ibet877 slot

ချယ်လ်ဆီး Vs ရီးရဲလ်မက်ဒရစ် [18 Apr 23 - 01:30 hrs]

ibet877 slot ချယ်လ်ဆီးအသင်း ရီးရဲလ်နဲ့ ပထမကျော့တုန်းက နဲ့ အရင်ရှုံးထားပါတယ်။ အဲ့ပွဲ ကစားစနစ်ကပဲ ရှုံးတယ်။ ကစားသမားအရည်အချင်းကိုယှဉ်ကြည့်ရင်တော့ မနိုင်မရှုံးလေးပဲ ဖြစ်ပါတယ်။ အဲ့ပွဲ Ben Chilwell အနီကဒ်ရမသွားခင် ကစားပုံကစားနည်း တော်တော်အဆင်ပြေပါတယ်။ ပြီးတော့ ပထမပိုင်းတုန်းက ဂိုးသွင်းခွင့်တွေလည်း အတိအကျကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ၁၀ ယောက်ထဲ ကျန်ခဲ့တဲ့အချိန်တုန်းကလည်း Mason Mount မှာ ဂိုးသွင်းခွင့်တွေ ရခဲ့ပြီး ဂိုးတောင် ရခါနီးဖြစ်သွားသေးတယ်။ အဲ့ပွဲ တစ်လုံးလောက်သွင်းနိုင်ရင်တော့ ဒီပွဲ ဖိအားတွေ အရမ်းများမနေလောက်ပါဘူး။ အခုကျတော့ ရီးရဲလ်ဘက်က လုံးတောင် ကျောထားတဲ့အတွက် ရီးရဲလ်တို့ အေးအေးဆေးဆေးပဲဖြစ်လိမ့်မယ်။ ချယ်လ်ဆီးရဲ့ ၁၁ ယောက်ကစားသမားအဖွဲ့အစုထဲ ပြောင်းလဲမှုရှိလိမ့်မယ်။ စတာလင်က Ben Chilwell နေရာအစား စည်းဘေးနေရာ ဝင်ထိန်းပြီး Felix နဲ့အတူ အရှေ့တန်းနေရာ Havertz ဆင်းကစားခဲ့ရလိမ့်မယ်။ ဒါပေမယ့်လည်း ဂိုးသွင်းဖို့နေရာ Havertz တစ်ယောက်ထဲပဲ ဖြစ်ချင်ဖြစ်လိမ့်မယ်။ ကျန်တဲ့ကစားသမားတွေအားလုံး အရင်အတိုင်းပဲဖြစ်လောက်တယ်။ Kante Fernandez Kovacic နဲ့ James တို့က ပုံမှန်ဆင်းကစားရလောက်ပါတယ်။ ခံစစ်ပိုင်းနေရာလည်း အရင်အတိုင်းပဲ အသုံးပြုသွားမယ်ထင်တယ်။ Koulibaly Fofana နဲ့ Silva တို့က တော်တော်အဆင်ပြေပါတယ်။ ဒီပွဲ အိမ်ကွင်းနဲ့ ဘာနစ်နာမှုမှမရှိပဲ ကစားရမှာဖြစ်တဲ့အတွက် တတ်နိုင်သလောက် အသက်ကုန်ကြိုးစားခဲ့ကြလိမ့်မယ်။ ကစားသမားရဲ့ ပင်ပန်းနွမ်းနယ်မှုချင်းယှဉ်ကြည့်ရင် ရီးရဲလ်ကို ကြောက်စရာမရှိပါဘူး။ အဓိက ရီးရဲလ်တို့မှာ အတွေ့ကြုံများတာတစ်ခုတော့ရှိတယ်။ ဒီပွဲ ချယ်လ်ဆီးတို့ ခြေစွမ်းပြနိုင်ရင်တော့ အရှုံးရသွားမယ်မထင်ပါဘူး။

 

ရီးရဲလ်မက်ဒရစ်တို့ကျတော့ ချန်ပီယံလိဂ်တိုက်ပွဲထဲမှာ စွမ်းဆောင်ရည်တော်တော်ကောင်းနေပါတယ်။ လိဂ်ထဲမှာ ချန်ပီယံဖြစ်ဖို့မရှိတော့ပေမယ့် ဒီဖလားပွဲကိုပိုင်ဆိုင်ဖို့အခွင့်ရေးတော့ အများကြီးပဲ ရှိနေပါတယ်။ သူတို့က တကယ့် ဥရောပချန်ပီယံကြီးဖြစ်မှန်း ပြသနေပါတယ်။ သူတို့ရဲ့ကစားပုံကစားနည်းက အခြားအသင်းတွေထက်လည်း ကောင်းတယ်။ အသင်းနည်းပြရဲ့အတွေ့ကြုံကလည်း အရမ်းကောင်းတယ်။ possession ဘောဟာ သူတို့ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ ခံစစ်ပိုင်းကနေ ခံစစ်ပိတ်ကစားတဲ့နေရာကလည်း တောင့်တင်းမှုရှိတယ်။ ပြီးတော့ သူတို့ရဲ့ဂိုးသမားကလည်း တော်တော်မာတယ်။ ရီးရဲလ်ရဲ့ အားကိုးရာကို ကြည့်မယ်ဆိုရင် ကျွန်တော့်အမြင်ကတော့ ယောက်ရှိပါတယ်။ Courtois Kroos နဲ့ Modric တို့ပဲ ဖြစ်ပါတယ်။ ကောင်းသော ဂိုးသမားရှိပြီး ထိရောက်သောတိုက်စစ်မှူးတွေ ပါဝင်နေပါတယ်။ ခံစစ်ပိတ်ကနေ တိုက်စစ်ဆင်တဲ့ ပြောင်းလဲကစားခြင်းကလည်း သွက်လက်မှုရှိတယ်။ ဂိုးအပို့အယူလည်း တိကျမှုရှိတယ်။ ပထမတစ်ဂိုး သွင်းနိုင်တုန်းကဆိုရင်လည်း အတွင်းကနေ ဘောလုံးပို့ထုတ်ပြီး ရလာခဲ့တယ်။ အဲ့ပွဲ ချယ်လ်ဆီးဘက်က အခွင့်ရေးရရှိပေမယ့် သူတို့ရဲ့ကွင်းလယ်ပိုင်းက ရီးရဲလ်ရဲ့ တိုက်စစ်မှူးနှစ်ယောက်ကိုတော့ မထိန်းနိုင်ခဲ့ပါဘူး။ Kroos နဲ့ Modric တို့က ဘောလုံးကို ကျွမ်းကျင်စွာကစားနိုင်ပြီး ဘောလုံးထိုးပေးချက်ကလည်း သူငယ်ချင်းတွေကို လွယ်ကူအောင် ကစားနိုင်စေပါတယ်။ ဒီပွဲ ရီးရဲလ်ဆီက ပါဝါလိုချင်တယ်ဆိုရင် Camavinga နဲ့ Tchouameni တို့ကို တွဲပြီးဆင်းခိုင်းရမယ်။ Modric နဲ့ပါ ကူထိန်းခိုင်းရင် ပိုကောင်းပါတယ်။ ရီးရဲလ်ရဲ့ သွက်လက်သောတိုက်စစ်မှူးနှစ်ယောက် Valverde နဲ့ Vinicius တို့က အဆင်သင့်ပဲဖြစ်နေကြပါတယ်။ Benzema ကြီးကလည်း အခုတလော ဂိုးသွင်းပေးနိုင်နေတယ်။ အစစအရာရာ ရီးရဲလ်ဘက်ကပိုသာပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးတို့မှာ ဘာမှမကျန်တော့တဲ့အတွက် ဒီအစီစဉ်ထဲကိုပဲ အသက်ကုန် ရုန်းကန်ခဲ့ကြလိမ့်မယ်။ သရေကျရုံနဲ့ပြီးဖို့ တော်တော်များပါတယ်။

 

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အနိုင်အရှုံး အလှည့်ကျရရှိတတ်ပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းကစတွက်ရင် တစ်ယောက် ပွဲစီ နိုင်သွားပါတယ်။ ဒီ ၂၀၂၃ ခုနှစ်ထဲက ပထမကျော့တုန်းကကျတော့ ရီးရဲလ်တို့ပဲ အရင်နိုင်သွားပါတယ်။ ဒါပေမယ့် ဒီပွဲ ချယ်လ်ဆီးဘက်က အပီကစားလိမ့်မယ်။ ချယ်လ်ဆီးတို့ ဂိုးသွင်းအားတွေ ရှိပါသေးတယ်။ ရီးရဲလ်ရဲ့ဂိုးသမား Courtois ကြီးက တော်တော်မာလို့ပါနော်။ အရင်တစ်ပွဲတုန်းက ချယ်လ်ဆီးရဲ့ တိုက်စစ်ပိုင်းဟာ ကောင်းကောင်းလေး လှုပ်ရှားနိုင်ပါတယ်။ အဲ့ပွဲ အိမ်ရှင်ဖြစ်တဲ့ ရီးရဲလ်တို့ထက်တောင် ပိုအဆင်ပြေတယ်။ ဒါပေမယ့် ရီးရဲလ်ရဲ့ နောက်ဆုံးဧရိယာက ပြတ်သားမှုပိုရှိလို့ အနိုင်ရလာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ကွင်းလယ်မှာရှိတဲ့ အဖိုးအိုနှစ်ယောက်ဆိုရင် တော်တော်ကောင်းကြတယ်။ ကစားပွဲကို ကောင်းကောင်းလေး ထိန်းချုပ်နိုင်တယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ အဆင်သင့်ပိုင်းကတော့ ပြသာနာမရှိပါဘူး။ ချယ်လ်ဆီးဘက်က Ben Chilwell လောက်ပဲ အနီကဒ်ထိထားပါတယ်။ ကျန်တဲ့ကစားသမားအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ရီးရဲလ်တို့မှာလည်း ဘာပြသာနာမှမရှိပါဘူး။ နှစ်သင်စလုံးရဲ့ အားကိုရကတော့ ချယ်လ်ဆီးမှာ Felix ပဲလို့ ထင်မြင်ထားပြီး Havertz နဲ့ တွဲကစားခဲ့ရလိမ့်မယ်။ ရီးရဲလ်တို့ကျတော့ Team work တော်တော်ဖြစ်ကြပါတယ်။ တစ်ယောက်ထဲပဲရုန်းပေးနေတာမျိုးမဟုတ်ပါဘူး။ ကွင်းလယ်ပိုင်းစနစ်က တောင့်တင်းမှုရှိတယ်။ တိုက်စစ်မှူးတွေက အခွင့်ရေးကို အလကားမဖြုန်းတတ်ဘူး။ ခံစစ်မှူးတွေကလည်း အဆင်ပြေတယ်။ ဒီပွဲ အပေါ်ယံလေးပဲကြည့်ပြီးပြောရင် ရီးရဲလ်ဘက်က ပိုသာပါတယ်။ ဒါပေမယ့် သေသေချာချာကြည့်လိုက်တဲ့အခါမှာ ချယ်လ်ဆီးဘက်ကလည်း ကြောက်စရာကောင်းပါတယ်။ ပြီးတော့ သူတို့က ဘာမှမကျန်တော့တဲ့အတွက် ရှယ်ကစားလိမ့်မယ်။ ဒါပေမယ့်လည်း ဒီပွဲကတော့ သရေကျရုံလေးပဲ ပြီးသွားလောက်ပါတယ်။

11 Players

Chelsea (352)Kepa KoulibalyFofana Silva Kanta Fernandez Kovacic Sterling James Felix Havertz

Real Madrid (433) – Courtois Alaba Camavinga Militao Carvajal Tchouameni Kroos Modric Valverde Vinicius Benzema

 Missing Players

Chelsea FC PierreEmerick Aubameyang (No eligibility), Noni Madueke (No eligibility), Benoît Badiashile (No eligibility), David Datro Fofana (No eligibility), Armando Broja (Cruciate Ligament Rupture)

Real Madrid Ferland Mendy (Muscle Injury)

Facebook

အီတလီစီးရဲအေမှအဆင့် ၁ နာပိုလီအသင်း အခုလက်ရှိ လိဂ်ထဲက အဆင့် ၂ ဖြစ်တဲ့အသင်းထက် ၁၄ မှတ် ပိုသာနေပါတယ်။ ဒီရာသီ ကစားဖို့ ၈ ပွဲထဲပဲကျန်တဲ့အတွက် ချန်ပီယံဖြစ်ဖို့ တော်တော်များနေပါတယ်။ နာပိုလီနည်းပြက ဒီပွဲ Osimhen ပြန်လာပြီလို့ ပြောကြားပါတယ်။ သူက ဂိုး ၂၁ လုံး သွင်းထားနိုင်ပြီး သူမရှိတုန်းက အသင်းရဲ့စွမ်းဆောင်ရည် ကျဆင်းသွားတာ မြင်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံး ၈ သင်းအဆင့် ပထမကျော့တုန်းကလည်း အေစီကို ၁-၀ နဲ့ အရင်ရှုံးလာပါတယ်။ အဲ့ပွဲ ရှုံးသွားတဲ့အကြောင်းရင်းက Osimhen မပါခဲ့လို့ပါ။ နာပိုလီအသင်း လောလောဆယ် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် အိမ်ကွင်းနဲ့ Verona နဲ့ ၀-၀ သရေကျလာပါတယ်။ အေစီနဲ့ ပထမကျော့တုန်းကလည်း ရှုံးလာသေးတယ်။ အဲ့ဒီတော့ ဒီပွဲ ယုံကြည်မှုပြန်ခေါ်ဖို့ အသက်ကုန်ကြိုးစားခဲ့ကြလိမ့်မယ်။ နောက်ပြီး အဲ့ဒီ ပထမကျော့တုန်းက ရှုံးသွားတဲ့အပြင် Frank Anguissa ဆိုတဲ့ ကွင်းလယ်ကစားသမားကိုလည်း ဆုံးရှုံးသွားပါတယ်။ သူ့မှာ အဝါကဒ်ကနေ အနီကဒ်ပြခံရလို့ ဘန်းခံထိသွားပါတယ်။ အဲ့တော့ သူ့နေရာ Tanguy Ndombele နဲ့ အစားထိုးထားလောက်တယ်။ ပြီးရင် Hirving Lozano နဲ့ Kwicha Kvartskeleich တို့က သူ့ရဲ့အကူ လုပ်ပေးသွားလိမ့်မယ်။

ibet877 slot စီးရီးအေအဆင့် ၄ ဖြစ်တဲ့ အေစီတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ဘိုလော့ဂ်နာနဲ့ ၁-၁ သရေကျလာပါတယ်။ အဲ့ပွဲ သရေကျသွားတဲ့အတွက် သူတို့ လိဂ်ထဲမှာ ၂ ပွဲဆက်တိုက် သရေကျထားပြီဖြစ်ပါတယ်။ အေစီတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ အရမ်းကောင်းတဲ့ထဲမရှိပါဘူး။ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် အနိုင်တစ်ပွဲလေးပဲလုပ်နိုင်တယ်။ ဒါပေမယ့်လည်း ဒီအစီစဉ်ထဲက ပထမကျော့မှာ ဂိုး ၁ လုံးအရင်ကျောနိုင်တဲ့အတွက် နည်းနည်းတော့စိတ်အေးရပါတယ်။ ဒီပွဲ သူတို့မှာ Zlatan Ibrahimović လောက်ပဲမရှိသေးပါဘူး။ သူက အခုထိ ဒဏ်ရာတွေနဲ့ လုံးထွေးနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဆင်းကစားခိုင်းတဲ့ ကစားသမား ၁၀ ယောက်လောက်တော့ ပြောင်းလဲလိမ့်မယ်။ အဓိက ကျတဲ့ကစားသမားကတော့ Leao၊ Diaz ပြီးတော့ ဂိုးဖန်တီးရှင်ဖြစ်တဲ့ Giroud တို့ပဲ ဖြစ်ပါတယ်။

ဒီပွဲ ယူဖာချန်ပီယံလိဂ် နောက်ဆုံး ၈ သင်း ဒုတိယအကျော့တိုက်ပွဲ ဖြစ်ပါတယ်။ ပထမကျော့တုန်းက အေစီတို့ ၁-၀ နဲ့ နာပိုလီကို အရင်နိုင်ထားပါတယ်။ ဒီပွဲ နာပိုလီရဲ့အိမ်ကွင်း ပြန်ဖြစ်သွားပြီး အေစီကို လက်ခံကြိုဆိုရမှာဖြစ်ပါတယ်။ ဒီနှစ်သင်းက အချင်းချင်းရဲ့ အရည်အချင်းကို သိကျွမ်းပြီးသားဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ နှစ်သင်းစလုံးက အီတလီမှအသင်းတွေ ဖြစ်နေတာချင်းတူနေလို့ပါ။ နာပိုလီတို့က အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေပါတယ်။ ဒါပေမယ့် ဒီပွဲ အိမ်ကွင်းနဲ့ကစားရမှာဖြစ်ပြီး ဂိုး ၁ လုံးလေးပဲ နစ်နာနေတဲ့အတွက် အခွင့်ရေးရှိပါသေးပါတယ်။ အေစီတို့ကျတော့ အခုနောက်ပိုင်း အခြေနေကောင်းနေပါတယ်။ ဒါပေမယ့် ဒီပွဲ နာပိုလီတို့မှာ လက်နက်အစုံ ပြန်ရှိသွားပါပြီ။ အသင်းထဲက နံပါတ် ၁ ဂိုးဖန်တီးရှင်ကို ပြန်ရလာပါပြီ။ အိမ်ကွင်းနဲ့ အေစီကိုပြန်ဆော်ဖို့ ပြင်ဆင်ထားလောက်ပါတယ်။ အေစီတို့မှာ သရေကျရုံနဲ့ အဆင်ပြေပြီဖြစ်တဲ့အတွက် စိတ်ဖိအားသိပ်မရှိပါဘူး။ နာပိုလီတို့ကျတော့ ရွေးချယ်စရာမရှိပဲ တည့်တည့်ကြီးဝင်လုံးလိမ့်မယ်။ နာပိုလီတို့မှာ အရည်အချင်းပြည့်ဝနေတဲ့ကစားသမားရှိနေပေမယ့် အေစီရဲ့ခံစစ်ပိုင်းကို ထိုးဖောက်ဖို့ကျတော့ မလွယ်ပါဘူး။ အမှားပါလုပ်မိရင် သူတို့ပဲပြန်ခံခဲ့ရလိမ့်မယ်။ လိဂ်ထဲမှာ အချင်းချင်းတွေ့ဖူးပြီး နာပိုလီဘက်က အေစီရဲ့အစွမ်းကို မိဖူးပြီးပြီ။ ဒါပေမယ့်လည်း ဒီပွဲကတော့ နာပိုလီရဲ့ တက်ကြွနေတဲ့ခြေစွမ်းကို မြင်ခဲ့ရလိမ့်မယ်။ နာပိုလီတို့ပဲ နောက်တစ်ဆင့် ဆန်ကာတင်သွားလောက်ပါတယ်။

11 Players

Napoli (4-3-3) : Meret; Di Lorenzo, Rrahmani, Jesus, Rui; Ndombele, Lobotka, Zielinski; Lozano, Osimhen, Kvaratskhelia

AC Millan (4-2-3-1) : Maignan; Calabria, Kjaer, Tomori, Hernandez; Krunic, Tonali; Diaz, Bennacer, Leao; Giroud

Missing Players

Napoli : Frank Anguissa (Indirect card suspension), Min-jae Kim (Yellow card suspension), Giovanni Simeone (Biceps femoris muscle injury), Gianluca Gaetano (Flu), G.Simeone (Muscle Injury)

AC Millan : Zlatan Ibrahimović (Muscular problems)

Facebook