GHM CLUB

အိမ်ရှင်ချယ်လ်ဆီးအသင်း အသင်းနည်းပြမောင်းထုတ်တဲ့ထဲမှာ နာမည်ကျော်ကြားပြီးသား အခုမှဘုရင်အဆင့်လောက်ရှိတဲ့ တူချယ်ကို မောင်းထုတ်လိုက်ပါပြီ အခုမှရာသီက ၆ ပွဲပဲ စတင်ပြီး လက်ထဲမှာ အမှတ် ၁၀ မှတ်ထဲပဲ ရှိနေတာတောင် အရမ်းစိတ်တွေ GHM CLUB လောနေပါတယ် အာဆင်နယ်နဲ့ အမှတ် ၅ မှတ်ထဲပဲကွာနေတာကို ပြိုင်ပွဲက အကြာကြီး လိုပါသေးတယ် အသင်းပိုင်ရှင်က စိတ်အရမ်းလောပါတယ် ချယ်လ်ဆီးအသင်းက အခုမှအသစ်ကနေ ပြန်ဆောက်နေတယ် အချိန်လိုမှာပဲ အခုတလော ကစားပုံကစားနည်းက မကောင်းသေးပေမယ့် စိတ်လောပြီး မဆုံးဖြတ်သင့်ပါဘူး တူချယ်နေရာ ဂရေဟမ် ပေါ်တာနဲ့ အစားထိုးထားတယ် အခု အသင်းထဲမှာရှိတဲ့ကစားသမားတွေက ပေါ်တာရဲ့အကြိုက်လည်းမရှိသေးပဲနဲ့ ခန့်အပ်ထားတယ် အဲ့တော့ ချက်ချင်းကြီး တက်ကြွခိုင်းလို့မရလောက်ပါဘူး ချယ်လ်ဆီးအသင်းက စိတ်ထိန်းရမယ် ရေရှည်အတွက် စဉ်းစားရမယ် ဒီပွဲ ပေါ်တာလက်ထဲက ချယ်လ်ဆီးအသင်း Pressing များလိမ့်မယ် သူက ကြမ်းပြင်ကနေ ဘောလုံးထိုးတက်တတ်တဲ့နည်းပြပါ နေရာအလွတ်ရှာမယ် ဒါပေမယ့် ဒီနည်းစနစ်က ချယ်လ်ဆီးရဲ့ လူငယ်အသင်းပါ အသင်းကြီးနဲ့ကတော့ စောင့်ကြည့်ရဦးမယ် လက်ရှိချယ်လ်ဆီးကစားသမားတွေ မဆိုးပါဘူး အရည်ချင်းဘယ်လောက်ပြနိုင်မလဲပဲ ကြည့်ရမယ် နောက်ထပ် ၃ ပွဲကနေ ၅ ပွဲအထိကြည့်ပြီးမှ ဆုံးဖြတ်လို့ရမယ် ဒါပေမယ့် ဒီပွဲ ချယ်လ်ဆီးဘက်က အနိုင်ရသွားမှာပါပဲ

Red Bull Salzburg တို့ကျတော့ သြစတြီးယားနိုင်ငံမှ ခြေစွမ်းကောင်း အသင်းတစ်သင်းဖြစ်ပါတယ် အခုလက်ရှိရာသီမှာ ၈ ပွဲ ကစားပြီး လက်ထဲမှာ အမှတ် ၂၁ မှတ် ပိုင်ဆိုင်ထားပါတယ် အရှုံးတစ်ပွဲရသွားသေးတယ် အဲ့ဒီ ၂၁ ပွဲထဲနဲ့ သူ့ရဲ့တိုက်စစ်ပိုင်းက ဂိုး ၂၁ လုံးတောင် သွင်းနိုင်တယ် ပြီးတော့ ခံစစ်ပိုင်းက ၃  လုံးထဲပဲ ပြန်သွင်းခံထိခဲ့ပါတယ် အသင်းရဲ့ အရေးကြီးဆုံးကစားသမားကတော့ Okafor နဲ့ Benjamin Zesco တို့ပါပဲ မန်ယူတို့ကတောင် အနီးကပ်စောင့်ကြည့် နေပါတယ် အသင်းရဲ့ အဓိက Ideami နဲ့ Aronson တို့ ရောင်းပစ်လိုက်ပြီဆိုပေမယ့် အသင်းရဲ့တောင့်တင်းမှုကတော့ လျော့နည်းမသွားသေးပါဘူး ဒီပွဲ သူတို့ဘက်က ၄-၃-၁-၂ စနစ်နဲ့ကစားလိမ့်မယ် စိန်တုံးပုံစံနဲ့တော့မဟုတ်ဘူး ကွင်းလယ် ၃ ယောက်က ခံစစ်မှူး ၄ ယောက်ရဲ့အရှေ့မှာရပ်နေရမယ် အဲ့တော့ သူတို့ဘက်က ခံစစ်ပိတ်ဖို့ ကစားရမယ်ဆိုရင် ခံစစ်ပိုင်းမှာ လူ ၇ ယောက်တောင် ရှိသွားလိမ့်မယ် အဲ့တော့ ချယ်လ်ဆီးကို တော်တော်ဒုက္ခပေးသွားလောက်တယ် Salzburg တို့ရဲ့ခံစစ်ပိုင်းက တော်တော်မာပေမယ့် ချယ်လ်ဆီးကို ဧည့်သည်လာလုပ်ပေးရမှာဆိုတော့ ကာကွယ်ဖို့မလွယ်ပါဘူး ပြီးတော့ ချယ်လ်ဆီးအသင်းက အခုမှအသင်းနည်းပြပြောင်းလိုက်တော့ နည်းပြအသစ်ကို ခြေစွမ်းပြချင်နေကြမှာပဲ

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ ခြေစမ်းပွဲပဲရှိပါတယ် အဲ့ဒီနောက်ဆုံးတစ်ပွဲထဲမှာ ၂ ဘက်စလုံး ဂိုး ၈ လုံးတောင် ပေါင်းသွင်းနိုင်ကြပါတယ် တကယ့်အတည်ဖြစ်တဲ့ပြိုင်ပွဲကျတော့ မတွေ့ဖူးကြသေးပါဘူး ဒီပွဲကသာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ် ဒီပွဲ ချယ်လ်ဆီးဘက်က အကျော ၁ လုံး ပေးထားပါတယ်  ချယ်လ်ဆီးအသင်းက အခုတလော ပြောင်းလဲမှူဖြစ်ပေါ်နေတယ် အသင်းနည်းပြက အသစ်ဖြစ်နေတယ် ရာသီက အခုမှ ၆ ပွဲထဲပဲ စတင်တာကို နည်းပြပြောင်းလိုက်ပြီဆိုတဲ့လုပ်ရပ်က စိတ်လောလွန်းပါတယ် ကစားသမားအသစ်တွေတောင် နေသားမကျသေးပဲ သူ့တို့ကိုဝယ်လာတဲ့နည်းပြက ရှိမနေတော့ဘူးဖြစ်နေတယ် ဒီတိုင်းဆိုရင် နောက်စုတ်နေတယ်လို့ပဲ ယူဆရမယ် အသင်းနည်းပြအသစ်က အသင်းရဲ့ အဓိကစနစ်ကို ရွေးသုံးတတ်တဲ့အပိုင်း နာမည်ကျော်ကြားနေပေမယ့် အစစအရာရာက အချိန်လိုအပ်မှာပါပဲ အခုချက်ချင်း ရလဒ်တန်းကောင်းရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး ဒါပေမယ့် ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က တောင့်တင်းမှုမရှိတော့ ပေါ်တာရဲ့ပွဲဦးက ကောင်းသောရလဒ် ဖြစ်သွားလောက်တယ် Salzburg အသင်းက ဒီချန်ပီယံလိဂ်ထဲ နှစ်တိုင်းပဲ ပါဝင်ပြီး လက်ရွေးစဉ်ရွေးပွဲကို တစ်ခါမှမကျော်ဖြတ်နိုင်သေးပါဘူး ဒီပွဲ သူတို့အတွက် တကယ့်ခက်ခဲတဲ့ပွဲဖြစ်လိမ့်မယ် ပြီးတော့ အသင်းထဲက ဒဏ်ရာရထားတဲ့ကစားသမားတွေလည်း ၁၃ ယောက်တောင်ရှိနေတယ် Full-Team ဖြစ်နေတာတောင် မလွယ်တဲ့ကိစ္စ အဲ့တော့ ဒီပွဲ အစတောင်ရှာတွေ့မှာမဟုတ်ဘူး

11 Players

Chelsea (4-2-3-1) – Mendy – Cucurella – Fofana – Koulibaly – James – Jorginho – Zakaria – Kovacic – Sterling – Havertz – Mount

Red Bull Salzburg (4-3-1-2) – Mantl – Ulmer – Pavlovic – Bernado – Dedic – Capaldo – Seiwald – Gourna – Sucic – Sesko – Okafor

Missing Player

Chelsea FC – N’Golo Kanté (Muscular problems), Pierre-Emerick Aubameyang (Head Injury)

Red Bull Salzburg – Bryan Okoh (No eligibility), Mamady Diambou (No eligibility), Samson Tijani (No eligibility), Maximilian Wöber (groin strain), Luka Sucic (groin strain), Sekou Koita (Ankle problems), Kamil Piatkowski (Muscular problems), Oumar Solet (Hamstring Injury), Mamady Diambou (Ankle Injury), Ousmane Diakité(Cruciate Ligament Rupture), Justin Omoregie (Hamstring Injury), Samson Tijani (Tibia and Fibula Fracture), Bryan Okoh(Cruciate Ligament Rupture)

GHM CLUB မန်စီးတီး Vs ဒေါ့မွန် [14 Sep 22 - 01:30 hrs]

အိမ်ရှင် မန်စီးတီးအသင်း ဒီရာသီမှာသူတို့အခြေခံနဲ့ဆိုရင် သုံးစားလို့ရတဲ့အဆင့်ပဲ ရှိပါတယ် ဒီရာသီမှာ အရှုံးတစ်ပွဲမှမရှိပေမယ့် အနိုင်တော့ ပွဲတိုင်းပဲရသင့်ပါတယ် ဘာလို့လည်းဆိုတော့ ရာသီစတင်လာကတည်းက သူတို့ရဲ့ပြိုင်ဘက်ဟာ သူတို့ထက် အဆင့်နိမ့်တဲ့အသင်းတွေချည်းပဲ ဖြစ်နေတာမို့လို့ပါ အခု ၂ ပွဲ သရေကျထားပေမယ့် ချန်ပီယံရမယ့်စာရင်းထဲမှာတော့ နံပါတ် ၁ မှာပဲရှိနေတုန်းပါ သူတို့နဲ့ သရေကျသွားတဲ့ ၂  GHM CLUB ပွဲတုန်းက သူတို့ခြေစွမ်းကျဆင်းသွားလို့ သရေကျသွားမဟုတ်ပါဘူး ပြိုင်ဘက်ရဲ့ကံက တကယ်ကောင်းလို့ပါ ဒီပွဲ ကစားစနစ်က ဘာမှစဉ်းစားစရာမရှိပါဘူး ဒီ ၄-၃-၃ စနစ်ကိုပဲသုံးမယ် အသုံးပြုလာတာကြာပြီ ပြိုင်ဘက်ရဲ့ အရှေ့တန်းကို high pressing နဲ့ထိုးမယ် ကွင်းလယ်ကစားသမားတွေက ပြိုင်ဘက်ရဲ့ ဘောလုံးအပို့အယူကို ဝင်ဖျက်မယ် မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှုက ဒီပွဲ သူတို့ပဲ ပိုပိုင်ထားနိုင်လောက်တယ် အဲ့တော့ ဒီပွဲ တစ်ဖက်သတ်တိုက်စစ်ဆင်ကစားခြင်းကို မြင်ခဲ့ရလိမ့်မယ် ဒေါ့မွန်တို့ ကံကောင်းမလား ခံနိုင်ရည်ဘယ်လောက်ထိရှိမလဲပဲ ကြည့်ရတော့မယ် ဒါပေမယ့် သူတို့သတိထားရမယ့်နေရာကတော့ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ပဲ ဘာလို့လည်းဆိုတော့ ပတ်က သူ့ Wing-back ၂ ယောက်ကို  ကြုံ့ထားလို့ပါ ကြုံ့ပြီး တိုက်စစ်ပိုင်းကို အထောက်အကူလုပ်ဖို့ စီစဉ်ထားတယ် ဒီပွဲ မန်စီးတီးဘက်က အနိုင်ရလောက်တယ် ဒါပေမယ့် အကျောပေးထားတာထက် ဂိုးပိုသွင်းမလားပဲ ရှိလိမ့်မယ်

ဒေါ့မွန်တို့ကျတော့ ဒီနှစ်မှာ စတားဖြစ်တဲ့ တိုက်စစ်မှူးကို ဆုံးရှုံးသွားပါတယ်  သူတို့က မန်စီးတီးကို ရောင်းပေးလိုက်ရပေမယ့် အေဂျက်ဆီက ခြေစွမ်းကောင်းတစ်ယောက်ကိုတော့ ပြန်ရထားပါတယ် ဒါပေမယ့် အခုလောလောဆယ်မှာတော့ ဒဏ်ရာရထားတုန်း ဒီပွဲ ပါဝင်လို့မရပဲ ဆေးရုံရောက်နေတဲ့ ဒေါ့မွန်ကစားသမားက ၈ ယောက်တောင်ရှိနေတယ် အဲ့ဒီ ၈ ယောက်ထဲက ၄ ယောက်မှာ အဓိကကစားသမားလည်းဖြစ်နေတယ် ဒီရာသီထဲမှာ အရှုံး ၂ ပွဲနဲ့ ကြုံခဲ့ရပြီးပြီ ဒီပွဲ ဒေါ့မွန်ဘက်က ၄-၂-၃-၁ စနစ်ကို အသုံးပြုမယ်ထင်တယ် အဓိက အားသာချက်ကတော့ လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကို ထားထားလိမ့်မယ် အဲ့နေရာ Bellingham နဲ့ Brandt တို့ကို အားကိုးရမယ် ကျန်တဲ့နေရာကိုတော့ ကစားသမားအသီးသီး တာဝန်ခွဲယူထားပါတယ် အနောက်တန်းမှာ Schlotterbach နဲ့ Sule တို့ကို အဓိကထိန်းခိုင်းမယ် အခုတလော တောင့်တင်းမှုရှိနေတယ် အရှေ့တန်းကျတော့ Modeste ကို ဂိုးသွင်းဖို့ထားထားပြီး သူ့ကိုထောက်ပံ့ပေးဖို့ Reus ကို နေခိုင်းလိမ့်မယ် ကစားပုံကစားနည်းက မန်စီးတီးလောက်မကောင်းပေမယ့် ပထမ မိနစ် ၃၀ အတွင်းသာ ထိန်းနိုင်ပြီး တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ရင်တော့ မန်စီးတီးကို ဖိအားပေးလိမ့်မယ် ပထမ မိနစ် ၃၀ အတွင်းမှာ ဂိုးမရှိသေးရင်တော့ သရေကျရုံနဲ့ ပြီးဖို့များတယ်

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာခဲ့ဖူးပါတယ် ၂၀၂၁ ခနှစ်တုန်းကဆိုရင် နောက်ဆုံး ၈ အသင်းအဆင့်မှာပဲ ဒေါ့မွန်ကိုရိုက်လွတ်တယ် အဲ့နှစ် မန်စီးတိးဘက်က အသွားကော အပြန်ပါ ၂ ပွဲစလုံး ၂-၁ နဲ့ ပြီးသွားတယ် အခုလက်ရှိအခြေနေကတော့ အရင်လိုမဟုတ်တော့ပါဘူး မန်စီးတီးဘက်က လိုချင်တဲ့ကစားသမားတွေ ဝယ်ထားပြီး အသင်းထဲမှာ အရည်သွေးရှိတဲ့ကစားသမားတွေချည်းပဲ ပြည့်လျှံနေပါတယ် အသက်အရွယ်ကလည်း ခြေစွမ်းကြမ်းမယ့်အရွယ်တွေဖြစ်နေကြပါတယ် ဒေါ့မွန်တို့ကျတော့ ဒဏ်ရာရထားတဲ့ကစားသမားက ၈ ယောက်တောင်ရှိပြီး ၄ ယောက်က အဓိက ကစားသမားတွေဖြစ်နေတယ် ဒီပွဲ ဘယ်ဌာနမဆို မန်စီးတီးဘက်က အနိုင်ရမှာကို ယုံကြည်ထားကြတယ် ဂိုးဘယ်နှလုံးသွင်းနိုင်မလဲပဲ စောင့်ကြည့်ရမယ် ကျွန်တော့်အမြင်ကတော့ မန်စီးတီးဘက်က အနိုင်ရမှာပါ ဒါပေမယ့် အကျော ၁.၅ ပေးထားတာထက်တော့ ပိုမသွင်းနိုင်လောက်ပါဘူး မန်စီးတီးမှာသခင်ကြီး ဟာလန်းရှိနေပေမယ့် ဒေါ့တို့ရဲ့ Form ကလည်း အဲ့လောက်ညံ့မနေပါဘူး ဒီရာသီ ကောင်းကောင်းစတင်နိုင်ခဲ့ကြပါတယ် နောက်ဆုံးတစ်ပွဲတုန်းက လိုက်ပ်ဇစ်ကို ၀-၃ ဂိုးနဲ့ ရှုံးလာပေမယ့် အချင်းချင်းတွေ့တဲ့စံချိန်ကိုကြည့်ပြီး‌‌ပြောရင်တော့ မန်စီးတီးဘက်က ဂိုးအပြတ်နဲ့ အနိုင်မရဖူးသေးပါဘူး အဲ့တော့ ဒီပွဲ သခင်ကြီးဟာလန်းက ဂိုးရှယ်မသွင်းလောက်ပါဘူး

11 Players

Man City (4-3-3) – Ederson – Gomez – Cancelo – Dias – Ake – Rodri – De Bruyne – Bernado Silva – Foden – Mahrez – Haaland

Dortmund (4-2-3-1) – Meyer – Guerriero – Schlotterbach – Sule – Meunier – Bellingham – Ozcan – Reus – Reyna – Brandt – Modeste 

Missing Players

Manchester City – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်သည်

Borussia Dortmund – Thorgan Hazard (Thigh Problems), Mateu Morey Bauzà(Meniscal Injury), Gregor Kobel (Torn Muscle Fibre), Sébastien Haller (Testicular Cancer), Karim Adeyemi (Foot Injury), Jamie Bynoe-Gittens (Shoulder Injury), Donyell Malen (Torn Muscle Fibre), Mahmoud Dahoud (Shoulder Injury)