ibet789 live odds S

နော်တင်ဟမ်ဖောရက်စ် Vs လီဗာပူးလ် [ 22 Oct 22 - 18:00 hrs]

ibet789 live odds အိမ်ရှင်နော်တင်ဟမ်ဖောရက်စ်အသင်း အသင်းသစ်အတိုင်းခြေစွမ်းတွေပြသနေပါတယ်။ ဘယ်လိုလည်းဆိုရင် အခြေနေတော်တော်ဆိုးနေပြီး ကောင်းလာမယ့်ပုံမပေါ်သေးပါဘူး။ ရာသီစတင်လာကတည်းက အခုထိ အနိုင် ၁ ပွဲထဲလုပ်နိုင်ပြီး သရေ ၂ ပွဲနဲ့ အရှုံး ၇ ပွဲတောင် ရသွားတယ်။ အခု လိဂ်ရဲ့ အောက်ပိုင်းအဆင့်မှာ ရောက်ရှိနေပါပြီ။ သူတို့ရဲ့တိုက်စစ်ပိုင်းက ကြောက်စရာမရှိဘူး ပြတ်သားမှုတွေ အရမ်းအားနည်းပြီး တန်ပြန်တိုက်စစ်ဆင်တဲ့နေရာမှာလည်း အရမ်းနှေးကွေးနေပါတယ်။ ခံစစ်ပိုင်းလည်း လုံးဝညံ့ဖျင်းနေပါတယ်၊ ဒါတောင် ပေါင်သန်း ၁၆၀ အသုံးပြုပြီးကစားသမားအသစ်ဝယ်လိုက်သေးတာနော် အခြေနေက ကောင်းသင့်သလောက် မကောင်းဘူးဖြစ်နေတယ်။ ဒီတိုင်းပဲဆိုရင် အသင်းအဖွဲ့ချုပ်တို့ စဉ်စားဖို့လိုပါတယ်။ အသင်းနည်းပြက ဘာအဆောင်များဆောင်ထားသလဲတော့မသိဘူး။ အသင်းရဲ့ကစားပုံကစားနည်းက ဟိုမရောက်ဒီမရောက်နဲ့ ဦးတည်ချက်မရှိပဲ ကစားနေကြသလိုဖြစ်နေတယ်။ ပထမ အနောက်တန်းကို ၅ ယောက်ထားပြီး ၄ ယောက်ပြန်ဖြစ်သွားတယ် နောက်ဆုံး ၃ ယောက်ပဲကျန်ပါတော့တယ်။ သူတိုရဲ့ ၄-၃-၃ စနစ်က နည်းနည်းကြည့်ကောင်းပါတယ်။ နောက်ဆုံး သရေကျသွားတဲ့ ၂ ပွဲတုန်းက ဒီစနစ်ကိုပဲအသုံးပြုပြီး ဂိုးနည်းနည်းပါးပါးပဲ သွင်းခံထိခဲ့တယ် ဒီပွဲ ဒီစနစ်ကိုပဲ အသုံးပြုမယ်ထင်ပါတယ်။

လီဗာပူးလ်အသင်း အာဆင်နယ်ကိုရှုံးသွားတော့ ပေါက်ကွဲပြီး ရိန်းကျားအပေါ် ၇ ဂိုး ၁ ဂိုးတောင် ကျွေးခဲ့လိုက်ပါတယ်။ အဲ့ပွဲပြီးတာနဲ့ မန်စီးတီးဆိုတဲ့ ဆရာကြီးအသင်းကိုတောင် ကပ်နိုင်သွားသေးတယ်။ အဲ့ပွဲ လီဗာပူးလ်အသင်းက ကိုယ့်အခြေခံကို ပြန်ထိန်းကစားနိုင်ပြီလို့ ယူဆထားပါတယ်။ အဲ့ပွဲ Joe Gomez နဲ့ James Milner တို့ မထင်မှတ်ပဲ အခြေနေကောင်းခဲ့ကြပါတယ်။ ဗန်ဒိုက်မှာလည်း ခံစစ်ပိုင်းကို ပိုထိန်းနိုင်ပြီး ကွင်းလယ်မှာရှိတဲ့ Fabinho က ဘောလုံးဖြတ်ယူတာတို့ဘာတို့ တော်တော်ကောင်းခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းက မန်စီးတီးရဲ့ ခံစစ်ပိုင်းကို တော်တော်တိုင်ပတ်အောင်လုပ်နိုင်ခဲ့ကြပါတယ်။ လီဗာပူးလ်တို့ မန်စီးတီးနဲ့ပွဲလို အခြေခံမျိုး ဆက်ထိန်းနိုင်ရင်တော့ အရင်လိုပြန်ကြမ်းလိမ့်မယ်။ အစစအရာရာက အဆင်ပြေပေမယ့် နယူးနက်ဇ်ကိုတော့ ချန်ထားပါ၊ သူက အသင်းနဲ့ အခုထိ နေသားမကျသေးဘူး၊ အဲ့တော့ အရံထိုင်ခုံမှာပဲ ထိုင်နေရပါတယ်။ ပြီးတော့ ဖာမီနိုက အခုတလော တော်တော်တက်ကြွနေတယ်။ ဒါပေမယ့် မသေချာသေးပါဘူး ဂျိုတာက ဆင်းနိုင်မလားမသိသေးတော့ နယူးနက်ဇ်ဆင်းရရင် ဆင်းရလိမ့်မယ်။ နယူးနက်ဇ်က ဒီထက်ကြမ်းအောင် လေ့ကျင့်စရာလိုသေးတယ်၊ သူ့ရဲ့ အပြေးကတော့ မြန်ပြီးသားပေမယ့် ဘောလုံးကိုင်ဆောင်တဲ့နေရာနဲ့ ဂိုးသွင်းချက်က သိပ်မပြတ်သားသေးဘူးဖြစ်နေတယ်။ ဒီပွဲ သူဆင်းရသည်ဖြစ်စေ မဆင်းရသည်ဖြစ်စေ လီဗာပူးလ်နဲ့ မထိခိုက်ပါဘူး၊ လီဗာပူးလ်အသင်းက ကစားသမားတစ်ယောက်ထဲကိုပဲ အားကိုးတာမဟုတ်ဘူး စနစ်တကျကစားတဲ့အသင်းမျိုးသာ ဖြစ်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်က တော်တော်ကြာခဲ့ပါပြီ၊ နောက်ဆုံးတစ်ပွဲတုန်းက ဖလားပွဲဖြစ်ပြီး လီဗာပူးလ်ဘက်က အနိုင်ရသွားပါတယ်။ အဲ့ပွဲ လီဗာပူးလ် ၁-၀ နဲ့ ကပ်နိုင်ပြီး FA ဖလား ဗိုလ်လုပွဲအဆင့် တက်ရောက်သွားပါတယ်၊ ပြီးရင် ဖလားပါရသွားတယ်။ ဒီပွဲ လီဗာပူးလ်ဘက်က ပိုသာနေတုန်းပါပဲ သူတို့ရဲ့ Form က သိပ်မကောင်းပေမယ့် ကလော့ပ်က နံပါတ် ၁ ဖြစ်မယ့်မန်စီးတီးကိုတောင် ရိုက်လွတ်ပြီးပြီ။ Clean sheet ကြီးပါရသွားတယ်။ သူတို့ခြေစွမ်းက မကြာမီပြန်လာတော့မယ်လို့ ယုံကြည်ထားပါတယ်။ နောက်ဆုံးဒဏ်ရာရသွားတဲ့ကစားသမားက ဂျိုတာဖြစ်နေပေမယ့် သူ့ရဲ့ ဒဏ်ရာပြင်းထံမှုကျတော့ မသိရသေးပါဘူး။ အနီကဒ်ထိသွားတဲ့ ကလော့ပ် ဒီပွဲ ကွင်းဘေးကနေ ပြန်ထိန်းချုပ်နိုင်ပါပြီ။ ဖောရက်စ်တို့ကျတော့ စွမ်းဆောင်ရည်တွေ ရှယ်ညံ့နေတယ်။ ပြောမယ်ဆို အတန်းဆင်းမယ့်ထဲက နံပါတ် ၁ ဖြစ်နေပြီ။ တက်ကြွနေတဲ့လီဗာပူးလ်အသင်းက စိတ်ဓာတ်ကျနေတဲ့ ဖောရက်စ်နဲ့တွေ့ရမှာဆိုတော့ တက်ကြိတ်ဖို့ပဲကျန်တော့တယ်။

11 Players

Nottingham Forest (4-3-3) – Henderson – Toffolo – McKenna – Cook – Williams – Freuler – Kouyate – Yates – Gibbs White – Johnson – Dennis

Liverpool (4-2-3-1) – Alisson – Robertson – Trent Arnold – Van Dijk – Gomez – Fabinho – Thiago – Firmino – Elliot – Jota – Salah

Missing Players

Nottingham Forest – အဆင်သင့်ဖြစ်ကြပါသည်။

Liverpool FC – Curtis Jones (Stress response of the bone), Alex Oxlade-Chamberlain (Hamstring Injury), Naby Keïta (Hamstring Injury), Joel Matip (Calf Injury), Luis Díaz (Knee Injury), Arthur Melo (Surgery), Konate (Injury)

မန်စီးတီးအသင်း နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်ကိုရှုံးလာလို့ တော်တော်လန့်သွားကြလောက်တယ်။ အဲ့ပွဲ သူတို့ဘက်က ကိုယ့်အခြေခံခြေစွမ်းကို မထိန်းနိုင်ကြပါဘူး၊ De Bruyne က ဘောလုံးသိပ်မရခဲ့ဘူး၊ ပြီးတော့ ပပ်ကိုယ်တိုင်က ထိုးဖောက်စတိုင်လ်ကို မပြောင်းဘူး ဖိုဒန်ဘက်က ထိုးမဖောက်နိုင်မှန်းမြင်ရက်သားနဲ့ ဘာပြောင်းလဲမှုမှ မလုပ်ခဲ့ပါဘူး။ လူလဲလိုက်တဲ့အချိန်မှာလည်း အတော်နောက်ကျတယ်။ Jack Grealish နဲ့ Riyad Mahrez တို့ရှိရက်သားနဲ့ အသုံးမပြုဘူး၊ အဲ့ပွဲ ဖိုဒန်ခြေစွမ်းမပြနိုင်တာတောင် သူ့အစား မဆင်းခိုင်းခဲ့ပါဘူး။ Silva ရောပဲ အဲ့နေ့ ကြောက်စရာကိုမကောင်းဘူး။ အဲ့ပွဲ လီဗာပူးလ်ဘက်က တော်တော်ကောင်းပါတယ်၊ ဒါပေမယ့် မန်စီးတီးဘက်က ကိုယ့်အခြေခံကို မထိန်းနိုင်တာလည်းပါတယ်။ ဒီထက် မမှားသင့်တော့ပါဘူး။

ဘရိုက်တန်တို့ကျတော့ ပေါ်တာမရှိတော့တဲ့နောက်ပိုင်း အနိုင်တစ်ပွဲမှမရှိသေးပါဘူး။ လီဗာပူးလ်နဲ့ စပါးကို ရှုံးသွားတာ နားလည်ပါတယ်၊ ဒါပေမယ့် ဘရန့်ဖိုတ်နဲ့ပွဲတုန်းကလည်း ထပ်ရှုံးသွားတော့ စိတ်ပျက်စရာကောင်းပါတယ်။ အဲ့ပွဲ သူတို့ဘက်က ဘောလုံးပိုင်ဆိုင်မှု ၇၀% တောင် လုပ်ဆောင်နိုင်တယ်။ ဂိုးသွင်းဖို့ အခွင့်ရေး ၂၁ ကြိမ် ဖန်တီးနိုင်ပြီး ထောင့်ကန်ဘော ၁၁ ခါ တောင် ရရှိခဲ့ပါတယ်။ အဲ့တာတောင် ဂိုးတစ်လုံးလေးလောက် လုံးဝမဖန်တီးနိုင်ခဲ့ကြပါဘူး။ ပွဲရလဒ်က ရှုံးသွားပေမယ့် အသင်းရဲ့ ကစားစနစ်က အရင်အတိုင်းပဲဖြစ်နေတော့ မကြာမီအမှတ် ၃ မှတ် ပြန်သိမ်းသွားနိုင်ကြလောက်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ မဖြစ်နိုင်သေးပါဘူး။ ဒီပွဲ အဆင်ပြေချင်ရင်တော့ ၃-၄-၂-၁ စနစ်ကို ပြန်သုံးရမယ်။ ခံစစ်ပိတ်တော့မယ်ဆိုရင် တောင်ပံခံစစ်ကို နောက်စုတ်ခိုင်းပြီး ခံစစ်ပိုင်းကို ၅ ယောက် ချက်ချင်းပြောင်းရမယ်။ ဒီတိုင်းလုပ်နိုင်တာတောင် အာရုံစိုက်မှုလိုသေးတယ်။ မိနစ် ၉၀ လုံးလုံး အာရုံစိုက်နိုင်ရမယ်။ လီဗာပူးလ်လုပ်သလို ပြိုင်ဘက်ရဲ့ တောင်ပံ့တိုက်စစ်ကို ဖျက်ဆီးရမယ်။ အဲ့အလုပ်က တော်တော်ပင်ပန်းပါတယ်။

ibet789 live odds အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က လုံးဝပိုသာပါတယ်။ လက်ဝှေစကားနဲ့ပြောရင် Knock-out နဲ့ အနိုင်ရတယ်ပေါ့လေ။ ရိုးရိုးပဲနိုင်တာမဟုတ်ဘူး ပိုးစိုးပက်စက်နိုင်တာပါ။ နောက်ဆုံးတစ်ပွဲ ၄ လပိုင်းတုန်းက တွေ့ခဲ့ကြပြီး မန်စီးတီးဘက်က ဂိုး ၃ လုံးနဲ့ အနိုင်ရသွားတယ်။ အဲ့ပွဲ မန်စီးတီးရဲ့အိမ်ကွင်းနဲ့ပဲ နိုင်သွားပါတယ်။ ဘရိုက်တန်တို့ ဒီရာသီထဲမှာ အခြေနေတော်တော်ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ပွဲ ဘရန့်ဖိုတ်ကိုရှုံးသွားတဲ့ပွဲကြည့်ပြီးပြောရင် နည်းနည်းဆိုးချင်နေကြတယ်။ အဲ့ပွဲ သူတို့ဘက်က ဘောလုံးပိုပိုင်နိုင်ပေမယ့် ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့အခွင့်ရေးကျ နည်းနည်းပဲ ဖန်တီးနိုင်တယ်။ ဂိုးသွင်းချက်က မပြတ်သားဘူး။ ဒီပွဲ နှစ်သင်းစလုံးရဲ့အစစအရာရာယှဉ်ကြည့်ရင် ပြောစရာမလိုပါဘူး။ ဧည့်သည်ဖြစ်တဲ့ ဘရိုက်တန်အသင်းက မန်စီးတီးထက် အများကြီးညံ့ပါတယ်။ အဲ့တော့ ဒီပွဲ မန်စီးတီးတို့ ရှယ်ကြုံးပြီ။

11 Players

Man City (4-3-3) – Ederson – Akanji – Cancelo – Stone – Dias – Rodri – Silva – De Bruyne – Foden – Mahrez – Haaland

Brighton (3-4-2-1) – Sanchez – Webster – Dunk – Veltman – Caicedo – Mac Allister – March – Estupinan – Trossard – Welbeck – GroB

Missing Players

Manchester City – Kyle Walker (Groin Injury), Kalvin Phillips (Shoulder Injury)

Brighton & Hove Albion – Jakub Moder (Cruciate Ligament Rupture)

ပေါ်တာလက်ထဲက ချယ်လ်ဆီးအသင်း အခြေနေတော်တော်ကောင်းနေတယ်။ အခု အသင်းကို ၆ ပွဲဦးဆောင်ပြီး အနိုင် ၅ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်တယ်။ တကယ့်ကောင်းတဲ့နေရာက ခံစစ်ပိုင်းဆို ပိုမြင်ရပါတယ်။ ဘာလို့လည်းဆိုတော့ ခံစစ်ပိုင်းမှာ ဂိုးသွင်းခံမထိတာ ၄ ပွဲဆက်တိုက်ရှိသွားနေပါပြီ၊ တိုက်စစ်ပိုင်းကလည်း တော်တော်ကောင်းနေတယ်။ ခြေစွမ်းကောင်း Mount က အလိုလို ခြေစွမ်းပြန်ကောင်းနေတယ်။ Havertz ရောပဲ။ ချယ်လ်ဆီးအသင်းက အလကားနေရင်းနဲ့ တက်ကြွလာနေတယ်။ အာဆင်နယ်ထက် အမှတ် ၈ မှတ်နည်းပြီး ပြိုင်ပွဲလည်း ၁ ပွဲ ပိုနည်းနေပါတယ်။ အဲ့တော့ သိပ်မလိုတော့ဘူးဗျ။ လမ်းခရီးက အဝေးကြီးလိုနေသေးတယ်ဆိုတော့ ပေါ်တာကချယ်လ်ဆီးနဲ့ အကြာကြီး ဆက်နေရလောက်ပါတယ်။ ဒီလို Form မျိုးနဲ့ဆိုရင် ချယ်လ်ဆီးဒါရိုက်တာအဖွဲ့ဘုတ်တို့က အားပေးနေကြလောက်တယ်။ ဒီပွဲ မန်ယူနဲ့တွေ့ပြီး ဒီဂီယာလက်စွမ်းကြောင့် ထစ်ခနဲဖြစ်သွားနိုင်တယ်။ ဒီပွဲ သူတို့ အမှတ် ၁ မှတ်လေးနဲ့ ကျန်ရစ်နိုင်ပါတယ်။

မန်ယူတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ နယူးကာဆယ်အပေါ် အနိုင်မရခဲ့ပါဘူး။ အဲ့ပွဲ နယူးကာဆယ်ဘက်က သူတို့ကို ဘာဖိအားမှမပေးနိုင်ပဲ အနိုင်ရအောင် မလုပ်နိုင်ခဲ့ကြပါဘူး။ နယူးကာဆယ်က Free kick နေရာလောက်ပဲ ကောင်းပြီး ကျန်တဲ့ Open play တဲ့နေရာတွေမှာကျ မကောင်းဘူး။ ဒါပေမယ့် မန်ယူဘက်ကလည်း နယူးကာဆယ်ကို ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ဖရက်ဒ်တို့ ဘရူနိုတို့ ရော်နယ်ဒိုရော ဆန်ချိုနဲ့ အန်တိုနီပါ ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။ ဒီလိုခြေစွမ်းမျိုးက အရင်လိုပြန်ဖြစ်နေတယ်။ ၃ ရက်ကောင်းပြီး ၄ ရက်လောက်ပြန်ဆိုးတယ်။ အတိကျယူဆလို့မရဘူးဖြစ်နေတယ်။ ဒီပွဲ တန်ဟက်က ရော်နယ်ဒိုကို Drop ထားလောက်တယ်။ Eriksen ကလည်း ဒဏ်ရာရလို့ပျောက်ကွယ်နေသလားမသိ သူသာမရှိလို့ကတော့ ဒီပွဲ မန်ယူတို့ ဒုက္ခရောက်နိုင်ပါတယ်။ သူက မန်ယူစနစ်ရဲ့ ဦးဆောင်သူကြီးမို့လို့ပါ။ ဒီပွဲ သူပါမလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်ခဲ့ကြပါတယ်။ ပွဲရလဒ်တော်တော်များများက သရေကျရုံနဲ့ ပြီးသွားတတ်တယ်။ ဒါပေမယ့် နောက်ဆုံး ၁၀ ပွဲစံချိန်ကိုယူကြည့်မယ်ဆိုရင် မန်ယူဘက်က ပိုသာတယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီ ၁၀ ပွဲထဲမှာ ချယ်လ်ဆီးဘက်က အနိုင် ၁ ပွဲထဲပဲရခဲ့လို့ပါ။ သူတို့အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၄ ပွဲထဲမှာ ၄ ပွဲစလုံး သရေကျသွားပါတယ်။ ချယ်လ်ဆီးအသင်းက အခုတလော ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး လိမ့်ဘောကစားတဲ့နေရာ တူချယ်လ်ခေတ်တုန်းကထက် ပိုကောင်းနေပါတယ်။ ကစားသမားအသီးသီးတွေက ခြေစွမ်းတွေ ပြန်ကောင်းလာပြီး ibet789 live odds အဓိကကျဆုံးနဲ့တစ်ယောက်ကတော့ Mount ပဲဖြစ်ပါတယ်။ အက်စတွန်ဗီလာနဲ့ပွဲတုန်းကတောင် သူတစ်ယောက်ထဲနဲ့ ဂိုး ၂ လုံး သွင်းနိုင်ခဲ့ပါတယ်။ မန်ယူတို့ကျတော့ Eriksen မရှိတဲ့ နယူးကာဆယ်နဲ့ပွဲတုန်းက အနောက်တန်းကနေ အရှေ့တန်းကို အရှိန်နဲ့မတက်နိုင်ခဲ့ပါဘူး။ အဲ့တော့ ဒီပွဲမှာလည်း သူထပ်မရှိဘူးဆိုရင်တော့ မန်ယူတို့ တော်တော်ဒုက္ခရောက်လိမ့်မယ်။ Eriksen နေရာ ဖရက်စ်မဦးဆောင်နိုင်မှန်း ကောင်းကောင်းမြင်ခဲ့ရပါပြီ။ ဒိုလေးမှာလည်း ဘာမှမရှိတော့ဘူး။ ဒီပွဲ ချယ်လ်ဆီးတို့ပဲ တိုက်စစ်ပိုဆင်ရမယ်ထင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မန်ယူက ခံနိုင်ရည်ကောင်းလို့ သရေကျအောင် ထိန်းနိုင်မယ်ထင်ပါတယ်။

11 Players

Chelsea (3-4-2-1) – Kepa – Koulibaly – Silva – Cucurella – Kovacic – Jorginho – Sterling – Pulisic – Havertz – Mount – Aubameyong

Man Utd (4-2-3-1) – De Gea – Martinez – Varane – Malacia – Dalot – Casemiro – Eriksen – Fernandes – Sancho – Anthony – Rashford

Missing Players

Chelsea FC – N’Golo Kanté (Hamstring Injury), Wesley Fofana (Knee Injury), Reece James (Knee Injury)

Manchester United – Harry Maguire (Hamstring Injury), Aaron Wan-Bissaka(Unknown Injury), Anthony Martial (Back Injury), Donny van de Beek (Knock)

ရီးရဲလ်အသင်း လာလီဂါထဲကော UCL ထဲပါ အခြေနေတော်တော်ကောင်းနေတယ်။ လာလီဂါထဲမှာ ၉ ပွဲကစားပြီး အနိုင် ၈ ပွဲတောင်ရသွားတယ်။ ခံစစ်ပိုင်းက Clean sheet ၁ ခါပဲလုပ်နိုင်ပေမယ့် တိုက်စစ်ပိုင်းက တာဝန်တော်တော်ကျေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက ဘာစီလိုနာအပေါ် ဂိုး ၃ လုံးတောင် သွင်းနိုင်ခဲ့တယ်။ အဲ့ပွဲ Benzema က အသင်းအတွက် ဂိုးသွင်းကူပေးနိုင်ခဲ့ပါတယ်။ ဘာစီနဲ့ပွဲတုန်းက ခြေစွမ်းတော်တော်ပြနိုင်ပေမယ့် ကစားပွဲအခြေနေကတော့ မနိုင်မရှုံးလေးပဲ ဖြစ်ပါတယ်။ သူတို့ဘက်က ဘောလုံးပိုင်ဆိုင်မှုပိုနည်းပြီး ဘာစီကို ဂိုးခန ခန ပေးသွင်းခဲ့တယ်။ အဲ့တော့ ညာဏ်ရည်ကောင်းတဲ့အသင်းနည်းပြက ဒီနေရာကို ပြုပြင်ထားလောက်ပါတယ်။ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က အခြေနေသိပ်မကောင်းပါဘူး။ သူတို့အတွက် မုန့်စိန်ဖြစ်သွားလောက်တယ်။ သူတို့ဘက်က ပိုသာဖို့ရှိပေမယ့် ဂိုးအပြတ်နဲ့တော့ အနိုင်မရလောက်ပါဘူး။ ရီးရဲလ်တို့ရဲ့ ခံစစ်ပိုင်းက အားနည်းပါတယ်။

ဆီဗီလာတို့ကျတော့ သူတို့ခြေစွမ်းတွေ အတိကျယူဆလို့မရသေးပါဘူး။ ၃ ရက်ကောင်း ၄ ရက်ဆိုးဖြစ်နေတယ်။ ဒီရာသီထဲမှာ ၉ ပွဲကစားပြီး အနိုင် ၂ ပွဲထဲပဲ လုပ်ထားနိုင်တယ် ကျန်တာ သရေ ၃ ပွဲနဲ့အရှုံး ၄ ပွဲတောင်ဖြစ်သွားပါတယ်။ အသင်းနည်းပြပြောင်းတဲ့နေရာ ကောင်းတယ်လို့ ယူဆထားပါတယ်၊ ဘာလို့လည်းဆိုတော့ နောက်ဆုံး ၂ ပွဲဆီက အမှတ် ၄ မှတ် သိမ်းယူသွားနိုင်လို့ပါ။ နောက်ဆုံးတစ်ပွဲတုန်းက အဓိကတိုက်စစ်မှူးမဆင်းခိုင်းပေမယ့် မာယော့ကာအပေါ် အနိုင်ရလာတာ တော်တော်ထူးဆန်းပါတယ်။ Clean sheet ပါရခဲ့တယ်။ သူ့ရဲ့ အထူးခြားဆုံးနေရာကတော့ ခံစစ်ပိုင်း ၃ ယောက်ပြောင်းသုံးတဲ့နည်းဗျူဟာပါပဲ၊ အဲ့စနစ်က ခံစစ်ပိုင်းကို အရင်ထက်ပိုပြီး တောင့်တင်းမှုရှိစေပါတယ်။ ဒါပေမယ့် ဒီနေ့ ရီးရဲလ်နဲ့တွေ့ရမှာဆိုတော့ မလွယ်ပါဘူး။ ရီးရဲလ်အသင်းက နည်းစနစ်အတိုင်း ကစားနိုင်တဲ့အသင်းမျိုးဖြစ်နေတယ်။ ဘယ်အသင်းရဲ့ တိုက်စစ်ပိုင်း အားကောင်းနေပါစေ သူတို့နဲ့တွေ့ရင် မကြမ်းတတ်တော့ဘူး။ ပြီးတော့ ရီးရဲလ်တို့ ဒီနှစ်မှာ တစ်ချက်ကန် တစ်ဂိုးပဲ။ ဆီဗီလာတို့ တစ်ခါလောက်မှားမိတာနဲ့ ခံရလောက်တယ်။

ibet789 live odds ဒီကြီးမားတဲ့အသင်းနှစ်သင်း အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ရီးရဲလ်ဘက်က အနိုင်ရသွားတတ်ပါတယ်။ ပြောမယ်ဆိုရင် ဆီဗီလာအပေါ် ရသွားတဲ့အနိုင်ပွဲအရေအတွက်က ဆီဗီလာကို ရှုံးသွားတဲ့အရေအတွက်ထက် ၁ ဆ ပိုများတယ်။ နောက်ဆုံး ၅ ပွဲစံချိန်ကိုကြည့် ရီးရဲလ်ဘက်က ၅ ပွဲစလုံးအနိုင်ရသွားတော့မလို့ပါပဲ၊ ကံကောင်းလို့ သရေ ၁ ပွဲ ကျသွားသေးတယ်။ ဆီဗီလာတို့ ရီးရဲလ်အပေါ် အနိုင်ရတဲ့ပွဲကိုကြည့်မယ်ဆိုရင် ၂၀၁၈ ခုနှစ်အထိပြန်ကြည့်မှမြင်ရတယ်။ ရီးရဲလ်တို့က ဆီဗီလာအပေါ် အမြဲအနိုင်ရတတ်ပေမယ့် ဂိုးအပြတ်နဲ့တော့မဟုတ်ပါဘူး။ ကပ်နိုင်တာများပါတယ်။ ဒီပွဲ ရီးရဲလ်တို့ရှုံးဖို့မရှိပါဘူး။ ဆီဗီလာတို့ရဲ့အခြေနေက ဘယ်ဆရာဝန်မှ ကုမပေးနိုင်တော့ပါဘူး။ ဘာပဲလုပ်လုပ် ဘာပဲကိုင်ကိုင် လုံးဝအဆင်ပြေမနေဘူး။ အဓီက ကစားသမားတွေ စုံလင်စွာရှိနေတာတောင် စိတ်ပျက်စရာကောင်းတဲ့ပွဲရလဒ်မျိုး ရနေသေးတယ်။ ရီးရဲလ်နဲ့ လုံးဝကွာပါ့၊ ဘာစီနဲ့ပွဲတုန်းကတောင် ဘာစီအပေါ် အေးအေးဆေးဆေးနဲ့ အနိုင်ရလာတယ်။ ဒီပွဲဆီက အမှတ် ၃ မှတ်ကတော့ အိမ်ရှင်ကိုပဲပေးလိုက်ပါတော့။

11 Players

Real Madrid (4-3-3) – Lunin – Alaba – Millitao – Mendy – Carvajal – Tchoumeni – Modric – Camavinga – Vinicius – Valverde – Benzema

Sevilla (3-4-2-1) – Bono – Nainzou – Marcao – Montiel – Rakitic – Gudelj – Navas – Telles – Isco – Lamela – Mir

Missing Players

Real Madrid – Coutois (injury)

Sevilla FC – Karim Rekik (Biceps femoris muscle injury), Tecatito(Fibula Fracture)