jdb168

jdb168 အက်စတွန်ဗီလာအသင်း Vs ဝုဗ်ဗာဟမ်တန် [4 Jan 23 - 02:30 hrs]

jdb168 Unai Emery  နည်းပြလက်ထဲက အက်စတွန်ဗီလာအသင်း နောက်ဆုံးတစ်ပွဲတုန်းက အခြေနေတွေကောင်းပြီး စပါးအပေါ် အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၃ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်နိင်ထားနိုင်ခဲ့ပါတယ်။ သူတို့မှာ ဒီပွဲ Diego Carlos နဲ့ Jacob Ramsey ကိုအသုံးပြုလို့မရသေးပါဘူး။ ဒဏ်ရာတွေ မပျောက်ကြသေးပါဘူး။ John McGinn နဲ့ Douglas Luiz တို့ကျတော့ အခြေနေ ပြန်စစ်ဆေးရဦးမှာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်း ဒီပွဲ ၄-၄-၂ စနစ်နဲ့ နောက်ခံကစားသမားတွေကို Matty Cash, Ezri Konza, Tyrone Mings နဲ့ Lucas Digne တို့ကို အသုံးပြုလောက်တယ်။ ကွင်းလယ်နေရာကျတော့ Boubacar Camara, Philippe Coutinho, Emiliano Buendia, Leon Bailey တို့ဖြစ်ပြီး အရှေ့တန်းနေရာ Danny Ings နဲ့ Ollie Watkins တို့ပဲ ဂိုးသွင်းဖို့ တာဝန်ပေးသွားလောက်ပါတယ်။

စပိန်နိုင်ငံနည်းပြဟောင်းဖြစ်တဲ့ Julen Lopetegui နည်းပြလက်ထဲက ဝုဗ်ဗာဟမ်တန်အသင်းကျတော့ အခြေနေမကောင်းဘူးဗျ။ ပရီးမီးယားလိဂ်ထဲမှာ အညံ့ဆုံးအသင်းဖြစ်နေတယ်။ နောက်ဆုံးတစ်ပွဲတုန်းက မန်ယူကိုရှုံးလာတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အနိုင် ၃ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ ဖြစ်ပါတယ်။ သူတို့ ဒီပွဲအတွက် ဒဏ်ရာရထားတဲ့ကစားသမားအသစ်မရှိသလို ဘန်းခံထိတဲ့ကစားသမားတွေလည်း မရှိပါဘူး။ Chiguinho, Pedro Neto, Zaza Kaladcic နဲ့ Pedro Neto တို့လောက်ပဲ အခုထိ ဒဏ်ရာမသက်သာကြသေးပါဘူး။ ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ရောက်လာမယ်ထင်တယ်။ Nelson Semedo, Nathan Collins, Max Kilman နဲ့ Ugo Bueno တို့က အနောက်တန်းကို ထိန်းသွားကြမှာဖြစ်ပြီး Joao Moutinho, Matheus Nunes နဲ့ Ruben Neves တို့ကျတော့ ကွင်းလယ်ပိုင်းကို တာဝန်ယူသွားကြမှာ ဖြစ်ပါတယ်။ အရှေ့တန်းနေရာကတော့ ဒီပွဲ Adama Traoré ပြန်ဆင်းနိုင်ပါပြီ။ Daniel Podence ပြီးတော့ Hwang Hee-chan တို့နဲ့အတူ တွဲဆင်းခဲ့ကြလိမ့်မယ်။

အက်စတွန်ဗီလာအသင်း Unai Emery  နည်းပြအသစ်လက်ထဲရောက်လာတော့ ကစားစနစ်တွေ ပြောင်းလဲသွားပါတယ်။ စွမ်းဆောင်ရည်အားလုံး နည်းနည်းပြန်ကောင်းလာပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကတောင် စပါးအပေါ် အနိုင်ရလာခဲ့သေးတယ်။ သူတို့ရဲ့ နောက်ဆုံး ၄ ပွဲထဲမှာ အနိုင် ၃ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ အဲ့ဒီ ၄ ပွဲထဲနဲ့ ဂိုး ၈ လုံးတောင် သွင်းယူသွားနိုင်တယ်။ သူတို့က အမှတ်ဇယားထဲက အလယ်ပိုင်းကို ထိန်းသိမ်းဖို့အနေနဲ့ ဒီပွဲ အနိုင်ရအောင်လုပ်ချင်နေကြပါတယ်။ သူတို့ရဲ့ အစစအရာရာကြည့်ပြီး ကစားစနစ်ပိုင်းကိုတော့ စိတ်ပူစရာမရှိပါဘူး။ သူတို့ရဲ့ Pressing စနစ်က တော်တော်မြန်တယ်။ တိုက်စစ်မှူးတွေလည်း အပြေးမြန်တယ်။ အခွင့်ရေးကို မဖြုန်တတ်ဘူး။ ဒီပွဲ သူတို့ဘက်က အနိုင်ရဖို့များပါတယ်။ ဧည့်သည်အသင်းကျတော့ အခုမှနည်းပြအသစ်ပြောင်းလာပြီး အခြေနေကောင်းနေပါတယ်။ ဒါပေမယ့်လည်း နေသားကျဖို့အချိန် လိုနေသေးတယ်။ ပြီးတော့ သူတို့မှာ တိုက်စစ်ပိုင်းနေရာ ချို့ယွင်းမှုရှိနေတုန်းဖြစ်နေတယ်။ အခွင့်ရေးကို အလကားဖြုန်းပစ်တာများတယ်။ ဒီပွဲကတော့ အက်စတွန်ဗီလာဘက်က ပြတ်သားမှုပိုရှိတဲ့အတွက် အနိုင်ကောက်ရသွားလိမ့်မယ်။

11 Players –

Aston Villa (4-4-2): Martinez; Matty Cash, Konsa, Mings, Digne; Coutinho, Kamara, Buendia, ,Bailey Watkins, Danny ings

Wolverhampton (4-3-3): Sa; Semedo, Kilman, Collins, Bueno; Nunes, Neves, Moutinho; Traore, Hee-Chan-Hwang, Podence

Missing Players –

Aston Villa : J.Steer (Achilles Tendon Injury), J. Mcginn(Thigh Injury), Diego Carlos(Achilles Tendon Injury), Douglas Luiz (Ankle),J. Ramsey (Hamstring Injury)

Wolverhampton : S. Kalajdzic (Cruciate ligament Injury), P. Neto(Knock Injury), Chiquinho (Cruciate ligament Injury), N. Semedo (Razones disciplinarias)

Facebook

ပက်ထရစ်ဗီအဲရာနည်းပြလက်ထဲက ခရစ်စတယ်ပဲလေ့စ်အသင်း စွမ်းဆောင်ရည်တက်လိုက်ဆင်းလိုက် ဖြစ်နေတုန်းပါ။ အခုမှ ဘုန်းမောက်အပေါ် အနိုင်ရလာပေမယ့် နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာကျတော့ အနိုင် ၂ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်ပါတယ်။ ဒီပွဲ ဘန်းစာရင်းမှ လွတ်မြောက်လာတဲ့ James Tomkins ကို ပြန်လည်အသုံးပြုလို့ရပါပြီ။ ဒါပေမယ့် James McArthur နဲ့ Sam Johnstone တို့ကိုကျတော့ အသုံးပြုလို့မရတော့ပါဘူး သူတို့နှစ်ယောက်က ဒဏ်ရာရရှိထားပါတယ်။ Tyric Mitchell ဆိုတဲ့တစ်ယောက်မှာလည်း ဘန်းခံထိသွားပါပြီ။ Nathan Ferguson နဲ့တစ်ယောက်က ဆင်းကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ကျန်တာ အကုန်လုံးပဲ ဆင်းနိုင်နေကြပါတယ်။ ဒီပွဲ ပြင်သစ်လူမျိုးနဲ့နည်းပြက ၄-၃-၃ စနစ်နဲ့ ချထားပြီး Nathaniel Klein, Joachim Andersen, Mark Guehee နဲ့ Joel Ward တို့ကို အနောက်တန်းနေရာ တာဝန်ယူခိုင်းထားလောက်တယ်။ ကွင်းလယ်ပိုင်းကိုကျတော့ Jeffrey Schlupp, Cheek Doucoure, Michael Olise နဲ့ Eberechi Eise တို့ကို ထိန်းခိုင်းပြီး အရှေ့တန်းနေရာ အရင်အတိုင်း Jordan Ayew, Wilfried Zaha နဲ့ Eberechi Eise တို့ကို တာဝန်ပေးထားလိမ့်မယ်။

စပါးအသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းတွေညံ့ပြီး အက်စတွန်ဗီလာကိုရှုံးလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲထဲမှာ အနိုင် ၁ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၃ ပွဲတောင် ရရှိသွားပါတယ်။ ဒီပွဲ ကွန်တီမှာ အဝါကဒ်စုဆောင်းထားပြီး ဘန်းခံထိသွားတဲ့ Yves Bissouma ကို အသုံးပြုလို့မရသေးပါဘူး။ ဒဏ်ရာရထားတဲ့ Rodrigo Bentancur, Richarlison, Dejan Kulusevski နဲ့ Lucas Moura တို့ကိုလည်း အသုံးပြုလို့မရသေးပါ။ ကျန်တဲ့နေရာတွေကျတော့ အကုန်လုံးပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ ဒီပွဲ စပါးအသင်း ၃-၄-၃ စနစ်နဲ့ ရောက်လာပြီး အနောက်တန်းနေရာ Romero, Eric Dier နဲ့ Clement Langlet တို့ကို နေခိုင်းလောက်တယ်။ ကွင်းလယ်နေရာကျတော့ Pierre-Emile Hojbberg, Oliver Skipp တို့ကို အဓိကထိန်းခိုင်းပြီး Ryan Sessegnon နဲ့ Emerson တို့ကို အခွင့်ရေးဖန်တီးဖို့ စီစဉ်ထားလောက်ပါတယ်။ ဂိုးသွင်းဖို့အရှေ့တန်း ၃ ယောက်ကိုကျတော့ Wan Perisic, Harry Kane နဲ့ Son Huang Min တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

jdb168 ဒီဒါဘီတိုက်ပွဲဟာ ခရစ်စတယ်ပဲလေ့စ်ဘက်က အိမ်ရှင်ဖြစ်ပြီး စပါးအသင်းကိုကြိုဆိုရမှာဖြစ်ပါတယ်။ စပါးအသင်း အခုတလော ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၅ ဖြစ်ပြီး စွမ်းဆောင်ရည်တွေ ကျဆင်းနေပါတယ်။ အခုမှအက်စတွန်ဗီလာကိုရှုံးလာပါတယ်။ အရင်တစ်ပွဲတွေတုန်းကကျတော့ ဂိုးအရင်သွင်းခံထိပေမယ့် ဂိုးပြန်ယူနိုင်ကြတယ်။ ခရစ်စတယ်ပဲလေ့စ်တို့ကျ‌တော့ အခုမှဘုန်းမောက်အပေါ် အနိုင်ရလာပါတယ်။ အဲ့ပွဲ သူတို့ဘက်က အရမ်းပဲပိုသာပြီး ခံစစ်ပိုင်းတွေ တော်တော်တောင့်တင်းမှုရှိကြပါတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုတော့ ယုံကြည်မှုတော်တော်ရှိနေကြလောက်တယ်။ ကစားသမားအသီးသီးယှဉ်ကြည့်ရင်တော့ စပါးဘက်က ပိုသာပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းကိုယှဉ်ကြည့်ရင် ခရစ်စတယ်ပဲလေ့စ်ဘက်က ပိုသာပါတယ်။ ဒါပေမယ့် ကွန်တီနည်းပြကြီးဖြစ်နေတဲ့အတွက် Top4 နေရာနဲ့ ပိုဝေးမသွားအောင် ပြန်ပြင်ဖို့နည်းလမ်းထုတ်သုံးလိမ့်မယ်။ ဒီပွဲ နှစ်သင်းစလုံးက အခြေနေပေါ်မူတည်ပြီး တိုက်စစ်ဆင်ခဲ့ကြလိမ့်မယ်။ အဲ့ဒီလိုနဲ့ပဲ ဒီပွဲ သရေကျဖို့တော်တော်များပေမယ့် စပါးတို့ ထပ်မှားချင်လည်း မှားနိုင်ပါတယ်။

11 Players –

Crystal Palace (4-3-3): Guaita; Clyne, Guehi, Andersen, Ward; Olise, Doucoure, Schlupp; Ayew, Zaha, Eze

Tottenham Hotspur (3-4-3): Lloris; Romero, Dier, Davies; Doherty, Hojbjerg, Skipp, Sessegnon; Kulusevski, Kane, Son

Missing Players –

Crystal Palace : J.Mcarthur (Hip Injury), S.Johnstone (Knock Injury), N.Ferguson (Foot Injury), T. Mitchell (Roja directa)

Tottenham Hotspur :R.Bentancur (Muscle Injury), Richarlison (Hamstring Injury), D. Kulussevski (Muscle Injury), Y.Bissouma (Sancion disciplinaria)

Facebook