ibet789 sport betting

PSV Eindhoven Vs အာဆင်နယ် [27 Oct 22 - 23:15 hrs]

ibet789 sport betting PSV အသင်း ယူရိုပါလိဂ်ထဲကအခြေနေ ဘာထူးခြားမှုမှမရှိပါဘူး။ ပထမပွဲတုန်းက Bodo Glimt နဲ့သရေကျလာတဲ့အတွက် အခက်ခဲတွေကြုံနေရပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရှိနေတဲ့ဂရုထဲမှာ အာဆင်နယ်နဲ့လွဲပြီး ကျန်တဲ့အသင်းတွေနဲ့ မမှားသင့်ပါဘူး။ ဒီဂရုထဲက ဘယ်အသင်းမဆို အာဆင်နယ်နဲ့တွေ့ရင် အမှားလုပ်တတ်ကြမှာပဲ။ ဒါပေမယ့် ဂရုရဲ့နံပါတ် ၂ ပြိုင်ယူရမယ့်အချင်းချင်းနဲ့တော့ မမှားသင့်ပါဘူး။ PSV တို့ရဲ့ လိဂ်ထဲကအခြေနေဟာ ဂိုးတွေမတရားသွင်းနိုင်နေကြပါတယ်။ သူတို့ရဲ့အားသာချက်က အိမ်ကွင်းဖြစ်ပါတယ်။ လိဂ်ထဲမှာ အိမ်ကွင်းနဲ့ ၅ ပွဲကစားပြီး ယူရိုပါလိဂ်ထဲမှာကျတော့ ၂ ပွဲရှိသွားပါပြီ၊ အရှုံးတစ်ပွဲမှတော့ မရသေးပါဘူး။ သွင်းဂိုး အားလုံးပေါင်း ၂၈ လုံးရှိပါတယ်၊ တစ်ပွဲကို ဂိုး ၄ လုံး ပုံမှန်သွင်းနိုင်နေကြတာဖြစ်ပါတယ်။ အသင်းထဲက မျှော်လင့်ချက်ဖြစ်တဲ့ကစားသမားဟာ Gakpo ပါပဲ။ သူတစ်ယောက်ထဲနဲ့ ဂိုး ၁၂ လုံး သွင်းယူထားနိုင်တယ်။ အခုတလော ဥရောပတိုက်ထဲက အသင်းကြီးတွေ တော်တော်များများ သူ့ကိုစိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်တို့ကျတော့ ယူရိုပါလိဂ်ထဲကအခြေနေတွေ သေချာသွားပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းက PSV အပေါ် ၁-၀ ဂိုးနဲ့ အနိုင်ရလာတဲ့အတွက် စိတ်ပူစရာမရှိတော့ပါဘူး။ ဒီပွဲ ကစားသမား Rotation ချကစားဖို့ရှိလောက်တယ်။ အနည်းဆုံး Position ၅ ခုလောက်တော့ Rotation ချသွားလောက်ပါတယ်။ ဒုတိယကစားသမားတွေအသုံးပြုပေမယ့် အာဆင်နယ်အသင်းက စနစ်တကျ ကစားတတ်တဲ့အသင်းဖြစ်တဲ့အတွက် ဘာထိခိုက်မှုမှသိပ်မရှိလောက်ပါဘူး။ အဲ့ဒီဒုတိယကစားသမားအသီးသီးက PSV အသင်းရဲ့ ကစားသမားတွေထက် အရည်သွေးရှိပါတယ်။ အာတီတာရဲ့ အသင်းတည်ဆောက်ခြင်းဟာ ပြီးခါနီးနေပါပြီ။ အခုလက်ရှိကစားသမားတွေက စွမ်းဆောင်ရည်တော်တော်ကောင်းကြတယ်။ ရာသီစတင်လာကတည်းက အခုထိ ကိုယ့်ခြေစွမ်းကို ထိန်းနိုင်နေကြတယ်။ ပရီးမီးယားလိဂ်ထဲမှာ အခြေခံအရှိဆုံးပဲလို့တောင် ယူဆနိုင်ပါတယ်။ ပြောမယ်ဆို ခြေစွမ်းပုံမှန်ဖြစ်အောင် ထိန်းနိုင်တဲ့နေရာက မန်စီးတီးထက်တောင်သာပါတယ်။ ပွဲတိုင်းပဲ ခြေစွမ်းပြနိုင်နေကြပါတယ်။ ကစားသမားတိုင်းက တက်ကြွမှုရှိရှိနဲ့ ကစားကြတယ်။ မိနစ် ၉၀ လုံးလုံး Pressing နိုင်တယ်။ တိုက်စစ်မှူးတွေက အခွင့်ရေးကို အလကားမဖြုန်းတတ်ဘူး။ ပြီးတော့ ကစားသမားအသီးသီးက အခုတလော ခြေစွမ်းအကောင်းဆုံးအသက်အရွယ်ပါဖြစ်နေကြတယ်။ အဲ့တာနဲ့ပဲ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းက တော်တော်ထိရောက်နေပါတယ်။

ဒီအသင်းနှစ်သင်း ပြီးခဲ့တဲ့တစ်ပွဲကမှ တွေ့လာကြပြီး အာဆင်နယ်ဘက်က အနိုင်ရသွားပါတယ်။ အဲ့ပွဲ တော်တော်ကြည့်ကောင်းပါတယ်။ အာဆင်နယ်တို့ ၆၂% တောင် ဘောလုံးပိုင်ဆိုင်နိုင်ပြီး ဂိုးသွင်းဖို့ အခွင့်ရေး ၂၅ ကြိမ် ဖန်တီးနိုင်ပါတယ်။ ထောင့်ကန်ဘောလည်း ၇ ခါရရှိခဲ့ပါတယ်။ ပြောမယ်ဆို သူတို့ဘက်ကပဲ ခန ခန တိုက်စစ်ဆင်ကစားခဲ့ရပါတယ်။ အာဆင်နယ်အသင်းက နောက်တစ်ဆင့် ဆန်ကာတင်ပြီးသွားပါပြီ။ စိတ်ပူစရာမရှိတော့ပါဘူး၊ PSV တို့ကျတော့ Bodo Glimt ထက် အမှတ် ၃ မှတ်ပိုသာပေမယ့် ဒီပွဲ အရှုံးရသွားပြီး Bodo Glimt က အနိုင်ရသွားခဲ့ရင်တော့ နောက်ဆုံးပွဲစဉ်အထိ လိုက်ကြည့်ခဲ့ရလိမ့်မယ်။ အဲ့လိုမျိုးဖြစ်ဖို့အခြေနေရှိပါတယ်။ ဒီပွဲ အာဆင်နယ်ဘက်က အဓိကကစားသမားတွေ အပြည့်မသုံးပေမယ့် အစစအရာရာကတော့ PSV ထက် တော်တော်သာပါတယ်။ PSV တို့က လိဂ်ပွဲစဉ်ထဲမှာ အခြေနေကောင်းပေမယ့် သူတို့လိဂ်ရဲ့ အခြေခံက ပရီးမီးယားလိဂ်အဆင့်နဲ့အသင်းကို မမှီပါဘူး၊ ဒီပွဲ အာဆင်နယ်တို့ အသာလေးနဲ့ အနိုင်ရသွားလောက်ပါတယ်။

11 Players

PSV (4-3-1-2) – Benitez – Max – Obispo – Ramalho – Mwene – Sangare – Gutierrez – Veerman – Simons – Gakpo – De Jong

Arsenal (4-2-3-1) – Turner – Tierney – Gabriel – Holding – Soares – Partey – Lokonga – Viera – Nelson – Nkietieh – Marquinhos

Missing Players

PSV Eindhoven – Marco van Ginkel (Hamstring Injury), Kjell Peersman (Back Injury), Olivier Boscagli (Knee Injury), Yorbe Vertessen (Muscle Injury), Ismael Saibari (Muscle Injury)

Arsenal FC – Mohamed Elneny (Thigh Problems), Oleksandr Zinchenko(Calf Injury), Emile Smith Rowe (Groin Surgery)

မန်ယူအသင်း ယူရိုပါလိဂ်ထဲမှာ စိတ်ပူစရာမရှိပါဘူး၊ ဘယ်လိုပဲနေနေ နောက်တစ်ဆင့်ဆန်ကာတင်ဖို့ သေချာပြီးသားပါဗျ။ သူတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ချယ်လ်ဆီးနဲ့တွေ့ပြီး အမှတ် ၃ မှတ်ရသင့်ပါတ
ယ်။ ဘာလို့လည်းဆိုတော့ သူတို့ဘက်က ခြေစွမ်းပိုပြနိုင်လို့ပါ။ အဓိက ကွင်းလယ်နေရာဆိုရင် Casemiro တစ်ယောက်ထဲနဲ့ ချယ်လ်ဆီးတို့ကို အပိုင်ချုပ်နိုင်တယ်။ အဓိက ပထမပိုင်းတုန်းကဆိုရင် ချယ်လ်ဆီးတို့ မန်ယူကို ဘယ်လိုမှမယှဉ်နိုင်ဘူး။ အဲ့ပထမပိုင်းပြီးသွားတာနဲ့ ပွဲစံချိန်ထွက်လာတော့ တိုက်စစ်ပိုဆင်ရတဲ့အသင်းက မန်ယူဖြစ်မှန်း မြင်ခဲ့ရသေးတယ်။ မန်ယူရဲ့ကွင်းလယ်နေရာက အရမ်းဝင်ဖိနိုင်တော့ ချယ်လ်ဆီးဘက်က တော်တော်တိုင်ပတ်သွားပါတယ်။ တစ်ခါလေးမှားမိတာနဲ့ တန်းခံရတယ်။ မန်ယူရဲ့အဓိကကစားသမားကတော့ Eriksen ပါပဲ၊ မန်ယူအသင်း အခုနောက်ပိုင်း အကောင်အထည်တွေ ပြန်ဖော်နိုင်ပြီး ခံစစ်ပိုင်းက ပိုမိုတောင့်တင်းလာနေတယ်။ ဂိုးတွေ လွယ်လွယ်လေးနဲ့ သွင်းခံမထိတော့ဘူ။ ကွင်းလယ်ပိုင်းက ဘောလုံးပိုပိုင်နိုင်တယ်။ ဘောလုံးဝင်ဖျက်တဲ့နေရာလည်း တော်တော်အားရစရာကောင်းလာတယ်။ တိုက်စစ်ပုင်းကသာ လိုနေတယ်။ ဆန်ချိုဆိုသည်မှာ ဒေါ့မွန်နဲ့နေတုန်းကခြေစွမ်းတွေ သယ်မလာဘူး။ ကြောက်စရာလုံးဝမရှိဘူးဖြစ်နေတယ်။ ဒီရာသီထဲမှာ ကောင်းသောအခွင့်ရေး တစ်ခါမှမဖန်တီးပေးနိုင်သေးဘူး။ အန်တိုနီဆိုတဲ့တစ်ယောက်ကလည်း တော်တော်နဲ့ဂိုးမသွင်းဘူး အရင်ပတ်ပြေးလိုက်ရမှကျေနပ်တာ။ ကိုကြီး Rashford ဆိုရင်ပိုဆိုးတယ် ပြတ်သားမှုကို ဦးစားမပေးတော့ပဲ အားကြီးနဲ့ လွဲအောင် ပိတ်ကန်တတ်တယ်။ နမ်ဘာဝမ်းနဲ့ဒိုလေးလည်း အိမ်ပြန်မယ်ဆိုတာချည်းပဲ။ အဲ့တော့ နောက်လာမယ့်ရာသီဈေးကျရင် မန်ယူတို့ တိုက်စစ်မှူးအသစ် ဝယ်ယူဖို့လိုနေပါပြီ။ ဒါပေမယ့် ဒီပွဲက Sheriff Tiraspol နဲ့ တိုက်ခိုက်ရမှာဆိုတော့ အပေါ်ကပြောထားတဲ့ တိုက်စစ်မှူးတွေနဲ့ အဆင်ပြေပါတယ်။

Sheriff Tiraspol တို့ကျတော့ အဖယ်ခံထိသွားပြီဖြစ်တဲ့အတွက် ဘာမှစိတ်ပူစရာမရှတော့ပါဘူး။ အဲ့တော့ ဒီပွဲ မန်ယူအသင်းနဲ့ တွေ့ရတဲ့နေရာက တကယ့်ကောင်းတဲ့အတွေ့ကြုံဖြစ်ပြီး ကြွားဝါလို့ရတာပေါ့။ Sheriff Tiraspol တို့ရဲ့ လိဂ်ထဲကအခြေနေ တော်တော်ကောင်းတယ်၊ ၁၁ ပွဲကစားပြီး ရမှတ် ၂၇ မှတ်တောင် သိမ်းသွားနိုင်တယ်။ နံပါတ် ၂ အသင်းထက် အမှတ် ၉ မှတ်တောင် သာနေတယ်။ ဖလားပဲတက်ယူလိုက်တော့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် လိဂ်ထဲမှာ အသင်း ၈ သင်းထဲပဲရှိပြီး ချန်ပီယံက သူတို့ပဲ လုံးဝရသွားတတ်ပါတယ်။ လုံးဝဆိုတဲ့စကားလုံးကို သုံးနိုင်မလားတော့မသိဘူး ဒါပေမယ့် သူတို့ ချန်ပီယံရလာတာ ၂၂ နှစ်ဆက်တိုက်ရှိသွားပါပြီ။ အမှန်တော့ ပြိုင်စရာတောင်မလိုပါဘူး ဖလားတန်းယူပြီး အိမ်တန်းပြန်တာ ပိုကောင်းပါတယ်။ လိဂ်ထဲက အခြေနေ ရှယ်ကြမ်းတော့ ယူရိုပါလိဂ်ထဲ နှစ်တိုင်းပဲ ပါနိုင်တယ်။ ဒါပေမယ့် သူတို့လိဂ်က အခြားလိဂ်တွေထက် အခြေခံနိမ့်နေတော့ သူများတွေနဲ့ သိပ်မယှဉ်နိုင်ပါဘူး။

ibet789 sport betting အချင်းချင်းတွေ့ဖူးတဲ့တစ်ပွဲတုန်းက မန်ယူတို့ ၂ ဂိုး ၀ နဲ့ အနိုင်ရလာပါတယ်။ မန်ယူက အဲ့ပွဲမှာ ခြေစွမ်းသိပ်မပြနိုင်ပါဘူး၊ Sheriff Tiraspol ဘက်က ဂိုးသွင်းဖို့အခွင့်ရေး ၁၁ ကြိမ်တောင်ရသွားပါတယ်။ မန်ယူထက်တောင်များသေးတယ်။ ကံကောင်းလို့ ပြတ်သားမှုပိုရှိတော့ အနိုင်ရလာတယ်။ ပြီးတော့ ဘောလုံးပိုပိုင်ဆိုင်နိုင်တော့ ပွဲပြီးတဲ့အထိ အသာလေးထိန်းပြီး အနိုင်ရယူသွားပါတယ်။ ဒီပွဲ အိပ်မက်ဇာတ်ရုံမှာပြန်ကစားမှာဆိုတော့ ဘာစိတ်ပူစရာမှမရှိပါဘူး။ အရင်တစ်ပွဲကမှ ချယ်လ်ဆီးအသင်းနဲ့ ချယ်လ်ဆီးအိမ်ကွင်းအထိ ၁-၁ သရေသွားယူနိုင်တဲ့ Form ကိုကြည့်ပြီးပြောရင် အေးဆေးပါ။ ဒီပွဲ မန်ယူတို့ အကျောပေးထားတဲ့ကြေးထက် ဂိုးပိုသွင်းနိုင်သင့်ပါတယ်။ ကပ်နိုင်ရုံပဲလုပ်နိုင်ရင်တော့ စာမေးပွဲမအောင်ဘူးလို့ သတ်မှတ်လိုက်မယ်။ အရင်တစ်ပွဲတုန်းက ကြီးမားတဲ့အသင်းတွေနဲ့ တွေ့ပြီးပြီပဲ အဲ့တော့ ဒီလို သေးငယ်တဲ့အသင်းနဲ့ ပြိုင်ရမှာဆိုတော့ ဖန်တွေကို ရင်တုန်အောင်မလုပ်သင့်ဘူး။ ဒိုလေးဂိုးသွင်းသင့်ပါတယ်။

11 Players

Man Utd (4-2-3-1) – De Gea – McGuire – Lindelof – Malacia – Dalot – Fred – McTominay – Fernandes – Elanga – Garnacho – Ronaldo

Sheriff Tiraspol (4-3-3) – Koval – Kpozo – Ignatov – Heron – Petro – Hatman – Botos – Lushkja – Ambri – Julien – Ankudinov

Missing Players

Manchester United – Aaron Wan-Bissaka(Unknown Injury), Anthony Martial (Back Injury), Donny van de Beek (Knock)

FC Sheriff Tiraspol – Armel Zohouri (Indirect card suspension)