ibet789 links

ဆောက်သန်တန် Vs မန်ယူ [27 Aug 22 - 06:00 PM]

ဆောက်သန်တန်အသင်း အခုမှလက်စတာအသင်းပေါ် ၁ ဂိုး ၂ ဂိုးနဲ့ အနိုင်ရလာခဲ့တာဖြစ်ပါတယ် အဲ့ပွဲ လက်စတာဘက်က အရှုံးရသွားတဲ့အတွက် ဘရန်ဒန် ရော့ဂျာရဲ့ နည်းပြထိုင်ခုံ တုန်လှုပ်သွားတဲ့ သတင်းတွေ ထွက်လာပါတယ် ပြီးခဲ့တဲ့ ၃ ပွဲတုန်းက ကစားစတိုင်လ် သဘောကျချင်စရာမကောင်းပါဘူး စတိုင်လ်ဟောင်းကြီး အရင်အတိုင်းပဲဖြစ်နေတယ် ဆောက်သန်တန်အသင်းက တည်တည်ငြိမ်ငြိမ်လေးပဲ ကစားတတ်တယ် Pressing အများကြီးမလုပ်တတ်ဘူး ကိုယ့်နယ်မြေထဲမှာပဲ ပတ်ကစားတတ်တယ် သူတို့ရဲ့ အဓိကကျတဲ့နေရာကတော့ James Ward Prows ပဲဗျာ သူက စနစ်တကျဖြစ်အောင်ထိန်းချုပ်ပေးတယ် Set Piece ရော Open play ရော အကုန်ထိန်းချုပ်ပေးပါတယ် ဒီ့အပြင် ပြိုင်ဘက်ကို ခေါင်းရှုပ်အောင်လုပ်ပေးနိုင်တဲ့ နောက်တစ်ယောက်က Che Adams ပဲ ဖြစ်ပါတယ် ပြီးခဲ့တဲ့တစ်ပွဲတုန်းက သူ့ခြေစွမ်းကြောင့် အနိုင်ရလာတာဗျ နောက်တစ်ယောက်ထပ်ပြောပြမယ် Joe Aribo ပါ သူကတန်ပြန်တိုက်စစ်ဆင်တဲ့နေရာ အရမ်းလျင်မြန်တယ် အကယ်၍ ဆောက်သန်တန်တို့ ဒီပွဲ ကွင်းလယ်ကို သေသေချာချာစီစဉ်ထားရင်တော့ မန်ယူနဲ့အမှတ်ခွဲယူနိုင်ပါတယ် အနိုင်ရမယ့်အထိတော့ မတွေးသေးပါဘူး ခက်ပါသေးတယ် မန်ယူက အခုတလော တက်ကြွနေတော့ သူတို့နဲ့ ဝင်လုံးဖို့အဆင်မပြေသေးပါဘူး ibet789 links

မန်ယူတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက အခြေနေတော်တော်ကောင်းပါတယ် အဲ့ပွဲ အရင်နှစ်က အဆင့် ၂ လောက်ရှိတဲ့ လီဗာပူးလ်အပေါ် အနိုင်ရလာလို့လေ အဲ့ပွဲ လီဗာပူးလ်ဘက်က ပြန်လှန်ခုခံဖို့အချိန်တောင် မရလိုက်ဘူး ကျွန်တော့်အတွက် နည်းနည်းတော့ အံ့ဩမိပါတယ် အစက လီဗာပူးလ်ရဲ့ကွင်းလယ် Position အတွက် ကောင်းတဲ့ကစားသမားနဲ့ စီစဉ်ထားမယ်အောင်းမေ့နေတာ အဲ့ပွဲ တန်ဟက်ကိုချီးကျူးရမှာ သူက သေသေချာချာပဲ စီစဉ်ထားတယ် ဘရန့်ဖိုတ်ကိုရှုံးသွားကတည်းကစပြီး ကစားသမားတွေက ပိုမိုတက်ကြွလာတာတွေ့ရတယ် သူတို့ပြေးလွှားတဲ့အကွာအဝေးက ကီလိုမီတာ ၂၀ လောက်ရှိတယ် ဘယ်လောက်တောင်တက်ကြွလည်းဆိုတော့ စဉ်းစားကြည့်ပေါ့ ပြီးတော့ အသုံးမပြုဖူးတဲ့ကစားသမားကို အသုံးပြုတယ် ဥပမာ မာလစီယာတို့ Elanga တို့ ပြီးရင် Varane နဲ့ Martinez တို့ကိုပါ လက်တွဲထားသေးတယ် သူတို့ ၂ ယောက် တော်တော်ကောင်းခဲ့တယ် ဘောလုံးအပေးအယူကတော့ ပြောစရာမရှိအောင် ကောင်းတယ် လျင်မြန်တဲ့စနစ်ကို အသုံးပြုတယ် လွတ်နေတဲ့နေရာဆီ ဘောလုံးထိုးပေးတယ် တိုက်စစ်မှူးက ကိုယ့်မှာရှိတဲ့ လျင်မြန်မှုကို အကျိုးရှိရှိ အသုံးပြုနိုင်တော့ လီဗာပူးလ်ရဲ့ခံစစ်မှူးကို ကျော်တက်သွားနိုင်ရော ကွင်းလယ်က Pressing တော်တော်ကောင်းတယ် အချိန်မဆွဲတတ်ဘူး လျင်မြန်တယ် ခံစစ်မှူးတွေက Diaz နဲ့ Salah နားကနေကို မခွာတော့ဘူး ဒီစနစ်ဟာ တန်ဟက်ကိုယ်တိုင် မြင်ချင်တဲ့စနစ်ပဲ ဖြစ်ပါတယ် ဒီအတိုင်းပဲဆိုရင်တော့ Top4 နေရာ လွတ်သွားမနေတော့ပါဘူး

အချင်းချင်းတွေ့ခဲ့ဖူးတုန်းက မန်ယူဘက်က ပိုသာခဲ့ဖူးပါတယ် ဒါပေမယ့် ပေါက်ကြေးတွေပါထည့်တွက်ရင်တော့ မနိုင်မရှုံးလေး ဖြစ်နေပါတယ် အဲ့ဒီပေါက်ကြေးရဲ့ နောက်ဆုံး ၁၀ ကြိမ်ထဲမှာ အောက်ကြေးဖြစ်တဲ့ ဆောက်သန်တန်က ၇ ခါတောင်စားသွားပြီး အထက်ကြေးဖြစ်တဲ့ မန်ယူက ၃ ခါထဲပဲ စားဖူးတယ် ဒီပွဲ မန်ယူဘက်က အရင်အတိုင်းပဲ အထက်ကြေးဖြစ်ပြီး အကျော ၀.၇၅ ပေးထားတယ် မများပါဘူး ဘာလို့လည်းဆိုတော့ မန်ယူအသင်းက ဒီထက်ဈေးကြီးရအောင် ခြေစွမ်းမှမပြနိုင်သေးတာကိုး အခုမှလီဗာပူးလ်အပေါ် အနိုင်ရလာပေမယ့် စောင့်ကြည့်ဖို့တော့ လိုပါသေးတယ် ဆောက်သန်တန်တို့လည်း အခုမှလက်စတာအပေါ် အနိုင်ရလာတယ် အဲ့ပွဲ သူတို့ရဲ့တန်ပြန်တိုက်စစ်က တော်တော်ထိရောက်တယ် အဲ့တော့ မန်ယူနဲ့တွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ အနိုင်တစ်ပွဲမှမရှိပေမယ့် အရှုံးလည်းသိပ်မရှိပါဘူး သရေကျသွားတာများတယ် သရေ ၆ ပွဲတောင်ရှိခဲ့ပါတယ် ဒီပွဲ သရေကျသွားမယ်လို့ပဲ ခန့်မှန်းထားမယ် ဘာလို့လည်းဆိုတော့ ဆောက်သန်တန်က လီဗာပူးလ်လို ဝင်လုံးမယ်မထင်ဘူး ပြီးတော့ မန်ယူက ခံစစ်ပိုင်းကို ပိုဦးစားပေးတဲ့အသင်းမျိုးနဲ့တွေ့ရင် အကြံသိပ်မပေါ်တတ်လို့ပါ ဒီပွဲ မန်ယူတို့ပင်ပန်းလိမ့်မယ်

11 Players –

Southampton (4-2-3-1) –  Bazanu – Djenepo – Salisu – Lyanco – Walker Petersen – Ward Prowse – Lavia – Elyounoussi – Che adam – Armstrong – Aribo

Man Utd (4-2-3-1) – De Gea – Martinez – Dalot – Varane – Malacia – Eriksen – Fernandes – Fred – Martial – Sancho – Rashford

Missing Players –

Southampton – Tino Livramento (Cruciate Ligament Rupture)

Manchester United – Facundo Pellistri(Ankle Injury)

အိမ်ရှင် ချယ်လ်ဆီးအသင်း ပြီးခဲ့တဲ့တစ်ပွဲတုန်းက ကြေကွဲစရာလေးနဲ့ ကိုယ့်ထက်ညံ့တဲ့ လိဒ်စ်ကိုရှုံးလာတာဖြစ်ပါတယ် အဲ့ပွဲ ပိုးစိုးပက်စက်ရှုံးတာဗျာ အမှတ် ၃ မှတ်ရရမယ့်ကိစ္စ မရလိုက်ပါဘူး ဘယ်သူ့ကိုမှလည်း အပြစ်ပြောလို့မရအောင် ဖြစ်နေပါတယ် ကျော်တက်ခံရတဲ့ဂိုးတုန်းကဆို ဂိတ်မှူးကြီးက ဘာလုပ်လို့လုပ်မှန်းမသိ ကိုယ့်ဘာသာအရူးထသွားတာများလားပေါ့ အဲ့ကနေပဲစပြီး ရှယ်ကြုံးခံခဲ့ရပါတယ် ဒါပေမယ့် အရေးကြီးဆုံးပြသာနာကတော့ ဂိုးသွင်းတဲ့အပိုင်းပါပဲ Raheem Sterling က အရှေ့ကိုကျော်တက်နိုင်တဲ့ အခွင့်ကောင်းတစ်ခုရခဲ့တာတောင် ဟိုလိုဒီလိုလိုနဲ့ ဂိုးမရလိုက်ဘူး နှမြောစရာကောင်းတယ် အဲ့ပွဲတုန်းက ဂိုးသွင်းဖို့အခွင့်ရေး ၁၄ ကြိမ်တောင်ရခဲ့ပြီး ဂိုးဘောင်နဲ့တည့်တာကျတော့ ၄ ကြိမ်ထဲပဲရှိတယ် နောက်တစ်နေရာက Free-kick နေရာပါပဲ Set-Piece ရခဲ့တာတောင် ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး မှားယွင်းမှုက အဲ့တစ်ခုပဲ ဂိုးသွင်းပေးနိုင်မယ့်သူမရှိဘူး တိုက်စစ်ပိုင်းကို ဂိုးသွင်းနိုင်အောင်တော့ ပြန်လေ့ကျင့်ဖို့လိုနေပါတယ် သူတို့ရဲ့ Pressing ကတော့ ကောင်းပြီးသားပါ စိတ်ပူစရာမရှိဘူး ဒီနေ့ တူချယ်လ်က အပီကစားဖို့စီစဉ်ထားကြလောက်တယ် အနိုင်ရအောင်လုပ်လိမ့်မယ် ဒီပွဲ အဝါကဒ် ၂ ကဒ်ထိသွားတဲ့ Koulibaly ရယ် ပြီးတော့ Kante နဲ့ Kovacic တို့ကိုပဲ အသုံးပြုလို့မရသေးဘူး ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ဖြစ်နေကြပါတယ် ကိုယ်ပိုင်အတွေးနဲ့ဆိုရင် ချယ်လ်ဆီးတို့နိုင်ဖို့ရှိပါတယ် ibet789 links

လက်စာအသင်းကျတော့ လိဂ်ပွဲစဉ် ၃ ပွဲစတင်ခဲ့ပြီး အနိုင်တစ်ပွဲမှမရ‌သေးဘူးဖြစ်နေတယ် အဲ့ဒီ ၃ ပွဲထဲမှာ အရှုံး ၂ ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်တယ် ဘရန်ဒန် ရော့ဂျာရဲ့ကစားသမားတွေက တော်တော်လေးပဲ အဆင်သင့်ဖြစ်နေကြပါတယ် စိတ်ပူစရာမရှိဘူး အသင်းရဲ့ ပြသာနာကတော့ Team-work မရှိဘူးဖြစ်နေတယ် အနောက်တန်းနေရာကို ၃ ယောက်ကနေ ၄ ယောက်ဖြစ်အောင် ပြောင်းပြီး ကောင်းမလိုလိုနဲ့ မကောင်းသေးပါဘူး သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှုက များလာပေမယ့် ဂိုးသွင်းတဲ့အခွင့်ရေးကျတော့ ၆ ခါထဲပဲ ဖန်တီးနိုင်တယ် တိုက်စစ်ထိုးမကျွေးနိုင်ဘူး ကွင်းလယ်တွေက ဘောလုံးအလွယ်ဆုံးရှုံးတတ်တယ် တစ်ပွဲလုံး ထောင့်ကန်ဘော ၂ ခါထဲပဲရခဲ့ပါတယ် ဘောလုံးပိုင်ဆိုင်မှုအားကောင်းပေမယ့် ဂိုးမသွင်းနိုင်ဘူးဖြစ်နေတယ် Position အသီးသီးရဲ့ လှုပ်ရှားမှုက တစ်နေရာနဲ့တစ်နေရာကို မပင့်ပေးနိုင်ကြသေးပါဘူး ပြီးတော့ ရော့ဂျာလက်ထဲက လက်စတာအသင်း ချယ်လ်ဆီးနဲ့တွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ပွဲ ၂၀ ထဲမှာ အနိုင် ၂ ပွဲထဲပဲ လုပ်နိုင်ခဲ့ဖူးတယ် ကျန်တဲ့ ၁၈ ပွဲက သရေနဲ့အရှုံး တစ်ဝက်စီရသွားပါတယ် ပြောမယ်ဆိုရင် တူချယ်လ်က ရော့ဂျာရဲ့ငယ်နိုင်ပါပဲ ဒီပွဲလက်စတာဘက်က ဘယ်လိုပဲ စီစဉ်ထားပါစေ ရှုံးသွားမှာဖြစ်ပြီး ရော့ဂျာအလုပ်တန်းပြုတ်မယ့်ပွဲပါ ဖြစ်သွားလိမ့်မယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်တုန်းက ပွဲပေါင်း ၃၂ ပွဲရှိပြီး ချယ်လ်ဆီးဘက်က အနိုင်ရသွားတာပိုများပါတယ် ဂိုးအရေတွက်တောင် ၁ ဆ နီးနီး ပိုသွင်းနိုင်ခဲ့ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အချင်းချင်းတွေ့ပြီး သရေကျသွားပေမယ့် ဒီပွဲ ချယ်လ်ဆီးဘက်က အကျော ၁.၂၅ တောင် ပေးထားပါတယ် အခုလက်ရှိ Form ကိုကြည့်ရင်တော့ ချယ်လ်ဆီးကိုစိတ်ချလို့ရပါတယ် သူတို့ အခုမှလိဒ်စ်ကိုရှုံးလာပေမယ့် ကစားပုံကစားနည်းက လက်စတာလောက်တော့ ဆိုးမနေသေးပါဘူး လက်စတာတို့က ကွဲလွဲနေပုံပေါ်နေတယ် ခံစစ်ပိုင်းညံ့ပြီး တိုက်စစ်ပိုင်းကပါ မပြတ်သားဘူး ပြီးတော့ အိမ်ရှင် ချယ်လ်ဆီးအသင်းက ကိုယ့်အိမ်ကွင်းဖြစ်နေရင် တောင့်တင်းမှုရှိတယ် အေးအေးဆေးဆေးနဲ့တောင်ကြိုဆိုလိမ့်မယ် အနည်းဆုံး ဂိုး ၂ လုံးလောက်တော့ အသာလေးသွင်းဖို့ရှိပါတယ် ချယ်လ်ဆီးက အရင်ပွဲကဟာတွေကို ပြန်ပြင်ချင်နေတာနဲ့ ဒီပွဲ အပီကစားခဲ့ကြလိမ့်မယ်

11 Players

Chelsea (3-4-2-1) – Mendy – Silva – Chalobah – James – Jorginho – Gallagher – Cucurella – Chalobah – Havertz – Sterling – Mount

Leicester city (4-1-4-1) – Ward – Soyuncu – Evans – Fofana – Justin – Ndidi – Tielemans – Dewsbury – Maddison – Castagne – Vardy

Missing Players

Chelsea FC – Mateo Kovacic (Knee Problems), Armando Broja(Unknown Injury), N’Golo Kanté (Muscular problems), Koulibaily (2 yellows card suspension)

Leicester City – Ricardo Pereira (Achilles tendon rupture)

ကြိုးကြာနီအသင်း အခုအချိန်ထိ အနိုင်တစ်ပွဲမှမရသေးပါဘူး ibet789 links နောက်ဆုံးတစ်ပွဲတုန်းက မန်ယူနဲ့တွေ့ပြီး အနာတွေပြန်မခြောက်လောက်သေးပါဘူး အဲ့ပွဲ ကပ်ရှုံးပေမယ့် ကစားပုံကစားနည်းကိုပါကြည့်ရင်တော့ ပြန်လှန်ခုခံလို့တောင်မရပါဘူး အဓိက ကွင်းလယ်နေရာမှာဆိုရင် အသက် ၃၀ ကျော်ကျော်ရှိတဲ့ ဦးလေးတွေနဲ့ ခံထားတော့  မိနစ် ၇၀ လုံးလုံးမှာ ခေါင်းမဖော်နိုင်ခဲ့ပါဘူး ဦးလေးဖာမီနိုဆိုရင် ဘောလုံးကို ဟိုပို့လိုက် ဒီပို့လိုက်နဲ့ ခပ်လှလှလေးဖန်တီးပေးတာမျိုးလည်း မရှိခဲ့ဘူး အချို့နေရာ ပြိုင်ဘက်ကိုကျော်တက်နိုင်ပြီး ဂိုးပြေးမသွင်းပဲ သူငယ်ချင်းကို ပို့ပေးလိုက်တယ်တဲ့ အဆင်ကိုမပြေဘူးဗျာ Wing-back အတွဲကလည်း ဒီရာသီမှာ တော်တော်ကျဆင်းသွားပါတယ် အဓိက ညာဘက်ခြမ်းမှာနေတဲ့ Trent ဆိုရင် ဘောလုံးပို့ပေးတဲ့နေရာ တိကျမှုမရှိဘူး ဒီနေ့ ကလော့ပ်ကတော့ အသင်းကို တော်တော် ပြင်ဆင်ထားလောက်တယ် ဒီပွဲ ကွင်းလယ်နေရာမှာ Carvalho ကို Fabonho နဲ့ Henderson တို့နဲ့တွဲထားလိမ့်မယ် အရှေ့တန်းလည်း ပြုပြင်ထားလောက်တယ် ဘယ်လိုမျိုး လုပ်ထားလဲတော့မပြောတတ်ဘူး ပြီးခဲ့တဲ့ပွဲတွေတုန်းကဆိုရင် အရှေ့ဆုံးနေရာ ဘယ်သူပဲဖြစ်နေပါစေ ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး ကွင်းလယ်ကလည်းညံ့တယ် ခံစစ်ပိုင်းလည်းအားနည်းနေတယ် ဒီအတိုင်းပဲဖြစ်နေမယ်ဆိုရင် Top4 နေရာကနေ ပြုတ်ထွက်ဖို့ရှိကြလောက်တယ် ဒါပေမယ့် ဘာပဲပြောပြော ကလော့ပ်ဆိုတဲ့တစ်ယောက်က အရမ်းတော်တဲ့နည်းပြပါ ဒီပွဲ အန်ဖီးလ်ကွင်းနဲ့ ခြေစွမ်းပြနိုင်လောက်ပါတယ် အားပေးသံကြောင့် တက်ကြွကြမှာဆိုတော့ အမှတ် ၃ မှတ် ရသွားလိမ့်မယ်

ဘုန်းမောက်တို့ကျတော့ မလွယ်တဲ့အသစ်ကလေးပါဗျာ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ ပွဲတုန်းက ရှယ်ကြမ်းတဲ့ မန်စီးတီးနဲ့ အာဆင်နယ်ကို တွေ့ရတာဆိုတော့ ရှယ်ကြုံးခံခဲ့ရပြီလေ ဒါပေမယ့် သူတို့ရဲ့ ရာသီဖွင့်ပွဲတုန်းက မဆိုးပါဘူး အမှတ် ၃ မှတ်လေးနဲ့စတင်နိုင်တယ် အဲ့ပွဲ နိုင်မယ်လို့တောင် ထင်မထားဘူး ဒီပွဲ အရမ်းဆာလောင်နေတဲ့ လီဗာပူးလ်နဲ့ တွေ့ရမှာဆိုတော့ သူတို့ တော်တော်ဒုက္ခရောက်လိမ့်မယ် ဒီပွဲဘုန်းမောက်တို့ အရင်က ibet789 links ၂ ပွဲလိုမျိုး ခံစစ်ပိုင်းကို ဦးစားထားလိမ့်မယ် အနောက်တန်းကို ၅ ယောက်ထားဖို့ရှိတယ် ပြီးရင် Wing-back ကို ကစားပွဲပံ့ပိုးပေးဖို့စီစဉ်ထားပြီး အရှေ့ဆုံးမှာ တစ်ယောက်ထဲပဲ ထားထားလိမ့်မယ် သူတို့သာ ဂိုးမြန်မြန်သွင်းခံမထိခဲ့ရင်တော့ စပရိုက်ပါတိုက်ချင်ရင် တိုက်သွားလိမ့်မယ် ဒါပေမယ့်လည်း အန်ဖီးလ်ကွင်းဖြစ်နေတော့ စပရိုက်ဘာညာသာတကာ ဖြစ်ပေါ်ဖို့ မလွယ်ပါဘူး လီဗာပူးလ်က အခုတလော အနိုင်ရဖို့အရေး ရှယ်ရုန်းနေပါတယ် ဒီပွဲ ဘုန်းမောက်တို့ ရှယ်ကျွေးခံခဲ့ရလိမ့်မယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့ပွဲတုန်းက ကြိုးကြာနီတို့ ပိုကောင်းပါတယ် အနိုင်အရှုံးကစ ပေါက်ကြေးနေရာမှာလည်း အမြဲစားခဲ့ရပါတယ် ဒီပွဲ လီဗာပူးလ်ဘက်က အကျော ၂.၅ ပေးထားပေမယ့် သူတို့ကို ယုံကြည်ပါတယ် ဒီပွဲ လီဗာပူးလ်အသင်း ဘဲနီကနေ ကြိုးကြာနီဖြစ်သွားလိမ့်မယ် လိဂ်ရဲ့ ပထမဦးဆုံးအနိုင်ပွဲကို ဒီပွဲမှာပဲ စတင်သွားလိမ့်မယ် ပြီးခဲ့တဲ့ ၃ ပွဲတုန်းက သူတို့ခြေစွမ်း အခြေခံထက်နိမ့်ပေမယ့် နာမည်ကျော်ကြားမှုနဲ့ အရည်သွေးက ဘုန်းမောက်ထက် အများကြီးသာပါတယ် ပြီးတော့ ဘုန်းမောက်ကိုယ်တိုင်ကလည်း Form ကောင်းမနေပါဘူး ပြီးခဲ့တဲ့ ၃ ပွဲတုန်းက ပထမတစ်ပွဲပဲ အနိုင်ရပြီး ကျန်တဲ့ ၂ ပွဲ ကျွေးခံထိထားပါတယ် အဲ့ ၂ ပွဲထဲနဲ့ ဂိုး ၇ လုံးတောင်ထိသွားပါတယ် ဒီပွဲ လီဗာပူးလ်ဘက်က မပြည့်စုံပေမယ့် အန်ဖီးလ်ကွင်းဖြစ်နေတော့ အေးအေးဆေးဆေး ဖြစ်ပါတယ် ပြောမယ်ဆိုရင် သူတို့ပဲ တိုက်စစ်ဆင်ခဲ့ကြလိမ့်မယ် ဒီပွဲ လီဗာပူးလ်တို့ ဂိုးအပြတ်နဲ့တောင် အနိုင်ရသွားလိမ့်မယ်

11 Players

Liverpool (4-3-3) – Allison – Trent Arnold – Tsimikas – Van Dijk – Gomez – Fabonho – Henderson – Elliot – Carvalho – Salah – Diaz

Bournemouth (5-4-1) – Travers – Mepham – Kelly – Lerma – Pearson – Stacey – Smith – Cook – Travenier – Christie – Moore

Missing Players

Liverpool FC – Darwin Núñez (Red card suspension), Thiago (Hamstring Injury), Alex Oxlade-Chamberlain (Hamstring Injury)

AFC Bournemouth – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်ပါတယ်

ချန်ပီယံဟောင်းနဲ့မန်စီးတီးအသင်း နောက်ဆုံးတစ်ပွဲတုန်းက သရေကျသွားပါတယ် အဲ့ပွဲ ကျွေးခံရတော့မလို့ပါပဲ စစလာချင်း ၃-၁ ဂိုးနဲ့တောင် အကျော်ခံခဲ့ရပြီး ကံကောင်းလို့ သရေပြန်ကျအောင် လုပ်နိုင်တယ် အနိုင်ရသွားတဲ့အထိတော့ ကံမကောင်းခဲ့ပါဘူး အဲ့ပွဲ မန်စီးတီးဘက်က ၄-၃-၃ စနစ်ကို အသုံးတာပါပဲ ဒါပေမယ့် တိုက်စစ်ဆင်လိုက်တော့မှ ၂-၃-၅ ပြောင်းသွားတာ Wing-back ၂ ယောက်ကို ကွင်းလယ်အထိ ကျုံ့သွားတယ် တိုက်စစ်ပိုင်းကို ပိုထိရောက်အောင်ပေါ့လေ ဒါပေမယ့် အဲ့နောက်က ပါလာတဲ့ပြသာနာကျတော့ လီဗာပူးလ်အတိုင်းပဲ စည်းဘေးနေရာ အပေါက်ကြီးကြီးဖြစ်သွားတယ် အကယ်၍ ကွင်းလယ်က ဘောလုံးမထိန်းနိုင်ရင် ရှယ်ခံရတယ် အဲ့ Position ကိုကျော်လာတာနဲ့ နောက်ဆုံးမှာ ၂ ယောက်ပဲ ကျန်တော့ အဆင်မပြေဘူး ဒီစနစ်ရဲ့အားသာချက်က တိုက်စစ်ပိုင်းအားကောင်းစေတယ် ဒါပေမယ့် ခံစစ်ပိုင်းအတွက်လည်း အန္တရာယ်များတယ် ဒီပြသာနာ ပပ် ဂွါဒီယိုလာကိုယ်တိုင်သိပါတယ် ဒါပေမယ့် ကိုယ့်ကစားသမားတွေရဲ့ pass & move ကို ယုံကြည်ပြီး ibet789 links သူ့မှာ စီစဉ်ထားတဲ့တိုက်စစ်ပိုင်းက အရမ်းထိရောက်တယ်လို့လည်း ယုံကြည်ထားပြီးသား အဲ့လိုနဲ့ပဲ မန်စီးတီးက အောင်မြင်မှုတွေ ရနေတာ အဲ့တာကြောင့် ကစားစတိုင်လ်ကို မပြောင်းပစ်တာဗျ တကယ့်တကယ် သူ့ကို ဝင်ဖျက်နိုင်တဲ့အသင်းက ဒီကမ္ဘာပေါ်မှာ ဘယ်နှသင်းမှမရှိပါဘူး ကိုယ့်အမှားကို မဆင်ချင်နိုင်တဲ့အခါမှခံရတာပါ သူတို့ ဒီပွဲ နိုင်ကိုနိုင်ရမယ်လို့ ကျွန်တော်ထင်မြင်ထားပါတယ်

ခရစ်စတယ်ပဲလေစ့်တို့ကျတော့ အခြေနေကောင်းပါတယ် အခုလက်ရှိ လက်ထဲမှာ အမှတ် ၄ မှတ်ထဲပဲရှိနေပေမယ့် အဲ့ဒီပြိုင်ပွဲတွေထဲမှာ ကြီးမားတဲ့အသင်း ၂ သင်းနဲ့တောင် တွေ့ခဲ့ရပြီးပြီ လိဂ်ရဲ့ ပွဲဦးတုန်းက အာဆင်နယ်နဲ့တွေ့တယ် ပထမ မိနစ် ၂၀ လုံးလုံးမှာ အခြေနေမကောင်းပေမယ့် အဲ့အချိန်ရဲ့နောက်ပိုင်း‌ရောက်တော့ အခြေနေတော်တော်ကောင်းသွားပါတယ် လီဗာပူးလ်နဲ့တွေ့တုန်းက သူတို့ ခေါင်းတောင်မဖော်နိုင်ခဲ့ကြပေမယ့် ဂိုးတစ်လုံးတော့ ပြန်သွင်းခဲ့လိုက်သေးတယ် အဲ့ပွဲ ပထမဦးဆုံးတန်ပြန်တိုက်စစ်ပြီး ဂိုးတန်းရသွားတယ် တတိယပွဲတုန်းကကျတော့ အက်စတွန်ဗီလာအပေါ် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလာတယ် ပထမဂိုးက လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေ ဆင်းတက်လာပါတယ် အသင်းထဲက အမျှော်လင့်ရဆုံးကစားသမားကတော့ Zaha ပါပဲ သူက တကယ်လျင်မြန်တယ် ပြီးတော့ ဒီနှစ်မှာ အရင်နှစ်တွေထက် ပိုပြီး ပြတ်သားလာတယ် နောက်တစ်ယောက်ကျတော့ အခုမှ ဒဏ်ရာသက်သာလာတဲ့ Mateta ပေါ့ ပြီးခဲ့တဲ့တစ်ပွဲကမှ အရံကစားသမားအနေနဲ့ ဆင်းပြီးပြီ ဂိုးပါသွင်းနိုင်တယ် ခရစ်စတယ်ပဲလေစ့်တို့ရဲ့ တန်ပြန်တိုက်စစ်က တကယ်ကြောက်ဖို့ကောင်းတယ် အခွင့်ရေးကို အလကားဖြစ်မနေဘူး ပြီးတော့ သူတို့ရဲ့ ခံစစ်မှူးတွေကလည်း ပြိုင်ဘက်ရဲ့တိုက်စစ်မှူးကို အခွက်ပါပြောင်တတ်သေးတယ် ဒီလိုမျိုးဖြစ်နေတော့ Haaland က သတိထားဖို့လိုတယ် ဒီပွဲ ခရစ်စတယ်ပဲလေစ့်ဘက်က လီဗာပူးလ်နဲ့တွေ့တုန်းကလိုမျိုး ကစားလိမ့်မယ် အဲ့တော့ သရေကျဖို့ရှိပေမယ့် လုံးဝနည်းပါးပါတယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်တုန်းက အိမ်ရှင် ချန်ပီယံဟောင်းနဲ့မန်စီးတီးတို့ပိုသာပါတယ် အနိုင်အရှုံးကစ ပေါက်ကြေးနေရာမှာလည်း ခန ခန စားရပါတယ် အဲ့တော့ မန်စီးတီးက ခရစ်စတယ်ပဲလေစ့်ကိုကြိုဆိုတိုင်း အကျော ၂ လုံး အမြဲပေးနေရပါတယ် တစ်သင်းနဲ့တစ်သင်းရဲ့ တောင့်တင်းမှုကတော့ မန်စီးတီးဘက်က အများကြီးပိုကြမ်းပါတယ် အခုလက်ရှိ Form က အနိုင်ရမယ့်အသင်းရဲ့အခြေနေမျိုးဖြစ်နေတယ် ဒါပေမယ့် ခရစ်စတယ်ပဲလေစ့်တို့လည်း နေသားကျသွားပြီဆိုတာနဲ့ ပြိုင်ဘက်ကို တော်တော်နောက်ယှက်နိုင်ပါတယ် အာဆင်နယ်နဲ့ လီဗာပူးလ်တို့တောင် တွေ့ခဲ့ဖူးပြီးပြီ မန်စီးတီးက သူတို့ရဲ့ ပြိုင်ဘက် ၂ သင်းထက် သာနေပေမယ့် ခရစ်စတယ်ပဲလေစ့်ရဲ့တန်ပြန်တိုက်စစ်ကိုတော့ လျှော့တွက်လို့မဖြစ်သေးပါဘူး ပြီးတော့ မန်စီးတီးတို့ရဲ့ အားနည်းချက်က တိုက်စစ်ဆင်လို့ မအောင်မြင်တဲ့အခါမှာ ပြန်ခံရတတ်မှန်း ပြသသွားခဲ့ပါပြီ နယူးကာဆယ်တုန်းကဟာပဲကြည့်ပေါ့ ၃-၃ နဲ့ သရေကျသွားတယ် ဒါပေမယ့်လည်း မန်စီးတီးက ဒီပွဲသရေထပ်ကျသွားမယ်ဆိုရင် သိပ်သဘောကျမယ်မထင်ဘူး အဲ့တော့ အနိုင်ရအောင် လုပ်ဆောင်ခဲ့ကြလိမ့်မယ် ဒီပွဲ မန်စီးတီးဘက်က အနိုင်ရမှာသေချာပေမယ့် ဂိုးအပြတ်နဲ့တော့ မနိုင်လောက်သေးပါဘူး

11 Players

Man City (4-3-3) – Ederson – Cancelo – Ake – Dias – Walker – Rodri – De Bruyne – Kalvin Phillips – Silva – Mahrez – Haaland

Crystal Palace (4-3-3) – Guaita – Mitchell – Guehi – Andersen – Ward – Doucure – Schlupp – Eze – Zaha – Ayew – Mateta

Missing Players

Manchester City – Aymeric Laporte (Knee Surgery)

Crystal Palace – Nathan Ferguson (Achilles tendon problems)

အိမ်ရှင်အာဆင်နယ်အသင်း အခြေနေစောက်ရမ်းကောင်းနေပါတယ် နောက်ဆုံးဝယ်ဖြည့်လိုက်တဲ့ Gabirel က အရမ်းမှန်သွားတယ် သူ့ဘာသာ ဘောလုံးသယ်နိုင်သလို ဂိုးတွေ ပြတ်ပြတ်သားသားသွင်းနိုင်နေတယ် တောင်ပံတိုက်စစ် Position လည်း ကစားတတ်တယ် ဒီရာသီက အာဆင်နယ်တို့ရဲ့ ရွှေရာသီပဲလို့ ထင်မြင်ထားပါတယ် ဒီကစားသမားတွေက ဒီအသင်းနဲ့ ၃ နှစ် ၄ နှစ်တောင် နေလာခဲ့ပြီးပြီ တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုအရမ်းရှိတယ် မျက်လုံးကြည်တာနဲ့ တန်းသိတာမျိုး အသံတောင်ပေးစရာမလိုဘူး ဒီရာသီမှာ အာကြီးရဲ့တိုက်စစ်ပိုင်းက တော်တော်ကြောက်ဖို့ကောင်းတယ် ဒီ့အပြင် ဘယ်ဘက်ခံစစ်ဖြစ်ပေမယ့် ခံစစ်မဟုတ်သလိုလိုနဲ့ Zinchenko ကပါ ရောက်ချလာတော့ တိုက်စစ်ရော ခံစစ်ပါ ပိုပြီး အားကောင်းနေရော ဒီနှစ်လည်း ဒီဘယ်ဘက်ခံစစ်ရဲ့ ရွှေရာသီပဲဖြစ်လိမ့်မယ် ဒီပွဲ ဖူဟမ်နဲ့တွေ့ရမှာဆိုတော့ အာဆင်နယ်အတွက် မခက်ပါဘူး ဒါပေမယ့် ဒီအသင်းသစ်က ဘုန်းမောက်လိုအသင်းမျိုးမဟုတ်ပါဘူး ဒီအသင်းသစ်က ကစားပုံကစားနည်းကောင်းပြီး အထင်သေးလို့မရတဲ့ အသင်းမျိုး ဖြစ်ပါတယ်

ဖူဟမ်တို့ကျတော့ အခြေနေတော်တော်ကောင်းပါတယ် ဒီနှစ် ၃ ပွဲကစားခဲ့ပြီး အနိုင် ၁ ပွဲနဲ့ သရေ ၂ ပွဲ လုပ်နိုင်ပါတယ် လက်ထဲမှာ အမှတ် ၅ မှတ်လေး ကိုင်ထားပြီး အဆင့် ၇ အထိ တက်ရောက်သွားပါပြီ အခုလက်ရှိ သူတို့ Form က အသင်းသစ်ရဲ့စတိုင်လ်အတိုင်း တက်ကြွနေပါတယ် ဘယ်လောက်ကြာကြာတက်ကြွနိုင်မလဲပဲ ကြည့်ဖို့လိုတယ် ရာသီက ၃၈ ပွဲတောင် ကစားရမှာဆိုတော့ အကြာကြီးပဲ ibet789 links လိုပါသေးတယ် တစ်ပွဲနဲ့တစ်ပွဲကို ကျော်ဖြတ်ဖို့လည်း အရမ်းခက်တယ် အဲ့တော့ နေသားကျအောင် မပြင်နိုင်ဘူးဆိုရင်တော့ အတန်းပြန်ဆင်းဖို့ မဝေးပါဘူး ဒါပေမယ့် ဘာပဲပြောပြောအခုလက်ရှိ သူတို့ Form က ကောင်းနေတယ် အဓိက ကွင်းလယ်ရဲ့ Pressing ပိုင်းပါပဲ ပွဲတိုင်းလိုလို အရမ်းပြေးလွှားတတ်တယ် ဘောလုံးကို လျင်မြန်စွာဝင်လုတတ်တယ် ပြောမယ်ဆိုရင် ပြိုင်ဘက်ရဲ့ခြေထောက်ပေါ် ဘောလုံးစိုက်ရောက်တာနဲ့ လှည်မို့လုပ်တုန်းပဲရှိသေးတယ် သူတို့ရောက်ချလာပြီဆိုတာမျိုး အဓိက Mitrovic ဗျ သူက ပရီးမီးယားလိဂ်ထဲ ကစားဖူးတယ် အခု ဂိုး ၃ လုံးတောင်သွင်းထားနိုင်တယ် ဟိုးအရင်ရာသီတုန်းက တစ်ရာသီလုံးလုံးမှာ သွင်းနိုင်တဲ့ ဂိုးအရေအတွက်ကို မှီသွားပြီ ဖူဟမ်က အကယ်၍ ဒီအခြေခံကို ဆက်လက်ထိန်းသိမ်းနိုင်ပြီး လီဗာပူးလ်နဲ့တွေ့တုန်းကလို Form မျိုးပါ ဖြစ်နေရင်တော့ အာဆင်နယ်ဖြစ်နေတာတောင် ပင်ပန်းမှာပဲ ဖူဟမ်အတွက် အခွင့်ရေးရှိပါတယ်

အချင်းချင်းတွေ့ဖူးတဲ့စံချိန်တုန်းက ပွဲပေါင်း ၂၉ ပွဲထဲမှာ အာဆင်နယ်ဘက်က ပိုသာခဲ့ဖူးပါတယ် အနိုင်အရှုံးရော ပေါက်ကြေးနေရာပါ ပိုစားခဲ့ရပါတယ် ၂ သင်းစလုံးရဲ့အခြေနေက အခုတလော အဆင်သင့်ဖြစ်နေကြပါတယ် ဒါပေမယ့် အာဆင်နယ်ရဲ့ နာမည်ကျော်ကြားမှုက ဖူဟမ်ထက်အများကြီးသာနေပါတယ် Form ကလည်းပိုကောင်း အိမ်ကွင်းနဲ့ပွဲပါဖြစ်နေတယ် တိုက်စစ်ပိုင်းကအရမ်းတက်ကြွနေတော့ အကျော ၁.၅ ပေးထားတဲ့နေရာက တော်တော်ထူးဆန်းနေပါတယ် ဒါပေမယ့် နားလည်လို့ရပါတယ် ဖူဟမ်ရဲ့ကစားကွက်ကို မြင်ခဲ့ရရင်နားလည်ပါတယ် သူတို့က မမောတတ်သလို တစ်ချိန်လုံးပြေးလွှားတတ်တယ် ကွင်းလယ်ရဲ့ Pressing ကလည်းတော်တော်ကောင်းတယ် လီဗာပူးလ်ကို တိုင်ပတ်အောင် လုပ်ခဲ့ဖူးပြီးပြီ အဲ့တော့ ဒီပွဲ အာဆင်နယ်ဘက်က ပိုသာပေမယ့် ဖူဟမ်အပေါ် ဂိုး ၂ လုံးထက် ပိုနိုင်မယ့်ကိစ္စအတွက်တော့ မဟုတ်လောက်သေးပါဘူး ဖူဟမ်ရဲ့ကစားသမားက တစ်ယောက်ပေါ်တစ်ယောက် ချိတ်တွယ်ကစားတတ်တော့ အာဆင်နယ်ကို ပိုးစိုးပက်စက်ရှုံးဖို့မရှိပါဘူး ဒီပွဲ ဖူဟမ်ဘက်က အရှုံးရသွားမယ်ဆိုရင်တောင် ကပ်ရှုံးရုံပဲရှိမယ် သရေကျမယ်ဆိုရင်တောင် ကျသွားနိုင်ပါတယ်

11 Players

Arsenal (4-2-3-1) – Ramsdale – Zinchenko – Gabirel – Saliba – White – Xhaka – Partey – Martinelli – Odegaard – Saka – Jesus

Fulham (4-2-3-1) – Leno – Robinson – Ream – Adarabioyo – Tete – Reed – Palhinha – Reid – Periera – Stansfield – Mitrovic

Missing Players

Arsenal FC – สภาพนักเตะสมบูรณ์

Fulham FC – Neeskens Kebano (Knock), Harry Wilson (Knee Injury), Manor Solomon (Knee Surgery)