ibet789 odd

လက်စတာ Vs ခရစ်စတယ်ပဲလေစ့် [15 Oct 22 - 18:00 hrs]

ibet789 odd လက်စတာအသင်း အခုနောက်ပိုင်း Form တွေပျောက်ဆုံးနေပါတယ်။ ဒီနားမတိုင်ခင်တုန်းက အနိုင်ရပြီး ပြန်ကောင်းတော့မယ်ထင်ခဲ့တာ ဒါပေမယ့် နောက်ဆုံး အရင်အတိုင်းပဲ ပြန်ဖြစ်နေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်နဲ့တွေ့ပြီး ဘော်လုံးပိုင်ဆိုင်မှုပိုများပေမယ့် ဂိုးမသွင်းနိုင်တော့ အရှုံးရလာပါတယ်။ ထောင့်ကန်ဘောတောင် ၂ ခါပဲရတယ်။ ဘော်လုံးကို ဟိုယူသွားလိုက် ဒီယူသွားလိုက်နဲ့ လုခံထိရော ကွင်းလယ်ပိုင်းက တာဝန်မကျေနိုင်ဘူး။ အဲ့ဒီလိုနဲ့ပဲ ပွဲရလဒ်က မြင်တဲ့အတိုင်း ဖြစ်သွားပါတယ်။ ဒီပွဲ လက်စာတာဘက်က ထပ်ရှုံးမယ်ဆိုရင်တော့ ရော်ဂျာအလုပ်မပြုတ်ပဲမနေလောက်ဘူး။ သရေကျသွားရင်တောင် အသင်းအဖွဲ့ချုပ်က ကျေနပ်ချင်မှကျေနပ်လိမ့်မယ်။ အဲ့တော့ လက်စတာအသင်းက ဒီပွဲ Maddison နဲ့ ကွင်းလယ်ကစားသမား Tielemans တို့ကို အားကိုးရလိမ့်မယ် ပြီးရင် Daka ရဲ့လျင်မြန်မှုနဲ့ ဂိုးပြေးသွင်းရမယ်။ အဓိက ခံစစ်ပိုင်းတွေ အရင်တစ်ပွဲလိုမမှားဖို့ပဲ စီစဉ်ထားရမယ်။

ခရစ်စတယ်ပဲလေစ့်တို့လည်း စွမ်းဆောင်ရည်အတိကျယူဆလို့မရသေးပါဘူး ကောင်းတဲ့ပွဲဆို အသေကောင်းပြီး ဆိုးတဲ့ပွဲဆိုလည်း ရှယ်ဆိုးတယ်။ အဲ့တာနဲ့ပဲ သူတို့ကိုခန့်မှန်းရခက်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အစစအရာရာက အိမ်ရှင်ထက်တော့သာပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အနိုင်ရလာတယ်။ အဲ့ပွဲ လိဒ်စ်နဲ့တွေ့ပြီး သူတို့ဘက်က ဂိုးအရင်သွင်းခံထိတာတောင် သရေဂိုးရအောင် ပြန်သွင်းနိုင်တယ်။ ကွင်းထဲနေသားကျသွားတော့မှ အနိုင်ဂိုးပါ ထပ်ပိတ်သွင်းလိုက်တယ်။ အဲ့ပွဲ တော်တော်ကြည့်ကောင်းတယ်။ ဒီပွဲ အသင်းထဲက ကစားသမားတွေ အဆင်သင့်ဖြစ်နေကြပါတယ်။ အခုလက်ရှိ အသင်းထဲက ဂိုးအများဆုံးသွင်းနိုင်တဲ့ Zaha က အားကိုးလို့ရနေပြီး နောက်တစ်ယောက်ကျတော့ Edouard ပဲဖြစ်ပါတယ်။ သူက လိဂ်ထဲမှာ ဂိုး ၂ လုံးဆက်တိုက် သွင်းဖူးတယ်။ အဲ့တော့ သူ့မှာ ပထမကစားသမားအနေနဲ့ ဆင်းရမယ်ထင်တယ်။ ဒီပွဲ ပဲလေစ့်တို့ရဲ့ ကစားစနစ်က ၄-၃-၃ ပဲထင်တယ်။ လျင်မြန်တဲ့တိုက်စစ်ကို ဆင်ကစားမယ်။ လက်စတာနဲ့ ခပ်ဆင်ဆင်ပါပဲ ဒါပေမယ့် ပဲလေစ့်ဘက်က ပိုပြတ်သားပါတယ် တန်ပြန်တိုက်စစ်လည်း ပိုကြောက်ဖို့ကောင်းတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်က မနိုင်မရှုံးလေးဖြစ်တယ်။ သူတို့တွေ့ခဲ့ဖူးတဲ့ ပွဲပေါင်း ၂၀ ထဲမှာ အနိုင် ၈ ပွဲစီရသွားကြပြီး သရေ ၄ ပွဲ ရသွားကြပါတယ်။ အခုနောက်ပိုင်းမှာပဲ လက်စတာဘက်က နည်းနည်းပိုသာတယ်။ လက်စတာတို့ ပဲလေစ့်နဲ့တွေ့တဲ့ နောက်ဆုံး ၆ ပွဲထဲမှာ တစ်ပွဲမှမရှုံးသေးပါဘူး။ အဲ့တာနဲ့ပဲ လက်စတာဘက်က အကျော ၀.၂၅ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီဈေးနှုန်းနဲ့ဆိုရင် ပဲလေစ့်နဲ့လက်တွဲရင်ပိုကောင်းတယ်။ ဘာလို့လည်းဆိုတော့ အိမ်ရှင်အသင်း ရာသီစတင်လာကတည်းက အနိုင်တစ်ပွဲပဲ လုပ်နိုင်တယ်။ နောက်ဆုံးတစ်ပွဲတုန်းကတောင် ဘုန်းမောက်နဲ့တွေ့ပြီး အရှုံးရလာသေးတယ်။ အဲ့တာနဲ့ပဲ လက်စတာနည်းပြရဲ့ထိုင်ခုံက ပူလောင်နေပါပြီ။ ပဲလေစ့်တို့လည်း အတူတူပါပဲ နောက်ဆုံးတစ်ပွဲတုန်းက အနိုင်ရလာပေမယ့် ပွဲရလဒ်တော်တော်များများထဲမှာ သရေကျသွားတဲ့ပွဲက ပိုများနေတယ်။ လက်ထဲကအမှတ်တွေလည်း ဖြည်းဖြည်းချင်းပဲ တိုးနေတယ်။ ဘယ်အသင်းက အတန်းဆင်းရမလဲဆိုတော့ မပြောတတ်သေးပါဘူး ဒါပေမယ့် အိမ်ရှင်ရဲ့ Form က ဒီတိုင်းပဲ ဆက်ဖြစ်သွားမယ်ဆိုရင်တော့ အတန်းဆင်းရမှာ တော်တော်သေချာနေတယ်။ လက်စတာအသင်းကိုမေးချင်တာကတော့ ရော်ဂျာကို ဘယ်တော့အလုပ်ထုတ်မလဲပါပဲ။

11 Players

Leicester City (4-1-4-1) – Ward – Justin – Evans – Faes – Castagne – Soumare – Tielemans – Dewsbury – Maddison – Barnes – Daka

Crystal Palace (4-3-3) – Guita – Schlupp – Guehi – Andersen – Ward – Olise – Doucoure – Eze – Zaha – Ayew – Edouard

Missing Players

Leicester City – Ryan Bertrand (Knee Surgery), Ricardo Pereira (Achilles tendon rupture), Caglar Söyüncü (Bruised Knee)

Crystal Palace – Jack Butland (Fractured Finger), Nathan Ferguson (Achilles tendon problems)

အိမ်ရှင်စပါးအသင်း အစစအရာရာတော်တော်အဆင်ပြေပါတယ်။ လန်ဒန်ဒါဘီပွဲတုန်းက အရှုံးရသွားပေမယ့် စိတ်ဓာတ်မကျကြပါဘူး။ အဲ့တာနဲ့ပဲ နံပါတ် ၁ အသင်းနဲ့ အရမ်းမဝေးပဲ နေနေတယ်။ အခုတလော လက်ထဲမှာ အမှတ် ၂၀ လေး ပိုင်ဆိုင်ထားပြီး အာဆင်နယ်ထက် ၄ မှတ်နည်းနေပါတယ်။ အနောက်ကနေ အေးအေးဆေးဆေး စိတ်ဖိအားပေးလို့ရနေတယ်။ ကွန်တီရဲ့အခြေနေက ဘာမှစိတ်ပူစရာမရှိပါဘူး၊ ကစားသမားအသီးသီးက အဆင်သင့် ဖြစ်နေကြတယ်။ အခုလက်ရှိ စပါးရဲ့ အားနည်းချက်က ဂိုးသွင်းတဲ့အပိုင်းဖြစ်နေတယ်။ ဆွန်ဟောင်မင်းက ခြေစွမ်းထဖောက်ပြီး ဂိုး ၃ လုံးပိတ်သွင်းလိုက်ကတည်းက အခုထိ တစ်လုံးမှထပ်မသွင်းနိုင်တော့ဘူးဖြစ်နေတယ်။ ဒါပေမယ့် အသင်းရဲ့အခြေနေကတော့ အဆင်ပြေပါတယ်။ နည်းပြစီစဉ်ထားတဲ့အတိုင်း လုပ်နိုင်ကြပြီး အဆင်ပြေနေကြတယ်။ တိုက်စစ်ပိုင်းက ခြေစွမ်းပြနိုင်နေတုန်းပါ။ ခံစစ်ပိုင်းလည်း ကွန်တီအဆင့်နဲ့ပြောရင်တော့ အားနည်းချက်မရှိအောင် စီစဉ်ထားလောက်တယ်။ ဒီပွဲ အမှတ် ၃ မှတ်ရဖို့ ရှိပါတယ်။

အဲဗာတန်တို့ကျတော့ ဒီနှစ် သူတို့မြို့ရဲ့နှစ်မဟုတ်လောက်ဘူးထင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရော လီဗာပူးလ်ရော အခြေနေမကောင်းကြဘူး၊ နှစ်သင်းစလုံးရဲ့လက်ထဲမှာ အမှတ် ၁၀ မှတ် ရထားတာချင်းလည်းတူတူပဲ ဒါပေမယ့် မတူတာကတော့ လမ်ပတ်ရဲ့အသက်က ကလောပ့်လောက် မသေချာပါဘူး။ အလုပ်ပြုတ်ခါနီးနေပြီထင်တယ်။ ပထမ အနိုင် ၂ ပွဲရသွားတုန်းက အခြေနေပြန်ကောင်းပြီထင်ခဲ့တာ ဘယ်ဟုတ်မလဲ မန်ယူနဲ့တွေ့တော့မှ အိမ်ကွင်းနဲ ကပ်ရှုံးသွားတယ်ဗျာ။ အဲ့ပွဲ ခေါင်းခေါက်ချင်စရာကောင်းပါတယ် ဘော်လုံးကို ဟိုပို့ဒီပို့ ပြီးရင် ပြိုင်ဘက်ဆီရောက်သွားရော၊ ပွဲပြီးခါနီးမှ မှားမိတော့ သွားပြီပေါ့လေ။ ဒီမြို့တော်ရဲ့ ခံစစ်မှူးတွေက မုန့်စိန်ကြီးတွေပါဗျာ။ လမ်ပတ်က ဘော်လုံးလွယ်လွယ်လေးမရှုံးအောင် ထိန်းချုပ်မလိုလိုနဲ့ မထိန်းနိုင်ခဲ့ကြပါဘူး။ အသင်းထဲက ကွင်းလယ်ပိုင်းမှာ နည်းနည်းအားကိုးရတဲ့ကစားသမားက Iwobi ပဲရှိတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပွဲတုန်းက အမှားလုပ်မိလို့ ဂိုးပေးလိုက်ရတယ်။ ဒီပွဲ စပါးက မန်ယူထက်ခက်ပါတယ် အဲ့တော့ ဒီပွဲ မရှုံးပဲမနေလောက်ဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က ပိုသာပါတယ်။ အနိုင်ပိုရထားပေမယ့် သရေကျသွားတဲ့ပွဲတွေလည်း မနည်းပါဘူး။ ဒီပွဲ စပါးဘက်က အကျော ၁ လုံးပေးထားတယ်။ ဒီဈေးနဲ့ဆိုရင် အသင့်တော်ပါပဲ၊ ဘာလို့လည်းဆိုတော့ ibet789 odd စပါးတို့ အနိုင်ရမှာပိုသေချာနေလို့ပါ။ အဲ့တော့ စပါးနဲ့လက်တွဲပြီး အဆိုးဆုံးဖြစ်နိုင်ရင်တောင် သရေကျရုံလောက်ပဲရှိပါတယ်။ စပါးရဲ့ နောက်ဆုံးတစ်ပွဲတုန်းက စွမ်းဆောင်ရည်ဟာ ဘရိုက်တန်အပေါ် အနိုင်ရလာတယ်။ အဲဗာတန်တို့ကျတော့ မန်ယူကိုရှုံးလာတယ်။ အရင်တစ်ပွဲမှစံချိန်ကိုယူပြီးပြောရင် စပါးဘက်က ပိုသာတယ်။ အဲ့ဗာတန်တို့ သွင်းခံထိတဲ့ဂိုး ၂ လုံးက ကိုယ့်အမှားကြောင့် သွင်းခံထိသွားတယ်။ ပြီးတော့ မန်ယူအသင်းက အဲ့လိုမှားယွင်းမှုကနေ ဂိုးသွင်းရတာ အလိုလိုပြတ်သားတတ်ပြီးသားပါ။ ကစားသမားအသီးသီးရဲ့ တစ်ယောက်ချင်းစီထောက်ကြည့်မယ်ဆိုလည်း စပါးဘက်က ပိုသာတယ်။ အဲ့တော့ ဒီပွဲ အဲဗာတန်တို့ အသက်ဆက်ရှင်နိုင်မယ့်နည်းလမ်း မြင်ကိုမမြင်တော့ပါဘူး။ လမ်ပတ်ကို နှုတ်ဆက်ပါတယ်။

11 Players

Tottenham Hotspur (3-4-2-1) – Lloris – Romero – Dier – Davies – Bentancur – Hojbjerg – Richarlison – Son – Emerson – Perisic – Kane

Everton (4-3-3) – Pickford – Mykolenko – Tarkowski – Coady – Coleman – Gueye – Onana – Iwobi – Gray – Gordon – Maupay

Missing Players

Tottenham Hotspur – Lucas Moura (Calf Injury), Dejan Kulusevski (Thigh Problems)

Everton FC – Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament

Injury), Mason Holgate (Knee Injury), Abdoulaye Doucouré (Hamstring Injury), Nathan Patterson (Ankle Injury), Ben Godfrey (Fibula Fracture)