ibet789 sports

အာဆင်နယ် Vs အဲဗာတန် [11 Sep 22 - 07:30 PM]

အာဆင်နယ်အသင်း သေနတ်ကြီးက ပျက်ဆီးသွားပါပြီ မထူးဆန်းပါဘူး သူတို့က အခုမှ တကယ့်အသင်းနဲ့ တွေ့ရလို့ပါ မန်ယူနဲ့ပွဲတုန်းက ကျွန်တော်ပြောသလို မန်ယူရဲ့ တန်ပြန်တိုက်စစ်ခံရလိမ့်မယ်ဆိုတာ တကယ်လည်း ခံခဲ့ရပါတယ် အာကြီးတို့ရဲ့ ဘောလုံးစတိုင်လ်က မန်စီးတီးနဲ့တူတယ် အနောက်တန်းက အရှေ့နည်းနည်းတိုးထားတယ် အဲ့တာ တိုက်စစ်ဆင်မယ့် အသင်းရဲ့စတိုင်လ်ပါပဲ အဲ့တော့ ပထမဂိုးထိသွားတာနဲ့ ဒုတိယ တတိယဂိုးကလည်း အော်တိုထိသွားရော အာကြီးရဲ့တိုက်စစ်ပိုင်းကတော့ ကျွန်တော့်အမြင်နဲ့ဆိုရင် ကောင်းပါတယ် ဒါပေမယ့် မန်ယူရဲ့ ခံစစ်မှူးနဲ့ ဒီဂီယာတို့က အရမ်းမာနေလို့သာမဖောက်နိုင်တာ အာကြီးတို့ရဲ့ တိုက်စစ်ပိုင်းက နည်းနည်းမှားယွင်းမှုရှိပေမယ့် အသင်းကြီးအချင်းချင်း တွေ့ရလို့ဖြစ်တာပါ ibet789 sports ဥပမာ အဲဗာတန်နဲ့တွေ့ရရင်တော့ ဘာမှားယွင်းမှုမှ မြင်ရမှာမဟုတ်ဘူး ဒီပွဲ ဘယ်လိုပဲနေနေ အာကြီးဘက်က အမှတ် ၃ မှတ် ရသွားမှာပဲ

အဲဗာတန်တို့ကျတော့ ဒီချိုချဉ်လေးက အခုထိ အနိုင်တစ်ပွဲမှမရနိုင်သေးပါဘူး အခု သရေကျသွားတဲ့ပွဲက ၄ ပွဲမြောက်ရှိသွားပါပြီ ဒါ ပြိုင်ဘက်ကို ကိုယ်ချင်းစာပေးသလိုဖြစ်နေတယ် ဘယ်သူမှ မနစ်နာဘူးပေါ့ဗျာ ဒါပေမယ့် နောက်ဆုံးတစ်ပွဲတုန်းက အနံ့နည်းနည်းထွက်လာပြီ ကောင်းမယ့်အနံ့လေးပါ အဲ့ပွဲ လီဗာပူးလ်နဲ့တွေ့ပြီး လမ်းပတ်ရဲ့ကလေးတွေက လီဗာပူးလ်ရဲ့ ကွင်းလယ်ကို ရှယ်ကျွေးခဲ့တာ ဂိုးသွင်းဖို့အခွင့်ရေးအရေအတွက်က လီဗာပူးလ်နဲ့အတူတူလုပ်နိုင်တယ် အဲ့ပွဲ အဲဗာတန်ဘက်က တော်တော်ကြမ်းလို့ အနိုင်တောင်ရသွားခါနီးပဲ လီဗာပူးလ်ကို VAR ကယ်သွားလို့သာ မရှုံးပဲနေသွားတယ် အဲ့ပွဲ အဲဗာတန်တို့က ရာသီစတင်လာကတည်းက အကောင်းဆုံးပဲလို့တောင် သတ်မှတ်လို့ရတယ် ဖြစ်သင့်ပါတယ် ၂ သင်းစလုံးက တစ်မြို့ထဲရှိနေတဲ့အတွက် ဂုဏ်သရေပြိုင်ပွဲဖြစ်နေလို့ တော်တော်တင်းကြပ်ခဲ့ပါတယ် အဲ့တော့ ဒီပွဲ ဂုဏ်သရေပြိုင်ပွဲမဟုတ်ပဲ အာကြီးနဲ့တွေ့ရမှာဆိုတော့ ကြည့်ကြရသေးတာပေါ့ ကိုယ်ပိုင်အမြင်နဲ့ဆိုရင် အစတောင်ကျန်မှာမဟုတ်ဘူး အာကြီးရဲ့ ကွင်းလယ်ကစားသမားက လီဗာပူးလ်ထက် အရမ်းသာနေပြီး ကစားပွဲကို တကျော့ပြန်ပေးမယ့် ကစားသမားတွေလည်းရှိနေတယ် တိုက်စစ်ပိုင်းကလည်း တော်တော်ပြတ်သားမှုရှိကြတယ် အခုတလော အာကြီးက လီဗာပူးလ်ထက် ကြမ်းသွားပါပြီ လီဗာပူးလ်လို အခွင့်ရေးမျိုး ခန ခန ရရင်တော့ အဲဗာတန်တို့ ရှုံးဖို့သာပြင်ပေတော့

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အာဆင်နယ်ဘက်က အစစအရာရာပိုသာပါတယ် အခုလက်ရှိ Form ကြောင့် အကျော ၁.၂၅ တောင် ပေးထားရပါတယ် အာကြီးတို့ မန်ယူနဲ့တွေ့တဲ့ပွဲတုန်းက အရှုံးရလာပေမယ့် အခုအချိန်မှာ နံပါတ် ၁ မှာပဲ ရပ်နေတုန်းပါ အဲဗာတန်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြနိုင်ကြပါတယ် အရှုံးရသွားတော့မလို့ပါပဲ ဒါပေမယ့် Pickford က အရမ်းမာလို့ မရှုံးခဲ့ပါဘူး ဒီပွဲ ၂ သင်းစလုံးရဲ့ အစစအရာရာ ယှဉ်ကြည့်ရင် အာကြီးဘက်က ပိုသာပါတယ် အာကြီးတို့ရဲ့အိမ်ကွင်း ရောက်တဲ့အသင်းတိုင်း အေးအေးဆေးဆေး မဖြစ်ခဲ့ဖူးသေးပါဘူး အဲဗာတန်ဘက်က အမှတ်လေးနဲ့ ပြန်သွားမယ်ဆိုတာ မဖြစ်နိုင်တဲ့အလုပ်လေးပါဗျ အာကြီးတို့က အခုမှအရှုံးရလာပေမယ့် သူတို့ရဲ့တိုက်စစ်ပိုင်းကတော့ အန္တရာယ်ထိရောက်စွာပေးနိုင်တုန်းပါ ခံစစ်ပိုင်းဆိုရင်လည်း အဲဗာတန်အဆင့်နဲ့ ထိုးဖောက်နိုင်မယ်မထင်ဘူး အဲ့တော့ ဒီပွဲ အာကြီးကိုပဲ အားပေးကြပါမယ်

11 Players –

Arsenal (4-2-3-1) – Ramsdale – Tomiyasu – Gabriel – Saliba – White – Xhaka – Lokonga – Martinelli – Odegaard – Saka – Jesus

Everton (4-3-3) – Pickford – Mykolenko – Tarkowski – Coady – Pattersen – Onana – Iwobi – Davies – Gray – Gordon – Maupay

Missing Players –

Arsenal FC  – Oleksandr Zinchenko (Knee Problems), Reiss Nelson(Thigh Problems)

Everton FC – Dominic Calvert-Lewin (Knee Injury), Yerry Mina (Ankle Injury), Ben Godfrey (Fibula Fracture)

အိမ်ရှင်ဝက်စ်ဟမ်းအသင်း နောက်ဆုံး လန်ဒန်ဒါဘီပွဲတုန်းက အရှုံးရလာတယ် အဲ့ပွဲ သဘောကျစရာမကောင်းတဲ့ VAR ကြောင့် ဂိုးပြန်သိမ်းခံရတဲ့ပြသာနာ ဖြစ်ပေါ်ခဲ့တယ် အဲ့ပွဲတုန်းက ဝက်စ်ဟမ်းတို့ အရှုံးရသွားပေမယ့် သူတို့ရဲ့အခြေနေကတော့ တော်တော်ကောင်းတယ် ပြိုင်ဘက်ကို နားချိန်တောင်မပေးဘူး ဂိုးလွယ်လွယ်လေး သွင်းခံထိခဲ့လို့သာ နှမြောစရာကောင်းပါတယ် ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က ချယ်လ်ဆီးလောက်မကြမ်းပေမယ့် ဝက်စ်ဟမ်းတို့က နယူးကာဆယ်နဲ့တွေ့ရတိုင်း ခြေစွမ်းမပြနိုင်ဘူး ပြီးတော့ ကိုယ့်အိမ်ကွင်းနဲ့ ကစားခဲ့ရတာ အနိုင်ထက် အရှုံးပွဲ ပိုများနေတယ် ပြောမယ်ဆိုရင် ဝက်စ်ဟမ်းအတွက် ခက်ခဲလိမ့်မယ် ဒီရာသီ ဝက်စ်ဟမ်းရဲ့တိုက်စစ်မှူးတွေက ဂိုးသိပ်မသွင်းနိုင်ဘူးဖြစ်နေတယ် ဂိုးသွင်းပေးတတ်တဲ့ Bowen ကတောင် အခုထိ ဂိုးမသွင်းနိုင်သေးပါဘူး Antonio ဆိုတဲ့တစ်ယောက်ဆိုရင် အရင်ပွဲကမှ ဂိုးသွင်းနိုင်တယ် ဝက်စ်ဟမ်းတို့ရဲ့ တိုက်စစ်ပိုင်း ဒီရာသီမှာ တော်တော်စိတ်ပူစရာကောင်းပါတယ် ဒါပေမယ့် လက်ရှိ ဝက်စ်ဟမ်းတို့ကို အကြိုက်ဆုံးနေရာကတော့ ကွင်းလယ်ကစားသမားတွေပါပဲ တကယ်ကောင်းတယ် အခုမှ ရောက်လာတဲ့ Lucas Paqueta ကတောင် စကေးပြနိုင်နေတယ် သူသာ ဒီထက် နေသားကျအောင်လုပ်နိုင်ရင်တော့ ကွင်းလယ်ပိုင်းက တော်တော်တောင့်တင်းမှုရှိလာလောက်တယ် ကွင်းလယ်က ကောင်းနေတော့ တိုက်စစ်ပိုင်းကလည်း အလိုလို ကောင်းသွားလိမ့်မယ်

နယူးကာဆယ်တို့ကျတော့ အသင်းပိုင်ရှင်က တကယ့် ဘီလီယံနာကြီး ibet789 sports ဒါပေမယ့် ငွေကိုကျတော့ ကြည့်သုံးတတ်တယ်ဗျ ဒီရာသီမှာ ပေါင် ၁၃၄ သန်းထဲပဲ အသုံးပြုခဲ့ပါတယ် ကစားသမားရောင်းလိုက်တဲ့ ငွေကတော့ ပေါင် ၂ သန်းထဲပဲ အသစ်ဝယ်ယူထားတဲ့ကစားသမားတွေ တန်းကစားပေးနိုင်တယ် အသင်းထဲက အဓိကကစားသမားတွေ ဒဏ်ရာရထားတဲ့သူရှိနေပေမယ့် ဒဏ်ရာသက်သာပြီး ပြန်လာနိုင်တဲ့အချိန် ရောက်ရှိလာခဲ့ရင်တော့ တော်တော်ကြည့်ကောင်းလိမ့်မယ် ဒီပွဲ အသင်းထဲက စိတ်ဝင်စားစရာအကောင်းဆုံး ကစားသမားကတော့ Isak ပဲဖြစ်လိမ့်မယ် သူ့မှာ နာမည်ပြောင်နဲ့ New Ibrahimovic တောင်ရထားတယ် တကယ့်ပါရမီရှင်ပါဗျ သူ့မှာ နာမည်ကျော်ကြားလာတာ ကြာပြီ သူနေတဲ့အသင်းက မှားနေလို့သာ မကောင်းစားသေးတာ အဲ့တော့ အခု ပရီးမီးယားလိဂ်ဇာတ်ခုံထဲ ရောက်လာပြီဆိုတော့ နာမည်ပြန်ကျော်ကြားဖို့အချိန် ရောက်လာပြီထင်ပါတယ် ဒီပွဲ ပထမကစားသမားအနေနဲ့ ဆင်းကစားရမယ်ထင်တယ် အသင်းနည်းပြက ခရစ်စတယ်ပဲလေစ့်နဲ့ သရေကျသွားတုန်းကလိုမျိုး ဆင်းကစားခိုင်းလိမ့်မယ် တစ်နေရာ နှစ်နေရာလောက်ပဲ ပြောင်းလဲလာလိမ့်မယ် နည်းဗျူဟာကတော့ ပြောင်းလဲမယ်မထင်ဘူး ဒီပွဲ နယူးကာဆယ်တို့ အမှတ်မရပဲ မနေလောက်ဘူး အနည်းဆုံး ၁ မှတ်လောက်တော့ ရသွားလောက်တယ်

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ နယူးကာဆယ်ဘက်က အစစအရာရာပိုသာပါတယ် ငယ်နိုင်လိုမျိုးဖြစ်နေတယ် ဒါပေမယ့် ဝက်စ်ဟမ်းတို့ရဲ့ လက်ရှိရာသီက အခြေနေတော်တော်ကောင်းပြီး ဒီပွဲ အိမ်ကွင်းနဲ့ပါကစားရတဲ့အတွက် အထက်ကြေးဖြစ်နေပါတယ် ဈေးတော့မကြီးပါဘူး ၀.၂၅ ထဲပါ နယူးကာဆယ်တို့ရဲ့ လက်ရှိရာသီမှာလည်း အရင်ထက် ပိုကောင်းနေတော့ သရေကျရုံနဲ့ ပြီးသွားမလားပေါ့ ပြီးတော့ ဝက်စ်ဟမ်းတို့ရဲ့ Form ကလည်း တည်ငြိမ်မှုမရှိသေးဘူး တိုက်စစ်ပိုင်းက ဂိုးတွေ သိပ်မသွင်းနိုင်သေးပါဘူး ခံစစ်ပိုင်းကလည်း ထင်သလောက် မာမနေသေးပါ နယူးကာဆယ်တို့ကျတော့ ရာသီစတင်လာကတည်းက အခုထိ အရှုံး ၁ ပွဲထဲပဲရှိပါတယ် သရေကတော့ ၄ ပွဲ ကျသွားတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက အဆင်ပြေသလို ခံစစ်ပိုင်းကလည်း မဆိုးပါဘူး အဲ့တော့ ဒီတိုင်းကြည့်ပြောရင် သရေကျဖို့တော်တော်များပါတယ် ဒီပွဲ နယူးကာဆယ်တို့ မရှုံးလောက်သေးပါဘူး

11 Players

West Ham United (4-3-3) – Fabianski – Emerson – Zouma – Kehrer – Coufal – Soucek – Lucas Paqueta – Rice – Fornals – Bowen – Antonio

Newcastle United (4-3-3) – Pope – Targett – Botman – Schar – Trippier – Longstaff – Joelington – Willock – Murphy – Almiron – Isak

Missing Player –

West Ham United – Nayef Aguerd (Ankle Injury)

Newcastle United  – Allan Saint-Maximin (Hamstring Injury), Callum Wilson(Hamstring Injury), Bruno Guimarães (Hamstring Injury), Jonjo Shelvey (Hamstring Injury), Emil Krafth (Cruciate Ligament Rupture)

ခရစ်စတယ်ပဲလေစ့်အသင်း ဒီရာသီ ၆ ပွဲကစားခဲ့ပြီး အနိုင် ၁ ပွဲ သရေ ၃ ပွဲနဲ့ အရှုံး ၂ ပွဲ လုပ်ထားနိုင်တယ် ဒီပွဲ Nathan Ferguson တစ်ယောက်ပဲ ဒဏ်ရာရထားတယ် ကျန်တာ စိတ်ပူစရာမရှိပါဘူး ခရစ်စတယ်ပဲလေစ့်တို့ ဒီပွဲ အသုံးပြုမယ့်နည်းဗျူဟာကတော့ နယူးကာဆယ်နဲ့သရေကျသွားတုန်းကဟာကိုပဲ ဆက်ပြီးအသုံးပြုမယ် ထင်ပါတယ် ၄-၃-၃ စနစ်ပေါ့ ဒါပေမယ့် ခံစစ်ပိုင်းကိုကျတော့ နောက်နည်းနည်း စုတ်ထားလောက်တယ် ပြိုင်ဘက်ရဲ့ ကွင်းလယ်က မှားပြီဆိုသောအခါမှပဲ လျင်မြန်တဲ့ တောင်ပံနှစ်ယောက်ကို တန်ပြန်တိုက်စစ်ဆင်ခိုင်းလိမ့်မယ် သူတို့ရဲ့ ကွင်းလယ်နေရာမှာ အားကိုးလို့ရတဲ့ကစားသမားကတော့ Doucure ပဲ ဖြစ်လိမ့်မယ် ဒီပွဲ သူပဲ holding midfield ဖြစ်လိမ့်မယ် ပြီးရင် Eze နဲ့ Schlupp တို့နဲ့ မန်ယူရဲ့ ကွင်းလယ်ကို ထုထောင်းခိုင်းလိမ့်မယ် တိုက်စစ်ပိုင်းကတော့ Zaha ရဲ့ လျင်မြန်မှုကို အားကိုးရလိမ့်မယ် သူကအခွင့်ရေး ဖန်တီးပေးတဲ့ကစားသမားပါ ခံစစ်ပိုင်းကတော့ Andersen ကို အားကိုးရလိမ့်မယ် ဒီပွဲ ခရစ်စတယ်ပဲလေစ့်တို့ အနိုင်ရချင်ရင် Free-kick မှတဆင့် ကြိုးစားရင်တော့ ရလောက်ပါတယ်

မန်ယူတို့ကျတော့ ဆရာကြီးလို့ပြောရမှာဗျ အခုတလော ၄ ပွဲဆက်တိုက် အနိုင်ရထားလို့လေ အဲ့ဒီ အနိုင်ပွဲတွေထဲမှာ တကယ့်ကြီးမားတဲ့အသင်း ၂ သင်းတောင်ပါဝင်ထားတယ် လီဗာပူးလ်နဲ့အာဆင်နယ်တို့ကို အနိုင်ရတဲ့ပွဲတုန်းက ခြေစွမ်းတော်တော်ပြနိုင်ခဲ့ကြပါတယ် နည်းပြချထားတဲ့ အစီစဉ်အတိုင်း လုပ်နိုင်ကြတယ် လီဗာပူးလ်နဲ့တွေ့တုန်းကပွဲမှာ အချိန်အခါကြည့်ပြီး လုပ်တယ် ဘောလုံးကို ibet789 sports တတ်နိုင်သလောက် ထိန်းချုပ်ထားတယ် အာဆင်နယ်နဲ့ကျတော့ ပထမမိနစ်ကတည်းက ဝင်လုံးတယ် တစ်ချိန်လုံး ဖိအားလိုက်ပေးတယ် အခုမန်ယူအသင်းထဲက အရေးကြီးဆုံးကစားသမားမှာ McTom ဖြစ်နေလောက်တယ် Casemiro လား အခုထိဘာမှမမြင်သေးပါဘူး အခုတလော McTom ရဲ့ တစ်ကိုယ်လုံးက ရွှေနဲ့ ကွတ်ထားနေတာပဲမြင်တယ် Casemiro ဖြစ်နေတာတောင် သူ့ကို ကျော်မတက်နိုင်လောက်သေးပါဘူး နောက်တစ်ယောက်ကျတော့ Dalot ပါဗျာ သူလည်း ကစားသမားဟောင်းပဲ တော်တော်တောင့်တင်းမှုရှိနေတာ ဘာကြောင့်လည်းဆိုတော့ မက်ကွိုင်းက အရံထိုင်ခုန်မှာပဲ ထိုင်နေရလို့နေမယ် ဗဟိုခံစစ်ပိုင်းမှာ Martinez နဲ့ Varane တို့ကို တွဲထားတဲ့အတွက် ကွင်းလယ်ပိုင်းနဲ့ Wing-Back တွေက အရင်ထက်ကစားရတာ ပိုအဆင်ပြေတယ် အရည်သွေးရှိတဲ့ ခံစစ်မှူးက ကာဗာလုပ်ပေးနိုင်တာလည်းပါတယ် အဲ့တော့ အသင်းကပ္ပတိန်ကြီးက ၁၀ ပွဲဆက်တိုက် မဆင်းရပဲနေနေရတာတောင် မထူးဆန်းပါဘူး အခုတလော ခံစစ်ပိုင်းနဲ့ ကွင်းလယ်ခံစစ်တွေ တကယ်ပဲ အဆင်ပြေနေကြတယ် အခုမှ ရောက်လာတဲ့ Anthony က ဒီပွဲလည်း ပထမကစားသမားပဲ တခါတလေ ဒိုလေးကို အသုံးပြုချင်ရင် ပြုလိမ့်မယ် အခြေနေအရပေါ့ ဒီပွဲ ခရစ်စတယ်ပဲလေစ့်နဲ့တွေ့ရမှာဆိုတော့ တန်ဟက်မှာ ဘာမှခေါင်းရှုပ်အောင် စဉ်စားဖို့မလိုပါဘူး ကြီးမားတဲ့အသင်းအပေါ် အနိုင်ရထားတဲ့ စနစ်ကိုပဲ အသုံးပြုမယ် အနိုင်ရမလား သရေကျမလား အရှုံးရသွားမှာလားတော့ မသိသေးဘူး အကုန်လုံးပဲ ဖြစ်နိုင်ပါတယ် တိုက်စစ်ပိုင်းက အလိုလို ညံ့ချင်ညံ့လိမ့်မယ် ဒါပေမယ့် အခုမန်ယူအသင်းက သရဲနီပြန်ဖြစ်လာပါပြီ အဲ့တော့ ဘယ်အသင်းမှ သူတို့ကို အရင်လိုမျိုး ကျော်ကြည့်လို့မရတော့ပါဘူး

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ အနိုင်အရှုံးပဲကြည့်ရင် မန်ယူဘက်က ပိုသာပါတယ် ဒါပေမယ့် အထက်ကြေး အောက်ကြေးပါကြည့်ရင်တော့ မနိုင်မရှုံးလေး ဖြစ်နေတယ် ဒီပွဲ ပေါက်ကြေးထွက်လာတဲ့နေရာ မန်ယူဘက်က အကျော ၀.၅ ပေးထားတယ် ၂ သင်းစလုံးရဲ့ Form ကိုကြည့်ပြီး ယှဉ်ကြည့်မယ်ဆိုရင် မန်ယူဘက်က ပိုသာပါတယ် ဘာလို့လည်းဆိုတော့ မန်ယူအသင်းက လောလောဆယ် ၄ ပွဲဆက်တိုက် အနိုင်ရထားနေလို့ပါ ခရစ်စတယ်ပဲလေစ့်တို့ကျတော့ ၂ ပွဲဆက်တိုက် သရေကျထားပါတယ် ဒါပေမယ့်လေ ကျွန်တော့်စိတ်ထဲမှာတော့ ခရစ်စတယ်ပဲလေစ့်တို့ ဒီပွဲ ကျော်ဖြတ်သွားနိုင်မယ်ထင်တယ် သရေမကပဲ အနိုင်တောင် ရချင်ရလိမ့်မယ် ဘာလို့လည်းဆိုတော့ ခရစ်စတယ်ပဲလေစ့်တို့က ဒီပွဲမှာ ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်ဆင်မှာဖြစ်သောကြောင့် မန်ယူတို့ ဆောက်သမ်တန်နဲ့ တွေ့ရသလိုမျိုး ခံစားရလိမ့်မယ် ဒါပေမယ့် ခရစ်စတယ်ပဲလေစ့်ဘက်က ဆောက်သမ်တန်ထက်တော့ ကြောက်ဖို့ကောင်းပါတယ် ဒီပွဲ မန်ယူဘက်က တော်တော်ဒုက္ခရောက်လိမ့်မယ် မန်ယူဘက်က တိုက်စစ်ဆင်ရမှာဆိုတော့ တိုက်စစ်ပိုင်းက အခွင့်ရေးဖန်တီးနိုင်မှဖြစ်မယ် အဲ့တော့ Anthony ရောက်ချလာပြီး ဘာတတ်နိုင်မလဲပဲ ကြည့်ဖို့ လိုသေးတယ်

11 Players –

Crystal Palace (4-3-3) – Guaita – Mitchell – Guehi – Andersen – Ward – Doucure – Eze – Schlupp – Ayew – Zaha – Mateta

Man Utd (4-2-3-1) – De Gea – Dalot – Malacia – Martinez – Varane – McTominay – Eriksen – Fernandes – Sancho – Rashford – Anthony

Missing Players –

Crystal Palace – Nathan Ferguson (Achilles tendon problems)

Manchester United – Victor Lindelöf (Unknown Injury)