ibet108

ibet108 ချယ်လ်ဆီး Vs မန်စီးတီး [ 5 Jan 23 - 02:30 hrs]

ibet108 ချယ်လ်ဆီးအသင်း နောက်ဆုံးတစ်ပွဲတုန်းက ထစ်ခနဲဖြစ်ပြီး ဖောရက်စ်နဲ့ သရေကျလာခဲ့ပါတယ်။ အဲ့တော့ သူတို့ Top4 နေရာနဲ့ ပိုဝေးသွားပါပြီ။ ချယ်လ်ဆီးအသင်း ဒီရာသီအတွင်း ၁၆ ပွဲကစားပြီး ၂၅ မှတ် ပိုင်ဆိုင်ထားပါတယ်။ အဆင့်ဇယားထဲမှာ နံပါတ် ၉ ဖြစ်ပြီး နံပါတ် ၄ ထက် ၇ မှတ်တောင်နည်းနေတယ်။ သူတို့လက်ရှိစွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းပါတယ်။ တိုက်စစ်ပိုင်းက အားရစရာမရှိသလို ခံစစ်ပိုင်းကလည်း အားနည်းနေပါတယ်။ ပေါ်တာဆိုတဲ့နည်းပြက အသင်းထဲ စရောက်ရောက်ချင်းတုန်းက အနိုင်တွေချည်းရပြီး အခု ပြောင်းပြန်ဖြစ်သွားတော့ လူတော်တော်များများ ဝေဖန်နေကြပါတယ်။ သူ့လက်ထဲက နောက်ဆုံး ၅ ပွဲထဲမှာ အနိုင် ၁ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၃ ပွဲတောင် ရရှိသွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက အနိုင်ရသင့်တာလည်း မရခဲ့ပါဘူး။ ရှုံးခါနီးတောင်ဖြစ်သွားသေးတယ်။ သူတို့ဘက်က ဘောလုံးပိုင်ဆိုင်မှုပိုများပေမယ့် ဂိုးသွင်းခွင့်ကျတော့ ဖောရက်စ်ထက်တောင်နည်းသေးတယ်။ ဘောလုံးပိုင်နိုင်ပြီး ဂိုးမသွင်းနိုင်ကြပါဘူး။ သူတို့ရဲ့ ဂိုးဖန်တီးရှင်စတာလင်ဟာ နဂိုက ဂိုးသွင်းသမားမဟုတ်ပါဘူး။ အဲ့တော့ ချယ်လ်ဆီးမှာ Striker တစ်ယောက်လောက်တော့ အရမ်းလိုအပ်နေပါတယ်။ ဒီတိုင်းပဲဆိုရင်တော့ နောက်နှစ်ဥရောပတိုက်ပွဲထဲ ဖလားအသေးကစ ပါနိုင်မယ်မထင်တော့ပါဘူး။ ဒီပွဲ ချယ်လ်ဆီးမှာ Reece James, Chidwell နဲ့ Fofana တို့ကို အသုံးပြုလို့မရသေးပါဘူး။

မန်စီးတီးတို့ကျတော့ ကမ္ဘာ့ဖလားပွဲပြီးသွားတာနဲ့ စကြမ်းတော့တာပဲ။ ဥပမာ EFL တိုက်ပွဲတွင် လီဗာပူးလ်အပေါ် အနိုင်ရသွားတယ်။ ပြီးရင် လိဒ်စ်ကိုထပ်ကျွေးလိုက်တယ်။ နောက်ဆုံးမှာတော့ အဲဗာတန်နဲ့ သရေကျလာခဲ့ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အာဆင်နယ်ထက် ၇ မှတ်တောင် နည်းသွားပါပြီ။ အဲဗာတန်နဲ့ပွဲတုန်းက သူတို့ပဲ တိုက်စစ်ဆင်ခဲ့ရပြီး ဒုတိယမြောက်ဂိုးကို မဖန်တီးနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးရောက်တော့ Demarai Gray ရဲ့ လှပသော ဂိုးသွင်းချက်ကို ခံခဲ့သွားပါတယ်။ အဲ့ဂိုးမဖြစ်ခင် မန်စီးတီးတို့ရဲ့ ကွင်းလယ်မှ စမှားပါတယ်။ မန်စီးတီးရဲ့တိုက်စစ်ပိုင်းကတော့ အခုအချိန်မှာ ဘာပြသာနာမှမရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပြိုင်ဘက်တွေက ခံစစ်ရှယ်ပိတ်တာတွေ့ခဲ့ရပါတယ်။ အဲ့ဒီနည်းစနစ်နဲ့ သူတို့ကို ကာကွယ်နိုင်ပါတယ်။ ပြီးတော့ ပပ် ဂွါဒီယိုလာဆိုတဲ့နည်းပြကြီးကလည်း ကစားသမားလူစားလဲတာဘာညာ သိပ်မလုပ်ဘူး။ အရင်တစ်ပွဲတုန်းက Foden ကို အဲ့ထက်စောပြီးဆင်းခိုင်းရင်တော့ သရေဂိုးအသွင်းခံမထိခင် ဒုတိယဂိုး အရင်သွင်းနိုင်လောက်ပါတယ်။ ဒီပွဲ ပပ်မှာ ကစားသမားအချို့နေရာကို ပြောင်းလဲတာရှိလိမ့်မယ်။ Foden က ဒီပွဲ ပထမကစားသမားအနေနဲ့ ဆင်းရလောက်တယ်။ Cancelo နဲ့ Gundogan တို့ရောပဲပေါ့။ ပပ်အဆင့်နဲ့ ဒီပွဲ ခံစစ်ပိတ်မနေလောက်ပါဘူး။ တည့်တည့်ကြီးဝင်လုံးသွားလောက်ပါတယ်။ ဘာမှစိတ်ပူမနေနဲ့ဗျ၊ ဒီပွဲ မန်စီးတီးတို့ ၃ မှတ်ရသွားမှာပါ။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ အခုနောက်ပိုင်း မန်စီးတီးဘက်က ပိုသာခဲ့ဖူးပါတယ်။ နောက်ဆုံးတွေ့ခဲ့ကြတဲ့ ၃ ပွဲတုန်းက မန်စီးတီးတို့ပဲ ၃ ပွဲစလုံး အနိုင်ရသွားပါတယ်။ အဲ့ထက်ဆိုးတာ အဲ့ ၃ ပွဲမှာ ချယ်လ်ဆီးတို့ မန်စီးတီးရဲ့ဂိုးကို တစ်လုံးမှမသွင်းနိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးတို့ ဒီနှစ်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အတိကျယူဆလို့မရသေးပါဘူး။ အမှတ်ဇယားထဲမှာလည်း နံပါတ် ၉ ဖြစ်နေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကလည်း ဖောရက်စ်နဲ့ သရေကျရုံပဲပြီးလာပါတယ်။ ဂရေဟမ်ပေါ်တာရဲ့အနာဂတ်ကတော့ တစ်မျိုးကြီးဖြစ်သွားပါပြီ။ အခုမှလာအုပ်ချုပ်တာကို မေးခွန်းတွေအများကြီးဖြစ်ပေါ်နေတယ်။ သူ့အတွေ့ကြုံက အလယ်အလတ်လောက်ရှိတဲ့အသင်းနဲ့ပဲ အဆင်ပြေပါတယ်။ ဒီတိုင်းပဲဆက်ဖြစ်သွားမယ်ဆိုရင် ရာသီမကုန်ခင် အလုပ်အရင်ပြုတ်သွားနိုင်ပါတယ်။ မန်စီးတီးတို့ကျတော့ အရင်တစ်ပွဲတုန်းက ကိုယ့်အခြေခံလောက်တောင် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အဲဗာတန်ကို မဖောက်နိုင်ဘူးဖြစ်ပါတယ်။ သူတို့ အဲ့လိုမျိုး ထပ်ပြီး မှားလို့မဖြစ်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ အာဆင်နယ်ကြီးက ရပ်စောင့်မနေဘူးလေ။ ထပ်မှားမိရင်တော့ ချန်ပီယံအတွက် တော်တော်ဒုက္ခရောက်သွားလိမ့်မယ်။ ဒီပွဲ သူတို့အတွက် မခက်ပါဘူး။ ချယ်လ်ဆီးအသင်းဆိုတာ အရင်လို တောင့်တင်းမှုရှိမနေတော့လို့ပါ။ အလယ်အလတ်အသင်းတွေလောက်ပဲ အရည်သွေးရှိနေတော့တယ်။ ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကြည့် ချယ်လ်ဆီးတို့ အိမ်ကွင်းနဲ့ကလော်ခံထိသွားလိမ့်မယ်။

11 Players

Chelsea (3-4-2-1) – Kepa – Cucurella – Silva – Koulibaly – Jorginho – Mount – Kovacic – Sterling – Pulisic – Havertz – Aubameyong

Man City (4-3-3) – Ederson – Cancelo – Ake – Laporte – Akaji – Rodri – Gundogun – De Bruyne – Bernado silva – Foden – Haaland

Missing Players

Chelsea FC – Ben Chilwell (Hamstring Injury), Ruben Loftus-Cheek (Calf Injury), Edouard Mendy (Knock), Wesley Fofana (Knee Injury), Reece James (Knee Injury), N’Golo Kanté (Hamstring Injury), Armando Broja (Cruciate Ligament Rupture)

Man City – ဒဏ်ရာနဲ့ ဘန်းခံထိတဲ့ကစားသမားတွေ မရှိပါ။

Facebook