gb168

နာပိုလီ Vs လီဗာပူးလ် [07 Sep 22 - 01:30 AM]

gb168 အိမ်ရှင်နာပိုလီအသင်း အခုအချိန် သူတို့ထက်ကြမ်းတဲ့အသင်း ခပ်ရှားရှားဖြစ်နေတယ် ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ် ကွင်းလယ်ကို ၅ ယောက်ထားပြီး ပြိုင်ဘက်ရဲ့စနစ်ကို ဖျက်ဆီးပစ်မယ် ပြီးတော့ သူတို့ရဲ့ပြိုင်ဘက်က ကွင်းလယ်နေရာ မသန်မစွမ်းဖြစ်နေမှန်းသိတော့ ကွင်းလယ်ကို ရှယ်ကျွေးလိမ့်မယ် နာပိုလီတို့ရဲ့ခံစစ်ပိုင်းမှာ အခုမှ Koulibaly ကိုဆုံးရှုံးပေမယ့် အရပ် ၆ ပေကျော်တဲ့ Min Jae Kim နဲ့ ခံစစ်မှူးအသစ်ရှိနေတော့ ဘာစိတ်ပူစရာမှမရှိပါဘူး ဒီကိုးရီးယားကစားသမားက Fernebacheh အသင်းကနေ ပေါင် ၁၅ သန်းနဲ့ ရွှေ့ပြောင်းလာပြီး ခြေစွမ်းပြနိုင်နေပါတယ် ဒါပေမယ့်လည်း သူ့ရဲ့တောင့်တင်းမှုကိုတော့ စောင့်ကြည့်ဖို့လိုပါသေးတယ် နာပိုလီတို့ရဲ့ကွင်းလယ်က လီဗာပူးလ်ရဲ့ကွင်းလယ်ကိုထောင်းချင်ရင်တော့ လီဗာပူးလ်ရဲ့တိုက်စစ်ဆင်ခြင်းဖျက်ဆီးဖို့ Ndombele ကို အားကိုးရလိမ့်မယ် တိုက်စစ်ပိုင်းကျတော့ Elmas နဲ့ Politano တို့ရှိတယ် သူတို့ ၂ ယောက်က လီဗာပူးလ်ရဲ့ Wing-back ကို ကျော်တက်ရမယ် အရှေ့ဆုံးမှာ Osimhen ကို တာဝန်ပေးထားလောက်တယ် သူ့ရဲ့ လျင်မြန်မှုက ပြိုင်ဘက်ကို ခေါင်းရှုပ်စေပါတယ်

လီဗာပူးလ်တို့ကျတော့ ဒီနှစ် သူတို့ရှိနေတဲ့ဂရုက အခြားလိဂ်တူအသင်းတွေထက် အေးဆေးဖြစ်တယ်လို့ ယူဆထားပါတယ် ဒါပေမယ့် လျှော့တွက်လို့တော့မရသေးပါဘူး ဘာလို့လည်းဆိုတော့ လီဗာပူးလ်အသင်းက အခုလောလောဆယ် အသင်းထဲက ကစားသမားတွေ တစ်ဝှက်နီးနီးဒဏ်ရာရထားနေလို့ပါ Henderson ဆိုတဲ့တစ်ယောက်ဆိုရင် ၉ လပိုင်းကုန်မှ လေ့ကျင်းကွင်းဆင်းနိုင်မယ် Jota ဆိုရင် ဆင်းနိုင်ချင်မှနိုင်မယ် Matip နဲ့ Curtis Jones တို့ကတော့ ပြန်လာကြလောက်ပြီ Keïta နဲ့ Alex Oxlade-Chamberlain တို့ကတော့ ကြာဦးမယ် ဆင်းနိုင်ပြီဆိုရင်တောင် ဆင်းရမယ်မထင်ပါဘူး ဒီပွဲ ကွင်းလယ်နေရာအတွက် အသင်းနည်းပြက ရွေးစရာသိပ်မရှိပါဘူး ဒါပေမယ့် ၄-၃-၃ စနစ်နဲ့ပဲ သွားမယ်ထင်တယ် ကွင်းလယ်ကစားသမားတော့ မသေချာသေးဘူး အရှေ့ဆုံးတိုက်စစ်မှူး ၃ ယောက်ကတော့ အရင်အတိုင်းပဲနေမယ် ကစားစတိုင်လ်က heavy metal ပဲ ဖြစ်လိမ့်မယ် ဘယ်ကစားသမားကိုပဲ အသုံးပြုပါစေ စတိုင်လ်ကတော့ ပြောင်းလဲမှုမရှိလောက်ဘူး ဒီနေ့ ကွင်းလယ်ကိုကြည့်ရမယ်ဗျ ကွင်းလယ်က ဘောလုံးလွယ်လွယ်လေးနဲ့ မဆုံးရှုံးရင်တော့ ရင်ခုန်ရလိမ့်မယ် ဘောလုံးကောင်းကောင်းကိုင်တွယ်ထားနိုင်ပြီး Wing-back ၂ ယောက်က အထောက်အကူပါပေးနိုင်ရင်တော့ အမှတ် ၃ မှတ်ရဖို့အခွင့်ရေးရှိပါတယ် ဒါပေမယ့် ပြောထားတဲ့အတိုင်း ဆန့်ကျင်ဘက်ဖြစ်ရင်တော့ ခံဖို့သာပြင်ရမယ်

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ သူတို့ ၂ သင်းက ခန ခနပဲ တွေ့ဖြစ်ကြပါတယ် နောက်ဆုံး ၈ ပွဲတုန်းက မနိုင်မရှုံးဖြစ်တယ် နာပိုလီဘက်က နည်းနည်းတောင်ပိုသာသေးတယ် ဒါပေမယ့် လီဗာပူးလ်က ဒီဖလားပွဲနဲ့ အရမ်းဘောင်ဝင်အောင်ကစားတတ်နေပြီး နာပိုလီထက်လည်း နာမည်ပိုကျော်ကြားနေတော့ အထက်ကြေးဖြစ်နေပါတယ် ဒီပွဲ လီဗာပူးလ်ဘက်က အကျော ၀.၅ ပဲ ပေးထားပါတယ် နာပိုလီတို့ ဒီရာသီထဲမှာ လိဂ်ရဲ့ပွဲဦးတုန်းက Form တွေ တည်ငြိမ်နေပါတယ် ထူးခြားမှုမရှိပါဘူး အခုမှ တောင့်တင်းမှုရှိတဲ့ ခံစစ်မှူးဆုံးရှုံးသွားပေမယ့် ခံစစ်ပိုင်းအခြေနေက ဆိုးမသွားပါဘူး တိုက်စစ်ပိုင်းလည်း ဘာထိခိုက်မှုမှမရှိပါဘူး အဆင်သင့်ဖြစ်နေကြပါတယ် လီဗာပူးလ်တို့ကျတော့ ကစားသမားအခြေနေတွေ ထက်ဝှက်လောက်က ဆေးရုံရောက်နေကြတယ် ကွင်းလယ်ကစားသမားတွေ ဒဏ်ရာတော်တော်ရထားကြတယ် တိုက်စစ်ပိုင်းကျတော့ အဆင်သင့်ဖြစ်နေကြပါတယ် နာပိုလီဘက်က ကစားပွဲကိုပြောင်းလဲနိုင်တဲ့ အရံကစားသမားမျိုးမရှိပေမယ့် ရှိတဲ့ ပထမ ၁၁ ယောက်နဲ့တင် လီဗာပူးလ်ထက် သာနေပါတယ် အဲ့တော့ ဒီပွဲ လီဗာပူးလ်ဘက်က အနိုင်ရမယ်ဆိုရင်တောင် မနည်းရုန်းပြီး ကပ်နိုင်သွားရုံပဲရှိလိမ့်မယ်

11 Players –

Napoli (4-2-3-1) – Meret – Kim – Ostigard – Di Lorenzo – Olivera – Anguissa – Ndombele – Elmas – Politano – Simeone – Osimhen

Liverpool (4-3-3) – Allison – Trent Arnold – Robertson – Van Dijk – Matip – Fabinho – Arthur – Elliot – Diaz – Nunez – Salah

Missing Players –

SSC Napoli – Diego Demme (Foot Injury)

Liverpool FC – Thiago (Hamstring Injury), Alex Oxlade-Chamberlain(Hamstring Injury), Naby Keïta (Muscle Injury), Henderson (Harmstring Injury)

စပါးအသင်း အခုတလော အရမ်းကြမ်းနေကြပါတယ် လိဂ်ထဲမှာ ၅ ပွဲစားခဲ့ပြီး သရေ ၂ ပွဲကျသွားပေမယ့် ကစားပုံကစားနည်းကတော့ အရမ်းကောင်းခဲ့ပါတယ် တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါအားကောင်းနေပြီး အချို့ပွဲတွေမှာ နည်းနည်းမှားတာ ထစ်တာရှိနေပေမယ့် အဆင်ပြေအောင်တော့ လုပ်နိုင်ခဲ့ကြပါတယ် ဒါမှ အောင်မြင်မှုရမယ့်အသင်းရဲ့အခြေနေလို့ ယူဆထားပါတယ် ဒီနှစ် စပါးအသင်းရဲ့အင်အားက ပြည့်လျှံနေပါတယ် အဓိကနဲ့ အရံတွေက ကြိုက်သလို အစားဆင်းခိုင်းလို့လည်းရနေတယ် ဘယ်အစီစဉ်ပဲလာလာ ဆင်းပြိုင်ဖို့အဆင်သင့်ပဲဗျ စပါးအသင်းရဲ့ အားသာချက်အသစ်က လွယ်လွယ်လေးနဲ့ မသေတတ်ဘူး ပြီးတော့ သူတို့ရဲ့တိုက်စစ်ပိုင်းမှ တိုက်စစ်မှူးတွေ တစ်ယောက်ပေါ်တစ်ယောက် ချိတ်တွယ်ကစားနိုင်နေကြတယ် နားလည်မှုတော်တော်ရှိနေကြတယ် ခံစစ်ပိုင်းကလည်း အရမ်းမာတယ် အသင်းနည်းပြက ကွန်တီဖြစ်နေတော့ မိနစ်တိုင်းပဲ အရမ်းကြပ်တယ် သူတို့ဘက်က ဂိုးအရင်သွင်းနိုင်ပြီး အရှုံးပြန်ရသွားမယ်ဆိုတာ မရှိသလောက်ဖြစ်နေပါပြီ အဲ့တော့ အကြောင်းပြချက်အားလုံးထဲမှာ သူတို့ဘက်က ရှုံးဖို့ကိုမရှိဘူးဖြစ်နေတယ် သရေကျဖို့တောင်မရှိလောက်ဘူး ဒါပေမယ့် ဒီပွဲ ဆင်းမပြိုင်ပဲ အိမ်ပြန်သွားရင်တော့ တစ်မျိုးပေါ့ ပြီးတော့ စောစောစီးစီး အနီကဒ်မထိရင်လည်း ဘာမှစိတ်ပူစရာမရှိပါဘူး gb168

ပြင်သစ်လီဂူးထဲက နာမည်ကြီးမာဆေးလ်အသင်းကျတော့ ဒီရာသီ လိဂ်ရဲ့ပွဲဦးတုန်းက ခပ်ကြမ်းကြမ်းလေးနဲ့ စတင်ခဲ့ကြပါတယ် ၅ ပွဲကစားခဲ့ပြီး အနိုင် ၄ ပွဲတောင်ရထားတယ် သရေ ၁ ပွဲထဲပဲရှိတယ် သူတို့ရဲ့ နောက်ဆုံး အနိုင် ၂ ပွဲမှာ ၂ ပွဲစလုံး Clean-sheet ပါ လုပ်နိုင်တယ်ဗျ ဒီနှစ် တော်တော်ကောင်းနေကြတာ ဒီနေ့ နည်းပြ ၂ ဘက်စလုံးက ဂျူဗင်တပ်စ်ရဲ့ ကစားသမားဖြစ်ခဲ့ဖူးကြတယ် တစ်ယောက်နဲ့တစ်ယောက် ၉ နှစ်လောက်တော့ ကွာနေပေမယ့် အတူတူကစားခဲ့ဖူးတဲ့အချိန်က ၃-၄ နှစ်လောက်ကြာပါတယ် ပြီးတော့မှ ကွန်တီက ၂၀၀၄ ခုနှစ်မှာပဲ နှုတ်ထွက်သွားပါတယ် ဒီနှစ် မာဆေးလ်တို့ရဲ့ထူးခြားချက်က တိုက်စစ်ပိုင်းပဲဗျ Igor Tudor ဆိုတဲ့နည်းပြက မာဆေးလ်ရဲ့တိုက်စစ်ပိုင်းကို ပိုအားကောင်းအောင် လာလုပ်ပေးနေပါတယ် ကြည့်ချင်စရာကောင်းပါတယ် Sanchez ရဲ့ခြေစွမ်းက အသုံးဝင်နေသေးတယ် တောင်ပံနေရာမှာ Cengiz Ünder ရှိနေတယ် ကွင်းလယ်နေရာကျတော့ အာဆင်နယ်ကစားသမားဟောင်း Guendouzi ကပါ ရောက်ရှိနေပါတယ် ကစားသမားအသီးသီးက ငါတို့သိကျွမ်းပြီးသားသူတွေဖြစ်နေပေမယ့် စပါးရဲ့ကစားသမားလောက်တော့ မကောင်းပါဘူး အဲ့တော့ ဒီပွဲ ကြက်သားစားဖို့ ကြက်ခြံအထိဝင်လာတာ အနံ့လေးရှူပြီးပြန်သွားနိုင်ရင်တောင် ကံကောင်းလှပါပြီ

အချင်းချင်းတွေ့ခဲ့ဖူးတဲ့စံချိန်မရှိဖူးသေးပါဘူး ဒါပေမယ့် နာမည်ကျော်ကြားမှုကိုကြည့်ရင်တော့ စပါးဘက်က ပိုသာပါတယ် အဲ့တာကြောင့် စပါးအသင်း အိမ်ကွင်းနဲ့ အကျော ၁ လုံးတောင်ပေးထားပါတယ် စပါးတို့ရဲ့ အခုလက်ရှိ Form ကိုကြည့်ပြီးပြောရင် အမှတ် ၃ မှတ်ရနိုင်ပါတယ် စပါးအသင်းက အိမ်ကွင်းနဲ့အခြေနေ အရမ်းကြမ်းပါတယ် ပြီးတော့ ကစားသမားအသစ်ဝယ်ဖြည့်တဲ့နေရာကလည်း တိုက်စစ်ပိုင်းစနစ်ကို ကြိုက်သလို ပြောင်းကစားနိုင်နေကြပါတယ် Harry kane ကိုယ်တိုင်ကလည်း ခြေစွမ်းအရမ်းပြနိုင်နေတယ် အခုတလော စပါးအသင်းရဲ့ အားကိုးရာဖြစ်နေတယ် မာဆေးလ်တို့လည်း လီဂူးထဲက Form တွေ အရမ်းတက်ကြွပါတယ် ၅ ပွဲဆင်းကစားပြီး အနိုင် ၄ ပွဲတောင် ရထားတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက စပါးရဲ့တိုက်စစ်ပိုင်းထက် ညံ့မနေပါဘူး ဒါပေမယ့် လိဂ်ရဲ့ အခြေခံချင်းယှဉ်ကြည့်ရင်တော့ စပါးဘက်က ပိုသာပါတယ် စပါးနေတဲ့လိဂ်ထဲမှာ ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းရော အားကောင်းနေတော့ ပိုစိတ်ချလို့ရပါတယ် ပြီးတော့ အသင်းနည်းပြကလည်း ကွန်တီကြီးဖြစ်နေတော့ အေးအေးဆေးဆေးပဲ ဖြစ်လိမ့်မယ်

11 Players –

Tottenham Hotspur (3-4-2-1) – Lloris – Sanchez – Dier – Davies – Bissouma – Hojbjerg – Perisic – Emerson – Son – Kulesevski – Kane

Marsille (3-4-2-1) – Lopez – Gigot – Bailly – Mbemba – Gueye – Rongier – Tavares – Clauss – Guendouzi – Payet – Sanchez

Missing Players –

Tottenham Hotspur – Rodrigo Bentancur (Head Injury), Cristian Romero(Adductor problems)

Olympique Marseille – အသင်းရဲ့အခြေနေ အဆင်သင့်ဖြစ်တယ်