football tipster

အာဂျင်တီးနား Vs ဆော်ဒီအာရေဗျ [ 22 Aug 22 - 16:30 hrs]

football tipster အာဂျင်တီးနားအသင်းဟာ ကမ္ဘာပေါ်မှာ ပွဲ ၃၀ ဆက်တိုက် အရှုံးမရှိတဲ့အသင်းတစ်သင်းထဲ ဖြစ်နေတယ်။ ပြီးတော့ ဒီနှစ် ကမ္ဘာ့ဘောလုံးပွဲဟာ မက်ဆီအတွက် နောက်ဆုံးအကြိမ်လည်းဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း လက်ရှိကစားသမားအဖွဲ့အစုမှာ မက်ဆီကို ဗဟိုပြုပြီး ကစားနေကြပါတယ်။ ဘောလုံးကို လွတ်လပ်စွာကစားနိုင်ပြီး ဘောလုံးပိုင်နိုင်သလောက် ပိုင်ဆိုင်ထားလိမ့်မယ်။ ပြိုင်ဘက်ကိုဖိအားပေးမယ် ခံစစ်ပိုင်းကို အရှေ့တိုးထားမယ်။ အဲ့တော့ အာဂျင်တီးနားရဲ့ လက်ရှိအခြေနေက ခံစစ်ပိုင်း အားနည်းနေပါတယ်။ အာဂျင်တီးနားရဲ့ ဒီနှစ် အသင်းဝင်ကစားသမားတော်တော်များများက နာမည်ကြီးတဲ့သူတွေဖြစ်နေတယ်။ ကိုပါအမေရိကပွဲစဉ်တုန်းက ဘရာဇီးနဲ့ဖလားတက်လုပြီး အနိုင်ရလာတဲ့အချိန်ကစပြီး ကစားသမားတစ်ယောက် နာမည်ကျော်ကြားလာပါတယ်။ ဒီပွဲ တိုက်စစ်ပိုင်းမှာ မက်ဆီ၊ မာတီနက်ဇ်နဲ့ ဒီမာရီယာတို့ကို ဦးဆောင်ခိုင်းလိမ့်မယ်။

ဆော်ဒီအာရေဗျတို့ကျတော့ ပြင်စစ်လူမျိုးဖြစ်တဲ့ နည်းပြနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ လက်ရွေးစဉ်ရွေးပွဲတုန်းက အနိုင် ၇ ပွဲ သရေ ၁ ပွဲနဲ့ အရှုံး ၂ ပွဲ ရရှိခဲ့ပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ်။ ကမ္ဘာ့ဖိုင်နယ်ပွဲကို ဒီတစ်ခါ သူတို့အတွက် ၆ ကြိမ်မြောက်ဖြစ်သွားပါပြီ။ လက်ရှိဂရုထဲမှာ ဆော်ဒီအာရေဗျတို့ရဲ့အရည်အချင်းက အညံ့ဆုံးပဲဖြစ်ပါတယ်။ သူတို့ရဲ့ ကစားသမားအသီးသီးက နာမည်ကြီးလိဂ်တွေထဲမှာလည်း မပါကြပါဘူး။ ဒါပေမယ့် ဆော်ဒီနိုင်ငံရဲ့ တည်နေရာက ကာတာတို့နဲ့ အတူတူပဲဖြစ်တဲ့အတွက် မိုးလေဝသပိုင်းကိုတော့ အကျောပိုရထားပါတယ်။ သူတို့ခြေစွမ်းက သူများနဲ့မယှဉ်နိုင်ပေမယ့် စိတ်ဖိအားမရှိပဲ ကစားရမှာဖြစ်ပါတယ်။ အဲ့တော့ အစစအရာရာ အာဂျင်တီးနားထက် အများကြီးညံ့မနေပါဘူး။

အာဂျင်တီးနားအသင်းဟာ ဖလားရမယ့်စာရင်းထဲ ပါဝင်သလို ဂရု C ရဲ့ Top 1 လည်း ဖြစ်နေပါတယ်။ ပွဲတိုင်းပဲ အမှတ် ၃ မှတ်ရယူပြီး နောက်ဆုံး ၁၆ သင်းအချီကို တက်ရောက်သွားလိမ့်မယ်။ အာဂျင်တီးနားရဲ့ အင်အားတွေက အရမ်းတောင့်တင်းမှုရှိပြီး ၃၅ ပွဲဆက်တိုက် ရှုံးနိမ့်မှုမရှိသေးပါဘူး။ ပြီးတော့ ၂၀၂၁ ကိုပါအမေရိကဖလားကိုလည်း အခုမှတက်ခူးလာပါတယ်။ အမြင့်ဆုံးနေရာ ရောက်ရှိနေတယ်လို့တောင် ယူဆနိုင်ပါတယ်။ နှစ်သင်းစလုံး အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ၄ ပွဲတွေ့ပြီး အာဂျင်တီးနားဘက်က အနိုင် ၂ ပွဲနဲ့သရေ ၂ ပွဲ လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာဆိုရင် အာဂျင်တီးနားဘက်က ၅ ပွဲစလုံးပဲ အနိုင်ရရှိပြီး တစ်ပွဲ တစ်ပွဲမှာ သွင်းဂိုး ၃ လုံးအနည်းဆုံးဖြစ်နေတယ်။ ဆော်ဒီတို့ကျတော့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ သိပ်မကောင်းပါဘူး၊ အနိုင် ၁ ပွဲ သရေ ၃ ပွဲနဲ့ အရှုံး ၁ ပွဲ လုပ်ထားနိုင်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကြောက်စရာကောင်းတဲ့ထိပ်တန်းတိုက်စစ်ပိုင်းရှိတဲ့အတွက် အနိုင်မရပဲမနေလောက်ဘူး။

11 Player –

Argentina (4-3-3):  E Martinez; Molina, Otamendi, Li Martinez, Acuna; De Paul, Paredes, Mac Allister; Messi, La Martinez, Di Maria.

Saudi Arabia (4-3-3): Owais; Ghanam, Amri, Bulaihi, Sharani; Najei, Sharahili, Faraj; S Dawsari, Buraikan, Bahebri

Missing player

Argentina: Paulo Dybala , Juan Foyth ,Leandro Paredes

Saudi Arabia: Saleh Al-Shehri

ပြင်သစ်အသင်းမှာ Wissam Ben Yedder, Christopher Nkunku, Paul Pogba, N’Golo Kanté, Lucas Digne, Kurt Zouma နဲ့ Presnel Kimpembe တို့ မပါပဲကစားရမှာဖြစ်တဲ့အတွက် နည်းပြမှာ တော်တော်ခေါင်းကိုက်နေလောက်ပါတယ်။ နောက်ဆုံး Karim Benzema မှာလည်း နောက်တစ်ယောက် နှုတ်ထွက်သွားပါပြီ၊ ပြင်သစ်ရဲ့ ကွင်းလယ်ပိုင်းနေရာ အပြောဆိုတော်တော်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်အသင်းမှာ တောင့်တင်းမှုရှိတဲ့ ကစားသမားအဖွဲ့အစုတော့ ရှိနေတုန်းပါ။ တိုက်စစ်ပိုင်းနေရာ oliver giroud နဲ့ Kylian Mbappé ပြီးတော့ Antoine Griezmann တို့ကို တွဲထားပြီး ကစားခိုင်းလိမ့်မယ်။ သူတို့ ၃ ယောက်က ယုံကြည်လို့ရတဲ့သူတွေချည်းဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာလည်း ကမ္ဘာ့ဖလားရသွားတဲ့ အဖွဲ့အစုထဲက Pavard, Varane နဲ့ Lucas Hernandez တို့ရှိပါသေးတယ်။ နားလည်မှုပိုင်း စိတ်ပူစရာမရှိပါဘူး။ ပြီးတော့ ဂိုးသမားကြီးကလည်း တော်တော်မာနေတယ်။ ပြင်သစ်အသင်းရဲ့ လက်ရှိအခြေနေ တောင့်တင်းမှုရှိပြီး ၃ မှတ်မရပဲမနေလောက်ပါဘူး။

ဩစတြေးလျတို့ကျတော့ ဒီနှစ်ကမ္ဘာ့ဘောလုံးပွဲကို ပင်ပင်ပန်းပန်းနဲ့ စတင်ခဲ့ရလိမ့်မယ်။ သူတို့အတွက် တော်တော်ရင်ခုန်ရတဲ့ စိန်ခေါ်မှုကြီးပါ။ လက်ရွေးစဉ်ရွေးပွဲတုန်းကလည်း မပြေတပြေနဲ့ ရောက်ချလာတယ်။ ပြီးတော့ လက်ရှိ ကစားသမားအစုအဖွဲ့ထဲက တော်တော်များများ ထိပ်တန်းလိဂ်တွေမှာ မပါခဲ့ကြပါဘူး။ ပြောမယ်ဆို Ryan ရယ် Bailey Wright ရယ် ပြီးတော့ ကွင်းလယ်ကစားသမား Aaron Mooy နဲ့ Jackson Irvine တို့လောက်ပဲ အင်္ဂလန်ဘောလုံးပြိုင်ပွဲ အတွေ့ကြုံရှိတယ်။ အဲ့တော့ ဒီလို ချန်ပီယံဟောင်းကြီးနဲ့ တန်းတွေ့ရမှာဆိုတော့ တော်တော်မလွယ်တဲ့အလုပ်ကြီးတစ်ခု ဖြစ်နေတယ်။ ပြင်သစ်တို့က အားကြီးနဲ့ ရောက်ချလာပြီး စတားဖြစ်တဲ့ အချို့ကစားသမားမရှိပေမယ့် အဆင့်သင့်ဖြစ်တဲ့ ကစားသမားတွေကတော့ ထိပ်တန်းကစားသမားတွေချည်းဖြစ်နေကြပါတယ်။ တိုက်စစ်ပိုင်းဆိုပိုဆိုးပါတယ်။ ဒီပွဲ ဩစတြေးလျတို့ခံစစ်ပိတ်ကစားခဲ့ကြလိမ့်မယ်။ သူတို့ရဲ့ အရပ်ရှည်တဲ့ ခံစစ်မှူးက သန့်ရှင်းရေးလုပ်ပေးလိမ့်မယ်။ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးစားလိမ့်မယ်။

football tipsterပြင်သစ်အသင်းဟာ ဒီအစီစဉ်ရဲ့ Top3 ထဲ ပါဝင်နေပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ တော်တော်ဆိုးဆိုးနဲ့ အနိုင် ၁ ပွဲလေးပဲ ရရှိခဲ့တယ်။ ပြီးတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေလည်း တစ်ပုံကြီးရှိနေတယ်။ ဒဏ်ရာရတဲ့ထဲမှာ N’Golo Kante နဲ့ Paul Pogba တို့ ပါဝင်နေတယ်။ ပြီးတော့ Varane မှာလည်း အခြေနေစောင့်ကြည့်နေရပါတယ်။ နောက်ဆုံးမှာတော့ ဒဏ်ရာထဖောက်လာတဲ့ Bangon d’Or ဆုရှင်ကြီး Karim Benzema ကလည်း နှုတ်ထွက်သွားပါပြီ။ ပြင်သစ်တို့ ဩစတြေးလျနဲ့ ကွင်းဖွင့်ပွဲမှာ တွေ့ခဲ့ဖူးပြီးပြီ၊ ၁၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့ဘောလုံးပွဲပဲ ဖြစ်ပါတယ်။ အဲ့ပွဲ ပြင်သစ်ဘက်က ၂ ဂိုး ၁ ဂိုးနဲ့ ကပ်နိုင်သွားပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ပြင်သစ်ဘက်က အနိုင် ၃ ပွဲသရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲ ရသွားဖူးတယ်။ ဒီနှစ်မှာတော့ ပြင်သစ်အသင်းရဲ့မျှော်လင့်ချက်အားလုံး အကောင်းဆုံးတိုက်စစ်မှူးဖြစ်တဲ့ အမ်ဘတ်ပီအပေါ် ကျရောက်သွားလိမ့်မယ်။ နှစ်သင်းစလုံးရဲ့ နာမည်ကျော်ကြားမှုနဲ့ အခြေနေအသီးသီးကြည့်ပြီး ပြင်သစ်တို့ ဩစတြေးလျရဲ့ ခံစစ်ပိုင်းကို ထိုးဖောက်သွားလိမ့်မယ်။

11 player –

france (5-3-2): Hugo Lloris, Benjamin Pavard, Raphael Varane, Jules Konate,  Hernandez, fofana, Aurelien Tchouameni, Adrien Rabiot, Antoine Griezmann, Kylian Mbappé, oliver giroud

Australia (4-1-4-1): Mathew Ryan, Nathaniel Atkinson, Bailey

Wright, Kye Rowles, Aziz Behich, Aaron Mooy, Martin Boyle, Ajdin Hrustic, Jackson Irvine, Craig Goodwin, Mathew Leckie.

Missing player –

france: – Jules Koundé

Australia: Harry James Souttar