gold88mmk

အေစီ Vs စပါး [14 Feb 23 - 02:30 hrs]

gold88mmk အေစီအသင်း ဂရုအဆင့်ပွဲတုန်းက နံပါတ် ၂ အနေနဲ့ နောက်တစ်ဆင့် ဆန်ကာတင်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲ အနိုင်ရလာပေမယ့် Stefano Pioli နည်းပြရဲ့အခြေနေက ထိုင်ခုံနဲ့ မကပ်နိုင်ပဲနေနေပါတယ်။ ဘာလို့လည်းဆိုတော့ နောက်ဆုံး ၈ ပွဲထဲက ပထမဦးဆုံးအနိုင်ပွဲဖြစ်နေလို့ပါ။ အေစီအသင်း ဒီပွဲအတွက် ဒဏ်ရာရထားတဲ့ကစားသမား ၃ ယောက်ရှိပါသေးတယ်။ Alessandro Florenzi၊ Mike Mignon နဲ့ Serginio Dast တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Ismael Bennacer နဲ့ Fikayo Tomori ဆိုတဲ့ နောက်ခံကစားသမား ၂ ယောက်ကိုတော့ အသုံးပြုနိုင်ပါတယ်။ အဲ့တာ သူတို့ရဲ့ သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီပွဲ အေစီအသင်း ၃-၄-၂-၁ စနစ်နဲ့စောင့်နေလောက်တယ်။ ဂိုးသမားနေရာ Tatarusanu ကို တာဝန်ပေးထားပြီး အနောက်တန်းနေရာကျတော့ Kalulu, Kjaer နဲ့ Tomori တို့ကို တာဝန်ပေးထားလောက်ပါတယ်။ အလယ်တန်းနေရာမှာ Saelemaekers, Bennacer, Tonali နဲ့ Hernandez တို့ကိုချထားပြီး တိုက်စစ်ပိုင်းနေရာ Diaz, Leao နဲ့ Giroud တို့ကို ဦးဆောင်ခိုင်းမှာဖြစ်ပါတယ်။

စပါးတို့ကျတော့ ဂရုအဆင့်တုန်းက D ဂရုရဲ့ချန်ပီယံအနေနဲ့ နောက်တစ်ဆင့်ဆန်ကာတင်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပွဲ ပိုးစိုးပက်စက် ၄ ဂိုး ၁ ဂိုးနဲ့ရှုံးလာပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ Hugo Lloris နဲ့ Rodrigo Bentancur တို့ကိုအသုံးပြုလို့မရသေးပါဘူး။ ဒီကွင်းလယ်နှစ်ယောက်ရဲ့ဒဏ်ရာက တော်တော်ပြင်းထံမှုရှိတဲ့အတွက် ရာသီကုန်တဲ့အထိ အနားယူရမယ်ထင်တယ်။ Yves Bissouma နဲ့ Pierre Hojberg တို့ကျတော့ အခုထိ ဘန်းခံထိထားတုန်းဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဒီပွဲ အာဂျင်တီးနားလူမျိုးဖြစ်တဲ့ နောက်ခံကစားသမား ခရစ်ယာန် ရိုမီယို ပြန်လည်ရောက်ရှိလာပါပြီ။ ပြီးခဲ့တဲ့ လိဂ်ပွဲစဉ်တစ်ပွဲတုန်းကတောင် ဘန်းခံထိထားလို့ မပါနိုင်ပဲဖြစ်သွားပါတယ်။ ဒီပွဲ စပါးဘက်က ၃-၄-၂-၁ စနစ်နဲ့ ရောက်ရှိလာမယ်ထင်ပါတယ်။ ခံစစ်မှူး ၃ ယောက်ကို Davinson Sanchez၊ Eric Dier နဲ့ Ben Davis တို့ကိုထိန်းခိုင်းပြီး အလယ်တန်းနေရာကျတော့ Emerson Royal၊ Pierre-Emile Hojbjerg၊ Pape Sarr နဲ့ Ivan Perisic တို့ကိုပဲ တာဝန်ပေးသွားလောက်ပါတယ်။ ကစားပွဲဖန်တီးဖို့ကျတော့ Kulusevski နဲ့ Son တို့ကိုတာဝန်ပေးပြီး ဂိုးသွင်းဖို့နေရာကျတော့ Kane ကိုပဲ တာဝန်ပေးသွားမယ်ထင်ပါတယ်။

အေစီအသင်း အခုတလော စွမ်းဆောင်ရည်တွေ ကြောင်ပျောက်နေကြပြီး ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေကြပါတယ်။ အဲ့ဒီ ၇ ပွဲထဲနဲ့ သူတို့ခံစစ်ပိုင်းက ဂိုး ၁၃ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ ပြောမယ်ဆို သူတို့ရဲ့ခံစစ်ပိုင်းက ချို့ယွင်းမှုရှိနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကပဲ လိဂ်ပွဲစဉ်ဖြစ်ပြီး အနိုင်ကပ်ရလာပါတယ်။ စပါးတို့ကျတော့ စွမ်းဆောင်ရည်ကောင်းမလိုလိုနဲ့ မန်စီးတီးအပေါ်အနိုင်ရသွားလိုက်သေးတယ်။ ဒါပေမယ့် လိဂ်ပွဲစဉ်ဖြစ်တဲ့ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ လက်စတာကို ၄ ဂိုး ၁ ဂိုးနဲ့ရှုံးလာပါတယ်။ သူတို့ကစားသမားတော်တော်များများက ဘန်းခံထိထားတာနဲ့ ဒဏ်ရာရထားတဲ့သူတွေလည်း ရှိနေပါတယ်။ အစစအရာရာခြုံကြည့်ရင် အေစီဘက်ကအိမ်ရှင်ဖြစ်တဲ့အတွက် အကျောပိုရထားပါတယ်။ ပြီးတော့ အဓိက ကစားသမားတော်တော်များများကလည်း အကုန်နီးပါး ပြန်ရောက်လာနေကြပါပြီ။ ဒါပေမယ့်လည်း မေ့လို့မဖြစ်သေးတဲ့အကြောင်းကတော့ စပါးအသင်းမှာ အီတလီရဲ့ဘောလုံးစတိုင်လ်ကို သိကျွမ်းပြီးသားဖြစ်တဲ့ အန်တိုနီယိုကွန်တီရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနည်းပြက အီတလီနဲ့ ဖလားအသီးသီးတွေ စွတ်ခူးဖူးတယ်။ ဒီပွဲ အချင်းချင်းလာတွေ့ကြတဲ့နေရာ အချိန်တော်တော်မှန်ပါတယ်။ ကျွန်တော့်အမြင်ကတော့ စပါးဘက်က စောစောစီးစီး ဂိုးသွင်းခံမထိရင် အနိုင်ရတဲ့အထိ ရည်ရွယ်နိုင်ပါတယ်။

11 Players

Ac Milan (3-4-2-1) : Tatarusanu; Kalulu, Kjaer, Tomori; Saelemaekers, Bennacer, Tonali, Hernandez; Diaz, Leao; Giroud

Tottenham hotspur(4-2-3-1) : Forster; Romero, Dier, Davies; Emerson, Sarr, Skipp, Perisic; Kulusevski, Son; Kane

Missing Player

Ac Milan : Zlatan Ibrahimović (No eligibility), Tiemoué Bakayoko (No eligibility), Sergiño Dest (Calf Problems), Alessandro Florenzi (Hamstring Injury), Mike Maignan (Disrupted Calf Muscle)

Tottenham hotspur : Pierre-Emile Höjbjerg (Yellow card suspension), Rodrigo Bentancur (Cruciate Ligament Rupture), Ryan Sessegnon (Unknown Injury), Hugo Lloris (Knee Injury)

Facebook

လီဂူးမှကြီးမားတဲ့ PSG အသင်း ဂရု H ရဲ့ နံပါတ် ၂ အနေနဲ့ ဒီအဆင့်ကိုတက်ရောက်လာပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက မိုနာကိုကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးရလာခဲ့ပါတယ်။ နောက်တစ်ပွဲ မာဆေးလ်နဲ့တွေ့ပြီးလည်း အရှုံးရလာခဲ့သေးတယ်။ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဂူးရဲ့နံပါတ် ၁ တော့ ဖြစ်နေတုန်းဖြစ်ပါတယ်။ နံပါတ် ၂ အသင်းထက် ၆ မှတ် သာနေပါတယ်။ အသင်းရဲ့အခြေနေကတော့ ဒီပွဲ အမ်ဘတ်ပီကိုအသုံးပြုလို့မရသေးပါဘူး။ Renato Sanchez နဲ့ Nordi Mukile ပြီးတော့ မက်စီတို့မှာကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ်။ ဆင်းရမယ်လို့ ထင်မြင်ထားပါတယ်။ ဒီပွဲ PSG အသင်းက ၄-၃-၁-၂ စနစ်နဲ့စောင့်နေလောက်တယ်။ အနောက်တန်း ၄ ယောက်နေရာ Marquinhos၊ Sergio Ramos၊ Achraf Hakimi နဲ့ Nuno Mendes တို့ကို ထိန်းခိုင်းပြီး ကွင်းလယ်တိုက်စစ်နေရာ Vitinha ကို ချထားလောက်တယ်။ ပြီးရင် နေမာနဲ့ မက်စီတို့ကို အရှေ့ဆုံးမှာ ထားထားလောက်ပါတယ်။

gold88mmk ဘိုင်ယန်တို့ကျတော့ ဂရု C ရဲ့ နံပါတ် ၁ အနေနဲ့ ဒီအဆင့်ကိုရောက်ရှိလာပါတယ်။ လိဂ်တိုက်ပွဲဖြစ်တဲ့ နောက်ဆုံး ၅ ပွဲတုန်းက အနိုင် ၂ ပွဲနဲ့ သရေ ၃ ပွဲ လုပ်ထားနိုင်ခဲ့ပါတယ်။ အရှုံးတစ်ပွဲမှမရှိခဲ့ပါဘူး။ နောက်ဆုံးတစ်ပွဲတုန်းက ဘိုချမ်အပေါ် အနိုင်ရရှိလာပါတယ်။ ဖလားပွဲအပါအဝင် ၃ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ်။ ဂိုး ၂ လုံးထဲသွင်းခံထိပြီး ၁၁ လုံးတောင် သွင်းနိုင်ခဲ့ကြပါတယ်။ အခုတလော ဂျာမနီဘွန်ဒက်လီဂါရဲ့နံပါတ် ၁ ကြီး ဖြစ်နေပါတယ်။ နံပါတ် ၂ ထက် ၁ မှတ်လေးပဲပိုသာနေပါတယ်။ အသင်းရဲ့အားသာချက်ကတော့ တိုက်စစ်ပိုင်းပါပဲ၊ ပွဲတိုင်းပဲ ဂိုးသွင်းနိုင်နေကြပါတယ်။ ဒီပွဲအတွက် အသင်းရဲ့အခြေနေကတော့ Lucas Hernandez၊ Sadio Mane၊ Noussair Mazraoui နဲ့ Manuel Neuer တို့ကို အသုံးပြုလို့မရသေးပါဘူး။ Ryan Gravenberch ဆိုတဲ့တစ်ယောက်ကလည်း အခြေနေစစ်ဆေးဖို့လိုနေသေးတယ်။ ဒီပွဲ လိုက်ယန်ဘက်က ၄-၂-၃-၁ စနစ်နဲ့ ရောက်လာမှာဖြစ်ပြီး အနောက်တန်း ၄ ယောက်နေရာ Benjamin Pavard၊ Matthijs De Ligt နဲ့ Dayot Upamecanom Alfonso တို့ကို ထိန်းခိုင်းလောက်ပါတယ်။ ကွင်းလယ်တိုက်စစ်နေရာကျတော့ Gnabry၊ Jamal Musiala နဲ့ Leroy Sane တို့ ၃ ယောက်ကို တာဝန်ထားထားပြီး Striker ကျတော့ သောမတ်စ် မူလာပဲ တာဝန်ယူပေးသွားလောက်ပါတယ်။

ဒီပွဲက ကြီးမားတဲ့ပြိုင်ပွဲတစ်ပွဲပဲလို့ယူဆနိုင်ပါတယ်။ PSG အသင်းမှာ နာမည်ကြီးကျယ်ပွင့် ကစားသမားတွေအပြည့်ရှိနေပြီး ဘွန်ဒက်လီဂါရဲ့ နံပါတ် ၁ ဖြစ်တဲ့ဘိုင်ယန်နဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ အိမ်ရှင်အသင်း ဒီပွဲ အမ်ဘတ်ပီကိုအသုံးပြုလို့မရသေးပါဘူး။ မက်စီဆိုတဲ့တစ်ယောက်ကလည်း ၁၀၀% မဖြစ်သေးဘူးဖြစ်ပါတယ်။ အဲ့တော့ သူတို့ခြေစွမ်းတွေနဲ့ ထိခိုက်သွားလိမ့်မယ်။ PSG အသင်းဆိုသည်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်တဲ့အတွက် အကောင်းဆုံးအသင်းတွေထဲမှာ အကောင်းဆုံးတိုက်စစ်ပိုင်း ရှိနေတဲ့အသင်းကြီး ဖြစ်နေပါတယ်။ PSG တို့က ဒီဖလားပွဲကို အရမ်းပဲမျှော်လင့်ထားပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ ဒီဖလားကိုတစ်ခါမှမရဖူးသေးလို့ပါ။ အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ဂျာမနီမှအသင်း ပိုသာခဲ့ဖူးပါတယ်။ ဒီကစားပွဲအခြေနေကတော့ နှစ်ဘက်စလုံးပဲ ဝင်လုံးဖို့ရှိလောက်ပါတယ်။ ဒီပွဲ အိမ်ရှင်ဘက်က အိမ်ကွင်းနဲ့အကျောပိုရထားပါတယ်။ ခရီးလည်းထွက်စရာမလိုဘူး။ ပြီးတော့ ဒီပွဲအတွက် အဓိက ကစားသမားတွေကို အနားပေးထားကြတယ်။ ဘိုင်ယန်အသင်းထက် အဆင်သင့်ဖြစ်လောက်ပါတယ်။ ကွင်းထဲက အားပေးသံတွေကလည်း ကစားသမားတွေရဲ့စိတ်အားကို ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့် သူတို့အတွက် မလွယ်ပါဘူး။ ဒါပေမယ့်လည်း ကပ်နိုင်ဖို့တော့ ရှိပါသေးတယ်။

11 Players

Paris Saint-Germain (4-3-1-2) : Donnarumma; Hakimi, Marquinhos, Ramos; Mendes; Pereira; Ruiz, Vitinha, Verratti; Neymar, Messi

Bayern munich(4-2-3-1): Sommer; Cancelo, De Ligt, Upamecano, Davies; Goretzka, Kimmich; Sane, Musiala, Coman; Choupo-Moting

Missing Players

Paris Saint-Germain : Renato Sanches (Hamstring Injury), Kylian Mbappé (Hamstring Injury) M.Verratti (Hip Injury),N. Mukiele (Hamstring Injury),¬¬¬¬L.Messi (Pulled Hamstring at the adductors

Bayern munich: Ryan Gravenberch (Bruised Knee), Eric Maxim Choupo-Moting (Abdominal Influenza), Noussair Mazraoui (Inflammation), Sadio Mané (Inflamed head of fibula), Manuel Neuer (Fracture of the lower leg), Lucas Hernández (Cruciate Ligament Rupture)

Facebook