ibet288

ibet288 မန်ယူ Vs အဲဗာတန် [6 Jan 23 - 02:30 hrs]

ibet288 တန်ဟက်လက်အောက်ကမန်ယူအသင်း ပြီးခဲ့တဲ့တစ်ပွဲကမှ ဘုန်းမောက်အပေါ် ၃ ဂိုး ၀ နဲ့ အနိုင်ရလာပါတယ်။ အသင်းထဲကအခြေနေ ဒီပွဲ Axel Tuanzebe နဲ့ Donny Van de Beek တို့မရှိသေးပါဘူး။ ဒဏ်ရာရထားလို့ အနားယူရမှာသေချာပါတယ်။ ဆန်ချိုကျတော့ အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။ သူ့ကို အသုံးပြုမလားတော့မသိသေးပါဘူး။ အန်တိုနီနဲ့တစ်ယောက်မှာလည်း ကြွက်သားနေရာဒဏ်ရာရထားလို့ တန်ဟက်က မဆင်းခိုင်းလောက်သေးဘူးထင်ပါတယ်။ အန်တိုနီ မာရှယ်လည်း အခြေနေစစ်ဆေးဖို့လိုသေးတယ်။ ဒါမှမဟုတ် အသုံးပြုချင်လည်း ပြုနိုင်ပါတယ်။ ဒီပွဲ တန်ဟက်က ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ မာရှယ်ကို Striker အနေနဲ့ ဆင်းခိုင်းမယ်။ Alejandro Carnacho၊ Bruno Fernandes နဲ့ Marcus Rashford တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ အခွင့်ရေးဖန်တီးပေးဖို့ စီစဉ်ထားလောက်တယ်။ ကွင်းလယ်ခံစစ်နေရာကျတော့ Christian Eriksen နဲ့ Casemiro တို့ကို ခံထားလောက်ပါတယ်။ ပြီးရင် ခံစစ်ပိုင်းနေရာ Raphael Varane နဲ့ Lisandro Martinez တို့ကို အလယ်မှာတွဲထားလောက်ပါတယ်။

လမ်းပတ်နည်းလက်အောက်ကအဲဗာတန်တို့ကျတော့ မကြာသေးမီကမှ ဘရိုက်တန်ကိုရှုံးလာပြီး အဆင့် ၁၈ အထိကျဆင်းသွားပါတယ်။ သူတို့အသင်းရဲ့အခြေနေကတော့ ဒီပွဲအတွက် ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒဏ်ရာပြန်သက်သာသွားတဲ့ Amadou Onana ကိုကျတော့ ပြန်လည်အသုံးပြုနိုင်ပါပြီ။ James Garner, Michael Keane, Andros Townsend နဲ့ Nathan Patterson တို့ကျတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေချည်းဖြစ်ပါတယ်။ ပြီးတော့ နေမကောင်းဖြစ်နေတဲ့ Anthony Gordon ကလည်း မသက်သာလောက်သေးပါဘူး။ ဒီပွဲ လမ်းပတ်က ၄-၃-၃ စနစ်နဲ့ ရောက်လာမယ်ထင်တယ်။ Striker နေရာ Dominic Calvert Levin ကို တာဝန်ပေးပြီး စည်းဘေးနေရာ Demarai Gray နဲ့ Dwight McNeill တို့ကို တာဝန်ပေးထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းကျတော့ Amadou Onana နဲ့ Idrissa Gay တို့ကိုထိန်းခိုင်းပြီး အနောက်တန်းနေရာ Conor Coady နဲ့ James Tarkowski တို့ကိုပဲ အဓိက တာဝန်ပေးထားလောက်ပါတယ်။

အင်္ဂလန် FA ဖလား ဘောလုံး ရာသီ 2022-23 ပွဲစဉ် 3 ၊ 2023 ခုနှစ် ဇန်နဝါရီ 6 ရက် သောကြာနေ့ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အိုးထရက်ဖို့ဒ် ကွင်း ကို လာရောက် လည်ပတ် ဖို့ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ် ။ “တော်ဖီအပြာ” အဲဗာတန် 

မန်ယူအသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်က အရမ်းတက်ကြွပြီး ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ ဂိုးတစ်လုံးမှသွင်းခံမထိပဲ အနိုင်ရလာပါတယ်။ ပြီးတော့ အဲ့ဒီ ၄ ပွဲထဲနဲ့ ဂိုး ၉ လုံးတောင် သွင်းသွားနိုင်တယ်။ နောက်ဆုံးတစ်ပွဲတုန်းက အိုထရက်ဖိုဒ်ကွင်းနဲ့ ဘုန်းမောက်ကိုနိုင်လာတယ်။ အဲ့ပွဲအနိုင်ရသွားတဲ့အတွက် သူတို့မှာ ပရီးမီးယားလိဂ်ရဲ့အဆင့် ၄ ဆီ တက်သွားပါပြီ။ တန်ဟက်နည်းပြက ဒီကနေစပြီး ဘယ်အစီစဉ်မဆို ပွဲတိုင်းကိုပဲ အလေးထားကစားမယ်လို့ပြောဖူးပါတယ်။ အရင်နှစ်တုန်းက Fa ဖလားပွဲစင်အဖြစ် စတုတ္ထအဆင့်မှာပဲ အပယ်ခံသွားပါတယ်။ အဲဗာတန်တို့ကျတော့ စွမ်းဆောင်ရည် တက်လိုက်ဆင်းလိုက်ဖြစ်နေပါတယ်။ မန်စီးတီးနဲ့ပွဲတုန်းက သရေကျနိုင်ပြီး နောက်ဆုံးတစ်ပွဲရောက်တော့ ဘရိုက်တန်ကို ပိုးစိုးပက်စက်ရှုံးသွားပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်တုန်းက ဒီအစီစဉ်နဲ့ပဲ ခရစ်စတယ်ပဲလေ့စ်ကို ၄ ဂိုး ၀ နဲ့ရှုံးပြီး စတုတ္ထအဆင့်မှာ အပယ်ခံထိသွားပါတယ်။ နှစ်သင်းစလုံးရဲ့ကစားသမားအသီးသီးယှဉ်ကြည့်ရင်တော့ မန်ယူဘက်က တော်တော်ပဲပိုသာနေပါတယ်။ မန်ယူဘက်က ဘောလုံးပိုပိုင်နိုင်လောက်တယ်။ ဒီပွဲ မန်ယူဘက်က ကစားသမား Rotation ရှိပေမယ့် ထင်သလောက် စိတ်ပူစရာမရှိပါဘူး။ အဲဗာတန်တို့က ဒီပွဲ ခံစစ်ပိတ်ပြီး ခံစစ်ပိုင်းကို သေသေချာချာစီစဉ်ထားလောက်တယ်။ အချိန်ကိုစောင့်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ်။ ဒီပွဲကတော့ ဘယ်လိုပဲနေနေ မန်ယူနိုင်သွားမှာသေချာပါတယ်။ ပထမဂိုး စောစောသွင်းနိုင်ရင်တော့ ဂိုးအပြတ်နဲ့တောင် အနိုင်ရသွားလောက်ပါတယ်။

11 Players –

Manchester United (4-2-3-1:) De Gea; Dalot, Varane, L Martinez, Shaw; Casemiro, Eriksen; Garnacho, Fernandes, Rashford; Martial

Everton (4-3-3): Pickford; Coleman, Coady, Tarkowski, Mykolenko; Iwobi, Gueye, Onana; McNeil, Calvert-Lewin, Gray

Missing Players :

Manchester United : Axel Tuanzebe, Donny van de Beek, Jadon Sancho, Antony

Everton : Nathan Patterson, Andros Townsend, Michael Keane, James Garner

Facebook