ibet877

ဝုဗ်ဗာဟမ်တန် Vs လီဗာပူးလ် [17 Jan 23 - 02:15 hrs]

ibet877 အိမ်ရှင်ဝုဗ်ဗာဟမ်တန်အသင်း နောက်ဆုံး ၅ ပွဲကစားပြီး အနိုင် ၁ ပွဲလေးပဲလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထင်ထားတဲ့အတိုင်းပါပဲ။ သူတို့က အခုတလော အောက်ပိုင်းမှအသင်းတွေဖြစ်ပြီး အတန်းဆင်းမယ့်ထဲ ရုန်းကန်နေကြရတယ်။ ရုန်းနိုင်မယ့်အခြေနေရှိပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့နည်းပြက အသေးစိတ်ကစ အရမ်းတိကျမှုရှိပါတယ်။ အဲ့တော့ ရာသီမကုန်ခင် ကစားသမားအသီးသီးတွေရဲ့ခြေစွမ်းကို ဖော်ထုတ်နိုင်မယ်ထင်ပါတယ်။ အရင်တစ်ပွဲ လီဗာပူးလ်နဲ့တွေ့တုန်းက အသုံးပြုတဲ့ကစားသမားအတိုင်း ဒီပွဲမှာ ဆက်လက်အသုံးပြုမယ်ထင်တယ်။ ဒီပွဲ သူတို့ရဲ့အားနည်းချက်က အဆင်သင့်ဖြစ်မှုပဲဖြစ်လိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူတို့ အခုမှဖောရက်စ်နဲ့ မိနစ် ၁၂၀ အထိ ကစားခဲ့လာလို့ပါ။ လီဗာပူးလ်တို့ကျတော့ ၄ ရက်တိတိ အနားယူထားကြရပါတယ်။ ဝုဗ်တို့ အခုနောက်ပိုင်း အခြေနေတွေ ပြန်ကောင်းချင်ချင်ဖြစ်နေတယ်။ ဒါပေမယ့် အလယ်တန်းနဲ့ အရှေ့တန်းကစားသမားတွေက ချိတ်တွယ်ပြီး သိပ်မကစားနိုင်ကြသေးပါဘူး။ အနောက်တန်းတွေကလည်း မှားယွင်းမှုလုပ်မိနေတုန်းဖြစ်ပါတယ်။ ဒီပွဲကတော့ ခံစစ်သေချာပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်လိမ့်မယ်။ Troare ကြီးက ဒီပွဲ ကြမ်းမယ်ဆိုရင်တော့ လီဗာပူးလ်ရဲ့ ခံစစ်မှူးတွေ ပင်ပန်းခဲ့ကြလိမ့်မယ်။

လီဗာပူးလ်တို့ကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး အနိုင် ၂ ပွဲ သရေ ၂ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်နိုင်ခဲ့ပါတယ်။ ပွဲအစီစဉ်အားလုံးပါထည့်တွက်မယ်ဆိုရင်တော့ သူတို့မှာ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဒီနှစ် သူတို့စွမ်းဆောင်ရည်တွေ တော်တော်ပဲကျဆင်းသွားပါတယ်။ အသက်ကြီးနေကြလို့နေမယ်။ ပြီးတော့ ဒဏ်ရာရထားမှုကြောင့် အဓိက ကစားသမားတွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ရာသီရဲ့ အလယ်ပိုင်း ကာလအတွင်း သူတို့ရဲ့အားနည်းချက်က ကွင်းလယ်ပိုင်းတွေ ဘောလုံးမထိန်းနိုင်ကြပါဘူး။ ခံစစ်ပိုင်းတွေကလည်း တာဝန်မကျေနိုင်ကြဘူးဖြစ်နေတယ်။ နောက်ပြီး ခြေစွမ်းကောင်းတိုက်စစ်မှူးတွေကလည်း ဒဏ်ရာတွေ ရှယ်ရနေကြကုန်ရော။ အခုမှ Gakpo ကို ရလာပေမယ့် သူက ဒီအချိန်မှာ လီဗာပူးလ်အသင်းကို တက်မြောက်အောင်မလုပ်နိုင်သေးပါဘူး။ ပြီးတော့ ဒါဝင်နူးနက်ဇ်ဟာလည်း ဒီထက် မပြတ်သားနိုင်သေးဘူးဖြစ်နေတယ်။ အခွင့်ရေးက အရမ်းများပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း လီဗာပူးလ်ရဲ့ အနာဂတ်ဂိုးဖန်တီးရှင်က နူးနက်ဇ်ပဲဖြစ်လိမ့်မယ်။ ဒီပွဲ ဝုဗ်နဲ့တွေ့ရမှာဆိုတော့ ခက်ပါတယ်။ ဝုဗ်တို့က ဟိုးအတွင်းအထိ ခံစစ်ပိတ်ပြီးကစားကြမှာမလို့ပါ။ နောက်ပြီး သူတို့က ပြင်းထံတဲ့လုယက်မှုတွေလည်းလုပ်တတ်ကြတယ်။ ရှုံးထွက်အဆင့်ဖြစ်တဲ့အတွက် ရှိတာအကုန်ချလုပ်သွားလိမ့်မယ်။

FA ဖလားတတိယအကျော့ ပြန်လည်ကစားသည့် Wolverhampton Wanderers သည် နံနက် ၂ နာရီ ၄၅ မိနစ်တွင် အိမ်ကွင်း၌ Molineux ကို အိမ်ကွင်း၌ လက်ခံကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိသူသည် ဘရိုက်တန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ FA ဖလားကို FA ဖလား ထပ်မံကစားခဲ့ရသည့် နောက်ဆုံးအကြိမ်သည် 2020 တွင် Shrewsbury ထွက်ခွာသွားချိန်ဖြစ်သည်။ ခရစ်ချ်လေသည် ကလပ်၏ အသက်အငယ်ဆုံး XI စတင်စဉ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ၁-၀ ဖြင့် အနိုင်ရခဲ့သည်။a အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က တော်တော်ပဲပိုညံ့ခဲ့ပါတယ်။ ဘယ်လောက်ညံ့လည်းဆိုရင် အချင်းချင်းတွေ့ဖူးတဲ့ ၁၀ ပွဲတုန်းက ဝုဗ်မှာ လီဗာပူးလ်ကို တစ်ပွဲမှအနိုင်မရခဲ့ဖူးပါဘူး။ အကောင်းဆုံးလုပ်နိုင်တယ်ဆိုလို့ ပြီးခဲ့တဲ့ FA ဖလားတုန်းက ၂-၂ သရေကျသွားတာပဲရှိပါတယ်။ ဒီပွဲ သူတို့ အိမ်ကွင်းနဲ့ ရှုံးထွက်အဆင့်ကိုပြိုင်ကစားရမှာဆိုတော့ နောက်တစ်ဆင့်ဆန်ကာတင်ဖို့အရေး အပီကစားခဲ့ကြလိမ့်မယ်။ ဒီနေ့ နှစ်သင်းစလုံးရဲ့အခြေနေကတော့ လီဗာပူးလ်ဘက်က ဗန်ဒိုက်၊ ဂျိုတာ ပြီးတော့ Diaz တို့ ဒဏ်ရာရထားတဲ့အတွက် မပါနိုင်သေးပါဘူး။ ဝုဗ်ဘက်ကကျတော့ Chiquinho ပဲ မရှိဘူး။ ဒါပေမယ့်လည်း လီဗာပူးလ်ဘက်က အဲ့ဒီ ၃ ယောက်မရှိပေမယ့် ကျန်တဲ့ကစားသမားတွေနဲ့တင် ဝုဗ်တို့ထက်သာနေပါပြီ။ ဒီပွဲ လီဗာပူးလ်ဘက်က တိုက်စစ်တွေရှယ်ဆင်ခဲ့ကြလိမ့်မယ်။ ဝုဗ်တို့ကျတော့ အတွင်းအထိ ခံစစ်ပိတ်ကစားခဲ့ကြလိမ့်မယ်။ လီဗာပူးလ်ရဲ့ အမှားကိုစောင့်ပြီး ပြန်ကျွေးလိမ့်မယ်။ လီဗာပူးလ်တို့က ပွဲတိုင်းပဲ မှားတတ်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ လီဗာပူးလ်တို့ ဂိုးကျွေးခံထိဖို့ရှိပါတယ်။ မိနစ် ၉၀ အတွင်း သရေရုံပဲပြီးသွားလောက်ပါတယ်။

11 Players

Wolves (4-2-3-1) – Sa – Bueno – Kilman – Collins – Semedo – Neves – Matheus – Moutinho – Troare – Podence – Cunha

Liverpool (4-2-3-1) – Allison – Robertson – Trent Arnolds – Konate – Matip – Fabinho – Henderson – Elliot – Salah – Gakpo – Nunez

Missing Players

Wolverhampton Wanderers – Chiquinho (Cruciate Ligament Injury), Sasa Kalajdzic(Cruciate Ligament Rupture)

Liverpool FC – Virgil van Dijk (Hamstring Injury), Diogo Jota (Calf Injury), Luis Díaz (Knee Injury)

Facebook