golden money skm

ဝက်စ်ဟမ်း vs ဆောက်သန်တမ် [ 2 Apr 23 - 17:30 hrs]

golden money skm အိမ်ရှင်ဝက်စ်ဟမ်းအသင်း နိုင်ငံအသင်းပြိုင်ပွဲမစခင်တုန်းက ခြေစွမ်းတွေပြနိုင်ခဲ့ဖူးပါတယ်။ ယူရိုပါဖလားထဲက AEK Larnaca အပေါ် ၄-၀ နဲ့ အနိုင်ရရှိခဲ့တယ်။ အဲ့တာနဲ့ သူတို့ရဲ့ နောက်ဆုံး ၃ ပွဲထဲမှာ အနိုင် ၂ ပွဲတောင် ရရှိသွားပါတယ်။ အရှုံးတစ်ပွဲမှမရှိခဲ့ပါဘူး။ ဒီပွဲအတွက် သူတို့ကစားသမားတွေ အဓိကနှစ်ယောက်ဖြစ်တဲ့ Lukas Fabianski နဲ့ Mikhail Antonio တို့ ပါနိုင်မလားဆိုတာ ကြည့်ရဦးမယ်။ ကျန်တဲ့ Angelo Ogbonna, Ben Johnson, Emerson, Tomas Soucek, Declan Rice, Said Benrahma, Jarrod Bowen, Lucas Paqueta နဲ့ Danny Ings တို့ကျတော့ ပါဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၂-၃-၁ နဲ့ကစားမယ်ထင်တယ်။ ဂိုးသွင်းဖို့နေရာ Danny Ings ကို တာဝန်ပေးပြီး Said Benrahma, Jarrod Bowen နဲ့ Lucas Paqueta တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ စီစဉ်ထားလောက်ပါတယ်။

ဆောက်သန်တမ်တို့ကျတော့ အခုမှ စပါးနဲ့ခပ်ကြမ်းကြမ်းလေး သရေကျလာခဲ့ပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ ကွင်းလယ်ကျယ်ပွင့်ဖြစ်တဲ့ Bella-Cotchup မပါနိုင်သေးပါဘူး။ ဘယ်တော့ပြန်လာနိုင်မလဲဆိုတာ မသေချာသေးပါ။ Mohammed Salisu နဲ့ Che Adams တို့ကျတော့ ဆင်းကစားဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ ကျန်တဲ့ Gavin Bazunu, Jan Bednarek, Romeo Lavia, James Ward-Prowse, Camaldine Sulemana, Carlos Alcaraz နဲ့ TO Walcott တို့လည်း ဆင်းကစားဖို့ အကုန်လုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ်။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားမယ်ထင်တယ်။ ဂိုးဖန်တီးဖို့နေရာ Paul Onuachu ကိုတာဝန်ပေးပြီး Carlos Alcaraz, TO Walcott နဲ့ Camaldine Sulemana တို့ကိုကျတော့ တိုက်စစ်ပိုင်းအတွက် ကစားပွဲဖန်တီးပေးဖို့ တာဝန်ပေးထားလောက်ပါတယ်။

တနင်္ဂနွေနေ့ညမှာ ပထမဦးဆုံး ပြိုင်ကစားမယ့်အသင်းတွေကတော့ ဝက်စ်ဟမ်းနဲ့ ဆောက်သန်တမ်တို့ပဲဖြစ်ပါတယ်။ ဒီပွဲက အနီရောင်ဇုန်ထဲကပြိုင်ပွဲပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီပွဲဆီက ၃ မှတ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ်။ အတန်းမဆင်းဖို့အရေး ရုန်းကန်နေကြတာဆိုတော့ ဘယ်အသင်းကမှ စိတ်လျှော့ပြီးကစားမယ်မထင်ပါဘူး။ အခုနောက်ပိုင်း စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင်တော့ ဝက်စ်ဟမ်းဘက်က ပိုသာပါတယ်။ ဥရောပတိုက်ပွဲထဲမှာ နောက်တစ်ဆင့် ဆန်ကာတင်သွားပြီဖြစ်တဲ့အတွက် အာရုံစိုက်စရာ ဒီပွဲလေးပဲ ရှိနေတော့တယ်။ ဆောက်သန်တမ်တို့ကျတော့ အမှတ်တွေ နည်းနည်းပါးပါးတော့ရရှိနေပါတယ်။ နောက်ဆုံး ၄ ပွဲတုန်းကဆိုရင် ၄ မှတ် ကောက်သိမ်းနိုင်တယ်။ အဲ့ဒီ ၄ ပွဲထဲမှာ အနိုင် ၁ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၂ ပွဲ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက စပါးနဲ့ ၃-၃ သရေကျလာပါတယ်။ အဲ့ဒီတော့ နိုင်ငံအသင်း အနားယူထားတဲ့နောက်ပိုင်း နှစ်သင်းစလုံးရဲ့အခြေနေ ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာ စောင့်ကြည့်ဖို့လိုပါသေးတယ်။ ဝက်စ်ဟမ်းတို့က နောက်ဆုံး ၃ ပွဲထဲမှာ အရှုံးတစ်ပွဲမှမရှိသေးပါဘူး။ အဲ့တော့ ယုံကြည်မှုတွေ အပြည့်ရှိနေကြလောက်ပါတယ်။ ဒါပေမယ့် ဒီပွဲ ခြေစွမ်းဆက်ပြနိုင်မလား မပြနိုင်ပဲ ဆိုးသွားမလားဆိုတာကိုတော့ ကြည့်ရဦးမှာပါ။ ဝက်စ်ဟမ်းရဲ့အားနည်းချက်က လောလောဆယ် ဂိုးသွင်းတဲ့အပိုင်းဖြစ်နေပါတယ်။ အဲ့တာကြောင့် အမှတ်တွေ မတက်တတက်ဖြစ်နေပါတယ်။ ဆောက်သန်တမ်တို့ကျတော့ လိဂ်ပွဲစဉ်ထဲက ၃ ပွဲထဲမှာ အနိုင်ပွဲမရှိပဲ ချီတက်လာမှာဖြစ်ပါတယ်။ အဝေးကွင်းဖြစ်တဲ့အတွက် နစ်နာနေပါတယ်။ အဲ့ဒီတော့ ဒီပွဲ ဝက်စ်ဟမ်းတို့ရဲ့အပိုင်ဖြစ်ဖို့ပိုများပါတယ်။ အရမ်းဆိုးခဲ့မယ်ဆိုရင်တောင် သရေထက် မပိုပါဘူး။

11 Players

West Ham United (4-2-3-1) : Areola; Coufal, Kehrer, Ogbonna, Cresswell; Soucek, Rice, Paqueta; Bowen, Ings, Benrahma

Southampton (4-2-3-1) : Bazunu; Walker-Peters, Bednarek, Salisu, Perraud; Ward-Prowse, Lavia; Walcott, Alcaraz, Elyounoussi; Mara

Missing Players

West Ham United : L.Fabiansik (Eye Injury)

Southampton : Juan Larios (Unknown Injury), Armel Bella-Kotchap (Shoulder Injury), Tino Livramento (Cruciate Ligament Rupture), Kyle Walker-Peters (Hamstring Injury)

Facebook

နယူးကာဆယ်အသင်း ဒီနှစ်အတွင်း တော်တော်တိုးတက်လာပါတယ်။ အခုနောက်ပိုင်း တစ်ခါတစ်လေ မှားမိပေမယ့် ကောင်းတဲ့ထဲတော့ရှိနေတုန်းဖြစ်ပါတယ်။ နောက်ဆုံး လိဂ်ပွဲစဉ်နှစ်ပွဲတုန်းက ၂ ပွဲစလုံးအနိုင်ရရှိသွားတဲ့အတွက် နံပါတ် ၃ နဲ့ နံပါတ် ၄ နေရာ ရင်ခုန်နိုင်နေတုန်းဖြစ်ပါတယ်။ ဒီပွဲ သူတို့ဘက်က မန်ယူကိုနိုင်သွားခဲ့လို့ရှိရင်တော့ Top4 နေရာ တန်းတက်သွားလိမ့်မယ်။ သူတို့ရဲ့သွင်းဂိုးစံချိန်က အခြားအသင်းထက်လည်းကောင်းတယ်။ မန်ယူဘက်က ရှုံးသွားခဲ့လို့ရှိရင် Top4 ကနေ ပြုတ်မသွားသေးပါဘူး။ စပါးထက် သွင်းဂိုးစံချိန်ပိုကောင်းပြီး စပါးမှာ ပြိုင်စရာပွဲတွေလည်း မရှိသေးလို့ပါ။ နယူးကာဆယ်တို့ရဲ့ အားသာချက်ကတော့ အိမ်ကွင်းနဲ့ပွဲပဲဖြစ်ပါတယ်။ ဒီရာသီအတွင်းအိမ်ကွင်းနဲ့ ၁၃ ပွဲ ကစားပြီး ၁ ပွဲလေးပဲရှုံးခဲ့ဖူးပါတယ်။ အဲ့ပွဲ လီဗာပူးလ်နဲ့တွေ့ပြီး ရှုံးသွားပါတယ်။ အဲ့ပွဲ နယူးကာဆယ်တို့ညံ့တာတော့မဟုတ်ပါဘူး။ ဒီပွဲမှာတော့ မဆင်းနိုင်သေးတဲ့ကစားသမားတွေမှာ Sven Botman, Miguel Almiron နဲ့ Anthony Gordon တို့ပဲဖြစ်ပါတယ်။ အဲ့ဒီတော့ နောက်ခံကွင်းလယ်နေရာ Jamaa Lascelles နဲ့ Fabian Schar တို့ကိုပဲ တွဲပြီးတာဝန်ပေးခဲ့ရလိမ့်မယ်။ ဒီနေရာ ပြသာနာတက်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ Jamaa Lascelles ဆင်းကစားခဲ့တဲ့ ၅ ပွဲတုန်းက အရှုံး ၂ ပွဲတောင် ရရှိသွားပါတယ်။ အဲ့တာနဲ့ပဲ ဒီပွဲမှာလည်း ဒီခံစစ်ကွင်းလယ်နေရာကနေ ထိုးဖောက်ခံရမှာသေချာတယ်။ ဒါပေမယ့်လည်း Bruno Guimaraes က ဆင်းဖို့ရှိသေးတာဆိုတော့ နည်းနည်းစိတ်အေးရပါတယ်။ နယူးကာဆယ်တို့ရဲ့ လက်ရှိ ကွင်းလယ်ကစားသမားတွေ တော်တော်စိတ်ချရပါတယ်။ ပြိုင်ဘက်ရဲ့ဘောလုံးကို ဝင်ဖြတ်နိုင်စွမ်းရှိတယ်။ Willock ရော Longstaff နဲ့ တွဲယက်ထားလောက်ပါတယ်။ အရှေ့တန်းနေရာကတော့ အရှေ့ဆုံးမှာ Isak ကိုတာဝန်ပေးထားလိမ့်မယ်။ Maximin လည်း ရွေးချယ်စရာတစ်ယောက်ဖြစ်ပါတယ်။ Anderson လည်းမဆိုးပါဘူး။ သူက ဘောလုံးပြေးကောက်တတ်တယ်။ နည်းပြက အစစအရာရာကြည့်ပြီး ပြောင်းလဲသွားလိမ့်မယ်။ ဒီပွဲ သူတို့အတွက် ဘာမှကြောက်စရာမရှိပါဘူး။ တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ်။ ကွင်းလယ်ပိုင်းကနေ လျင်မြန်တဲ့ Pressing ဆွဲကြမယ်။ ၃ မှတ်ရသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

golden money skm မန်ယူတို့ကျတော့ လီဗာပူးလ်ကို ၇-၀ နဲ့ ဖင်ချခံပြီးနောက် ဆောက်သန်တမ်နဲ့ ထပ်ပြီး ၀-၀ သရေကျသွားပါတယ်။ အဲ့ပွဲ ကာစီမီရိုကြီးက အနီကဒ်ပါပြခံရတယ်။ အဲ့အချိန်က ရသင့်သလို မရသင့်တာလည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့ အဲ့ပွဲကစပြီး မန်ယူရဲ့တောင့်တင်းမှုကို တော်တော်ထိခိုက်သွားလိမ့်မယ်။ ဒါပေမယ့်လည်း ကာစီမီရို အနားယူရတာပေါ့နော်။ မန်ယူတို့ ဒီပွဲပြီးရင် ၅ ရက်နေ့မှာ ဘရန်ဖိုတ့်နဲ့တွေ့ဖို့ရှိပါတယ်။ ပြီးရင် ၈ ရက်နေမှာ အဲဗာတန်နဲ့ တွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့မှ ဆီဗီလာနဲ့ ထပ်ပြီးရင်ဆိုင်ခဲ့ရလိမ့်မယ်။ ၈ ရက်ထဲနဲ့ ၃ ပွဲကစားရမှာဖြစ်တဲ့အတွက် ရက်တွေအရမ်းကပ်တယ်လို့ ခံစားရပါတယ်။ ပြောခဲ့တဲ့ ၃ သင်းထက် မန်ယူက ပိုသာပေမယ့် မလွယ်ပါဘူး။ အဲ့ဒီ ၃ သင်းထဲမှာ တွေ့ခဲ့ဖူးတဲ့ ပထမကျော့တုန်းက အဲဗာတန်ကိုပဲ နိုင်ဖူးပါတယ်။ အဲ့ပွဲ အနိုင်ရသွားပေမယ့် ခြေစွမ်းကောင်းတယ်လို့လည်းမဟုတ်ပါဘူး။ ဘရန်ဖိုတ့်တို့ကျတော့ ကြီးမားတဲ့အသင်းအပေါ် အနိုင်ရယူတတ်ပါတယ်။ ဒီအသင်းက ကြောက်စရာကောင်းပါတယ်။ အဲ့ဒီတော့ တစ်ပွဲနဲ့တစ်ပွဲမှာ ကာစီမီရိုမရှီပဲ ကစားရမှာဖြစ်တဲ့အတွက် မန်ယူနဲ့တော်တော်ထိခိုက်လိမ့်မယ်။ ကွင်းလယ်ပိုင်းက Pressing နဲ့တွေ့ရင် ကစားရတာပိုခက်လိမ့်မယ်။ အဲရစ်ဆင်ရှိနေပေမယ့် အဆင်သင့်သိပ်မဖြစ်သေးပါဘူး။ ဒီပွဲ ဆင်းနိုင်မယ်လို့လည်း မထင်ပါဘူး။ အဲ့ဒီတော့ အသုံးပြုစရာ Fred, Sabitzer နဲ့ McTominay တို့ပဲကျန်တော့တယ်။ စိတ်ချလို့မကောင်းတဲ့သူတွေချည်းဖြစ်နေတယ်။ အဲ့ဒီတော့ မန်ယူတို့ ဒီပွဲ ဂိုးသွင်းတဲ့အပိုင်းကိုပဲ အားကိုးခဲ့ရလိမ့်မယ်။ တစ်ချက်နှစ်ချက်ကန်ပြီး ဂိုးဖြစ်နိုင်ရင်တော့ အနိုင်ရသွားနိုင်ပါတယ်။ Anthony က သူငယ်ချင်းတွေကို မှီအောင်လိုက်ကစားနိုင်ရမယ်။ သူက မရှိတဲ့စကေးကို ပြတတ်ပြီး ဘောလုံးဆုံးရှုံးတတ်ပါတယ်။ နောက်တစ်ယောက် Bruno Fernandes ကတော့ သူ့ position နဲ့သူ အဆင်ပြေပါတယ်။ သူ့ရဲ့ killer pass က အိမ်ရှင်ကို ဒုက္ခပေးနိုင်လောက်ပါတယ်။ နောက်ပြီး အိမ်ရှင်ဘက်က Botman ကိုပါ မရှိသေးတော့ Rashford အတွက် ဂိုးသွင်းဖို့ ပိုပြီးအဆင်ပြေလိမ့်မယ်။ ဘောလုံးဖြတ်ယူပြီးတာနဲ့ မြန်မြန်လေးပြေးသွင်းရင်တော့ ၃ မှတ်ရသွားတဲ့အထိ မျှော်လင့်လို့ရပါတယ်။

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်ယူဘက်က ပိုသာမှန်းကောင်းကောင်းမြင်ခဲ့ရပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းကစံချိန်ကိုပဲယူကြည့်ရင် မန်ယူဘက်က ၁ ပွဲလေးပဲရှုံးခဲ့ဖူးပါတယ်။ အဲ့ပွဲဟာ ၂၀၁၉ ခုနှစ်တုန်းက ပြိုင်ပွဲကြီးဖြစ်ပါတယ်။ အချင်းချင်းတွေ့ခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းက ကာရာဘောင်းဖလားအစီစဉ်ဖြစ်ပြီး မန်ယူဘက်က ၂-၀ နဲ့ အနိုင်ရသွားပါတယ်။ ဒီရာသီအတွင်း ၂ ပွဲတွေ့ပြီး မန်ယူဘက်က ရှုံးသွားတာမရှိသေးပါဘူး။ ဒါပေမယ့် နယူးကာဆယ်ရဲ့ကစားပွဲအသေးစိတ်တွေကတော့ မန်ယူထက်မညံ့ပါဘူး။ ပြန်လှန်တိုက်ခိုက်နိုင်ပါတယ်။ အခွင့်ရေးသိပ်မကောင်းလို့ပဲဖြစ်ပါတယ်။ နယူးကာဆယ်တို့ရဲ့ ဒီနှစ်ဦးတည်ချက်ကတော့ UCL တိုက်ပွဲလက်မှတ်ရဖို့ ရည်ရွယ်ထားပါတယ်။ သူတို့က နံပါတ် ၃ မှာရှိတဲ့ မန်ယူထက် ၃ မှတ်ထဲပဲနည်းနေပါတယ်။ သွင်းဂိုးစံချိန်က မန်ယူထက်သာတဲ့အတွက် အနိုင်ရသွားရင်တော့ မန်ယူအစား နံပါတ် ၃ နေရာ တန်းတက်သွားလိမ့်မယ်။ ပြီးရင် Top4 နေရာ လုယက်ရမယ့်အသင်းက မန်ယူတို့ပဲ ဖြစ်သွားလိမ့်မယ်။ မန်ယူတို့ရဲ့ရည်ရွယ်ချက်ကလည်း UCL ထဲပါဖို့ပါပဲ။ အဲ့တော့ ရာသီကုန်သွားတဲ့အထိ ထိန်းကစားရုံနဲ့အဆင်ပြေပါတယ်။ ပြီးရင် သူတို့ ရင်ခုန်လို့ရတဲ့ ဖလားနှစ်ခုကိုပဲ ပိုဦးစားပေးလိမ့်မယ်။ ယူရိုပါနဲ့ FA ပွဲစဉ်တို့ပဲဖြစ်ပါတယ်။ FA ဖလားက နောက်ဆုံး ၄ သင်းအဆင့်ရောက်နေပါပြီ။ နောက်နှစ်ပွဲပြိုင်ပြီး ဗိုလ်လုပွဲတက်ရတော့မှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရင်တော့ သူတို့ရဲ့အလုပ်က အရမ်းပင်ပန်းနေပါတယ်။ တစ်ရက်ခြားတစ်ခါ ဆင်းပြိုင်ရသလိုမျိုးဖြစ်နေတယ်။ နောက်ပြီး ကာစီမီရိုကြီးက အနီကဒ်ပါထိထားတော့ လိဂ်တိုက်ပွဲတွေထဲမှာ ပြသာနာတော်တော်တက်လိမ့်မယ်။ နှစ်သင်းစလုံးရဲ့ ထူးခြားချက်ကတော့ နယူးကာဆယ်ဘက်က Guimaraes ပါပဲ ဒီပွဲ ဆင်းဖို့ရှိပါတယ်။ သူက ကွင်းအလယ်ပိုင်းကနေ ဘောလုံးဖျက်ချုပ်ဖို့တာဝန်ယူလိမ့်မယ်။ ပြီးရင် Joelington နဲ့တစ်ယောက်လည်း ဆင်းကစားလိမ့်မယ်။ ဒီပွဲ နယူးကာဆယ်ရဲ့ကွင်းလယ်ပိုင်းက ပိုသာခဲ့ရင်တော့ အနိုင်ရသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ မန်ယူတို့ကျတော့ Rashford ပါပဲ။ လိဂ်ထဲမှာ ၂ ပွဲဆက်တိုက် သွင်းဂိုးမရှိပေမယ့် ဥရောပတိုက်ပွဲတွေထဲမှာကျတော့ ရီးရဲလ်ဘက်တစ်ကို တက်ကြိတ်သွားဖူးပါတယ်။ အဲ့တော့ သူ့ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။ သူ့ဆီဘောလုံးရောက်မလားပဲကြည့်ရလိမ့်မယ်။ ဒီပွဲ အစစအရာရာကြည့်ပြီး မန်ယူဘက်က ပိုသာပါတယ်။ ဒါပေမယ့် နယူးကာဆယ်ရဲ့အိမ်ကွင်းဖြစ်နေတဲ့အတွက် စိတ်လောလို့မရပါဘူး။ နယူးကာဆယ်တို့ရဲ့အိမ်ကွင်းဖြစ်ရင် ဘယ်အသင်းမှ လွယ်လွယ်လေးမကစားခဲ့ဖူးသေးပါဘူး။ ဒီပွဲ သရေကျရုံလေးပဲ ပြီးသွားမယ်ထင်ပါတယ်။

11 Players 

Newcastle United (4-3-3) – Pope – Burn – Schar – Lascelles – Trippier – Guimaraes – Longstaff – Joelington – Maximin – Anderson – Isak

Man Utd (4-2-3-1) – De Gea – Shaw – Martinez – Varane – Wan bissaka – McTominay – Fred – Rashford – Fernandes – Anthony – Wenghorst

Missing Players

Newcastle United – Matty Longstaff (Knee Injury), Sven Botman (Virus Infection), Emil Krafth (Cruciate Ligament Rupture), Miguel Almirón(Thigh Problems), Anthony Gordon (Ankle Injury) 

Manchester United – Casemiro (Red card suspension), Alejandro Garnacho (Ankle Injury), Christian Eriksen (Ankle Injury), Donny van de Beek(Knee Injury)

Facebook