www.ibet168.net

လိဒ်စ် Vs ဘုန်းမောက် [ 05 Nov 22 - 21:30 hrs]

www.ibet168.net အိမ်ရှင်လိဒ်စ်အသင်း နောက်ဆုံး ၈ ပွဲထဲက နောက်ဆုံးတစ်ပွဲမှပဲ အနိုင်ရသွားတော့တယ်။ အနိုင်ပွဲပေါ်လာတာနဲ့ အတန်းဆင်းမယ့် Zone ကနေ တန်းထွက်နိုင်တယ်။ ဒီရာသီ ၁၂ ပွဲကစားပြီး အမှတ်ဇယားထဲမှာ အဆင့် ၁၅ ရောက်ရှိနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက မထင်မှတ်တဲ့ လီဗာပူးလ်အပေါ် အနိုင်ရလာတယ်။ အဲ့ပွဲ သူတို့ရဲ့ကစားပုံကစားနည်းက လီဗာပူးလ်ထက်ညံ့မနေပါဘူး၊ ပြန်လှန်ခုခံလို့တောင်ရတယ်။ တန်ပြန်တိုက်စစ်တဲ့နေရာကလည်း ကြောက်စရာကောင်းတယ်။ အသင်းနည်းပြက ခံစစ်ပိတ်ဖို့ လုံးဝပြင်မထားတဲ့အတွက် တော်တော်မှန်သွားပါတယ်။ သူက ကွင်းလယ်ပိုင်းကို Pressing ကောင်းကောင်းလေး စီစဉ်ထားခဲ့တယ်။ အဲ့တာနဲ့ပဲ လီဗာပူးလ်တို့က ကိုယ့်နည်းစနစ်ကို လွယ်လွယ်လေးအသုံးမပြုနိုင်ခဲ့ပါဘူး။ ပြီးတော့ အဲ့ပွဲ အရေးကြီးတာ သူတို့အခွင့်ရေးကို အများကြီးမသုံးခဲ့ဘူး၊ ခံစစ်ပိုင်းက နည်းနည်းပါးပါး ကြောင်ပျောက်ပေမယ့် ဂိုးသမားက တော်တော်တာဝန်ကျေခဲ့ပါတယ်။ တော်တော်မာပါတယ်။ သူတို့ရဲ့ ကောင်းကောင်းမြင်ရတဲ့အားသာချက်ကတော့ အရှိန်နဲ့ တန်ပြန်တိုက်စစ်ဆင်တာပဲဖြစ်ပါတယ်။ အဲ့တော့ အရင်ပွဲလို Form မျိုးထိန်းနိုင်ရင်တော့ အမှတ် ၃ မှတ်ရတဲ့အထိ ရည်ရွယ်နိုင်ပါတယ်။

ဘုန်းမောက်တို့ကျတော့ လက်ရှိရာသီ ၁၃ ပွဲကစားပြီး လက်ထဲမှာ ၁၃ မှတ်ရှိနေပါတယ်။ အမှတ်ဇယားထဲက အဆင့် ၁၄ နဲ့ နောက်ဆုံးတစ်ပွဲတုန်းက စပါးကိုရှုံးလာပါတယ်။ အဲ့ပွဲ စောစောပိုင်းတုန်းက သူတို့ ဂိုး ၂ လုံးတောင် အရင်ကျောနိုင်ပေမယ့် ပွဲပြီးသွားတဲ့အချိန်မှာ ၂ ဂိုး ၃ ဂိုးနဲ့ ပြန်ရှုံးခဲ့ပါတယ်။ နှမြောစရာကောင်းကောင်းလေးနဲ့ ၃ ပွဲဆက်တိုက် ရှုံးနိမ့်နေပါပြီ။ အခုလက်ရှိအခြေနေက ငြိမ်နေပါတယ်။ သူတို့ရဲ့ကစားပုံကစားနည်းကတော့ အရင်အတိုင်းပါပဲ ခံစစ်ပိတ်ပြီး ဘောလုံးဖြတ်ယူမယ်၊ ဘောလုံးဖြတ်ယူနိုင်တာနဲ့ ကစားပွဲကို အနောက်ကနေ အရှေ့အထိ direct ဆင်တတ်ပါတယ်။ ဒါကတော့ သေးငယ်တဲ့အသင်းတွေရဲ့ဘောလုံးစတိုင်လ်တွေပါပဲ၊ ဘာထူးခြားမှုမှမရှိပါဘူး၊ ဘုန်းမောက်အသင်းဟာ ဒီထက်မက ကျဆင်းနိုင်ပါသေးတယ်။ သူတို့ရဲ့ စနစ်က ဖမ်းချုပ်လို့အရမ်းလွယ်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လိဒ်စ်ဘက်ကပိုသာပါတယ်။ ဒါပေမယ့် အချင်းချင်းတွေ့ခဲ့ကြတဲ့ နောက်ဆုံးတစ်ပွဲက ၂၀၁၅ ခုနှစ်တုန်းကဖြစ်တယ်။ ဒီနှစ် နှစ်သင်းစလုံးရဲ့ Form က အတူတူပါပဲ၊ ဒါပေမယ့် လိဒ်စ်တို့ရဲ့ နောက်ဆုံးတစ်ပွဲမှာ လီဗာပူးလ်အပေါ် အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ပဲ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးစံချိန်ကို အပြီးသတ်သွားနိုင်ပါပြီ။ အဲ့ပွဲ အန်ဖီးလ်ကွင်းကြီးနဲ့ အနိုင်ရလာတယ်။ အန်ဖီးလ်ကွင်းမှာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ စပါးကိုရှုံးလာတယ်။ ပထမ ၂ ဂိုးအရင်ရပြီး အနိုင်ရအောင်မထိန်းနိုင်ခဲ့ကြပါဘူး။ ဒီပွဲ နှစ်သင်းစလုံးရဲ့ အစစအရာရာကြည့်ပြီးပြောရင် လိဒ်စ်ဘက်က ပိုသာပါတယ်။ လိဒ်စ်တို့က ကိုယ့်အိမ်ကွင်းဖြစ်နေပြီး နောက်ဆုံးတစ်ပွဲပါ လီဗာပူးလ်ကိုနိုင်ထားတဲ့အတွက် စိတ်ဓာတ်တွေတော်တော်ကောင်းနေကြလောက်တယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ဘုန်းမောက်ကို အနိုင်ရသွားလောက်ပါတယ်။

11 Players

Leed United (4-2-3-1) – Meslier – Struijk – Cooper – Koch – Kristensen – Roca – Adams – Aaronson – Summerville – Harrison – Rodrigo

Bournemouth (3-4-2-1) – Travers – Mepham – Senesi – Smith – Lerma – Cook – Tavernier – Zemura – Billing – Solanke – Moore

Missing Players

Leeds United – Stuart Dallas (Femoral Fracture), Junior Firpo (Knee Injury)

AFC Bournemouth – Lloyd Kelly (Ankle Injury)

မန်စီးတီးအသင်း နောက်ဆုံးတစ်ပွဲ လက်စတာအပေါ် အနိုင်ရလာပါတယ်၊ အဲ့ပွဲ De Bruyne ရဲ့ Free-kick က အရမ်းကောင်းလို့သာ ကပ်နိုင်လာတယ်။ ဒါပေမယ့်ပွဲမပြီးခင် မိနစ် ၂၀ အလိုမှာလည်း ရင်တုန်စရာတွေ ဖြစ်ပေါ်ခဲ့သေးတယ်၊ ဘာလို့လည်းဆိုတော့ လက်စတာတို့က ဝင်လုံးရဲတယ်၊ အဲ့ပွဲ ဟာလန်းမရှိလို့ တော်တော်ထိခိုက်သွားပါတယ်။ အယ်လ်ဗာရက်ဇ်ခန္ဓာကိုယ်က လက်စတာရဲ့ ကြီးထွားသူ ၃ ယောက်ကို မကျော်နိုင်ခဲ့ပါဘူး။ သူတို့ ၃ ယောက်က အန္တရာယ်ရှိတဲ့ Zone ကို အကုန်ထိန်းချုပ်နိုင်တယ်၊ အဲ့တာနဲ့ပဲ အယ်လ်ဗာရက်ဇ်အတွက် ကစားလို့လုံးဝအဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် အဲ့ပွဲ မန်စီးတီးအသင်းရဲ့ အစစအရာရာခြုံကြည့်ရင်တော့ အဆင်ပြေတဲ့ထဲရှိပါတယ်။ အားတင်းပြီး ထိုးဖောက်ဖို့ကြိုးစားကြတယ်။ ဂိုးသွင်းဖို့အခွင့်ရေးတွေလည်း တော်တော်ဖန်တီးနိုင်ပါတယ်၊ ဒါပေမယ့် လက်စတာရဲ့ ခံစစ်ပိုင်းက အရမ်းနောက်စုတ်ထားလို့သာ ရင်သိပ်မခုန်ခဲ့ရပါဘူး။ အဲ့ဒီတော့ လက်စတာတို့ရဲ့ ဒီစနစ်ဟာ အခြားအသင်းတွေအတွက် အတုယူစရာစနစ်ဖြစ်သွားလိမ့်မယ်။ ဒီပွဲလည်း သူတို့ထပ်တွေ့ရလောက်တယ်။ ဒါပေမယ့် ပပ်ရဲ့ကစားသမားတွေက ကိုယ်ပိုင်စကေးရှိရှိနဲ့ အဆင်ပြေအောင် ကစားနိုင်ကြလောက်ပါတယ်။ De Bruyne ရဲ့ ဘောလုံးထိုးပေးချက်က ဘယ်အသင်းမဆို မခံနိုင်သေးပါဘူး။ ဒီပွဲ ဖူဟမ်တို့ ခံစစ်ရှယ်ပိတ်ပေမယ့် မခံနိုင်လောက်ပါဘူး။

ဖူဟမ်တို့ကျတော့ ဒီနှစ် ထင်ထားတာထက် ပိုကောင်းပါတယ်။ ရာသီရဲ့အစပိုင်းတုန်းက ကောင်းကောင်းလုပ်နိုင်ပြီး ဒီနောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အရှုံးတစ်ပွဲလေးပဲရှိပါတယ်။ သရေ ၂ ပွဲနဲ့ အနိုင် ၂ ပွဲ လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် အခုတလော ခက်ခဲတဲ့တိုက်ပွဲတွေ စဝင်ရတော့မယ်။ ဒီပွဲ မန်ချက်စတာမြို့ထဲက အပြာပြီးရင် အနီနဲ့ ထပ်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ ၂ ပွဲစလုံး သူတို့မှာ အမှတ် တစ်မှတ်မှရမယ်မထင်ပါဘူး။ မထူးဆန်းပါဘူး၊ Mitrovic ဆိုတဲ့တိုက်စစ်မှူးက ခြေစွမ်းတော်တော်ကောင်းနေပေမယ့် မန်စီးတီးနဲ့တွေ့ရမှာဆိုတော့ ဘောလုံးဘယ်နှခါပဲ ထိရမလဲတောင်မသိသေးပါဘူး။ Mitrovic က ဒီရာသီ ၁၃ ပွဲ ဆင်းကစားပြီး ဂိုး ၉ လုံးသွင်းထားနိုင်တယ်။ မြောက်ဘောကစားနိုင်သလို ဘောလုံအနားယူလို့လည်းရပါတယ်။ နောက်ဆုံးဧရိယာကို ပြေးရှာတတ်ပါတယ်။ ဒါပေမယ့်လည်း ပြောထားတာတွေ ဘောလုံးမထိရရင် အလကားပါပဲ။ အမှတ်တောင်မရပဲ အိမ်ပြန်ခဲ့ရလိမ့်မယ်။

www.ibet168.net အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က လုံးဝပိုသာပါတယ်။ တစ်ပွဲနဲ့တစ်ပွဲ ဂိုး ၂ လုံးအနည်းဆုံးပဲ သွင်းနိုင်တယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာဆိုရင် မန်စီးတီးဘက်က ၁၀ ပွဲစလုံးပဲ အနိုင်ရရှိခဲ့တယ်။ မန်စီးတီးတို့ ဒီနှစ်ထဲမှာ အာဆင်နယ်နဲ့အတူတူ အခြေခံရှိရှိ ကစားနိုင်နေကြပါတယ်။ အာဆင်နယ်နဲ့ နံပါတ် ၁ လုချင်နေတယ်။ ဖူဟမ်တို့ကျတော့ ထင်မထားတဲ့ခြေစွမ်းတွေ တော်တော်ပြနိုင်နေတယ်။ ဒီရာသီ ၁၃ ပွဲကစားပြီး လက်ထဲမှာ ၁၉ မှတ်လေးနဲ့ အဆင့် ၇ အထိတောင် တက်ရောက်လာပါတယ်။ ဒါပေမယ့် ဒီပွဲ မန်စီးတီးနဲ့တွေ့ရမှာဆိုတော့ ဘယ်လိုမှအဆင်မပြေပါဘူး။ သူတို့အတွက် အရမ်းခက်နေသေးတယ်။ အဲ့ထက်ဆိုးတာ မန်စီးတီးရဲ့အိမ်ကွင်းပါဖြစ်နေတယ်။ အဲ့ဒီတော့ သူတို့ သရေကျအောင်လုပ်မယ်ဆိုရင်တောင် မဖြစ်နိုင်ပါဘူး။ မန်စီးတီးတို့ နောက်ဆုံးတစ်ပွဲတုန်းက ဒီတိုင်းနေရင်းနဲ့ ဟာလန်းမပါပဲ ကစားတယ်၊ ပထမကစားသမားမှာရော အရံကစားသမားမှာပါ နာမည်မရှိခဲ့ပါဘူး။ ဒီပွဲကတော့ ဒဏ်ရာမပြင်းထံရင် ဆင်းရလောက်တယ်။ ဒါပေမယ့်လည်း မန်စီးတီးအတွက် ဘာမှမထိခိုက်ပါဘူး၊ အင်အားတွေကြီးမားပြီးသားပါ၊ ဟာလန်းက ဒီပွဲမှာပါလောက်တယ်။ အဲ့တော့ ဖူဟမ်တို့ ရှယ်ကြုံးခံထိလိမ့်မယ်။

11 Players

Man City (4-3-3) – Ederson – Cancelo – Laporte – Akaji – Stone – Rodri – De Bruyne – Silva – Foden – Mahrez – Haaland

Fulham (4-2-3-1) – Leno – Robinson – Ream – Diop – Reid – Reed – Palhinha – Pereira – Kebano – Willian – Mitrovic

Missing Players

Manchester City – Kyle Walker (Groin Injury), Kalvin Phillips (Shoulder Injury)

Fulham FC – Layvin Kurzawa (Knock), Kenny Tete (Knock), Manor Solomon(Knee Surgery)

နော်တင်ဟမ်ဖောရက်စ်အသင်း ဘဲအရေခွံပေါ်ပြီး မထင်ထားတဲ့ အမှတ် ၃ မှတ်ရသွားခဲ့ပါတယ်၊ ပြီးရင် အာဆင်နယ်နဲ့ထပ်တွေ့ရပါတယ်။ ဒီပွဲ ဘရန့်ဖိုတ်နဲ့ တွေ့ရမှာဖြစ်ပြီး သူတို့အတွက် လွယ်ကူမနေပါဘူး။ အချင်းချင်းတွေ့တဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်နေပေမယ့် ကစားပုံကစားနည်းနဲ့ Form အသီးသီးက ပိုသာမနေပါဘူး။ ဖောရက်စ်တို့ လီဗာပူးလ်ကို ထကြွပြီး အနိုင်ရလာပေမယ့် အဲ့တစ်ပွဲလေးပါပဲ၊ သူတို့ရဲ့ Form က အမြဲလိုလိုကောင်းနိုင်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် မဖြစ်နိုင်ပါဘူးလို့ ထင်မြင်ထားပါတယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးလ်ရဲ့ အခုလက်ရှိအခြေနေက ဘယ်အသင်းမဆို သူတို့အပေါ် အနိုင်ရနိုင်ပါတယ်။ အဲ့တော့ မထူးဆန်းပါဘူး၊ ဖောရက်စ်တို့ရဲ့ ထူးခြားချက်က ဂိုးသမားပဲဗျ၊ မာတဲ့နေ့ဆို ရှယ်မာတယ်။ ကျန်တဲ့ကစားသမားတွေကတော့ ကြောက်စရာမကောင်းပါဘူး၊ သူတို့အခြေနေက ကောင်းချင်ကောင်းမယ် ဆိုးချင်ဆိုးမယ်ဖြစ်နေတယ်။

ဘရန့်ဖိုတ်တို့လည်း အခြေနေ ဟိုမရောက်ဒီမရောက်နဲ့ အတိကျယူဆလို့မရသေးပါဘူး၊ ဘရိုက်တန်အပေါ်အနိုင်ရပြီး ချယ်လ်ဆီးနဲ့ သရေကျတယ် နောက်ဆုံးတစ်ပွဲရောက်တော့ အက်စတွန်ဗီလာကို ပိုးစိုးပက်စက်ရှုံးသွားတာဖြစ်ပါတယ်။ အိမ်ကွင်းနဲ့ပွဲတွေမှာ ကောင်းပေမယ့် အဝေးကွင်းနဲ့အခြေနေကတော့ စိတ်ချလို့မရသေးပါဘူး။ အဝေးကွင်းနဲ့ ၆ ပွဲထဲမှာ သရေ ၃ ပွဲနဲ့ အရှုံး ၃ ပွဲဖြစ်ပြီး သွင်းဂိုး ၆ လုံးနဲ့ သွင်းခံထိတဲ့ဂိုးကျတော့ ၁၅ လုံးတောင် ဖြစ်ပါတယ်။ သူတို့ခြေစွမ်းကို အတိကျယူဆလိုမရသေးပါဘူး၊ ဒါပေမယ့် ဒီအနိုင်ပွဲက သူတို့အတွက် အရေးကြီးပါတယ်။ ဒီပွဲပြီးတာနဲ့ ကြီးမားတဲ့အသင်းတွေ တန်းစီပြီး စောင့်နေပြီးသား၊ အဲ့တော့ မဖြစ်မနေ ဒီပွဲ အမှတ် ၃ မှတ်ရအောင်တော့ ကြိုးစားသင့်ပါတယ်။ သူတို့ရဲ့အားသာချက်က တိကျမှုအပေါ်မူတည်ပြီးကစားတယ်။ စနစ်အတိုင်း ကစားနိုင်တဲ့အသင်းမျိုးဖြစ်တယ်။ သူတို့ရဲ့လိမ့်ဘောက တိကျမှုရှိတဲ့နေ့ဆို တော်တော်ကြောက်ဖို့ကောင်းပါတယ်။ အဲ့တော့ သူတို့ရဲ့ပြိုင်ဘက်က Pressing မကောင်းရင် ခံရဖို့ရှိပါတယ်။ ဘရန့်ဖိုတ်ရဲ့ တိုက်စစ်မှူး ၃ ယောက်က ပြိုင်ဘက်ခံစစ်ပိုင်းကို တော်တော်တိုင်ပတ်အောင်လုပ်နိုင်ကြလောက်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်ပါတယ်။ တစ်ယောက်တစ်လှည့်စီ အနိုင်ရယူတတ်တယ်။ ဒါပေမယ့် ဒီနှစ်မှာ ပြောင်းလဲပြီး ပိုကောင်းလာတဲ့အသင်းကိုပြောမယ်ဆိုရင် ဘရန့်ဖိုတ်ဘက်က ပိုကြည့်ကောင်းပါတယ်။ ဖောရက်စ်အသင်း အခုလက်ရှိ အောက်ဆုံးအဆင့်မှာရောက်ရှိနေပြီး လီဗာပူးလ်အပေါ် အနိုင်ရသွားခဲ့တာတောင် ခေါင်းမဖော်နိုင်သေးပါဘူး။ ဒါပေမယ့်လည်း ဖောရက်စ်ရဲ့ Form က ဘရန့်ဖိုတ်ထက်ကောင်းပါသေးတယ်။ အများကြီးတော့မဟုတ်ပါဘူး ဟိုမရောက်ဒီမရောက်လေးနဲ့ နည်းနည်းသာနေတာပါ။ ဘရန့်ဖိုတ်ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက ဝုလ်ဗ်နဲ့ ၁-၁ သရေကျလာတယ်။ အဲ့တာနဲ့ပဲ အဆင့်ဇယားထဲမှာ အရင်အတိုင်းပဲ ရောက်ရှိနေတုန်းပါ။ ဒီပွဲ ဘရန့်ဖိုတ်အတွက် မလွယ်ပါဘူး၊ သူတို့က အဝေးကွင်းနဲ့ပွဲတွေမှာ www.ibet168.net ခြေစွမ်းသိပ်မပြနိုင်ပါဘူး။ ဒါပေမယ့်လည်း ဖောရက်စ်ဆိုတဲ့ အောက်ဆုံးအဆင့်နဲ့အသင်းကို တွေ့ရမှာဆိုတော့ ဘရန့်ဖိုတ်တို့ အမှတ် ၃ မှတ်ရသွားလောက်ပါတယ်။ ဒီပွဲ နှစ်သင်းစလုံးရဲ့ ကစားပုံကစားနည်းနဲ့ဆိုရင် တော်တော်ကြည့်ကောင်းလောက်တယ်။ နှစ်သင်းစလုံးက တိုက်စစ်ဆင်ကစားတဲ့အသင်းမျိုးတွေဖြစ်နေတော့ ပြတ်သားမှုပိုရှိတဲ့အသင်းကပဲ အနိုင်ရသွားလိမ့်မယ်။ ကျွန်တော်ကတော့ ဘရန့်ဖိုတ်ကို ပိုအားပေးပါတယ်။

11 Players

Nottingham Forest (4-3-3) – Henderson – Williams – McKenna – Cook – Aurier – Freuler – Kouyate – Yates – Lingard – Gibbs White – Awoniyi

Brentford (4-3-3) – Raya – Henry – Pinnock – Mee – Ajer – Janelt – Jensen – Dasilva – Mbeumo – Wissa – Toney

Missing Players

Nottingham Forest – အသင်းအခြေနေ အဆင်သင့်ဖြစ်သည်။

Brentford FC – Keane Lewis-Potter (Fitness)

အိမ်ရှင်အဲဗာတန်အသင်း နောက်ဆုံးတစ်ပွဲတုန်းက သရေကျလာပြီး အမှတ် ၁ မှတ် ကောက်သိမ်းနိုင်ခဲ့ပါတယ်။ ဒီရာသီ ၁၃ ပွဲ ကစားပြီး ရမှတ် ၁၄ မှတ်လေးနဲ့ အဆင့် ၁၂ မှာ ရောက်ရှိနေပါတယ်။ သူတို့ရဲ့ Form ဟာ ရာသီစတင်လာကတည်းက သိပ်မကောင်းပါဘူး ပထမ ၇ ပွဲစတင်ပြီးမှ အနိုင်ပွဲနဲ့တွေ့သွားပါတယ်။ သူတို့ရဲ့ ကစားပုံကစားနည်းက ကောင်းပါတယ်။ ဒါပေမယ့် ပြတ်သားမှုမရှိလို့ပါ၊ လမ်ပတ်ရဲ့နည်းစနစ်က အတိကျရှိပါတယ်။ သူ့စနစ်က တိုက်စစ်ပိုင်းကိုဦးစားပေးပြီး ခံစစ်ပိုင်းကလည်း အခြေနေတော်တော်ကောင်းပါတယ်။ အဲဗာတန်အသင်းက လွယ်လွယ်လေးနဲ့ မရှုံးတတ်ပါဘူး။ ပြောမယ်ဆို သေးငယ်အသင်းကနေ ကြီးမားတဲ့အသင်းအထိ ပြန်လှန်ခုခံနိုင်စွမ်းရှိပါတယ်။ သူတို့ရဲ့ Form က အခြားအသင်းတွေထက် ညံ့မနေပါဘူး။ အဲ့တော့ အသင်းသေးတွေနဲ့ တွေ့ရင် ဖြစ်သင့်သလောက် အဆင်မပြေပေမယ့် ကြီးမားတဲ့အသင်းနဲ့တွေ့ရင် ကောင်းအောင်ကစားနိုင်နေကြပါတယ်။ အဲ့တာနဲ့ပဲ ဘယ်မှမရောက်နိုင်သေးဘူး။ အဲဗာတန်ရဲ့ အဓိကကျတဲ့ကစားသမားကတော့ Gordon ပါပဲ သူက အသင်းအတွက် အခွင့်ရေးဖန်တီးပေးနိုင်တယ်။ နောက်တစ်ယောက်မှာလည်း Iwobi ပေါ့ ဒီရာသီအတွင်း Assist ၅ ကြိမ် လုပ်ထားပြီးပြီ၊ ဒီပွဲ သူတို့ဘက်က ပြတ်သားမှုရှိရင်တော့ အမှတ် ၃ မှတ် ရသွားလောက်ပါတယ်။

လက်စတာတို့ကျတော့ အခုတလောအခြေနေကောင်းနေတယ်။ မထင်မှတ်ပဲ ပိုမို တောင့်တင်းမှုရှိလာနေပါတယ်။ မန်စီးတီးနဲ့မတွေ့ခင် ၃ ပွဲတုန်းက ၃ ပွဲစလုံး Clean sheet လုပ်နိုင်တယ်။ မန်စီးတီးနဲ့ပွဲတုန်းက လက်စတာတို့ အခြေနေကောင်းပါတယ်။ သူတို့ရဲ့ နောက်ဆုံး ဧရိယာကို ကောင်းကောင်းပိတ်ပင်ထားနိုင်တယ်။ မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပေမယ့် လက်စတာရဲ့ခံစစ်ပိုင်းကို မဖောက်နိုင်ပါဘူး။ ဒါပေမယ့် နောက်ဆုံး De Bruyne ရဲ့ Free kick ကြောင့် အဆင်ပြေသွားပါတယ်။ လက်စတာအသင်းရဲ့ စတိုင်လ်က ရှင်းရှင်းလေးပါ၊ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်တတ်ပါတယ်။ မန်စီးတီးနဲ့ပွဲတုန်းက မိနစ် ၇၀ ရောက်တော့မှ ဝင်လုံးကြတယ်။ တော်တော်ကောင်းကြတယ်။ အစကတည်းက ဝင်မလုံးတာ တော်တော်မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အားနည်းချက်က အဝေးကွင်းဖြစ်နေတယ်။ ဒီရာသီ အဝေးကွင်းနဲ့ ၆ ပွဲစံချိန်ထဲမှာ အနိုင် ၁ ပွဲလေးပဲရရှိခဲ့ပြီး အရှုံး ၅ ပွဲတောင်ရရှိခဲ့ပါတယ်။ ဂိုး ၁၉ လုံးတောင် သွင်းခံထိခဲ့တယ်။ အဝေးကွင်းဖြစ်တိုင်း ခံရတတ်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အဲဗာတန်ဘက်က ပိုသာပါတယ်။ အချင်းချင်းတွေ့တဲ့ နောက်ဆုံး ၅ ပွဲထဲမှာ အဲဗာတန်ဘက်က တစ်ပွဲမှမရှုံးသေးပါဘူး။ ဒီနှစ် ရာသီစစလာချင်းတုန်းက နှစ်သင်းစလုံးပဲ အခြေနေမကောင်းပါဘူး၊ ဒါပေမယ့် အခုနောက်ပိုင်း အဲဗာတန်ဘက်က နည်းနည်းပြန်ကောင်းလာပါပြီ။ အဲဗာတန်ရဲ့ နောက်ဆုံး ၂ ပွဲမှာ အရှုံးတစ်ပွဲမှမရှိသေးပဲ အမှတ် ၄ မှတ်တောင် www.ibet168.net ကောက်သိမ်းနိုင်တယ်။ လက်စတာတို့လည်း အခြေနေပြန်ကောင်းနေပါတယ်။ နောက်ဆုံးတစ်ပွဲ မန်စီးတီးနဲ့တွေ့ပြီး ရှုံးလာပေမယ့် အဲ့ပွဲ မန်စီးတီးကို တော်တော်တိုင်ပတ်အောင်လုပ်နိုင်ကြပါတယ်။ အဲ့တာနဲ့ပဲ အခုလက်ရှိ နှစ်သင်းစလုံးရဲ့ Form က နည်းနည်းပြန်ကောင်းလာကြပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်း အချင်းချင်းတွေ့တဲ့ပွဲတွေမှာ လက်စတာတို့ တစ်ပွဲမှမနိုင်သေးပါဘူး၊ အဲ့ဒီတော့ ဒီပွဲ အနိုင်ရမယ့်အသင်းကိုရွေးရမယ်ဆိုရင် အဲဗာတန်ကိုပဲ ပိုယုံကြည်ပါတယ်။

11 Players

Everton (4-2-3-1) – Pickford – Mykolenko – Coady – Tarkowski – Coleman – Onana – Gueye – Gray – Iwobi – Gordon – Calvert Lewin

Leicester City (3-4-3) – Ward – Faes – Soyuncu – Amarty – Justin – Tielemans – Mendy – Castagne – Maddison – Barnes – Daka

Missing Players

Everton FC – Andy Lonergan (Knee Problems), Andros Townsend (Cruciate Ligament Injury), Mason Holgate (Knee Injury), Abdoulaye Doucouré (Hamstring Injury), Ben Godfrey (Fibula Fracture)

Leicester City – Ryan Bertrand (Knee Surgery), Ricardo Pereira (Achilles tendon rupture)