ibet 2289

ibet 2289 မန်ယူ Vs Reading [28 Jan 23 - 02:30 hrs]

ibet 2289 မန်ယူအသင်း ၂၀၁၇ ခုနှစ်ကတည်းက ဘယ်ဖလားပွဲမှ ဖလားကိုရယူဖို့ တစ်ခါမှမနီးခဲ့ဖူးသေးပါဘူး။ အခုမှပဲ ပထမဦးဆုံးဖလားကို ရဖို့နီးနေပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲ EFL တိုက်ပွဲထဲက နော်တင်ဟမ်အပေါ် ၃ ဂိုး ၀ နဲ့ အနိုင်ရရှိလာပါတယ်။ တန်ဟက်ရဲ့ လက်ရှိ မန်ယူစွမ်းဆောင်ရည်က အိမ်ကွင်းနဲ့တော်တော် အဆင်ပြေနေပါတယ်။ အိုထရက်ဖိုဒ်ကွင်းနဲ့ ၁၀ ပွဲ အနိုင်ရရှိခဲ့ပြီး သွင်းဂိုး ၂၆ လုံးတောင် သွင်းနိုင်ခဲ့ကြပါတယ်။ ပြန်သွင်းခံထိတဲ့ဂိုးအရေတွက်က ၄ လုံးထဲပဲရှိပါတယ်။ FA ဖလားထဲ တတိယအဆင့်တုန်းက အဲဗာတန်အပေါ် အေးအေးဆေးဆေး အနိုင်ရရှိလာပြီး ဒီအဆင့်ကို အေးအေးဆေးဆေး တက်ရောက်လာပါတယ်။ အသင်းထဲက အခြေနေကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ ရှိနေတုန်းဖြစ်ပါတယ်။ Axel Tuanze Be နဲ့ Jadon Sancho တို့ကျတော့ လေ့ကျင့်ခန်းပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ဆင်းကစားဖို့ကျတော့ အဆင်မပြေလောက်သေးပါဘူး။ Donny van de Beek ကတော့ သူ့မှာ ဒူးခေါင်းဒဏ်ရာရထားတဲ့အတွက် ရာသီကုန်တဲ့အထိပဲ အနားယူရလိမ့်မယ်။ လုရှောမှာလည်း နေမကောင်းဖြစ်နေလို့ အခြေနေစစ်ဆေးပြီးမှပြောလို့ရမယ်။ အနားယူဖို့ပဲ ပိုများနေပါတယ်။ Anthony Martial (ခြေထောက်) နဲ့ Diogo Dalot (အကျော) ၂ ယောက်စလုံး အဆင်မပြေကြသေးပါဘူး။ အခြေနေစစ်ဆေးဖို့လိုသေးတယ်။ တစ်ပွဲ ဘန်းခံထိခဲ့တဲ့ Harry Maguire ကတော့ ဒီပွဲ ပြန်ဆင်းနိုင်ပါပြီ။ Lisandro Martinez နေရာမဟုတ်ရင် Victor Lindelof နေရာ အစားဆင်းရလောက်ပါတယ်။ ဂိုးသမားကတော့ David De Gea အနားယူရမှာဖြစ်ပြီး Tom Heaton မဟုတ်ရင် Jack Butland တို့ပဲ ဆင်းရလောက်တယ်။ တန်ဟက်ဟာ အစတုန်းက အကောင်းဆုံးကစားသမားအဖွဲ့အစုကို အနားယူဖို့စီစဉ်ချင်နေတာဖြစ်ပါတယ်။ အဲ့ဒီတော့ Alejandro Carnacho, Anthony Elanga, Fakun do Pellistri နဲ့ Cobbie Menou တို့ကို ပထမကစားသမားအနေနဲ့ ဆင်းခိုင်းချင်ရင် ဆင်းခိုင်းလောက်ပါတယ်။

Reading တို့ကျတော့ နှစ်ပေါင်း ၁၅၁ နှစ်အတွင်း FA ဖလားကို တစ်ခါမှမကိုင်ဖူးသေးပါဘူး။ အခုလက်ရှိ ချန်ပီယံရှစ်ထဲမှာ နံပါတ် ၁၄ ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ Play0ff အဆင့်နဲ့ ၅ မှတ်ပဲနည်းနေပါတယ်။ အဲ့တော့ အတန်းဆင်းဖို့အရေး စိတ်ပူစရာမရှိပါဘူး။ အခုနောက်ပိုင်း သူတို့ရဲ့စွမ်းဆောင်ရည်က ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ၅ ပွဲအထိကြည့်တော့မှ အနိုင် ၁ ပွဲ တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲ စတုတ်နဲ့တွေ့ပြီး ဆော်ခံထိလာပါတယ်။ ဒီပွဲ Paul Ince နေခဲ့ဖူးတဲ့ အိမ်ဟောင်းကြီးဆီ အလည်ရောက်လာတော့မှာဖြစ်ပါတယ်။ သူက မန်ယူအသင်းရဲ့ ကစားသမားအနေနဲ့ ၆ နှစ်တိတိတောင် နေခဲ့ဖူးပြီး ဖလား ၁၀ လုံးတောင် စွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ FA ဖလားဆိုရင် ၂ ခါ ရဖူးပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်တို့ပဲ ဖြစ်ပါတယ်။ Reading အသင်းဟာ မန်ယူနဲ့ ၂၂ ခါ တွေ့ခဲ့ဖူးပြီး တစ်ပွဲပဲနိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီအနိုင်ပွဲဟာ ၁၉၂၇ ခုနှစ် FA ဖလားပွဲတုန်းကပဲဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ ဒီပွဲ Andy Carroll (ankle), Naby Sarr (ခြေဆစ်), Sam Hutchinson (hamstring) နဲ့ Liam Moore (hamstring) တို့ မရှိသေးပါဘူး။ Kelvin Ab Refa ကတော့ U21 တုန်းက ပါဝင်ခဲ့ပြီး ဒီညပြိုင်ပွဲမှာလည်း ပါဝင်ကစားခွင့်ရရှိခဲ့မယ်ထင်ပါတယ်။ Lucas Jao, Shane Long, Scott Dann နဲ့ Nesta Guinness-Walker တို့ကျတော့ စတုတ်နဲ့တွေ့တဲ့ပွဲတုန်းက အရံကစားသမားအနေနဲ့ပဲ ဆင်းခဲ့ရပါတယ်။ ဒီပွဲ ပထမအနေနဲ့ ဆင်းရမယ်လို့မျှော်လင့်ထားပါတယ်။

ဒီ FA ဖလား နောက်ဆုံး ၃၂ သင်းအဆင့်တွင် ပရီးမီးယားလိဂ်မှ နံပါတ် ၄ အသင်းနဲ့ မန်ယူအသင်း အထရက်ဖိုဒ့်ကွင်းနဲ့ ချန်ပီယံရှစ်မှ နံပါတ် ၁၄ အသင်းနဲ့ Reading ကို ကြိုဆိုရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ပဉ္စမအဆင့်ကို တက်ရောက်နိုင်မယ့် နံပါတ် ၁ အသင်းကြီးဖြစ်နေပါတယ်။ သူတို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်ကကောင်းပြီး နောက်ဆုံးတစ်ပွဲ ဖောရက်စ်အပေါ် အနိုင်ရရှိလာပါတယ်။ ဒီပွဲ တန်ဟက်မှာ အဓိက ကစားသမားတွေကို အနားယူခိုင်းထားပေမယ့် သူတို့အတွက် အဆင်ပြေပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း အရမ်းတက်ကြွနေပါတယ်။ မန်ယူရဲ့ ကစားပုံကစားနည်းက အရင်ထက်ပိုကောင်းလာပြီး ဂိုးသွင်းတဲ့အပိုင်းလည်း တော်တော်အဆင်ပြေလာပါတယ်။ ဂိုးတွေ တော်တော်များများ ပြန်သွင်းနိုင်နေကြပါတယ်။ Reading တို့ကျတော့ အခုတလော ချန်ပီယံရှစ်ထဲမှာ အဆင်မပြေတာတွေရှိနေပါတယ်။ ပြီးတော့ သူတို့ရဲ့ခံစစ်ပိုင်းက ပြသာနာတွေတက်နေပါတယ်။ မန်ယူအသင်း အိုထရက်ဖိုဒ့်ကွင်းနဲ့ကစားရမှာဆိုတော့ ဒီပွဲ Reading တို့ တော်တော်ခံရလောက်ပါတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာ ကွာဟမှုရှိတဲ့အတွက် မန်ယူတို့ အနိုင်မရပဲမနေလောက်ပါဘူး။ ဒီနှစ် FA ဖလားပွဲ Reading တို့အတွက် ဒီအဆင့်မှာပဲ အပြီးသတ်သွားလောက်ပါတယ်။

11 Players

Manchester United : Heaton; Wan-Bissaka, Lindelof, Maguire, Malacia; McTominay, Fred, Mainoo; Elanga, Weghorst, Garnacho

Reading : Lumley; Yiadom, Holmes, McIntyre; Hoilett, Hendrick, Fornah, Loum, Baba; Ince, Joao

Missing Players

Manchester United : A. Martial (Knock Injury), D. Van De Beek (Keen Injury), A. Tuanzebe, J. Sancho (illness)

Reading : A. Carroll (Ankle Injury), S. Hutchinson (Achilles tendon Injury), L. Moore (Hamsterring Injury), D Tetek (Leg Injury)

Facebook