hisa9889

hisa9889 ဘာစီလိုနာ Vs မန်ယူ [13 Aug 22 - 00.15 hrs]

hisa9889 ဘာစီလိုနာအသင်း ဂရုအဆင့်ရဲ့ နောက်ဆုံးပွဲတုန်းက အိမ်ကွင်းနဲ့ ဘိုင်ယန်ကို ၃ ဂိုး ၀ နဲ့ ရှုံးလာကတည်းကစပြီး အခုထိ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ အဲ့ဒီအရှုံးပွဲက ဘာစီတို့ရဲ့ အိမ်ကွင်းနဲ့ ၁၇ ပွဲထဲက တစ်ပွဲလေးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲပြီးသွားတဲ့နောက်ပိုင်း သူတို့စွမ်းဆောင်ရည်က ၁၂ ပွဲဆင်းကစားပြီး အနိုင် ၁၁ ပွဲနဲ့ သရေ ၁ ပွဲ လုပ်နိုင်တယ်။ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ ဂိုး ၂၅ လုံး သွင်းနိုင်ပြီး ၈ လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ်။ ပြီးတော့ Clean sheet ပါ ၇ ပွဲ သိမ်းယူသွားနိုင်ခဲ့ပါတယ်။ သူတို့အခြေနေက ဖလားအစီစဉ်တိုင်းပဲ ချန်ပီယံဖြစ်ဖို့ ရင်ခုန်နိုင်သေးတယ်။ လာလီဂါ၊ ကိုပါဒယ်ရေး၊ ယူရိုပါလိဂ်ရောပဲဖြစ်ပါတယ်။ အခု လိဂ်ထဲကအခြေနေ စပိန်လာလီဂါရဲ့နံပါတ် ၁ ဖြစ်နေပါတယ်။ အခုတလော စွမ်းဆောင်ရည်တွေအရမ်းတက်ကြွပြီး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ ဒီပွဲ အရေးကြီးတဲ့ Ousmane Dembele နဲ့ Sergio Busquets တို့အတွဲမရှိဘူး။ ယူရိုပါလိဂ်ရဲ့ ဆီမီဖိုင်နယ် ၂ ပွဲစလုံး ပါဖို့မရှိပဲဖြစ်နေပါတယ်။ သူတို့နှစ်ယောက်စလုံးက ဒဏ်ရာရထားနေကြလို့ပါ။ ဒီပွဲ ဘာစီအသင်း ၄-၃-၃ စနစ်နဲ့ စောင့်နေလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ Rafinha, Robert Lewandowski နဲ့ Gabi တို့ကို ဦးဆောင်ခိုင်းပြီး Pedri, Frankie de Jong နဲ့ Frank Kessie တို့ကို အလယ်တန်းမှာ ထိန်းကစားခိုင်းလိမ့်မယ်။

မန်ယူအသင်းကျတော့ ဂရုအဆင့်ပွဲစစလာချင်းတုန်းက မှားယွင်းမှုနဲ့စတင်ပြီး ဆိုစီဒက်ကို ၁-၀ ဂိုးနဲ့ အရှုံးရသွားခဲ့တာဖြစ်ပါတယ်။ ဂရုအဆင့်ပွဲအားလုံး ပြီးသွားတော့ သူတို့ဂရုရဲ့ နံပါတ် ၂ အနေနဲ့ ဒီအဆင့်ကို ဆန်ကာတင်လာပါတယ်။ ဆိုစီဒက်တို့ကျတော့ ဂရု E ရဲ့ နံပါတ် ၁ ဖြစ်ပါတယ်။ အမှန်တော့ မန်ယူအသင်းက နောက်ဆုံး ၁၆ သင်းအဆင့်ကို Playoff ပွဲ ကစားစရာမလိုပဲ တန်းရောက်သင့်ပါတယ်။ ဒါပေမယ့် သူတို့မလုပ်နိုင်ခဲ့ပါဘူး။ မန်ယူအသင်းက လက်ရှိရာသီမှာ ပွဲအစီစဉ်တိုင်းပဲ ချန်ပီယံဖြစ်နိုင်ပါသေးတယ်။ EFL ဖလားအစီစဉ်မှာဆိုရင် နယူးကာဆယ်နဲ့ ဗိုလ်လုပွဲတက်ဖို့ရှိတယ်။ FA ဖလား ပဉ္စမအဆင့်ကိုလည်း ဝက်စ်ဟမ်းနဲ့တွေ့ဖို့ရှိတယ်။ အဲ့ပွဲက ၃ လပိုင်းကျမှ ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထဲကအခြေနေကျတော့ နံပါတ် ၁ မှာရှိတဲ့အာဆင်နယ်ထက် ၅ မှတ်ပဲနည်းနေတော့တယ်။ ဒီနားမတိုင်ခင်တုန်းက အခြေနေသိပ်မကောင်းလို့ အမှတ်တွေ တော်တော်ဆုံးရှုံးသွားပါတယ်။ ပရီးမီးယားလိဂ်ထဲက နောက်ဆုံး ၅ ပွဲမှာ ၈ မှတ်ထဲပဲကောက်သိမ်းနိုင်ပါတယ်။ အဲ့ဒီ ၅ ပွဲရဲ့ ပွဲရလဒ်တွေကတော့ နယူးကာဆယ်နဲ့ ၁-၁ သရေအရင်ကျသွားပြီး အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးသွားသေးတယ်။ ပြီးရင် ခရစ်စတယ်ပဲလေစ့်ကို အိမ်ကွင်းနဲ့ ၂-၁ အနိုင်ရရှိခဲ့ပြီး နောက်တစ်ပွဲ လိဒ်စ်နဲ့ ၂-၂- သရေကျသွားပြန်ပါတယ်။ နောက်ဆုံးတစ်ပွဲ အနိုင်ရရှိလာပေမယ့် စွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင်တော့ သိပ်ပြီးအဆင်မပြေသေးပါဘူး။ အဲ့ပွဲ တန်ဟက်ရဲ့ ကစားပုံကစားနည်းကကောင်းလို့သာ ပွဲပြီးခါနီး ၂-၀ နဲ့ အနိုင်ရလာခဲ့ပါတယ်။ အဲ့တာနဲ့ပဲ သူတို့ရဲ့ အစီစဉ်အားလုံးထဲက နောက်ဆုံး ၁၈ ပွဲစံချိန်ထဲမှာ အရှုံး ၁ ပွဲ သရေ ၂ ပွဲနဲ့ အနိုင် ၁၆ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ ဂိုး ၃၂ လုံး သွင်းနိုင်ပြီး ၁၁ လုံး ပြန်သွင်းခံထိခဲ့ပါတယ်။ Clean sheet ၈ ခါပါရသွားပါတယ်။ ဒီပွဲအတွက် သူတို့မှာ Lisandro Martinez နဲ့ Marcel Sabitzer တို့နှစ်ယောက်ကို အသုံးပြုလို့မရသေးပါဘူး။ နှစ်ယောက်စလုံးက အဝါကဒ်ပြည့်သွားလို့ ဘန်းခံထိထားပါတယ်။ Donny van de Beck, Christian Eriksen, Scott McTominay နဲ့ Anthony Martial တို့ရောပဲ ဒဏ်ရာရထားကြလို့ မပါနိုင်ပဲဖြစ်နေလိမ့်မယ်။ ဒီပွဲ တန်ဟက်နည်းပြက ၄-၂-၃-၁ စနစ်နဲ့ ရောက်လာမှာဖြစ်ပါတယ်။ ဂိုးသွင်းဖို့နေရာ Woot Weghorst ကို တာဝန်ပေးထားပြီး Jadon Sancho, Bruno Fernandes နဲ့ Marcus Rashford တို့ ၃ ယောက်ကို အရင်နည်းလမ်းအတိုင်း ကွင်းလယ်တိုက်စစ်အနေနဲ့ အထောက်အကူလုပ်ပေးဖို့ တာဝန်ပေးထားလိမ့်မယ်။

ဒီကြီးမားတဲ့ Play0ff ပွဲဟာ ဘာစီလိုနာအသင်း အိမ်ကွင်းနဲ့ မန်ယူကိုကြိုဆိုရမှာဖြစ်ပါတယ်။ လာလီဂါမှနံပါတ် ၁ အသင်း အခုတလော စွမ်းဆောင်ရည်တွေအရမ်းကောင်းနေပါတယ်။ ဘိုင်ယန်ကိုရှုံးသွားကတည်းကစပြီး အခုထိ အရှုံးတစ်ပွဲမှ ထပ်မရှိသေးပါဘူး။ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိပဲ အနိုင် ၁၅ ပွဲတောင်ရရှိသွားပါတယ်။ လာလီဂါထဲမှာ နံပါတ် ၂ အသင်းထက် ၁၁ မှတ်တောင် ပိုသာနေတယ်။ မန်ယူတို့မှာလည်း ဆိုးမနေပါဘူး။ ပရီးမီးယားလိဂ်ရဲ့နံပါတ် ၃ ဖြစ်ပြီး နံပါတ် ၁ အသင်းထက် ၅ မှတ်ပဲနည်းနေတော့တယ်။ ပြိုင်ပွဲအရေအတွက်ကတော့ အာဆင်နယ်ထက် ၂ ပွဲ ပိုများပါတယ်။ ဥရောပတိုက်ပွဲထဲကအခြေနေကျတော့ မှားပြီး ဂရုရဲ့နံပါတ် ၂ အနေနဲ့ပဲ ဆန်ကာတင်လာခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ အချင်းချင်းတွေ့ခဲ့တဲ့စံချိန်ထဲမှာ ဘာစီက မန်ယူတို့ရဲ့ငယ်နိုင်ပဲလို့တောင်ယူဆနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် မန်ယူဘက်က အနိုင် ၁ ပွဲ သရေ ၄ ပွဲနဲ့ အရှုံး ၅ ပွဲတောင်ရသွားပါတယ်။ ဂိုး ၁၀ လုံးထဲပဲသွင်းနိုင်ပြီး ဘာစီကို ၂၁ လုံးတောင် သွင်းခံထိခဲ့တယ်။ အဲ့တာနဲ့ပဲ ဒီပွဲ ဘယ်လိုပဲကြည့်ကြည့် ဘာစီဘက်ကပိုသာပါတယ်။ စံချိန်အသီးသီးကစ ပိုကောင်းပြီး ကိုယ့်အိမ်ကွင်းပါဖြစ်တဲ့အတွက် အကျောပါပိုရထားတယ်။ ပြီးတော့ ဘာစီတို့ရဲ့လက်ရှိစွမ်းဆောင်ရည်က အရမ်းတက်ကြွနေပါတယ်။ ပြောမယ်ဆို မန်ယူတို့အတွက် အရမ်းခက်ပါတယ်။ အဓိက အနောက်တန်းကစားသမားလည်း အစုံမရှိသေးဘူး။ အဲ့တော့ ခံစစ်ပိုင်း ချို့ယွင်းမှုဖြစ်ပေါ်လိမ့်မယ်။ ဘာစီရဲ့အိမ်ကွင်းနဲ့ ဘာစီကိုအနိုင်ရသွားရင်တော့ လုံးဝမထင်မှတ်ပဲ စောက်ရမ်းကံကောင်းနေလို့ပဲဖြစ်လိမ့်မယ်။ ဒီပွဲ မန်ယူဘက်က သရေရအောင်ထိန်းကစားပြီး နောက်ပွဲကျမှ အိမ်ကွင်းနဲ့ အပီကစားဖို့စီစဉ်ထားလောက်ပါတယ်။ အဲ့ဒီတော့ ဒီပွဲ သရေကျရုံနဲ့ ပြီးဖို့များပါတယ်။ အနိုင်ရမယ့်အသင်းကိုရွေးရမယ်ဆိုရင် ဘာစီဘက်ကနိုင်ဖို့ပိုများပါတယ်။

11 Players

Barcelona (4-3-3): Ter Stegen; Kounde, Araujo, Christensen, Alba; Pedri, De Jong, Kessie; Raphinha, Lewandowski, Gavi

Manchester United (4-2-3-1): De Gea; Dalot, Varane, Shaw, Malacia; Casemiro, Fred; Sancho, Fernandes, Rashford; Weghorst

Missing Playes

Barcelona : Sergio Busquets (Ankle Injury), Ousmane Dembélé (Hamstring Injury)

Manchester United:  Lisandro Martínez (Yellow card suspension), Scott McTominay (Unknown Injury), Anthony Martial (Hip Injury), Christian Eriksen (Ankle Injury), Donny van de Beek (Knee Injury)

Facebook