ibet789

ချယ်လ်ဆီး Vs အေစီ [ 5 Oct 22 - 01:30 hrs]

ibet789 ချယ်လ်ဆီးအသင်း နည်းပြအသစ်နဲ့ ပွဲဦးတုန်းကအခြေနေတော်တော်ကောင်းခဲ့ပါတယ်။ အဲ့ပွဲ ခရစ်စတယ်ပဲလေစ့်နဲ့တွေ့ပြီး အနိုင်ရလာတယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားပုံကစားနည်းကတော့ ဖြစ်သင့်သလောက် မဖြစ်သေးပါဘူး။ မှားယွင်းမှုတွေ မြင်နေရတုန်းပါ။ ပြီးတော့အဲ့ပွဲ ဒိုင်လူကြီးက သဘောကောင်းတာလည်းပါတယ်။ ချယ်လ်ဆီးရဲ့ အဓိကပြသာနာဟာ ဂိုးသွင်းပိုင်းပဲဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေစ့်နဲ့ပွဲတုန်းက ဂိုး ၂ လုံးထက် ပိုသွင်းနိုင်သင့်တယ်။ ခံစစ်ပိုင်းလည်း ပြုပြင်စရာလိုသေးတယ်။ ချယ်လ်ဆီးအသင်းရဲ့ အခုလက်ရှိ Line up အသီးသီးက တစ်ယောက်ပေါ်တစ်ယောက် အစားထိုးဝင်ထိန်းပေးနိုင်တယ်။ အတွေ့ကြုံရှိတဲ့ကစားသမားရှိသလို အခုမှတက်လာတဲ့ကစားသမား တွေလည်းရှိတယ်။ အဲ့တာ ပေါ်တာနဲ့တော်တော်လိုက်ဖက်ပါတယ်။ ပေါ်တာရဲ့အားသာချက်က နေရာအလွတ်ပြေးရှာတတ်ပြီး တိုက်စစ်ပိုင်းကို ထိရောက်အောင် တော်တော်စီစဉ်နိုင်တယ်။ သူ့ရဲ့ဒီနည်းစနစ်နဲ့ဆိုရင် ထိပ်ပိုင်းမှာပဲ ပြီးဖို့ရှိပါတယ်။ ဒါပေမယ့်လည်း အချိန်တော့ လိုနေဦးမှာပဲ။ သူကချယ်လ်ဆီးအတွက် အသစ်ဖြစ်နေတော့ ကစားသမားအသီးသီးက သူ့နည်းဗျူဟာနဲ့ နေသားကျဖို့ အချိန်လိုကြမှာပဲ။ ပြီးတော့ အခုမှအသစ်ရောက်လာတဲ့ကစားသမားတွေက သူကိုယ်တိုင်ရွေးခဲ့တာလည်းမဟုတ်ဘူး။ ပဲလေစ့်နဲ့တွေ့တုန်းကတောင် မနည်းရုန်းခဲ့ပြီးမှအနိုင်ရလာတာဆိုတော့ ဒီပွဲ အေစီနဲ့ဆိုရင် အနိုင်ရဖို့မရှိလောက်သေးပါဘူး။

အေစီတို့ကျတော့ အခုလက်ရှိ Form တွေ တော်တော်ကောင်းနေကြပါတယ်။ အခုမှ Frank Cassie ကိုဆုံးရှုံးသွားပေမယ့် အသင်းကိုတော့ ဘာမှထိခိုက်မသွားပါဘူး။ အသစ်ရောက်လာတဲ့ Charles De Ketelaere ဆိုတဲ့တိုက်စစ်မှူးကိုပဲ တော်တော်သဘောကျနေပါတယ်။ သူက ခြေစွမ်းကောင်းတဲ့ထဲရှိလောက်တယ်။ ဒီရာသီအတွင်း ၈ ပွဲဆင်းကစားပြီး Assist ၁ ခါ လုပ်ထားနိုင်တယ်။ သူ့အရပ်က ၁၉၂ စင်တီမီတာရှိနေတော့ အေစီရဲ့မြောက်ဘောနေရာမှာ အရမ်းအသုံးဝင်တယ်။ အဲ့တော့ အေစီတို့ရဲ့ Set Piece ဘောက တော်တော်လေးကြောက်စရာကောင်းလိမ့်မယ်။ အေစီတို့မှာ ဘောလုံးနားဖို့ Giroud ရှိပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ Rafael Leao ပါရှိနေတော့ ချယ်လ်ဆီးတို့ကို တော်တော်တိုက်ပတ်အောင်လုပ်နိုင် ခဲ့ကြလိမ့်မယ်။ Rafael Leao ဒီရာသီအတွင်း ၇ ပွဲကစားခဲ့ပြီး ဂိုး ၄ လုံးနဲ့ Assist ၄ ခါ လုပ်ထားနိုင်ပါတယ်။ အဲ့တော့ ဒီညပွဲ အရှုံးလေးနဲ့ ပြန်မသွားရလောက်ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ တော်တော်ကြာပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ၂၀၁၆ ခုနှစ်အတွင်းမှ GICC ပွဲစဉ်ဖြစ်တယ်။ အစစအရာရာက ပြောင်းလဲကုန်ပြီ။ UCL တိုက်ပွဲကိုကြည့်ချင်ရင်တော့ ၁၉၉၉ ခုနှစ်အထိပြန်ကြည့်မှရမယ်။ အဲ့တော့ ဘာမှယူတွက်မနေနဲ့တော့။ နှစ်သင်းစလုံးရဲ့အစစအရာရာက လုံးဝပြောင်းလဲသွားပါပြီ။ အိမ်ရှင်အသင်း ဒီရာသီထဲမှာ ကစားသမားအသစ်တွေ‌ တော်တော်များများဝယ်ယူထားတယ်။ ဒါပေမယ့် အသင်းရဲ့ Form အဆင်မပြေသေးပါဘူး။ အေစီတို့ကျတော့ အလင်းဝင်သွားကတည်းက လိဂ်ထဲကအခြေနေတွေ တော်တော်အဆင်ပြေနေကြတယ်။ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံရလာတယ်။ အခုလက်ရှိ လိဂ်ထဲက နံပါတ် ၃ မှာ ရောက်ရှိနေတယ်။ နံပါတ် ၁ ထက် အမှတ် ၃ မှတ်ထဲပဲ နည်းနေတယ်။ ဒီပွဲ တော်တော်ကြည့်ကောင်းမယ့်ပွဲစဉ်ဖြစ်လိမ့်မယ်။ အိမ်ရှင်ဘက်က တိုက်စစ်တွေရှယ်ဆင်ပြီး အေစီဘက်က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ်။ အေစီအသင်းက Set Piece ဘော အားကောင်းတယ်။ ချယ်လ်ဆီးဘက်က အစစအရာရာပိုသာပြီး အကျောပိုရထားပေမယ့် အေစီအပေါ်ကိုတော့ အနိုင်မရလောက်သေးပါဘူး။

11 Players

Chelsea (4-4-2) – Kepa – Fofana – James – Chilwell – Koulibaly – Mount – Havertz – Jorginho – Kovacic – Sterlings – Aubameyong

AC Milan (4-2-3-1) – Tatarusanu – Ballo – Tomori – Kjaer – Calabria – Bennacer – Tonali – De Ketelaere – Saelaemakers – Leao – Giroud 

Missing Players

Chelsea FC – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်သည်။

AC Milan – Theo Hernández (Tear in the abductor muscle), Divock Origi(Inflammation), Mike Maignan (Calf Injury), Zlatan Ibrahimović(Knee Surgery), Alessandro Florenzi (Hamstring Injury)

မန်စီးတီးအသင်း အရင်အတိုင်းပဲ ရှယ်ကောင်းနေတုန်းဖြစ်ပါတယ်။ ဒီရာသီမှာ မှားပြီးသရေ ၂ ပွဲရသွားပေမယ့် သူတို့အတွက် ကိစ္စမရှိပါဘူး။ လီဗာပူးလ်ဆိုတဲ့ပြိုင်ဘက်အသင်းကလည်း နေရင်းထိုင်ရင်း အလိုလိုညံ့နေရော။ ဒီတိုင်းနဲ့ပဲ သူတို့ကိုဖလားတန်းပေးလို့တောင်ရတယ်။ လိဂ်ရဲ့နံပါတ် ၁ မှာ အာဆင်နယ်ရှိနေပေမယ့် မကြာတော့ပါဘူး။ မန်စီးတီးတက်ကျော်သွားမှာပဲ။ အဲ့တာ အများကြီးတွေးစရာမလိုပဲ ပြောနိုင်တယ်ဗျ။ အဲ့ဒီတော့ ဒီလို UCL ပွဲစဉ်ကို မန်စီးတီးရဲ့ဖန်တွေက တော်တော်အားစိုက်စေချင်တယ်။ ဒီနှစ် ဒီအစီစဉ်ထဲမှာလည်း အခြေနေတော်တော်ကောင်းပါတယ်။ ၂ ပွဲကစားပြီး အမှတ် ၆ မှတ် သိမ်းသွားနိုင်တယ်။ ဒီဂရုတိုက်ပွဲထဲမှာ သူတို့ အမှတ် ၁၈ မှတ်အပြည့်နဲ့ပဲ ပြီးသွားမယ်လို့ ထင်မြင်ထားပါတယ်။ မန်စီးတီးရဲ့ကစားသမားပိုင်းက ပြသာနာမရှိပါဘူး။ ဒဏ်ရာရထားတဲ့အဓိက ကစားသမားတွေမရှိဘူး။ ဒဏ်ရာရထားတဲ့အချို့ကစားသမားတွေက အရံနဲ့ဆင်းခိုင်းလို့ရတယ်။ မန်စီးတီးဆိုတဲ့အခြေခံမျိုးနဲ့ဆိုတော့ ဘယ်ကစားသမားမဆို တစ်နေရာနဲ့တစ်နေရာကို အစားထိုးဆင်းပေးနိုင်ကြမှာပဲ။ နည်းပြရဲ့အစီစဉ်က အသင်းသေးအထိတောင် အသက်ဝင်သွားပါပြီ။ မန်စီးတီးအသင်းက ဒီထက်မက အောင်မြင်နိုင်ပါသေးတယ်။

FC Copenhagen တို့ကျတော့ ဒီရာသီရဲ့စတင်ခြင်းဟာ စိတ်ပျက်စရာကောင်းပါတယ်။ ဒီရာသီ ၁၀ ပွဲကစားပြီး အမှတ် ၁၂ မှတ်ထဲပဲသိမ်းထားနိုင်တယ်။ အမှတ်ဇယားထဲက အောက်ပိုင်းအဆင့်ဆီ ကျသွားတယ်။ အရင်နှစ်ကမှ လိဂ်ရဲ့ချန်ပီယံဖြစ်ပြီး အခုအခြေနေက ဘာလို့ဆိုးနေတာလဲတော့မသိပါဘူး။ အတန်းမဆင်းဖို့အရေး ရုန်းကန်နေရရော ။ အသင်းထဲက အဓိက ကစားသမားတွေ အပြည့်အစုံပဲရှိနေတယ်။ ပြီးတော့ Andreas Cornelius ဆိုတဲ့ ဂိုးသွင်းကစားသမားကိုပါ ပိုင်ဆိုင်ထားပြီးပြီ။ သူဟာ ၈ လပိုင်းကတည်းက ဒီအသင်းကိုရောက်လာပြီး အခုထိ တစ်ပွဲထဲပဲဆင်းရသေးတယ်။ သူ့ရဲ့ဒဏ်ရာက သက်သာသွားပြီဆိုတာနဲ့ သူ့ခြေစွမ်းကို ကောင်းကောင်းမြင်ရလောက်ပြီ။ ဒါပေမယ့် ဒီ UCL ပွဲစဉ်ထဲမှာတော့ ရှေ့ဆက်လို့မရတော့ပါဘူး။ မန်စီးတီးနဲ့တွေ့ပြီး အသက်ရှင်နိုင်ဖို့အခွင့်ရေး လုံးဝမရှိတော့ပါ။ FC Copenhagen တို့က ဘယ်လောက်ထိကောင်းနိုင်မလဲဆိုတာ ကြည့်မနေတော့ပါဘူး။ မန်စီးတီးဘက်က ဂိုးဘယ်နှလုံးသွင်းယူမလဲပဲ ကြည့်ကြရမယ်။

အချင်းချင်းတွေ့ဖူးပြီး အတည်ဖြစ်တဲ့ပွဲစဉ်အတွက် ၂၀၀၉ ခုနှစ်အထိ ပြန်ကြည့်မှမြင်ရပါမယ်။ တော်တော်ကြာပြီဖြစ်တဲ့အတွက် ယူတွက်မနေတော့ပါဘူး။ အခုလက်ရှိအခြေနေက ပိုဆိုးနေတယ်။ မန်စီးတီးအသင်းဟာ ဒီခေတ်မှာ တော်တော်ကြီးကဲနေတော့ ဒိန်းမတ်နိုင်ငံမှအသင်းတွေ ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ လိဂ်အခြေခံအရည်သွေးတောင်ကွာဟပြီးသားပါ။ မန်စီးတီးက အာဆင်နယ်ကို နောက်ကနေဓါးနဲ့လိုက်ထိုးနေပြီ။ နှစ်သင်းစလုံးရဲ့ ကစားသမားအချင်းချင်းကလည်း ibet789 ခြေစွမ်းတော်တော်ကွာနေကြတယ်။ မန်စီးတီးဘက်က အရံကစားသမားနဲ့ကစားခဲ့ရင်တောင် ပိုကြည့်ကောင်းနေဦးမှာပဲ။ Copenhagen တို့က ဒီနှစ်မှပဲ ပိုးစိုးပက်စက်ထိုးဆင်းနေတာ။ အခု အမှတ်ဇယားထဲက အဆင့် ၉ တောင်ကျသွားပြီ။ အညံ့ဆုံး Zone ထဲတောင် ကျရောက်နေပါပြီ။ အဲ့တော့ အရမ်းကြမ်းတဲ့လိဂ်ဆီက နံပါတ် ၂ အသင်း Vs နွားနို့မြို့တော်မှ နံပါတ် ၉ အသင်းဆိုတော့ ဘယ်အသင်းနဲ့ လက်တွဲရမလဲဆိုတာ မေးစရာကိုမလိုဘူးဗျ။ ဒီပွဲ မန်စီးတီးဘက်က အကျော ၂.၂၅ ပေးထားပါတယ်။ ကိစ္စမရှိပါဘူး။ ပထမ ၁၀ မိနစ်ထဲနဲ့ ဂိုး သုံးလေးလုံးတောင် သွင်းပြီးလောက်ပြီ။ အဲ့တော့ မန်စီးတီးမှ မန်စီးတီးပဲ။

11 Players

Man City (4-3-3) – Ederson – Stones – Dias – Cancelo – Walker – Rodri – Silva – De Bruyne – Grealish – Alvarez – Haaland

FC Copenhagen(4-3-3) – Ryan – Kristiasen – Khocholava – Vavro – Diks – Zeca – Claesson – Stamenic – Johannessen – Daramy – Haraldsson

Missing Players

Manchester City – Aymeric Laporte (Knee Surgery)

FC Copenhagen – Akinkunmi Amoo (Ruptured knee ligament)