ibet788

ချယ်လ်ဆီး Vs ခရစ်စတယ်ပဲလေစ့် [15 Jan 23 - 20:30 hrs]

ibet788 ချယ်လ်ဆီးအသင်း သူတို့ဖန်အတွက် ခြေစွမ်းတွေမပြပေးနိုင်သေးပါဘူး။ နောက်ဆုံး ၈ ပွဲကစားပြီး အနိုင် ၁ ပွဲလေးပဲရရှိခဲ့ပါတယ်။ သူတို့တိုက်စစ်ပိုင်းက အဆင်မပြေဘူး သွင်းဂိုးတွေ အရမ်းနည်းပါတယ်။ ခံစစ်ပိုင်းကျတော့ အရမ်းတွေညံ့ပြီး ဂိုးတွေ မတရားသွင်းခံထိခဲ့တယ်။ နောက်ဆုံးတစ်ပွဲတုန်းက မန်စီးတီးနဲ့တွေ့ပြီး တော်တော်ပြန်ခုခံနိုင်ခဲ့ကြပေမယ့် တိုက်စစ်ပိုင်းက မလုပ်နိုင်တော့ အဆင်မပြေခဲ့ပါဘူး။ ခံစစ်ပိုင်းကတော့ အခြေနေတော်တော်ကောင်းပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဂိုးသမားကြီးက ဘောလုံးကိုပြေးဖြတ်လို့မှီရဲ့သားနဲ့ မရဲတရဲဖြစ်တော့ ဂိုးသွင်းခံထိသွားရော။ အဲ့နေရာ နားမလည်ဘူး။ အဲ့တာနဲ့ပဲ မန်စီးတီးကိုရှုံးလာတယ်။ အခုလက်ရှိ ပေါ်တာရဲ့ထိုင်ခုံက အရမ်းပူလွန်းလို့ ထိုင်လို့ရမှာမဟုတ်တော့ပါဘူး။ ဒီအခြေနေနဲ့ဆိုရင် ရာသီမကုန်ခင် အိမ်ပြန်ရလောက်ပါတယ်။

ခရစ်စတယ်ပဲလေစ့်တို့ကျတော့ ချယ်လ်ဆီးနဲ့ကြမ်းတာချင်းတူတူပဲ။ နောက်ဆုံး ၅ ပွဲကစားပြီး အရှုံး ၃ ပွဲ ရရှိသွားပါတယ်။ အနိုင် ၂ ပွဲလေးတော့ လုပ်နိုင်သေးတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ ၄ ဂိုး ၀ နဲ့ ရှုံးလာပါတယ်။ သူတို့ရဲ့ပြသာနာက တိုက်စစ်မှူးတွေ ဂိုးမသွင်းကြဘူးဖြစ်နေတယ်။ နောက်ဆုံး ၄ ပွဲထဲမှာ ဂိုး ၂ လုံးသွင်းနိုင်ပြီး ၈ လုံးတောင် ပြန်သွင်းခံထိခဲ့ပါတယ်။ သတို့ရဲ့တိုက်စစ်မှူးတွေက မပြတ်သားသလို ခံစစ်မှူးတွေကလည်း မထိန်းနိုင်ကြပါဘူး။ အသင်းနည်းပြရဲ့အနာဂတ်ကတော့ ဒီလိုပါပဲ သူက ဒီအသင်းကို အလယ်ပိုင်းနေရာ ရပ်တည်နိုင်အောင် ကြိုးစားနိုင်တော့ ဘာမှမဖြစ်ပါဘူး။ ကစားပုံကစားနည်းကလည်း သူ့ဟာနဲ့သူရှိပြီးသားပါ။ ဒီလိုအခြေနေမျိုးနဲ့အသင်းဟာ အတန်းမဆင်းဖို့အရေး ထိန်းချုပ်နိုင်လောက်ပါတယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်ကပိုသာမှန်း ကောင်းကောင်းမြင်ခဲ့ရပါတယ်။ အချင်းချင်းတွေ့တဲ့ နောက်ဆုံး ၁၀ ပွဲတုန်းက ချယ်လ်ဆီးတို့ ၁၀ ပွဲစလုံးပဲ အနိုင်ရသွားပါတယ်။ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းပဲဖြစ်ဖြစ် ခရစ်စတယ်ပဲလေစ့်တို့ ချယ်လ်ဆီးကိုမနိုင်ပါဘူး။ သရေတောင်ကျမသွားသေးပါဘူး။ ချယ်လ်ဆီးတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်က သဘောကျချင်စရာမကောင်းပေမယ့် ခရစ်စတယ်ပဲလေစ့်ထက်တော့ အစစအရာရာ ပိုသာနေတုန်းဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေစ့်တို့မှာလည်း မသေချာသေးပါဘူး။ နောက်ဆုံး ၅ ပွဲ ကစားပြီး အရှုံး ၃ ပွဲတောင်ရသွားတယ်။ ဂိုးတွေလည်း သိပ်မသွင်းနိုင်ကြပါဘူး။ တိုက်စစ်ပိုင်းညံ့သလို ခံစစ်ပိုင်းလည်း အဆင်မပြေဘူးဖြစ်နေတယ်။ အဲ့တာနဲ့ပဲ သူတို့ နံပါတ် ၁၂ အထိတောင် ကျဆင်းသွားပါတယ်။ ဒီပွဲ ပေါ်တာရဲ့ အရှက်ပြန်ယူရမယ့်အခွင့်ရေးပဲထင်တယ်။ ၃ မှတ်ရဖို့ အပီကစားလောက်ပါတယ်။

11 Players

Chelsea (4-2-3-1) – Kepa – Cucurella – Koulibaly – Silva – Azpillicueta – Kovacic – Jorginho – Gallagher – Aubameyong – Ziyech – Havertz

Crystal Palace (4-3-3) – Guiata – Clyne – Guehi – Andersen – Ward – Doucure – Hughes – Olise – Zaha – Ayew – Edouard

Missing Players

Chelsea FC – Raheem Sterling (Hamstring Injury), Mason Mount (Knock), Christian Pulisic (Knee Problems), Edouard Mendy (Shoulder Injury), Ben Chilwell (Hamstring Injury), Ruben Loftus-Cheek (Calf Injury), Wesley Fofana (Knee Injury), Reece James (Knee Injury), N’Golo Kanté (Hamstring Injury), Armando Broja (Cruciate Ligament Rupture)

Crystal Palace – Nathan Ferguson (Achilles tendon problems)

Facebook

စပါးအသင်း နံပါတ် ၄ နေရာကိုဆုံးရှုံးသွားတော့ ခရစ်စတယ်ပဲလေစ့်အပေါ် အနိုင်တန်းရပြီး ဘုန်းမောက်ကိုပါ အနိုင်ရလာခဲ့ပါတယ်။ စပါးတို့ရဲ့စွမ်းဆောင်ရည်က ပထမအဆင့်နဲ့ အာဆင်နယ်ထက်ညံ့ပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးရဲ့ကစားသမားအသီးသီးကတော့ အတူတူပါပဲ။ နားလည်မှုပဲ ပိုအားနည်းချင်ရင် အားနည်းလိမ့်မယ်။ အသင်းရဲ့ အဆင်သင့်ဖြစ်မှုကတော့ Bentancur နဲ့ Richarlison လောက်ပဲမရှိဘူး၊ ကျန်တာ အကုန်လုံးပဲ အဆင်သင့် ဖြစ်နေကြပါတယ်။ သွင်းဂိုး ၁၅ လုံးပိုင်ရှင်နဲ့ ဟယ်ရီကိန်းမှာလည်း ဒီပွဲ ဆင်းနိုင်တယ်။ နောက်ဆုံးတစ်ပွဲတုန်းကတောင် FA ဖလားထဲမှာ အနိုင်ဂိုးသွင်းပေးပြီး စပါးကိုနောက်တစ်ဆင့် ဆန်ကာတင်သွားအောင် လုပ်ပေးနိုင်တယ်။ ကိန်းက စပါးရဲ့အားကိုးရာပဲဖြစ်ပါတယ်။ သူ့ဆီ ဘောလုံးနားလို့ရသလို သူကိုယ်တိုင် ဂိုးဖန်တီးပေးလို့လည်းရပါတယ်။ Son ကျတော့ အခုလက်ရှိရာသီမှာ အရင်ရာသီထက် ခြေစွမ်းတွေကျဆင်းသွားပါတယ်။ ဒါပေမယ့်လည်း အန္တရာယ်ပြုနိုင်တုန်း ဖြစ်ပါတယ်။ နောက်တစ်ယောက်ကျတော့ အသင်းနည်းပြပေါ့လေ။ သူ့မှာ နည်းဗျူဟာတော်တော်စုံတယ်။ အဲ့တော့ စပါးတို့ ဒီပွဲ အာဆင်နယ်ကို မရှုံးလောက်သေးဘူးထင်ပါတယ်။

အာဆင်နယ်တို့ကျတော့ ဒီနှစ်ထဲမှာ စွမ်းဆောင်ရည်အရမ်းကောင်းပါတယ်။ ခြေစွမ်းတွေပြသပြီး ပထမအဆင့်ကို ကိုင်တွယ်ထားပါတယ်။ သူတို့စွမ်းဆောင်ရည်ကလည်း အစကနေနဲ့အဆုံးအထိ တော်တော်ညီကြပါတယ်။ အသင်းအဖွဲ့ချုပ်က အာတီတာကို အချိန်ပေးလိုက်တဲ့အတွက် ချီးကျူးစရာကောင်းပါတယ်။ လက်ရှိ အာကြီးရဲ့ကစားသမားအဖွဲ့အစုဟာ လက်တွဲကစားလာတာ ၄ နှစ်တိတိရှိသွားပါပြီ။ အဲ့တော့ ဘောလုံးအပေးအယူပိုင်းက တော်တော်တိကျပါတယ်။ ထိုးဖောက်မှုလည်း တော်တော်အားကောင်းကြတယ်။ လိုအပ်တဲ့ အရှေ့တန်းနဲ့ အနောက်တန်းတွေ ထပ်ရလာသေးတယ်။ Saliba က Gabriel နဲ့ ကောင်းကောင်းလေး တွဲကစားနိုင်ပါတယ်။ အရမ်းပဲ တောင့်တင်းမှုရှိတယ်။ တိုက်စစ်မှူးတွေကလည်း ဂိုးတွေသွင်းနိုင်ကြပါတယ်။ တစ်ယောက်ကို ၆ လုံးကနေ ၈ လုံးအထိ သွင်းနိုင်နေကြပါတယ်။ အတူတူကူရုန်းပေးနေကြတာဖြစ်ပါတယ်။ သွင်းဂိုးအများဆုံးကစားသမားတောင် မရှိသလိုဖြစ်နေတယ်။ ခြေစွမ်းအကြမ်းဆုံးကတော့ Bukayo Saka ပါပဲ။ မန်စီးတီးလို ဂိုးဖန်တီးရှင်မရှိပေမယ့် Team work ရှိရှိနဲ့တော့ ကစားနိုင်နေကြပါတယ်။ ဒီပွဲ သူတို့ဘက်က စွမ်းဆောင်ရည်ပိုကောင်းပေမယ့် လွယ်တယ်လို့တော့မထင်ပါဘူး။ လန်ဒန်ဒါဘီတိုက်ပွဲဖြစ်တိုင်း အရမ်းပဲ ဆူဆူပူပူဖြစ်တတ်ပါတယ်။

ibet788 အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်ကြပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းဟာလည်း မနိုင်မရှုံးလေးပါပဲ။ ဒါပေမယ့် ရှေ့နည်းနည်းတိုးကြည့်ရင်တော့ အာဆင်နယ်တို့ပိုသာမှန်း မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲက လန်ဒန်ဒါဘီတိုက်ပွဲဖြစ်တဲ့အတွက် ဘယ်သူကမှ အရှုံးမပေးကြလောက်ပါဘူး။ ပြီးတော့ သူတို့နှစ်သင်းက ကိုယ့်အိမ်ကွင်းနဲ့ကိုယ် ကောင်းတတ်ကြတယ်။ လက်ရှိစွမ်းဆောင်ရည်ကိုပြောမယ်ဆိုရင် အိမ်ရှင်ဘက်က ၂ ပွဲဆက်တိုက် အနိုင်ရထားတော့ တော်တော်ပဲ ကြည့်ကောင်းနေပါတယ်။ အာဆင်နယ်တို့ကျတော့လည်း စွမ်းဆောင်ရည်အရမ်းကောင်းနေတယ်။ အနိုင်ပွဲတွေ တောက်လျှောက်ကောက်သိမ်းနိုင်တယ်။ နောက်ဆုံးတစ်ပွဲ နယူးကာဆယ်နဲ့သရေကျသွားပေမယ့် နားလည်လို့ရပါနယ်။ ဒီပွဲ အာကြီးဘက်က စပါးထက်သာတယ်လို့မြင်ပေမယ့် ဒါဘီတိုက်ပွဲဖြစ်တဲ့အတွက် သရေကျရုံပဲ ပြီးသွားမယ်ထင်တယ်။

11 Players

Tottenham Hotspurs (3-4-2-1) – Lloris – Romero – Sanchez – Davies – Emerson – Sessegnon – Hojbjerg – Sarr – Son – Gil – Kane

Arsenal (4-2-3-1) – Ramsdale – Zinchenko – Gabriel – Saliba – White – Partey – Xhaka – Odergaard – Martinelli – Saka – Nketiah

Missing Players

Tottenham Hotspur – Rodrigo Bentancur (Adductor problems), Richarlison (Hamstring Injury)

Arsenal FC – Gabriel Jesus (Knee Injury)

Facebook