football tips

ဂျာမနီ Vs ဂျပန် [23 Nov 22 - 19:30 hrs]

football tips ဂျာမနီအသင်း လက်ရှိနည်းပြအသစ်နဲ့ အခြေနေတော်တော်ကောင်းနေပါတယ်။ ဒီဘိုင်ယန်အသင်းရဲ့ နည်းပြဟောင်းဟာ တိုက်စစ်ပိုင်း ပိုကြောက်စရာကောင်းအောင်ပြန်ပြင်ထားပြီး ဘောလုံးပိုင်ဆိုင်မှုကို ပိုဦးစားပေးပါတယ်။ လိမ့်ဘောကစားတဲ့နေရာလည်း အဆင်ပြေလာတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပွဲထဲမှာ ခြေစွမ်းကောင်းတဲ့ ကစားသမားအသစ် ၄ ယောက် ခေါ်ထားတာတွေ့ရတယ်။ ဥပမာ Armel Bella-Kotchup၊ Jamal Musiala၊ Karim Adeyemi နဲ့ Yousufha Mukoko တို့ပဲ ဖြစ်ပါတယ်။ အခြားနာမည်ကြီးကစားသမားတွေကိုလည်း ခေါ်ထားတယ်။ ဥပမာ Antonio Rudiger, Joshua Kimmich, Ilkay Gundogan နဲ့ Thomas Muller တို့ပဲ ဖြစ်ပါတယ်။ အသင်းရဲ့ အဆင်သင့်ဖြစ်မှုကတော့ ၁၀၀ နီးပါးပါပဲ၊ လက်ရှိကစားသမားအဖွဲ့အစုကြောင့် ဂျာမနီအသင်းမှာလည်း ချန်ပီယံရမယ့်စာရင်းထဲ ပါဝင်နေပါတယ်။

ဂျပန်တို့ကျတော့ သိပ်ကံမကောင်းဘူးဗျ၊ ဘာလို့လည်းဆိုတော့ သူတို့ရှိနေတဲ့ ဂရုထဲမှာ စပိန်၊ ဂျာမနီနဲ့ ကော့စတာရီကာအသင်းတို့ရှိနေသောကြောင့်ပါ၊ အဲ့ဒီတော့ သူတို့ ပထမတစ်ပွဲကတည်းကစပြီး အကောင်းဆုံးကြိုးစားခဲ့ရလိမ့်မယ်။ ပထမပွဲကတည်းက အမှတ် ကောက်သိမ်းနိုင်ရင်တော့ နောက်က်တစ်ဆင့်ဆန်ကာတင်ဖို့အခွင့်ရေး ပိုများစေပါတယ်။ ဂျပန်တို့ရဲ့ကစားသမားတွေ တော်တော်များများ ဥရောပဇာတ်ခုံတွင် ပါဝင်ကစားနေတဲ့သူရှိနေကြပါတယ်။ ဥပမာ အသက် ၂၇ နှစ်နဲ့ Takumi Minamino ပေါ့၊ သူက လီဗာပူးလ်အသင်းမှာ နေနေပါတယ်။ နိုင်ငံအသင်းနဲ့လည်း ၂၄ ပွဲဆင်းပြီး ဂိုး ၂၇ လုံး သွင်းထားနိုင်တယ်။ သူက ဂျပန်အသင်းရဲ့ အရေးကြီးဆုံးကစားသမားဖြစ်လိမ့်မယ်။ လီဗာပူးလ်မှာနေတုန်းကလည်း စွမ်းဆောင်ရည်ပြသနိုင်ခဲ့ဖူးပါတယ်။ ဂျပန်ဘက်က ဘောလုံးပိုင်နိုင်ရင်တော့ အဲ့နေရာ Takumi Minamino က အလိုလို အသုံးဝင်သွားလိမ့်မယ်။ ဒီ့အပြင် အာဆင်နယ်ရဲ့ နောက်ခံကစားသမား Takehiro Tomiyasu လည်း ရှိသေးတယ်။ သူက မဆိုးပါဘူး၊ ဘောလုံးကိုသယ်ဆောင်ပြီး အရှေ့ကို ပို့ပေးနိုင်ပါတယ်။

ကမ္ဘာ့ချန်ပီယံ ၄ ခါ ရဖူးတဲ့ဂျာမနီအသင်း အခုနောက်ပိုင်းကာလအတွင်း ကမ္ဘာ့ဖလားရဲ့ ဗိုလ်လုပွဲအထိ ၄ ခါ ၅ ခါ တက်ရောက်နိုင်ခဲ့ပါတယ်။ အခြားနိုင်ငံအသင်းတွေထက်တောင်များတယ်။ ဒါပေမယ့် အရင်နှစ်တုန်းကဟာကျတော့ စိတ်ပျက်စရာကောင်းပါတယ်။ ဘယ်လိုလည်းဆိုရင် ဂရုအဆင့်မှာပဲ ပြီးသွားလို့ပါ၊ ၃ ပွဲကစားပြီး အနိုင် ၁ ပွဲလေးနဲ့ အရှုံး ၂ ပွဲတောင် ရရှိခဲ့တယ်။ ဒီနှစ် ဖလားပွဲမစခင်တုန်းက အရေးကြီးတဲ့ Timo Werner နဲ့ Marco Reus တို့ မပါနိုင်ပဲ ကျန်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က ဒဏ်ရာရထားတဲ့အတွက် ဂျာမနီအသင်းနဲ့အတူ ပါမလာခဲ့ပါဘူး။ ဂျာမနီအသင်းရဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ တည်ငြိမ်မှုမရှိသေးပါဘူး။  နိုင်လိုက် ရှုံးလိုက် သရေကျလိုက်နဲ့ပဲ ဒစ်လည်နေတယ်။ ဂျပန်နဲ့တခြားစီပဲ၊ ဂျပန်တို့ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက အရှုံးရလာပေမယ့် အဲ့ပွဲမတိုင်ခင် အခြားပွဲတုန်းကကျတော့ တော်တော်အဆင်ပြေပါတယ်။ ဂျာမနီနဲ့ တွေ့ခဲ့တဲ့ ၂ ပွဲတုန်းကလည်း တစ်ပွဲရှုံး တစ်ပွဲသရေ လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဂျပန်အသင်းက အခုနောက်ပိုင်း မာတဲ့ထဲရှိပြီး လွယ်လွယ်လေးနဲ့ မရှုံးတတ်တော့ဘူး။ အဲ့တာနဲ့ပဲ ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်အရ အဆင့် ၂၄ ဖြစ်နေပါတယ်။ ဂျပန်အသင်းက ဂျာမနီအသင်းလောက်မကြမ်းပေမယ့် ဂျာမနီတို့ကို တိုင်ပတ်အောင်လုပ်နိုင်မှာပဲ။ ဒါပေမယ့်လည်း အစစအရာရာကြည့်ပြီးပြောရင်တော့ ဂျာမနီတို့ပဲ အမှတ် ၃ မှတ် ရသွားလိမ့်မယ်။

11 player-

Germany (4-2-3-1) : Manuel Neuer – Thilo Kehrer, Niklas Sule, Antonio Rudiger, David Rom – Joshua Kimmick, Leon Goretzka – Serge Na. Brie, Jamal Musiala, Leroy Sane – Niklas Fullkrug

Japan 4-2-3-1 : Eiji Kawashima – Hiroki Sakai, Maya Yoshida, Hiroki Ito, Yuto Nagatomo – Wataru Endo, Gaku Shibasaki – Takefusa Ku. Bo, Daishi Kamada, Takumi Minamino – Daisen Maeda

Missing player

Germany :  L.Sane

Japan : W.Endo , H.Morita

စပိန်အသင်း တော်တော်လေးအဆင်သင့်ဖြစ်နေကြပါတယ်။ ခြေစွမ်းကောင်းတဲ့ အဓိက ကစားသမားကစ ကွင်းထဲဆင်းကန်ဖို့ အဆင်သင့်ဖြစ်နေကြတယ်။ ဘာစီလိုနာအသင်းမှ ကွင်းလယ်နှစ်ယောက် Pedri နဲ့ Gabi တို့လည်း အဆင်သင့် ဖြစ်နေကြလောက်တယ်။ ဂိုးသမားကျတော့ ဒီနည်းပြကြီးက Unai Simon ကိုပဲ ရွေးသုံးလောက်တယ်။ သူက ဒီနှစ် စပိန်ရဲ့ ဂိုးသမားနံပါတ် ၁ ဖြစ်နေတယ်။ အသင်းထဲက သွေးသစ်တွေများပြီး အဓိက ကစားသမားတွေက ကြီးမားတဲ့အသင်းတွေရဲ့ အရေးကြီးဆုံးကစားသမားတွေပါ ဖြစ်နေတယ်။ အဲ့တော့ စပိန်ရဲ့ လက်ရှိကစားသမားအစုအဖွဲ့က အရည်သွေးတော်တော်ကောင်းနေတယ်။

CONCACAF ဇုန်မှ ကော့စတာရီကာတို့ကျတော့ ဒီနှစ် ကမ္ဘာ့ဖလားပွဲထဲပါနိုင်တဲ့ ၆ ကြိမ်မြောက်ရှိသွားပါပြီ။ ၂၀၀၂ ခုနှ်စကတည်းကစပြီး အခုထိပဲ ဆက်တိုက် ပါဝင်နိုင်နေတယ်။ ဒီနှစ်မှာတော့ ဘာမှမလုပ်ရသေးပဲ အရမ်းမာတဲ့ စပိန်ကြီးနဲ့ တန်းတွေ့ရပါတယ်။ သူတို့ရှိနေတဲ့ဂရုထဲမှာ ကမ္ဘာ့ချန်ပီယံ ၄ ကြိမ်ဖြစ်ဖူးတဲ့ ဂျာမနီပါရှိနေတယ်။ ကော့စတာရီကာအသင်းဟာ Keylor Navas ဆိုတဲ့ ဂိုးသမားနဲ့ အသင်းကပ္ပတိန်ဖြစ်တဲ့ Brian Ruiz နဲ့ ဦးဆောင်ပြီး ရောက်လာလိမ့်မယ်။

football tips စပိန်အသင်း ဒီအဆင့်ကို ဂရုချန်ပီယံအနေနဲ့ တက်ရောက်လာပါတယ်။ လက်ရွေးစဉ်ရွေးပွဲတုန်းက ၆ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ်။ သူတို့က ဒီဂရုရဲ့ ချန်ပီယံအနေနဲ့ နောက်တစ်ဆင့် ဝင်ရောက်သွားမယ့်အသင်း ဖြစ်ပါတယ်။ ကော့စတာရီကာနဲ့ တွေ့ခဲ့ဖူးတဲ့ ၃ ပွဲတုန်းက စပိန်တို့ အနိုင် ၂ ပွဲနဲ့ သရေ ၁ ပွဲ လုပ်ထားနိုင်တယ်။ စပိန်တို့ နောက်ပွဲကျရင် ဂျာမနီနဲ့တွေရမှာဆိုတော့ ဒီပွဲ မဖြစ်မနေ အမှတ် ၃ မှတ်ရအောင် လုပ်ဖို့လိုပါတယ်။ စပိန်တို့အသင်းထဲမှာ သွေးသစ်တွေများနေပေမယ့် အဲ့ကလေးတွေက ပါရမီရှင်ချည်းတွေဖြစ်နေကြပါတယ်။ လက်ရှိ စပိန်ရဲ့ ကစားသမားအစုအဖွဲ့ထဲမှာ ဘာစီလိုနာရဲ့ ကွင်းလယ်အတွဲ Pedri နဲ့ Gabi ရှိနေတယ်။ အဲ့တော့ စိတ်ပူစရာမရှိတော့ပါဘူး။ သူတို့နှစ်ယောက်က ယူရို ၂၀၂၀ မှာလည်း အတူတူတွဲကစားခဲ့ဖူးပြီးပြီ၊ တော်တော်အဆင်ပြေလောက်တယ်။ ကော့စတာရီကာတို့ကျတော့ လူဟောင်းတွေချည်းပဲ အသက် တော်တော်ကြီးနေကြကုန်ပြီ။ ဒီအခြေနေမျိုးနဲ့ဆိုရင် စပိန်သွေးသစ်တွေကို ဘယ်လိုမှမခံနိုင်ပါဘူး။

11 player –

Spain (4-3-3): Unai Simon; Dani Carvajal, Paú Torres, Aymeric Laporte, Jordi Alba; Pedri, Ser. Kio Busquets, Gabi – Ferran Torres, Alvaro Morata, Nico Williams.

Costa Rica (4-3-3): Keylor Navas; Carlos Martinez, Oscar Duarte, Francisco Calvo, Brian Obi. Yido – Yeltsin Teyeda, Quezon Torres, Brian Ruiz – Celso Borges, Anthony Contreras, Joel Campbell.

Missing Player –

Spain :  HUGO GUILLAMÓN, DANIEL CARVAJAL

Costa Rica: –