galaxy

ဘုန်းမောက် Vs ဘရိုက်တန် [4 Apr 23 - 01:15 hrs]

galaxy ဘုန်းမောက်အသင်း အခုမှဖူဟမ်အပေါ် အနိုင်ရရှိလာတဲ့အတွက် အတန်းဆင်းမယ့်ဇုန်ကနေ ရုန်းထွက်နိုင်ပြီဖြစ်ပါတယ်။ အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်ပဲသာပေမယ့် နည်းနည်းတော့ စိတ်အေးရပါတယ်။ ဒီပွဲ သူတို့ဆီမှာ Ryan Fredericks နဲ့ Junior Stanilas တို့မရှိသေးပါဘူး။ သူတို့နှစ်ယောက်က ဒဏ်ရာရထားပြီး ဘယ်တော့ပြန်လာမယ်ဆိုတာလည်းမသိသေးပါ။ ကျန်တဲ့ Neto၊ Adam Smith၊ Marcos Senesi၊ Jefferson Lerma၊ Philip Billing၊ Dongo Watara၊ Jaidon Anthony နဲ့ Dominic Solan တို့ကျတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ်။ အသင်းနည်းပြက အကောင်းဆုံးကစားသမားအဖွဲ့အစုကိုပဲ အသုံးပြုမယ်ထင်တယ်။ ဒါပေမယ့် မထူးဆန်းပါဘူး။ ဒီပွဲ ၄-၄-၁-၁ စနစ်နဲ့ ကစားမယ်ထင်ပါတယ်။ Philip Billing ကို playmaker အနေနဲ့ တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို ကစားပွဲချိတ်ဆက်ပေးလိမ့်မယ်။ နောက်ဆုံးတစ်ပွဲတုန်းကမှ ဂိုးသွင်းနိုင်တဲ့ Solanke က ဂိုးသွင်းဖို့နေရာ တာဝန်ယူသွားလိမ့်မယ်။

ဘရိုက်တန်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းကမှ ၃-၃ နဲ့ သရေကျလာပါတယ်။ အဲ့ပွဲ သရေကျသွားတဲ့အတွက် နံပါတ် ၅ နေရာ လုယူဖို့ နည်းနည်း ပိုဝေးသွားပါတယ်။ ဒီပွဲကတော့ အရင်ပွဲလိုပဲ စီစဉ်ထားလောက်ပါတယ်။ Webster နဲ့တစ်ယောက်ကတော့ ခံစစ်ပိုင်းနေရာ ပြန်ဆင်းထိန်းပေးလို့နေရပါပြီ။ နောက်ဆုံးတစ်ပွဲတုန်းက သူမပါခဲ့ပါဘူး။ Ferguson နဲ့တစ်ယောက်မှာလည်း ဒီပွဲ ဆင်းကစားဖို့အဆင်သင့်ဖြစ်နေပါတယ်။ ဒီပွဲ သူတို့ Lallana မရှိပဲ ကစားခဲ့ရလိမ့်မယ်။ သူက လကုန်ခါနီးမှ ပြန်လာမယ်ထင်ပါတယ်။ Moder နဲ့တစ်ယောက်ကလည်း တစ်နှစ်နီးပါး အနားယူခဲ့ရပြီး လတစ်ဝက်လောက်မှ ပြန်လာတော့မယ်ထင်ပါတယ်။ အဲ့ဒီကစားသမားတွေကို အသုံးပြုလို့မရသေးပေမယ့် ဒီပွဲ Tariq Lamptey နဲ့ Ivan Ferguson တို့ ရှိနေသေးတာဆိုတော့ စိတ်အေးရပါတယ်။ Ferguson က နိုင်ငံအသင်းထဲ ပါသွားလို့ နောက်ဆုံးတစ်ပွဲတုန်းက မပါခဲ့ရပဲ ဖြစ်သွားပါတယ်။ ဒီပွဲတော့ ပါလောက်တယ်။

ဘုန်းမောက်အသင်း ဒီလက်ကျန်တိုက်ပွဲကို အိမ်ကွင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ဘက်အသင်းကတော့ နံပါတ် ၆ ဖြစ်တဲ့ ဘရိုက်တန်တို့ပဲဖြစ်ပါတယ်။ ဘုန်းမောက်တို့ လောလောဆယ် အတန်းဆင်းမယ့်ဇုန်ထက်ဝေးအောင် အမှတ်တွေအရမ်းလိုချင်နေပါတယ်။ ဘုန်းမောက်တို့ရဲ့ နောက်ဆုံး ၅ ပွဲတုန်းက တစ်ပွဲလေးပဲရှုံးထားတယ်။ အဲ့ပွဲ မန်စီးတီးနဲ့တွေ့ပြီး ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ဖူဟမ်အပေါ် အနိုင်ရရှိလာပါတယ်။ အဲ့တာနဲ့ပဲ သူတို့ အတန်းဆင်းမယ့်ဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ပါပြီ။ ဒီပွဲ ကိုယ့်အိမ်ကွင်းဖြစ်တဲ့အတွက် ခြေစွမ်းထပ်ပြနိုင်မယ်ထင်ပါတယ်။ ဘရိုက်တန်တို့ကျတော့ ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းကတည်းကစပြီး စွမ်းဆောင်ရည်တွေကောင်းနေတယ်။ နောက်ဆုံး ၆ ပွဲတုန်းက ၁၂ မှတ် ကောက်သိမ်းနိုင်ပါတယ်။ အဝေးကွင်းနဲ့ နောက်ဆုံး ၃ ပွဲတုန်းက အမှတ်ခွဲယူရုံနဲ့ ပြီးလာပေမယ့် ဒီပွဲကတော့ ဘယ်လိုပဲကြည့်ကြည့် ဘရိုက်တန်ဘက်က ပိုသာနေပါတယ်။ ဒါပေမယ့်လည်း အတန်းဆင်းမယ့်ဇုန်နဲ့ နီးနေတဲ့အသင်းနဲ့ တိုက်ခိုက်ရတာ ဘယ်တော့မှမလွယ်ပါဘူး။ ဒီပွဲကတော့ တော်တော်ကြည့်ကောင်းလိမ့်မယ်။ အဆင့်ဇယားထဲမှာ ဘရိုက်တန်က ဘုန်းမောက်ထက် ၉ ဆင့် သာနေပေမယ့် ဘုန်းမောက်ဘက်က ယုံကြည်မှုအပြည့်နဲ့ အိမ်ကွင်းနဲ့ပါ ကစားရမှာဖြစ်တဲ့အတွက် တန်းပြီး ရှုံးသွားမယ်တော့မထင်သေးပါဘူး။ နောက်ဆုံးမှာတော့ ဘုန်းမောက်တို့ ဘရိုက်တန်နဲ့ သရေကျသွားမယ်ထင်ပါတယ်။

11 Players

Bournemouth (4-4-1-1 ) : Neto; Smith, Stephens, Senesi, Kelly; Ouattara, Rothwell, Lerma, Anthony; Billing; Solanke

Brighton (3-5-2): Steele; Veltman, Dunk, Webster, Estupinan; Gross, Caicedo; March, Mac Allister, Mitoma; Ferguson

Missing Player

Bournemouth : J.Stanislas (Muscle Injury), Frederucjs (Calf Injury)

Brighton : A.Lallana (Muscle Injury), J. Moder (Cruciate ligament Injury), J.Sarmiento (Foot Injury), E. Ferguson (Knock Injury)

Facebook

အိမ်ရှင်ချယ်လ်ဆီးအသင်း ဒီရာသီအတွင်း တစ်ပွဲမှခြေစွမ်းမပြနိုင်သေးပါဘူး။ အခုအချိန်မှာ ၂ ပွဲဆက်တိုက် နိုင်ပွဲပါပျောက်ဆုံးနေပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ပိုဆိုးပါတယ်။ အဲ့ပွဲ အိမ်ကွင်းနဲ့ အက်စတွန်ဗီလာကို ၀-၂ နဲ့ရှုံးလာပါတယ်။ ပွဲစစလာချင်းတုန်းက ကောင်းမလိုလိုနဲ့ နောက်ဆုံးမှာတော့ အရင်က ညံ့သလို ပြန်ညံ့ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေတော်တော်ဖန်တီးနိုင်ပေမယ့် ဂိုးဖြစ်အောင်မလုပ်နိုင်ခဲ့ပါဘူး။ ကစားသမားတွေက တော်တော်နဲ့ တာဝန်မကျေခဲ့ကြဘူး။ ခေါင်းနဲ့ ခုန်တိုက်တဲ့တစ်ချက်တုန်းကဆိုရင် အမှားတွေဖြစ်ပေါ်ပြီး ဂိုးပါပေးလိုက်ရတယ်။ ချယ်လ်ဆီးတို့က ကောင်းကောင်းကစားနေရင်းနဲ့ အဲ့လိုမျိုးမှားတတ်နေတယ်။ သူတို့တိုက်စစ်ပိုင်းက တကယ့်အဆင်မပြေဘူး။ အခွင့်ရေးအသီးသီးတွေ ဖန်တီးတာကျတော့ အဆင်ပြေပေမယ့် ဂိုးသွင်းတဲ့နေရာလောက်ပဲဆိုးနေတယ်။ တကယ့် စစ်မှန်တဲ့ Striker မရှိတာ ပြသာနာတော်တော်ကြီးမားပါတယ်။ ဒရော့ဘာခေတ်တုန်းကချယ်လ်ဆီးဆိုရင် ဘယ်လောက်ထိကောင်းလဲဆိုတာ လူတိုင်းသိကြပါတယ်။ အခုလက်ရှိ ဒီနေရာလောက်ပဲ အဆင်မပြေသေးတာပါ။ အဲ့ဒီတော့ ရာသီကုန်သွားလို့ရှိရင် ဒီနေရာလေးဝယ်ဖြည့်သင့်ပါတယ်။ ပိုကောင်းလာလိမ့်မယ်။ ဒီပွဲ ကိုယ့်လိုညံ့တဲ့အသင်းနဲ့ရင်ဆိုင်ရမှာဆိုတော့ ပွဲရလဒ်က ၃ မျိုးစလုံး ထွက်ရှိလာနိုင်တယ်။ ဒါပေမယ့် သရေကျဖို့က တော်တော်များပါတယ်။ နှစ်သင်းစလုံးရဲ့တိုက်စစ်ပိုင်း အဆင်မပြေတာချင်းတူသလို ခံစစ်ပိုင်းလည်း ညံ့တာချင်းတူတူပဲ။

galaxy လီဗာပူးလ်တို့ကျတော့ အိမ်ရှင်အသင်းလိုမျိုး တိကျမှုပျောက်ဆုံးနေပါတယ်။ အခုတလော ၃ ပွဲဆက်တိုက် ရှုံးနိမ်ထားပါတယ်။ ဘုန်းမောက်၊ ရီးရဲလ် ပြီးတော့ နောက်ဆုံး မန်စီးတီးကို ၄-၁ နဲ့ ရှုံးလာပါတယ်။ အဲ့ပွဲ ပထမပိုင်းတုန်းက သူတို့ အကျောဂိုးအရင်သွင်းနိုင်ပေမယ့် သရေဂိုးပြန်သွင်းခံထိပြီး ဒုတိယပိုင်းရောက်ပြန်တော့လည်း ဂိုးတွေ တောက်လျှောက်သွင်းခံထိခဲ့လေရော။ ကစားသမားအချို့က ကိုယ့်နေရာကို တာဝန်မကျေကြဘူး။ နည်းနည်းကလိခံတာနဲ့ ဘောလုံးရှုံးသွားတတ်တယ်။ ကွင်းလယ်ပိုင်းတွေကလည်း ဘောလုံးကိုမထိန်းနိုင်ဘူး လိုက်ယူဖို့လည်း မကြိုစားကြဘူး။ ကစားချင်စိတ်မရှိတော့သလိုဖြစ်သွားကြတယ်။ နူးနက်ဇ်မရှိတဲ့အတွက် တိုက်စစ်ပိုင်းက အလိုလိုနဲ့ ကျဆင်းသွားပါတယ်။ အဲ့တော့ သူတို့ Dias ကို မြန်မြန်ပြန်လာပါလို့ ဆုတောင်းနေကြလောက်ပြီ။ ဒါပေမယ့် သူတို့ နောက်နှစ် UCL တိုက်ပွဲထဲ ပါဖို့မရှိလောက်တော့ပါဘူး။ ဒီရာသီအတွင်း အဝေးကွင်းစံချိန်က အရမ်းဆိုးတယ်။ အနိုင် ၃ ပွဲ သရ ၃ ပွဲနဲ့ ကျန်တဲ့ ၈ ပွဲ အရှုံးတွေချည်းဖြစ်ပါတယ်။ အဲ့ဒီ ၁၄ ပွဲထဲနဲ့ ဂိုး ၂၄ လုံးတောင် သွင်းခံထိခဲ့ပါတယ်။ တစ်ပွဲကို ဂိုး ၂ လုံးနီးပါး သွင်းခံထိနေတယ်။ အခု သူတို့ နံပါတ် ၈ အထိ ကျဆင်းသွားပြီး နံပါတ် ၄ ထက် ၇ မှတ်တောင်နည်းနေပါတယ်။ ပြိုင်ပွဲအရေအတွက်ကျတော့ ၁ ပွဲ ပိုနည်းပါသေးတယ်။ ဒီရာသီ ပြိုင်စရာ ၁၀ ပွဲထဲပဲကျန်တဲ့အတွက် Top4 နေရာထဲ ပြန်ပါဖို့ဆိုတာ လုံးဝမလွယ်တော့ပါဘူး။ ရနိုင်တဲ့နည်းလမ်းဆိုရင် ဒီပွဲကစပြီး အကုန်လုံးနိုင်မှရမယ်။ ဒီပွဲ လီဗာပူးလ်မှာ Dias နဲ့ Bajcetic တို့ မရှိသေးပါဘူး။ ဒါပေမယ့် သတင်းကောင်းတစ်ခုက နူးနက်ဇ်ပြန်လာပြီဖြစ်ပါတယ်။ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က မမာဘူး ဒါပေမယ့် သူတို့လည်း မာမနေပါဘူး။ အဲ့တော့ သရေကျရုံပဲ ပြီးသွားမယ်ထင်တယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ မနိုင်မရှုံးလေးဖြစ်ခဲ့ကြပါတယ်။ နောက်ဆုံး ၁၀ ပွဲတုန်းကဆိုရင် သရေကျသွားတာများတယ်။ မိနစ် ၉၀ အတွင်းပဲ ယူတွက်ခဲ့ရင်ပေါ့လေ။ အခု နှစ်သင်းစလုံးရဲ့အခြေနေကတော့ ဆိုးတာချင်းတူတူပဲ။ အိမ်ရှင်ဘက်က ၂ ပွဲဆက်တိုက်ရှုံးနိမ့်ထားပါပြီ။ ဧည့်သည်အသင်းရောပဲ ဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ လီဗာပူးလ်တို့က အရင်နှစ်တွေထက် အရည်သွေးတော်တော်ကျဆင်းနေပါတယ်။ ချယ်လ်ဆီးဘက်က ပြီးခဲ့တဲ့ရာသီဈေးတုန်းက ငွေတွေအများကြီးသုံးပြီး စွမ်းဆောင်ရည်ကျတော့ တောက်လျှောက်ကျဆင်းနေတယ်။ ကစားနေရင်းနဲ့ အဆင့် ၁၁ အထိတောင် ကျဆင်းသွားပါတယ်။ ဒီပွဲကတော့ အားရစရာကောင်းမယ်မထင်ဘူး။ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က ကျဆင်းနေတာချင်းတူနေတဲ့အတွက် ဂိုးသွင်းတဲ့အပိုင်း အားရမယ်မထင်ဘူး။ ချယ်လ်ဆီးရဲ့ထူးခြားချက်က ဒီပွဲ Joao Felix ရဲ့ ဖန်တီးမှုပဲဖြစ်လိမ့်မယ်။ သူက စွမ်းဆောင်ရည်တွေကောင်းပြီး ဘောလုံးကောင်းကောင်းပိုင်ဆိုင်နိုင်တယ်။ ပြီးတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ အဆင်ပြေအောင်ပြန်ပြင်တတ်ပါတယ်။ ညာဘက်ခြမ်းမှာကျတော့ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ James ရှိမယ်။ ကျန်တာကတော့ ဒီလိုပါပဲ။ လီဗာပူးလ်တို့ကျတော့ တိုက်စစ်ပိုင်းမှာ ဆာလက်ကိုပဲအားကိုးခဲ့ရလိမ့်မယ်။ ခံစစ်ပိုင်းကျတော့ ဗန်ဒိုက်ကိုအားကိုရလိမ့်မယ်။ ကျန်တဲ့နေရာကျတော့ ဒီတိုင်းပါပဲ။ ဒီပွဲ နှစ်သင်းစလုံးရဲ့ ကစားပုံကစားနည်းက သတိထားပြီးကစားခဲ့ကြလိမ့်မယ်။ ကွင်းလယ်ပိုင်းနဲ့ တိုက်ခိုက်ခဲံကြလိမ့်မယ်။ နှစ်သင်းစလုံးရဲ့ကွင်းလယ်ပိုင်းချင်းယှဉ်ကြည့်ရင် လီဗာပူးလ်ဘက်ကပိုသာပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ကျဆင်းနေပါတယ်။ အရင်နှစ်တုန်းကလိုမျိုးစွမ်းဆောင်ရည်မဟုတ်တော့ပါဘူး။ အရမ်းနှေးကွေးပါတယ်။ မန်ယူနဲ့တစ်ပွဲတုန်းကလောက်ပဲကောင်းတယ်။ ချယ်လ်ဆီးတို့ရဲ့ကွင်းလယ်ပိုင်းကျတော့ အပေါက်ကြီးရှိနေတုန်းပါ။ ပြေးပေါက်တွေလည်း သိပ်မရှာတတ်ကြဘူး။ ပြီးတော့ ခံစစ်ပိုင်းက ဂိုးသွင်းခံထိဖို့ အမြဲအဆင်သင့်ဖြစ်နေတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာကြည့်ပြီး ဒီပွဲကတော့ သရေပဲ ကျသွားလိမ့်မယ်။

11 Players

Chelsea (3-4-2-1) – Kepa – Cucurella – Kouliabaly – James – Kovacic – Enzo – Chillwell – Gallagher – Pulisic – Havertz – Felix

Liverpool (4-3-3) – Allison – Trent – Tsimikas – Van Dijk – Konate – Fabinho – Elliot – Henderson – Salah – Nunez – Gakpo

Missing Players 

Chelsea FC – Thiago Silva (Ligament Injury), Raheem Sterling (Hamstring Injury), Mason Mount ( bruised pelvis), Armando Broja (Cruciate Ligament Rupture) 

Liverpool FC – Thiago (Problems with the hip flexor),, Joe Gomez (Muscle Injury), Luis Díaz (Knee Injury), Stefan Bajcetic (Tear in the abductor muscle), Calvin Ramsay (Knee Surgery)

Facebook