ibet789 login

လက်စတာ Vs မန်စီးတီး [29 Oct 22 - 18:00 hrs]

ibet789 login အိမ်ရှင်လက်စတာအသင်း အခုနောက်ပိုင်း အခြေနေတွေ နည်းနည်းပြန်ကောင်းလာပြီး နောက်ဆုံးတစ်ပွဲတုန်းက လိဒ်စ်အပေါ် အနိုင်ရလာခဲ့ပါတယ်။ အဲ့ပွဲ ၂ ဂိုး ၀ နဲ့ အနိုင်ရလာပြီး ဂိုးသွင်းခံမထိတာ ၂ ပွဲမြောက်ရှိသွားပါပြီ။ ဒါပေမယ့် အသင်းရဲ့ Form ကိုခြုံကြည့်ရင်တော့ စိတ်ချလို့ရတဲ့ထဲမရှိသေးပါဘူး။ အဓီက ဒီနှစ် သူတို့ရဲ့ ခံစစ်ပိုင်းက ဂိုး ၂၄ လုံးတောင်သွင်းခံထိထားပါတယ်။ ဒီပွဲ အဓိကဖြစ်တဲ့ကစားသမားအသီးသီး အဆင်သင့်ဖြစ်နေကြပါတယ်။ အသင်းအတွက် အမြဲရုန်းပေးတဲ့ Maddison လည်း အဆင်သင့်ဖြစ်နေပါတယ်။ သူ့ကိုယ်ပိုင် Form က အခြားအသင်းတွေ စိတ်ဝင်စားလောက်တဲ့အထိ ကောင်းနေပါတယ်။ ပြောမယ်ဆို လက်စတာတို့ရဲ့ တိုက်စစ်ပိုင်းက တာဝန်ကျေပါတယ်။ ဒီရာသီ ၁၁ ပွဲဆင်းကစားပြီး ဂိုး ၁၇ လုံးသွင်းယူထားနိုင်တယ်။ အဲ့တာနဲ့ပဲ သူတို့တိုက်စစ်ပိုင်းက ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်မှန်း ယူဆနိုင်ပါတယ်။ လိဂ်ထဲမှာ အခြေနေမကောင်းဘူးဆိုတာ ခံစစ်ပိုင်းကြောင့်ဖြစ်ပါတယ်။

မန်စီးတီးတို့ကျတော့ လီဗာပူးလ်ကို ၁-၀ နဲ့ရှုံးပြီး ကိုပင်ဟေဂင်နဲ့ ၀-၀ သရေကျသွားတော့မှ နောက်ဆုံးတစ်ပွဲမှာ အနိုင်ပွဲ ထွက်ပေါ်လာပါပြီ၊ အဲ့ပွဲ လိဂ်ပွဲစဉ်ဖြစ်ပြီး ဘရိုက်အပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာခဲ့ပါတယ်။ အခုလက်ရှိ အာဆင်နယ်ထက် အမှတ် ၄ မှတ်နည်းနေပေမယ့် ချန်ပီယံရမယ့်ထဲကတော့ သူတို့ပဲ နံပါတ် ၁ ဖြစ်နေပါတယ်။ အာဆင်နယ်အသင်းက ပွဲတိုင်းပဲ အနိုင်တောက်လျှောက်ရနေပေမယ့် သတင်းဌာနတို့ရဲ့မျက်ဝန်းထဲတောင် မရှိဘူးဖြစ်နေတယ်။ သနားစရာကောင်းပါတယ်။ မန်စီးတီးအသင်း နောက်ထပ် ပွဲပေါင်း၂၀ လောက် အနိုင်ရသွားမယ်ဆိုရင် မထူးဆန်းပါဘူး၊ ဒီလို ကစားသမားဘုရင်တွေစုပုံနေတဲ့အသင်းက အနိုင်တွေတောက်လျှောက် ကောက်သိမ်းသွားလောက်တယ်။ ဒီအလုပ်က လုပ်ပြဖူးပြီးပြီ၊ သူတို့ရဲ့ စစ်မှန်တဲ့ပြိုင်ဘက်ကလည်း ပပ်ပြောသလို လီဗာပူးလ်ပဲရှိပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်း ဒီနှစ်မှာ အဆင်မပြေသေးပါဘူး။ အဲ့တော့ လိဂ်ထဲမှာ ဘယ်လောက်ထိပဲ တိုက်ခိုက်ရမလဲတော့မသိသေးပါဘူး။ မန်စီးတီးတို့ရဲ့စွမ်းဆောင်ရည်က အရမ်းတောင့်တင်းမှုရှိတဲ့အတွက် နံပါတ် ၂ ဖြစ်ဖို့လုံးဝမရှိဘူးဖြစ်နေတယ်။ ဒီရာသီအတွင်း ဟာလန်းတစ်ယောက်ထဲက သွင်းဂိုး ၁၇ လုံး De Bruyne ၉ လုံး တောင်ရှိသွားပါပြီ၊ ဒီလိုမျိုးနဲ့ဆိုရင် ဘယ်အသင်းမှ သူတို့နဲ့ ပြိုင်ချင်တော့မှာမဟုတ်တော့ပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းက လက်စတာဘက်က အရှုံး ၇ ပွဲရသွားပြီး မန်စီးတီးအပေါ် ၃ ပွဲထဲပဲ အနိုင်ရခဲ့ဖူးပါတယ်။ အခုလက်ရှိ နှစ်သင်းစလုံးရဲ့အခြေနေက လုံးဝကွာခြားပါတယ်။ မန်စီးတီးဟာ လီဗာပူးလ်နဲ့ ကိုပင်ဟေဂင်တို့ပွဲပြီးသွားကတည်းက ဘရိုက်တန်နဲ့ စပြီး ကြမ်းနေပါပြီ။ မန်စီးတီးရဲ့ Form က တစ်ပွဲနဲ့တစ်ပွဲမှာ လက်စတာထက် တော်တော်ကြည့်ကောင်းနေပါတယ်။ အသင်းထဲက ကစားသမားအသီးသီးလည်း အကုန်နီးပါးအဆင်သင့် ဖြစ်နေကြပါတယ်။ မန်စီးတီးအသင်းက ကြီးမားတဲ့ထဲပါနေတော့ ပထမကစားသမားနေရာ အရံကစားသမားတွေက တာဝန်ယူပေးနိုင်ပါတယ်။ လက်စတာတို့ကျတော့ စိတ်ပူစရာကောင်းပါတယ်။ အမှတ်ဇယားထဲက အောက်ပိုင်းအဆင့်ဖြစ်ပြီး တိုက်စစ်ပိုင်းက ကောင်းပေမယ့် ခံစစ်ပိုင်းက သုံးစားလို့မရဘူးဖြစ်နေတယ်။ ဒီတိုင်းပဲဆိုရင် ခံဖို့သာပြင်ထားကြပါ။

11 Players

Leicester City (4-1-4-1) – Ward – Justin – Faes – Amartey – Castagne – Soumare – Tielemans – Dewsbury – Maddison – Barnes – Vardy

Man City (4-3-3) – Ederson – Akanji – Laporte – Dias – Cancelo – Rodri – Bernado – De Bruyne – Alvarez – Foden – Haaland

Missing Players

Leicester City – Ryan Bertrand (Knee Surgery), Ricardo Pereira (Achilles tendon rupture), Caglar Söyüncü (Bruised Knee)

Manchester City – Kyle Walker (Groin Injury), John Stones (Hamstring Injury), Kalvin Phillips (Shoulder Injury)

ဘုန်းမောက်အသင်း လီဗာပူးလ်ကို ၉ ဂိုး ၀ နဲ့ ရှုံးသွားတုန်းက Scott Parker အလုပ်တန်းပြုတ်သွားပါတယ်။ အဲ့တုန်းက ဘုန်းမောက်အသင်းဟာ အောက်ပိုင်းအဆင့်အထိ ကျရောက်ခဲ့ပြီး အတန်းဆင်းမယ့်ထဲတောင် ပါဖို့ရှိခဲ့ဖူးပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ၄ ပွဲထဲနဲ့ ဂိုး ၁၆ လုံးတောင် သွင်းခံထိထားလို့ပါ။ ဒါပေမယ့် အသင်းနည်းပြပြောင်းလိုက်တော့မှ အရှုံးနဲ့ တစ်ပွဲမှမတိုးခဲ့သေးပါဘူး။ နောက်ဆုံးတစ်ပွဲရောက်တော့မှ ဆောက်သန်တမ်ကို ၁-၀ ဂိုးနဲ့ ရှုံးလာပြီး အမှတ်ဇယားထဲမှာ အောက်ဆုံးအဆင့်ကနေ အဆင့် ၁၃ အထိ တက်ရောက်သွားပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်က ကောင်းတဲ့ထဲရှိပါတယ်။ ဒီပွဲ အသင်းအဆင်သင့်ဖြစ်တဲ့အပိုင်းကတော့ စိတ်ပူစရာမရှိပါဘူး။ Position တိုင်းပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ အသင်းထဲက အဓိကကျတဲ့ကစားသမားကတော့ Solenke ဆိုတဲ့ လီဗာပူးလ်ရဲ့ ကစားသမားဟောင်းပဲ ဖြစ်ပါတယ်။ သူ့မှာ ဂိုး ၂ လုံးနဲ့ Assist ၃ ကြိမ် လုပ်ထားနိုင်ပါတယ်။ ဘုန်းမောက်တို့ရဲ့ထူးခြားချက်က ဘာမှမရှိပါဘူး။ ခံစစ်ပိုင်းကိုဦးစားပေးမယ်၊ Set Piece ကို ထိရောက်အောင် လုပ်ဆောင်ရမယ်။ သူတို့ရဲ့ တန်ပြန်တိုက်စစ်ကတော့ ရိုးရိုးလေးပါပဲ။ ကြမ်းတဲ့ထဲမရှိပါဘူး။

စပါးတို့ကျတော့ မန်ယူနဲ့ပွဲတုန်းက ကြက်ကလေးတောင်ဖြစ်သွားပါတယ်။ အဲ့ပွဲ ဘာမှမတတ်နိုင်ပဲ ပွဲပြီးသွားတယ်။ Kane နဲ့ Son က Martínez နဲ့ Varane ကို လုံးဝခါမထုတ်နိုင်ဘူး။ ကွင်းလယ်ပိုင်းကလည်း မန်ယူကို လုံးဝမနိုင်ခဲ့ပါဘူး။ မန်ယူနဲ့ပွဲပဲမကပါဘူး အာဆင်နယ်နဲ့ပွဲတုန်းကလည်း ပြန်မခုတ်နိုင်ခဲ့ပါဘူး။ ပြောမယ်ဆို ကိုယ်နဲ့တန်းတူတဲ့အသင်းတွေနဲ့တွေ့ခဲ့ရရင် ခြေစွမ်းမပြနိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ကလေးအသင်းတွေနဲ့ တွေ့ခဲ့ရရင်တော့ မှားဖို့မရှိပါဘူး။ ဒီနေ့ရောပဲ။ ဘုန်းမောက်ဆိုတာ စပါးအတွက် ကလေးလေးပါ။ ပြီးတော့ စပါးတို့က ကိုယ့်ယုံကြည်မှုတွေ ပြန်လည်ခေါ်ဆောင်ချင်နေတဲ့အတွက်  ဒီပွဲ အပီကစားကြလောက်ပါတယ်။ အရင်တစ်ပွဲတုန်းက မန်ယူနဲ့တွေ့ပြီး ပထမပိုင်းနဲ့တင် မန်ယူကို ဂိုးသွင်းဖို့အခွင့်ရေး ၁၅ ကြိမ်တောင် ပေးတော့ တော်တော်ပြောဆိုခံထိခဲ့ပါတယ်။ တစ်ပွဲလုံး ဂိုးသွင်းဖို့အခွင့်ရေး ၂၈ ကြိမ်တောင် ပေးသွားတယ်။ ကွင်းလယ်ကစားသမားအားလုံး စာမေးပွဲအကုန်ကျပါတယ်။ အဲ့ပွဲ တိုက်စစ်ပိုင်း လုံးဝပျောက်ကွယ်သွားပါတယ်။ သူတို့ရဲ့ ဂိုးသမားက တော်တော်ကောင်းလို့ ဂိုး ၂ လုံးထဲပဲ ထိသွားပါတယ်။ ဒီပွဲ အရှက်ပြန်ယူရမယ့်ပွဲ ဖြစ်ပါတယ်။

ibet789 login အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ စပါးဘက်က ပိုသာပါတယ်။ စပါးအသင်း ဒီနှစ်ပွဲဦးထွက်တုန်းက ကောင်းကောင်းစတင်နိုင်ပါတယ်။ ကိုယ့်ထက်သေးတဲ့အသင်းနဲ့ တွေ့ရရင် အနိုင်ရယူတတ်ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေနဲ့တွေ့ခဲ့ရရင်တော့ ပြသာနာအမြဲတက်ပါတယ်။ မန်ယူနဲ့ပွဲတုန်းက သူတို့ရဲ့ကစားပုံကစားနည်းဟာ အညံ့ဆုံးပဲလို့တောင် သတ်မှတ်လို့ရတယ်။ ဘယ်အပိုင်းကမှ ပြန်လှန်မခုခံနိုင်ခဲ့ပါဘူး။ ပွဲစစလာချင်းကနေ ပွဲပြီးတဲ့အထိ မန်ယူလောက် ဘောလုံးမပိုင်နိုင်ခဲ့ပါဘူး။ အဲ့တာနဲ့ပဲ စပါးတို့က ဒီနှစ်မှာ ချန်ပီယံလုယူရမယ့်ထဲ မပါသေးပါဘူး။ ရာသီကုန်တဲ့အထိ မထိန်းနိုင်လောက်ဘူးလို့ ထင်မြင်ထားပါတယ်။ ဘုန်းမောက်တို့ကျတော့ လီဗာပူးလ်ကို ၉ လုံးခံပြီးနောက် အခြေနေတွေ ပြန်ကောင်းလာပါပြီ။ နောက်ဆုံး ၇ ပွဲထဲမှာ အရှုံး ၁ ပွဲလေးပဲရရှိခဲ့တယ်။ ပြောမယ်ဆိုရင် နည်းပြပြောင်းလိုက်တာနဲ့ အခြေနေတန်းကောင်းပါတယ်။ ဒီပွဲစပါးနဲ့တွေ့ရမှာဆိုတော့ ခက်ပါတယ်၊ နောက်ဆုံး ၇ ပွဲတုန်းက ဒီလိုကြီးမားတဲ့အသင်းနဲ့ တစ်ပွဲမှမတွေ့ရသေးပါဘူး။ အဲ့တော့ ဒီပွဲ စပါးတို့ အမှတ် ၃ မှတ် ရသွားလောက်ပါတယ်။

11 Players

Bournemouth (5-4-1) – Neto – Fredericks – Smith – Mepham – Senesi – Tavernier – Cook – Lerma – Christie – Stanislas – Solenke

Tottenham Hotspur (3-4-2-1) – Lloris – Romero – Dier – Davies – Hojbjerg – Bentancur – Perisic – Emerson – Moura – Son – Kane

Missing Players

AFC Bournemouth –  အဆင်သင့်ဖြစ်သည်။

Tottenham Hotspur – Richarlison (Calf Injury), Dejan Kulusevski (Thigh Problems)

ဘရိုက်တန်အသင်း ဒီနှစ်အတွင်း အခြေနေတော်တော်ကောင်းပါတယ်။ လက်ထဲမှာ ၁၅ မှတ်ရှိပြီး ၁၁ ပွဲတိတိ ဆင်းကစားပြီးပါပြီ။ အသင်းနည်းပြအသစ်ပြောင်းလိုက်ကတည်းက အခုထိ အနိုင်တစ်ပွဲမှမရသေးပါဘူး။ သရေ ၂ ပွဲနဲ့ အရှုံး ၃ ပွဲပဲ လုပ်ထားနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားပုံကစားနည်းကတော့ ပွဲတိုင်းပဲကောင်းပါတယ်။ မန်စီးတီးနဲ့ပွဲတုန်းကတောင် ခြေစွမ်းပြနိုင်ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ direct passing နဲ့ကြုံခဲ့ရလို့ တစ်ပြင်လုံးပဲ ပျက်ဆီးသွားပါတယ်။ သူတို့မှားတုန်းကလည်း ဟာလန်းကို မှားပေးလိုက်တော့ ရှယ်ပဲပေါ့။ ဘရိုက်တန်ရဲ့ခံစစ်ပိုင်းက အားရစရာမကောင်းသေးဘူး၊ နည်းနည်းနှေးနေတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ဘောလုံးအပို့အယူကတော့ အရည်သွေးရှိပါတယ်။ ချယ်လ်ဆီးကို ပြန်လှန်ခုခံနိုင်လောက်တယ်။

ချယ်လ်ဆီးတို့ကျတော့ ပေါ်တာဝင်လာကတည်းက အခုထိ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက မန်ယူကိုတောင် နိုင်ခါနီးပဲ၊ နောက်ဆုံးမိနစ်မှာ မှားမိလို့သာ နှမြောဖို့ကောင်းသွားပါတယ်။ အဲ့ပွဲ ပထမပိုင်းတုန်က မန်ယူကိုမနိုင်တာတော့ အမှန်ပဲ၊ အဲ့ပွဲ သူတို့ပဲ ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဆင်ပြေအောင်တော့ ထိန်းကစားနိုင်ပါတယ်။ ဒုတိယပိုင်းရောက်တော့ ပေါ်တာက ကွင်းလယ်ပိုင်းကို ပြုပြင်ထားတာတွေ့တယ်။ သူ့မှာ ညာဏ်ရည်ရှိတယ်။ နောက်ဆုံး တကယ့်မထိန်းနိုင်လို့ နှမြောစရာကောင်းပါတယ်။ ဒီပွဲ ဖိုဖာနာနဲ့ ရိစ်ဂျိမ်းကို အသုံးမပြိုနိုင်ဘူး။ ကျန်တာ အဆင်ပြေနေကြပါတယ်။ ချယ်လ်ဆီးတို့ရဲ့ အဓိကကစားသမားကတော့ Mount ပါပဲ။ Sterling က နည်းနည်းလိုသေးတယ်။ Aubameyong လည်း ကောင်းနေပါပြီ၊ တိုက်စစ်ပိုင်းထဲမှာအားကိုးလို့အကောင်းဆုံး ဖြစ်နေပါတယ်။ ဒီပွဲ ကွင်းလယ်ပိုင်းရဲ့ တိုက်ခိုက်မှုဖြစ်မှာဆိုတော့ ဘယ်လိုအဖြေမျိုးထွက်လာမလဲတော့ မပြောတတ်ဘူး၊ ဒါပေမယ့် အဖြစ်နိုင်ဆုံးကတော့ သရေပဲလို့ ထင်မြင်ထားပါတယ်။

ibet789 login အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်က ပိုသာပါတယ်။ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ ဘရိုက်တန်တို့ ချယ်လ်ဆီးအပေါ် အနိုင်တစ်ပွဲမှမရဖူးသေးပါဘူး။ ဒါပေမယ့် ထူးဆန်းတာကတော့ နောက်ဆုံး ၅ ပွဲထဲမှာ ချယ်လ်ဆီးဘက်က ဘရိုက်တန်ကို တစ်ပွဲလေးပဲ နိုင်ခဲ့ဖူးပါတယ်။ ကျန်တဲ့ ၄ ပွဲက ၄ ပွဲစလုံးသရေကျသွားပါတယ်။ ဒီနှစ် ဘရိုက်တန်တို့မှာ ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး ပေါ်တာဆိုတဲ့နည်းပြကို ဆုံးရှုံးသွားတာ တကယ့်ပြသာနာဖြစ်နေတယ်။ ပေါ်တာကို ဆုံးရှုံးပေးတဲ့အသင်းကလည်း ချယ်လ်ဆီးအသင်းကြီးဖြစ်နေတယ်။ အဲ့တော့ ဒီပွဲ ပေါ်တာရဲ့ အသင်းဟောင်းနဲ့ တိုက်ခိုက်ရမယ့်ပွဲ ဖြစ်နေတယ်။ ပေါ်တာက ဘရိုက်တန်ရဲ့ ကစားပုံကစားနည်း သိကျွမ်းပြီးသားပါ၊ ဘရိုက်တန်အသင်းနည်းပြအသစ်က ကစားစနစ်ကို တစ်ခုမှမပြောင်းသေးပါဘူး။ အရင်အတိုင်းပဲဖြစ်နေတုန်း။ အဓိကကျတဲ့ Trossard က မန်စီးတီးဂိုးနဲ့ လီဗာပူးလ်ဂိုးကို စကေးရှိရှိနဲ့ ပိတ်သွင်းဖူးတယ်။ ချယ်လ်ဆီးတို့ အခုတလော အခြေနေမကောင်းဘူး၊ လန်ဒန်ကိုဖွင့်ပြီး မန်ယူကိုကြိုဆိုခဲ့ရတာတောင် သရေပဲလုပ်နိုင်တယ်။ ကိုယ့်အိမ်ကွင်းဖြစ်နေတာတောင် ပြန်လဲ မခုခံနိုင်ခဲ့ပါဘူး။ ဂိုးသမားနဲ့ ခံစစ်မှူးတွေက အားကိုးနိုင်လို့ပေါ့ဗျ။ ဒီပွဲ သရေပဲကျသွားလိမ့်မယ်။

11 Players

Brighton (3-4-2-1) – Sanchez – Dunk – Webster – Veltman – Mac Allister – Caicedo – March – Lamptey – Trossard – GroB – Welbeck

Chelsea (3-4-2-1) – Kepa – Chalobah – Silva – Cucurella – Jorginho – Kovacic – Chilwell – Sterling – Mount – Havertz – Aubameyong

Missing Players

Brighton & Hove Albion – Jakub Moder (Cruciate Ligament Rupture)

Chelsea FC – N’Golo Kanté (Hamstring Injury), Wesley Fofana (Knee Injury), Reece James (Knee Injury)

လီဗာပူးလ်အသင်း ဒီနှစ်ထဲမှာ ၁၁ ပွဲကစားပြီး အရှုံး ၃ ပွဲတောင် ရရှိခဲ့ပြီးပြီ။ ရာသီစစလာချင်းတုန်းကလည်း ခပ်ဆိုးဆိုးပဲ စတင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ Top 4 နေရာ လုရမယ့်ကိစ္စ မလွယ်တော့ပါဘူး။ အဓိကကျတဲ့ကစားသမားတွေမှာ ဒဏ်ရာရထားတာရှိတယ်။ အဲ့ဒီအဓိကတွေအစား ဆင်းပေးနိုင်တဲ့အရံတွေကလည်း Form အတိကျယူလို့မရဘူးဖြစ်နေတယ်။ အဓိက ခံစစ်ပိုင်းပါပဲ အခုထိ အကောင်ထည်မဖော်နိုင်သေးပါဘူး။ Trent နဲ့ Gomez တို့ အရင်တစ်ပွဲတုန်းက သူတို့ကြောင့် ဂိုးပေးခဲ့ရပါတယ်။ အရူးထပြီး ဖောရက်စ်ရဲ့တိုက်စစ်မှူးဆီ ဘောလုံးပို့ပေးလိုက်တယ်တဲ့ဗျ။ လီဗာပူးလ်ရဲ့ခံစစ်မှူးတွေက လွယ်တဲ့အလုပ်ကို ခက်အောင်အမြဲလုပ်တတ်တယ်။ ဥပမာ အာဆင်နယ်နဲ့တစ်ပွဲ ပင်နယ်တီပေးရတုန်းက ဘောလုံးကို အပြတ်ရှင်းမပစ်ဘူး ဂိုးရှေ့မှာပဲ ဟိုလိုလို ဒီလိုလိုလုပ်တော့ နောက်ဆုံး ခံခဲ့ရပါတယ်။ လီဗာပူးလ်တို့က ဒီလိုမျိုး ဖြစ်တတ်တယ် အဓိက အဝေးကွင်းဖြစ်ရင် ပိုဆိုးတယ်။ ဒါပေမယ့် အိမ်ကွင်းနဲ့ပွဲတွေမှာကျတော့ သူတို့မဟုတ်သလို ကြမ်းနေရော။ အရင်တုန်းကလောက် မကောင်းပေမယ့် ကောင်းတဲ့ထဲတော့ ရှိပါတယ်။ အဝေးကွင်းထက် တော်တော်ကောင်းပါတယ်။ ဒီပွဲ အန်ဖီးလ်ကွင်းဖြစ်တဲ့အတွက် လီဗာပူးလ်တို့ အဆင်ပြေလောက်ပါတယ်။

လိဒ်စ်တို့ကျတော့ အခုတလော အကျပ်အတည်းတွေတော်တော်ဖြစ်နေတယ်။ နောက်ဆုံး ၇ ပွဲစံချိန်ထဲမှာ အနိုင်တစ်ပွဲမှမရှိပဲ အရှုံး ၅ ပွဲတောင်ရသွားပါတယ်။ နောက်ဆုံးတစ်ပွဲ လက်စတာနဲ့တွေ့ပြီး ၂ ဂိုး ၀ နဲ့ ရှုံးလာတယ်၊ သူတို့က အဲ့ပွဲမှာ ဂိုးမသွင်းနိုင်တဲ့အတွက် သွင်းဂိုးမရှိတာ ၂ ပွဲဆက်တိုက်ရှိသွားပါပြီ။ သူတို့ရဲ့ အဆိုးဆုံးစံချိန်ကတော့ အဝေးကွင်းနဲ့စံချိန်ပဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ သူတို့ရဲ့စံချိန်က လီဗာပူးလ်နဲ့တူတဲ့နေရာရှိပါတယ်၊ ဘယ်နေရာလည်းဆိုရင် အဝေးကွင်းနဲ့ အနိုင်မယူတတ်စံချိန်ပါပဲ။ ဒါပေမယ့် လိဒ်စ်ကသာ ပိုဆိုးနေပါတယ်။ လိဒ်စ်တို့ရဲ့ အဝေးကွင်းနဲ့ ၅ ပွဲထဲမှာ သရေ ၁ ပွဲလေးနဲ့ အရှုံး ၄ ပွဲတောင်ရသွားပါတယ်။  အဲ့ထက်ဆိုးတာ ဂိုး ၁၂ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ တစ်ပွဲကို အနည်းဆုံး ဂိုး ၂ လုံး ပုံမှန်သွင်းခံထိနေတယ်။ အဲ့တော့ လိဒ်စ်ရဲ့ကစားသမားအသီးသီးက အဆင်သင့်ဖြစ်နေကြပေမယ့် အန်ဖီးလ်ကွင်းကို ဧည့်သည်လာလုပ်ပေးရမှာဆိုတော့ လက်အလွှတ်ကြီးနဲ့ ပြန်ရဖို့ရှိပါတယ်။

ibet789 login အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာမှန်းကောင်းကောင်းမြင်ခဲ့ရပါတယ်။ အရင်ရာသီတုန်းက လီဗာပူးလ်ဘက်က အသွားရောအပြန်ပါ စုစုပေါင်း ဂိုး ၉ လုံးတောင်သွင်းနိုင်ခဲ့ပါတယ်။ ပြောမယ်ဆိုရင် လီဒ်စ်တို့ရဲ့ ဘောလုံးစတိုင်လ်က လီဗာပူးလ်ရဲ့အကြိုက်ဖြစ်နေတယ်လို့တောင် ယူဆနိုင်ပါတယ်။ လီဗာပူးလ်အသင်းက တိုက်စစ်ဆင်တတ်တဲ့အသင်းနဲ့တွေ့ရင် ခြေစွမ်းအမြဲပြတတ်ပါတယ်။ လီဗာပူးလ်တို့ရဲ့ Form က အတိကျမဖြစ်သေးပေမယ့် အနည်းဆုံး အန်ဖီးလ်ကွင်းဖြစ်တဲ့အတွက် အမှတ် ၃ မှတ်ရဖို့ရှိပါတယ်။ ပြီးတော့ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ သွင်းဂိုးတွေ များတတ်တယ်။ နောက်ဆုံး ၁၀ ပွဲထဲမှာ လီဗာပူးလ်ဘက်က အနိုင် ၈ ပွဲရသွားပြီး သရေ ၂ ပွဲ ရသွားပါတယ်။ အဲ့ဒီ ၁၀ ပွဲထဲမှာ လီဗာပူးလ်ဘက်က လိဒ်စ်ကို တစ်ပွဲမှမရှုံးခဲ့ဖူးသေးပါဘူး။ စံချိန်ကိုကြည့်ပြီး ပျော်စရာကောင်းပေမယ့် လီဗာပူးလ်အသင်းက အခုတလော Form မငြိမ်သေးတဲ့အတွက် သရေကျရုံနဲ့ ပြီးသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲ အန်ဖီးလ်ကွင်းဖြစ်ပြီး အဓိက ကစားသမားတွေလည်း ရှိနေသေးတဲ့အတွက် နိုင်အောင်တော့ ကြိုးစားကြလောက်ပါတယ်။ ဖောရက်စ်ကိုရှုံးသွားတုန်းက အရှက်တွေပြန်ယူချင်နေကြလောက်တယ်။ ဒီပွဲ လိဒ်စ်တို့ လီဗာပူးလ်ကို ဘယ်လိုမှ ခံနိုင်မယ်မထင်ဘူး။

11 Players

Liverpool (4-2-3-1) – Allison – Trent – Van Dijk – Gomez – Robertson – Fabinho – Elliot – Thiago – Salah – Firmino – Nunez

Leeds United (4-2-3-1) – Meslier – Firpo – Llorente – Koch – Kristensen – Roca – Adams – Sinistrea – Aaronsson – Rodrigo – Bamford

Missing Players

Liverpool FC – Naby Keïta (Hamstring Injury), Joel Matip (Calf Injury), Luis Díaz (Knee Injury), Diogo Jota (Calf Injury), Arthur Melo(Surgery)

Leeds United – Stuart Dallas (Femoral Fracture)