ibet link

မန်ယူ Vs မန်စီးတီး [14 Jan 23 - 19:00 hrs]

ibet link မန်ယူအသင်း အခုမှပဲ အသက်တွေပြန်ဝင်လာပြီး ၇ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ ရာသီရဲ့အစပိုင်းဖြစ်ပြီး အရှုံး ၂ ပွဲရသွားတုန်းက မန်ယူမှာ ကိုယ့်အားနည်းချက်ကိုနားလည်ပြီး Casemiro ကို ဝယ်ဖြည့်လိုက်တာ တော်တော်မှန်သွားပါတယ်။ အဲ့ကနေစပြီး မန်စယူစွမ်းဆောင်ရည်က အလိုလိုကြမ်းလာရော။ ကွင်းလယ်ပိုင်း ပွဲရှိန်ကိုပိုထိန်းနိုင်တယ်။ Case-Fernan-Eric တို့ ၃ ယောက်ရဲ့ ချိတ်တွယ်ကစားမှုက အသင်းကို အကျိုးတော်တော်ပေးတယ်။ Casemiro ဆင်းကစားတိုင်း အနောက်တန်းတွေစိတ်အေးစေပါတယ်။ ပြီးတော့ ငရှောကြီးကလည်း MOM နှစ်ပွဲဆက်တိုက်တောင် ရသွားသေးတယ်။ နောက်ဆုံး ပွဲသိမ်းလက်နက်ကတော့ Marcus Rashford ပါပဲ။ သူက တိုက်စစ်ပိုင်းကိုရုန်းပေးနေပါတယ်။ ဒီရာသီအတွင်း သူ့ကြောင့် ဂိုးသွင်းနိုင်တာ ၁၇ ခါ ရှိသွားပါပြီ။ သူ့မှာ လောလောဆယ် Top Form ကြီးဖြစ်နေတော့ မန်ယူအသင်းကို အပေါ်ပိုင်းရောက်အောင် ပင့်ပေးခဲ့ပါတယ်။ နံပါတ် ၃ နေရာလုယူဖို့ တော်တော်ရင်ခုန်ရပါတယ်။ အဲ့တော့ ဒီပွဲသာ အနိုင်ရခဲ့ရင်တော့ တတိယအဆင့်ကို ပိုင်သွားလိမ့်မယ်။ ဒီပွဲ မန်ယူဘက်က အပီကစားဖို့ရှိလိမ့်မယ်

မန်စီးတီးတို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ချယ်လ်ဆီးအပေါ် အနိုင်ရလာပါတယ်။ သူတို့ကစားပုံကစားနည်းက အရင်အတိုင်းပါပဲ။ ကစားပွဲကိုအရင်ထိန်းချုပ်မယ် ပြီးရင် ဂိုးဝင်သွင်းမယ်။ စိတ်ဝင်စားစရာကောင်းတာတော့ ပက်မသုံးဖူးတဲ့ ၃-၅-၂ စနစ်ကို သုံးလိုက်တာပဲဖြစ်ပါတယ်။ De Bruyne ကို အနောက်နည်းနည်းဆုတ်ထားတယ်။ သူ့နေရာဟောင်းကတော့ စည်းဘေးနဲ့ပိုနီးတဲ့နေရာမှာနေရတတ်ပါတယ်။ ဒီပွဲ ကစားစနစ်အသစ်နဲ့ရောက်လာရင်တော့ စည်းဘေးမှာ Cancelo နဲ့ Foden တို့ တာဝန်ယူထားတဲ့အတွက် တော်တော်လေးကြည့်ကောင်းလိမ့်မယ်။ ဒီပွဲ ကျွန်တော့်အမြင်နဲ့ဆိုရင် သူတို့ စနစ်ဟောင်းကိုပဲ အသုံးပြုမယ်ထင်တယ်။ ဒါပေမယ့် အရင်တုန်းကစနစ်ဟာ တန်ပြန်တိုက်စစ်ခံခဲ့ရရင် လွယ်လွယ်လေးနဲ့ပေါက်တတ်ပါတယ်။ စီးတီးတို့မှာလည်း အချို့နေရာမမှားသင့်တာမှားတတ်ပါတယ်။ အဲ့အမှားတွေက ခန ခန မြင်ရပါတယ်။ သူတို့ရဲ့ကြောက်စရာအကောင်းဆုံးနေရာကတော့ တိုက်စစ်ပိုင်းပါပဲ။ တိုက်စစ်အမျိုးမျိုးဆင်ပြီး ဝင်လာရင်တော့ မန်ယူဖြစ်နေပေမယ့် မခံနိုင်လောက်ပါဘူး။ စီးတီးတို့ ဒီပွဲ ၃ မှတ်ရဖို့ရှိပါတယ်။ ဒါပေမယ့် သရေကျဖို့လည်းမနည်းပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ နောက်ဆုံး ၁၀ ပွဲကိုပဲယူကြည့်မယ်ဆိုရင် မနိုင်မရှုံးလေး ဖြစ်ခဲ့ကြပါတယ်။ မန်ယူဘက်က ၄ ပွဲနိုင် ၁ ပွဲသရေနဲ့ မန်စီးတီးကို ၅ ပွဲ ရှုံးသွားပါတယ်။ မန်ယူတို့က အခြေနေဘယ်လောက်ပဲဆိုးဆိုး မန်ချက်တာဒါဘီဖြစ်ရင်တော့ အမြဲကောင်းတတ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး  ၂ ပွဲ ၃ ပွဲတုန်းကပဲ အမှောင်ထဲရောက်သွားလို့ပါ။ ဘယ်လို့မှ ပြန်မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ အချို့ဖန်တွေတောင် ဒါဘီပွဲမဟုတ်တော့ဘူးဘာညာ ပြောသံကြားသေးတယ်။ ဒါပေမယ့်လည်း အခုမှာတော့ မန်ယူအသက်ပြန်ဝင်လာပြီး ၇ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်က အရမ်းတက်ကြွနေတယ်။ အချို့ပွဲ စွမ်းဆောင်ရည်မကောင်းပေမယ့် အဆင်ပြေအောင်တော့ ကျော်ဖြတ်နိုင်ခဲ့တယ်။ ခံစစ်ပိုင်းကကောင်းသလို ကွင်းလယ်ပိုင်းလည်း တာဝန်ကျေနေကြတယ်။ တိုက်စစ်ပိုင်းမှာလည်း အခွင့်ရေးအမျိုးမျိုး ဖန်တီးနိုင်လာပါတယ်။ မန်စီးတီးကိုကျတော့ ဘာမှသိပ်ပြောစရာမရှိပါဘူး။ အမြဲကောင်းပါတယ်။ ဒါပေမယ့် သူတို့မှားချင်တဲ့ပွဲရှိရင်လည်း မပြောမဆို မှားပြတာတော့ တွေ့ခဲ့ရသေးတယ်။ အဲ့တာနဲ့ပဲ အာကြီးထက် ၅ မှတ်ပိုနည်းနေတယ်။ ဒီပွဲမှာသူတို့အပီကစားဖို့ ရှိပါတယ်။ ဒါပေမယ့် မန်ယူက မုန့်စိန်မဟုတ်တော့ပါဘူး။ သရေကျသွားမှာ တော်တော်သေချာပါတယ်။

11 Players

Man Utd (4-2-3-1) – De Gea – Shaw – Martinez – Varane – Dalot – Eriksen – Casemiro – Fernandes – Anthony – Rashford – Martial

Man City (4-3-3) – Ederson – Akanji – Walker – Cancelo – Stone – Rodri – De Bruyne – Silva – Foden – Mahrez – Haaland

Missing Players

Manchester United – Axel Tuanzebe (Unknown Injury)

Manchester City – ဒဏ်ရာရထားတဲ့သူနဲ့ ဘန်းခံထိထားတဲ့သူမရှိပါ။

Facebook

အိမ်ရှင်ဘရိုက်တန်အသင်း အိမ်ကွင်းနဲ့အခြေနေတော်တော်ကောင်းပါတယ်။ အဝေးကွင်းထက် နိုင်ပွဲပိုနည်းပေမယ့် ဂိုးလွယ်လွယ်လေးတော့ သွင်းခံမထိတတ်သေးပါဘူး။ နောက်ဆုံး ၂ ပွဲတုန်းက ပရီးမီးယားလိဂ်ပွဲစင်အဖြစ် အဲဗာတန်နဲ့တွေ့ပြီး FA ဖလားအဖြစ် Middlesbrough တို့နဲ့တွေ့တဲ့ပွဲမှာ ဂိုးပေါင်း ၉ လုံးတောင် သွင်းနိုင်ခဲ့ပါတယ်။ ပြန်သွင်းခံထိတာ ၂ လုံးထဲပါ။ ဒါပေမယ့်လည်း အခုလောလောဆယ် ဘယ်အသင်းမဆို အဲဗာတန်နဲ့တွေရင် တက်ထောင်းနိုင်ကြမှာပဲ။ ဘရိုက်တန်အသင်းရဲ့အစစအရာရာက အဆင်ပြေပါတယ်။ လိမ့်ဘောကျွမ်းကျင်တယ်။ ပြီးရင် ပြေးပေါက်တွေရှာတတ်တယ်။ ဒီပွဲ သူတို့ရဲ့အဓိက ကစားသမားကတော့ Trossard ပဲဖြစ်ပါတယ်။ စည်းဘေးကြီးဖြစ်ပြီး Playmaker အနေနဲ့ ကစားလိမ့်မယ်။ စွမ်းဆောင်ရည်သိပ်မကောင်းတဲ့ Arnold ကြီးနဲ့ ဘိုင်ဝမ်းဆွဲရမယ်။ ဘရိုက်တန်တို့ ဒီပွဲ လီဗာပူးလ်ကို တော်တော်ဒုက္ခပေးလိမ့်မယ်။

လီဗာပူးလ်တို့ကျတော့ အရင်ကပြသာနာတွေ အခုပြန်ဖြစ်ပေါ်နေပါတယ်။ ဒီနားမတိုင်ခင် အဆင်ပြေတော့မလိုလိုနဲ့။ ဘာလို့လည်းဆိုတော့ ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး နောက်ပွဲ ဘရန့်ဖိုဒ်ကိုရှုံးသွားတယ်တဲ့။ ပြီးရင် ဝုဗ်နဲ့ သရေထပ်ကျသွားတယ်။ အဲ့ ၂ ပွဲ သူတို့ရဲ့စွမ်းဆောင်ရည်က စိတ်ပျက်စရာကြီးပါ။ ဂိုးသွင်းပြတ်သားမှုမရှိသလို ခံစစ်ပိတ်ကစားတဲ့နေရာကလည်း အပေါက်မလုံဘူး။ Alison Breaker ဆိုတဲ့ဂိုးသမားကြီးကလည်း လွယ်လွယ်လေးနဲ့မှားပြသေးတယ်။ ပြီးတော့ Konate ဟာလည်း ခန ခန မှားတတ်တယ်။ အဲ့တော့ လောလောဆယ် လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းက နေရာတိုင်းပဲ စိတ်ချလို့မရသေးပါဘူး။ ကွင်းလယ်ပိုင်းလည်း လမ်းပျောက်နေတယ်။ ကစားပွဲကိုမထိန်းနိုင်ကြပါဘူး။ တိုက်စစ်ပိုင်းဆိုရင် အခွင့်ရေးဖြုန်းတီးတတ်တယ်။ ဒါဝင်နူးနက်ဇ်ဆိုပိုဆိုး။ ဘရန့်ဖိုဒ့်နဲ့ပွဲတုန်းက ဒီထက်ပြတ်သားနိုင်ရင်တော့ အမှတ် ၀ မဖြစ်လောက်ဘူး။ ဆာလက်ကတော့ အရင်က အခြေခံအတိုင်းပဲ ဖြစ်နေတုန်းပါ။ ဘယ်ဘက်ခြမ်းက Gakpo မှာလည်း အဆင်ပြေအောင် ထိန်းကစားရုံပဲရှိသေးတယ်။ ဒီပွဲ ခြေစွမ်းမပြနိုင်ရင်တော့ ဝုဗ်နဲ့တွေ့သလို ၀ နဲ့အိမ်ပြန်ရဖို့ရှိပါတယ်။

ibet link အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်က ပိုသာပါတယ်။ ဒါပေမယ့် လွယ်တယ်တော့မထင်နဲ့ဗျ။ ဘာလို့လည်းဆိုတော့ အခုနောက်ပိုင်း သရေကျသွားတာများပါတယ်။ ပြီးတော့ လီဗာပူးလ်တို့က ဘရိုက်တန်အပေါ် အနိုင်မရတာ ၅ ပွဲဆက်တိုက်ရှိသွားပါပြီ။ လီဗာပူးလ်ရဲ့ လက်ရှိအခြေနေနဲ့ဆိုရင် ၆ ပွဲဆက်တိုက် သရေကျသွားဖို့ရှိပါတယ်။ ဘရိုက်တန်ဘက်က စွမ်းဆောင်ရည် ကောင်းလိုက် ဆိုးလိုက်ပါပဲ လီဗာပူးလ်တို့ကျတော့ အနိုင်ပွဲတွေ နည်းနည်းပါးပါး ရလာပေမယ့် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဘရန်ဖို့ဒ်ကိုရှုံးပြီး ဝုဗ်နဲ့သရေကျလာတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်က မနိုင်ဘူးဗျာ။ သဘောကျစရာလည်းမရှိဘူး။ ဒီပွဲ ဘရိုက်တန်နဲ့တွေ့ရမှာဆိုတော့ အနိုင်ရဖို့ဆိုတာ လုံးဝနည်းပါတယ်။ ဒီပွဲကတော့ သရေကျရုံပဲ ပြီးသွားလိမ့်မယ်။

11 Players

Brighton (4-2-3-1) – Sanchez – Estupinan – Colwill – Dunk – Veltman – GroB – Caicedo – Mac Allister – Trossard – Mitoma – March

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Konate – Matip – Henderson – Fabinho – Thiago – Salah – Gakpo – Nunez

Missing Players

Brighton & Hove Albion – Danny Welbeck (Unknown Injury), Jakub Moder (Cruciate Ligament Rupture)

Liverpool FC – Virgil van Dijk (Hamstring Injury), Diogo Jota (Calf Injury), Luis Díaz (Knee Injury)

Facebook