ibet789 application download

အာဆင်နယ် Vs နော်တင်ဟမ်ဖောရက်စ် [30 Oct 22 - 20:30 hrs]

ibet789 application download အာဆင်နယ်အသင်း အရင်တစ်ပွဲတုန်းက အမှတ် ၃ မှတ်ကို ရအောင်မလုပ်နိုင်ပဲ တော်တော်နှမြောဖို့ကောင်းပါတယ်။ ပထမပိုင်းတုန်းက ဒုတိယဂိုးရဖို့အခွင့်ရေးတွေ အများကြီးပဲ ဒါပေမယ့် နောက်ဆုံးမှာတော့ ၁-၁ နဲ့ပဲ သရေကျသွားပါတယ်။ အာကြီးတို့ရဲ့ အခုနောက်ဆုံး ၃ ပွဲ ၄ ပွဲထဲမှာ အနိုင်သိပ်ပြီး လွယ်လွယ်လေးနဲ့ မလုပ်နိုင်တော့ဘူး။ လီဗာပူးလ်နဲ့ပွဲကစဖြစ်တယ်။ အဲ့ပွဲ ပင်နယ်တီဒရမ်မာနဲ့ သူတို့ဘက်က တော်တော်ပဲ သာနေပေမယ့် open play ခြေစွမ်းကြောင့် ဂိုးသွင်းနိုင်တာတော့မဟုတ်ပါဘူး။ လီဗာပူးလ်တို့ရဲ့ မှားယွင်းမှုတွေချည်းဖြစ်တယ်။ အဲ့ပွဲပြီးရင် နောက်တစ်ပွဲ လိဒ်စ်နဲ့ထပ်တွေ့ရပါတယ်။ အဲ့ပွဲ အာဆင်နယ်ဘက်က အနိုင် ၁ ဂိုးနဲ့ ၀ အနိုင်ရသွားပါတယ်။ နောက်ဆုံးတစ်ပွဲရောက်တော့မှ ဆောက်သန်တမ်နဲ့ သရေကျလာပါတယ်။ ဘောလုံးအပို့အယူမကောင်းဘူး စိတ်လောနေတာ တွေ့ခဲ့ရပါတယ်။ အဲ့တော့ ဒီလို တဖြည်းဖြည်းနဲ့ဆိုးလာရင် မန်စီးတီးတို့ ကျော်တက်သွားလိမ့်မယ်။ အခု မန်စီးတီးထက် အမှတ် ၂ မှတ်ပဲသာနေတော့ အာဆင်နယ်ဘက်က စိတ်ဖိအားပိုရှိပါတယ်။ ဒီပွဲ သူတို့အတွက် အရေးကြီးပါတယ်။

နော်တင်ဟမ်ဖောရက်စ်တို့ကျတော့ လီဗာပူးလ်အပေါ် ၁-၀ ဂိုးနဲ့ အနိုင်ရအောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။ အဲ့ပွဲ သူတို့ရဲ့စွမ်းဆောင်ရည်က ကောင်းတယ်။ လီဗာပူးလ်ရဲ့ open play ကို မိနစ် ၉၀ လုံးလုံး ဖျက်ဆီးနိုင်တယ်။ လီဗာပူးလ်တို့ open play ကနေ ဂိုးကောင်းကောင်းမသွင်းခဲ့ရပါဘူး။ ဖောရက်စ်တို့ အဲ့ပွဲအနိုင်ရသွားပြီး အမှတ် ၃ မှတ်ရသွားပေမယ့် အောက်ဆုံးအဆင့်ကနေတော့ ရုန်းမထွက်နိုင်ခဲ့သေးပါဘူး။ ဒါပေမယ့် ယုံကြည်မှုတွေတော့ တော်တော်ရရှိသွားကြလောက်တယ်။ ပြောမယ်ဆို လီဗာပူးလ်နဲ့ပွဲတုန်းက ဖောရက်စ်တို့ ကောင်းတာမဟုတ်ပါဘူး၊ လီဗာပူးလ်ကသာ ညံ့သွားလို့ပါ။ သူတို့ရဲ့ကွင်းလယ်ပိုင်းက ကစားပွဲကို မပင့်ပေးနိုင်ဘူး၊ လျင်မြန်တဲ့တိုက်စစ်ကို မဆင်နိုင်ခဲ့ပါဘူး။ အဲ့တော့ လီဗာပူးလ်ဘက်က နည်းနည်း နှေးမိတာနဲ့ ဖောရက်စ်တို့ကလည်း တောင့်တင်းမှုရှိတဲ့ ခံစစ်ပိတ်ကို စီစဉ်ဖို့အချိန်ရှိသွားပါတယ်။ ဒီပွဲ အာဆင်နယ်နဲ့တွေ့ရမှာဆိုတော့ လီဗာပူးလ်နဲ့မတူဘူး။ အာဆင်နယ်ရဲ့ကွင်းလယ်ပိုင်းက လီဗာပူးလ်ထက် ပိုတိကျတယ်။ တိုက်စစ်မှူးတွေကလည်း လီဗာပူးလ်ထက် ပြတ်သားမှုရှိတယ်။ ဒီပွဲ ဖောရက်စ်တို့က လီဗာပူးလ်နဲ့တွေ့တဲ့ကစားသမားတွေကို အသုံးပြုသွားလောက်တယ်။

အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲဟာ အရင်ရာသီတုန်းက FA ဖလားပွဲစဉ်ဖြစ်ပြီး ဖောရက်စ်ဘက်က ၁-၀ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုလက်ရှိ အာဆင်နယ်အသင်းရဲ့အခြေနေက လိဂ်ရဲ့နံပါတ် ၁ ဖြစ်ပြီး မန်စီးတီးထက် အမှတ် ၂ မှတ်ပဲ သာနေတော့တယ်။ ဖောရက်စ်တို့ကျတော့ အခုမှ ကြီးမားတဲ့လီဗာပူးလ်အပေါ် အနိုင်ရလာပေမယ့် လိဂ်ရဲ့ အောက်ဆုံးအဆင့်မှာပဲ ရောက်ရှိနေတုန်းပါ။ ဒီပွဲ အာဆင်နယ်ဘက်က ရှုံးဖို့နေနေသာသာ သရေကျလို့တောင်အဆင်မပြေပါဘူး။ အရှုံး သို့မဟုတ် သရေကျသွားရင်တော့ ယုံကြည်မှုတန်းပျောက်လောက်တယ်။ အဲ့တော့ ဒီပွဲ အာဆင်နယ်တို့ အပီကစားကြလောက်ပါတယ်။ ဖောရက်စ်တို့ကျတော့ ၉ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး နောက်ဆုံးတစ်ပွဲမှာ လီဗာပူးလ်အပေါ် အနိုင်ရသွားတဲ့အတွက် ယုံကြည်မှုတွေ ပြည့်ဝနေကြလောက်ပါတယ်။ ဒါပေမယ့် ဒီပွဲ အာဆင်နယ်နဲ့သရေကျဖို့လုံးဝမရှိပါဘူး၊ လီဗာပူးလ်နဲ့ပွဲတုန်းကဆိုရင် စိတ်ကူးရင်ပဲ အရည်မရှိ အဖတ်မရှိဘူးလို့ ယူဆထားပါတယ်။  ဒီအချိန် ဘယ်အသင်းမဆို လီဗာပူးလ်အပေါ် အနိုင်ရသွားတတ်ပါတယ်။ အဲ့တာကြောင့် လိဂ်ရဲ့ အညံ့ဆုံးအသင်းဖြစ်နေတာတောင် လီဗာပူးလ်ကို နိုင်တယ်။ ဒါပေမယ့် ဒီပွဲ အာဆင်နယ်တို့ အနိုင်ရအောင် အပီကစားကြလောက်ပါတယ်။

11 Players

Arsenal (4-2-3-1) – Ramsdale – Saliba – Gabriel – Tomiyasu – White – Lokonga – Xhaka – Odergaard – Martinelli – Saka – Jesus

Nottingham Forest (4-3-3) – Henderson – Williams – McKenna – Cook – Aurier – Freuler – Yates – Kouyate – Lingard – Gibb White – Awoniyi

Missing Players

Arsenal FC – Mohamed Elneny (Thigh Problems), Oleksandr Zinchenko(Calf Injury), Emile Smith Rowe (Groin Surgery)

Nottingham Forest – အဆင်သင့်ဖြစ်သည်။

အိမ်ရှင်မန်ယူအသင်း ပထမ ၂ ပွဲမှာ အရှုံးရသွားကတည်းကစပြီး တက်ကြွလာပါတယ်။ အသင်းနည်းပြတန်ဟက်ရဲ့ တိုက်တွန်းမှုက တော်တော်ထိရောက်တယ်။ မန်ယူကစားသမားတွေ တစ်ပွဲကို ကီလိုမီတာ ၂၀ အထက် ပြေးလွှားကြတယ်။ အရင်က ကစားသမားဟောင်းတွေကစ ခြေစွမ်းပြနိုင်လာတယ်။ Mctom တို့ Dalot တို့ ပြီးတော့ Fred ဆိုသည်မှာလည်း တစ်ပွဲတစ်လေ ခြေစွမ်းပြနိုင်ပါတယ်။ ပျောက်ဆုံးသွားတဲ့မက်ဂွိုင်းယားကတော့ မှန်ကန်နေပြီ။ အခုတလော Casemiro က ကစားပွဲကို တော်တော်ထိန်းနိုင်တယ်။၊ ဒါမှ ကမ္ဘာ့အဆင့်နဲ့ကစားသမားပေါ့၊ ကွင်းလယ်ခံစစ်ဖြစ်တဲ့အတွက် ခံစစ်ပိုင်း အန္တရာယ်ကင်းရှင်းပေးနိုင်တယ်။ မှားယွင်းမှုလည်းမရှိဘူး။ အခုလက်ရှိ မန်ယူတို့ပြုပြင်ရမယ့်နေရာကတော့ တိုက်စစ်ပိုင်းပဲဖြစ်နေတယ်။ ပြတ်သားမှုတကယ်အားနည်းနေတယ်။ ဂိုးလုံးဝရသင့်တဲ့အခွင့်ရေးမှာတောင် ဂိုးမယူနိုင်ဘူး။ နယူးကာဆယ်နဲ့ပွဲတုန်းက ဂိုးရှေ့တည့်တည့်ကြီး ဘောလုံးကို ခေါင်းနဲ့အတိကျတိုက်ခဲ့တာတောင် အတိကျလွဲချော်သွားပါတယ်။ ချယ်လ်ဆီးနဲ့တွေ့တဲ့ပွဲတုန်းကလည်း အခွင့်ရေး အခါ ၂၀ ရခဲ့တာတောင် သရေကျရုံပဲ ပြီးလာတယ်။ မန်ယူအသင်း ပြတ်သားမှုရှိတဲ့တိုက်စစ်မှူးလိုအပ်နေပြီး စကေးကောင်းတဲ့ ဘယ်ဘက်တောင်ပံ လိုအပ်နေပါတယ်။

ဝက်စ်ဟမ်းတို့ကျတော့ လီဗာပူးလ်နဲ့ပွဲတုန်းက အရှုံးရလာပါတယ်။ အဲ့ပွဲ သူတို့ဘက်က သရေဂိုးရဖို့အခွင့်ရေးရှိပါတယ်။ ဒါပေမယ့်လည်း အစစအရာရာကတော့ အရင်တုန်းကလို ကိုယ့်အခြေခံကို မထိန်းနိုင်သေးပါဘူး။ အားသာဖူးတဲ့ တန်ပြန်တိုက်စစ်က တော်တော်အားနည်းသွားတယ်။ ရန်လိုမှုတွေ အန္တရာယ်တွေ လုံးဝပျောက်ဆုံးနေပါတယ်။ အန်တိုနီယိုက ၁၀၀% မဖြစ်သေးလို့လည်းပါပါတယ်။ Scamaca နဲ့ အန်တိုနီယိုတို့ တွဲထားတာ ကောင်းပါတယ်။ ဒါပေမယ့် အန်တိုနီယိုမှာ ၁၀၀% မဖြစ်သေးလို့ပါ၊ ၁၀၀% ဖြစ်ရင်တော့ ဝက်စ်ဟမ်းရဲ့တန်ပြန်တိုက်စစ်က တော်တော်ကြောက်စရာကောင်းလိမ့်မယ်။ ဘာလို့လည်းဆိုတော့ Scamaca နဲ့ အန်တိုနီယိုတို့က ဘောလုံးကောင်းကောင်းထိန်းချုပ်နိုင်လို့ပါ၊ သူတို့ဆီ ဘောလုံးအနားယူလို့ရတယ်။ တစ်ယောက်က တောင့်တင်းမှုရှိပြီး လျင်မြန်မှုလည်းရှိနေတယ်။ နောက်တစ်ယောက်ကျတော့ အရပ်ရှည်ရှည်နဲ့ ဘောလုံးကောင်းကောင်းထိန်းချုပ်နိုင်တယ်။ ကြည့်ချင်စရာလေး ဒါပေမယ့် စောင့်ကြည့်ဖို့လိုသေးတယ်။ ၁၀၀% မဖြစ်သေးလို့ပါဗျာ။

ibet789 application download အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အိမ်ရှင်ဘက်က အနိုင်ပွဲပိုရသွားပါတယ်။ ဥပမာ နောက်ဆုံး ၁၀ ပွဲထဲမှာဆိုရင် မန်ယူဘက်က အနိုင် ၆ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၃ ပွဲ လုပ်ထားနိုင်တယ်။ အရှုံးရသွားတုန်းက မန်ယူရဲ့ အိပ်မက်ဇာတ်ရုံလေးဟာ အပန်းဖြေစခန်းနဲ့ရေပူစမ်းစခန်း ဖြစ်နေတဲ့အချိန်မို့လို့ပါဗျာ။ အခုတော့ မဟုတ်တော့ပါဘူး၊ မန်ယူအသင်းက အသက်ပြန်ဝင်ပြီး တက်ကြွမှုတွေ ရှိနေကြပါပြီ။ ဒီရာသီထဲမှာ Fergie Time ၂ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ အသင်းထဲက ရောက်လာတဲ့ကစားသမားအသစ်တွေ အကုန်လုံး စာမေးပွဲအောင်ပါတယ်။ ဘာလို့လည်းဆိုတော့ အရင်ကတည်းကရှိတဲ့ကစားသမားတွေ တကယ့် အညံ့ကြီးတွေပါ။ အဲ့တာနဲ့ မန်ယူအသင်းက ဒီရာသီမှာ Top4 ထဲပါဖို့ရှိပါတယ်။ မန်ယူအသင်းနည်းပြဟောင်းနဲ့ The Chosen One ဘက်ကကျတော့ ဒီရာသီ တော်တော်ပဲ အဆင်မပြေခဲ့ပါဘူး၊ အောက်ဆုံးအဆင့်ကိုတောင် ကျရောက်သွားသေးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကျ‌တော့ အခြေနေတွေ နည်းနည်းပြန်ကောင်းလာပါပြီ၊ ဒါပေမယ့်လည်း စိတ်ချလို့မရသေးပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက လီဗာပူးလ်နဲ့တွေ့ပြီး ပြန်လှန်ခုခံလို့တောင်မရပဲ ရှုံးလာတယ်။ ဒီပွဲ အခြေနေကောင်းနေတဲ့မန်ယူနဲ့တွေ့ရမှာဆိုတော့ ထပ်ရှုံးသွားလောက်တယ်။

11 Players

Man Utd (4-2-3-1) – de Gea – Martinez – Varane – Dalot – Shaw – Casemiro – Eriksen – Fernandes – Sancho – Anthony – Rashford

West Ham United (4-2-3-1) – Fabianski – Cresswell – Kehrer – Zouma – Johnson – Soucek – Rice – Fornals – Antonio – Scamaca – Bowen

Missing Players

Manchester United – Donny van de Beek (Knock), Harry Maguire (Hamstring Injury), Aaron Wan-Bissaka (Unknown Injury), Anthony Martial (Back Injury)

West Ham United – Nayef Aguerd (Ankle Injury)