂ ပွဲ ရသွားခဲ့ဖူးပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် မန်ယူက ၅ ဂိုး ၂ ဂိုးနဲ့ ရှယ်ထောင်းလာခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘုန်းမောက်ကို အိမ်ကွင်းနဲ့ မရှုံးဖူးသေးပါဘူး။ မန်ယူရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၄ ပွဲတောင်ရသွားပါတယ်။ ဒီလိုကြမ်းတဲ့စွမ်းဆောင်ရည်ကြောင့် နံပါတ် ၄ အထိ တက်ရောက်သွားပါပြီ။ နံပါတ် ၂ အသင်းထက် ၄ မှတ်ပဲနည်းနေတော့တယ်။ ကမ္ဘာ့ဖလားပွဲပြီးသွားတာနဲ့ မန်ယူအသင်းရဲ့အစစအရာရာက တော်တော်အဆင်ပြေလာတယ်။ စစလာချင်း ၂ ပွဲတုန်းက အဆင်သင့်သိပ်မဖြစ်ပေမယ့် ၂ ပွဲစလုံးပဲ အနိုင်ရသွားပါတယ်။ ဒီပွဲ မန်ယူအသင်းမှာ Full team ပြန်ဖြစ်လောက်ပါတယ်။ ဘုန်းမောက်တို့ကျတော့ အိမ်ကွင်းနဲ့စံချိန်ဟာ ပရီးမီးယားလိဂ်ထဲမှာ အညံ့ဆုံးထဲက နံပါတ် ၃ အသင်းဖြစ်ပါတယ်။ သွင်းခံထိတဲ့ဂိုးအရေအတွက်ကလည်း ၃၆ လုံးတောင်ဖြစ်နေတယ်။ အခုလက်ရှိ အောက်ပိုင်းဇုန်ထဲ ပါဝင်နေပါတယ်။ ၂ ပွဲဆက်တိုက် ဂိုးတစ်လုံးမှမသွင်းနိုင်ပဲ ရှုံးလာတယ်။ အဲ့ဒီတော့ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် မန်ယူတို့ ၃ မှတ်မရပဲမနေလောက်ပါဘူး။ ဂိုအနည်းဆုံး ၂ လုံးလေးတော့ သွင်းယူသွားနိုင်မယ်ထင်ပါတယ်။

11 Players –

Manchester United (4-2-3-1) : De Gea; Wan-Bissaka, Varane, Martinez, Shaw; Eriksen, Casemiro; Antony, Fernandes, Rashford; Martial

Bournemouth (4-4-2): Travers; Mepham, Smith, Senesi, Kelly, Zemura; Cook, Lerma, Dembele; Solanke, Moore

Missing Players –

Manchester United : S. Mctominay (Illenss), A. Tuanzebe, J. Sancho (illness), D. Dalot (Hamstring Injury), Lisandro Martinez,

Bournemouth : J. Stanislas (Muscle Injury), Neto (Hamstring Injury), R. Fredericks, P. Billing (Hip Injury), M. Tavemier, D. Brooks (lack of Fitness)

Facebook