football tips website

ကာတာ Vs အီကွေဒေါ [20 Nov 22 - 22:30 hrs]

football tips website ကာတာအသင်း ပြိုင်ပွဲရဲ့ Host အနေနဲ့ ကမ္ဘာ့ဖလားထဲ အခုမှပဲပါဖူးတော့တယ်။ သူတို့ရဲ့ နောက်ဆုံး ၆ ပွဲ စံချိန်ထဲမှာ မဆိုးပါဘူး။ အနိုင် ၄ ပွဲတောင် ရရှိခဲ့တယ်။ သူတို့ အသုံးပြုမယ့် ကစားသမားအစုအဖွဲ့ကတော့ အာရှဖလားရသွားတဲ့အဖွဲ့ပဲဖြစ်လိမ့်မယ်။ အသက် ၃၂ နှစ်နဲ့ဂိုးသမား Sheeb က ပထမကစားသမားအနေနဲ့ ဆင်းရလောက်တယ်။ မျှော်လင့်လို့ရတဲ့ကစားသမားကျတော့ တိုက်စစ်ကစားသမားဖြစ်တဲ့ Ali ပဲ ဖြစ်လိမ့်မယ်။ သူက ကာတာအသင်းနဲ့ ၈၅ ပွဲ ဆင်းကစားဖူးပြီး သွင်းဂိုး ၄၂ လုံး လုပ်ထားနိုင်တယ်။ ဒီပွဲ ကာတာဘက်က နောက်ခံကွင်းလယ်ကို ၃ ယောက်ထားပြီး တောင်ပံ့တိုက်စစ်နှစ်ယောက်ကို တိုက်စစ်ဆင်တဲ့အခါမှာ ဝင်ဖြည့်ခိုင်းလိမ့်မယ်။ တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်တယ်။

အီကွေဒေါတို့ကျတော့ ကမ္ဘာ့ဖလားပြိုင်ပွဲထဲ ၃ ခေါက်ပါဖူးပြီးပြီ။ သူတို့ရဲ့ အကောင်းဆုံးရလဒ်ကတော့ နောက်ဆုံး ၁၆ သင်းအထိ တက်ရောက်နိုင်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၆ နှစ်တုန်းက အဲ့အဆင့်အထိ တက်ရောက်နိုင်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၆ ပွဲစံချိန်ထဲမှာ အခြေနေသိပ်မကောင်းပါဘူး။ အနိုင် ၂ ပွဲနဲ့ သရေ ၄ ပွဲ ဖြစ်ပါတယ်။ သရေကျသွားတဲ့ ၄ ပွဲထဲက ၃ ပွဲမှာ သွင်းခံထိတဲ့ဂိုး ၁ လုံးလေးပဲရှိတယ်။ ဒါပေမယ့် Gustavo Alfaro ဆိုတဲ့ နည်းပြကြီးက ခံစစ်ပိတ်အစွမ်းကို ပြသခဲ့ဖူးပြီးပြီ။ တော်တော်မာတယ်။ Clean-Sheet ၆ ပွဲတောင် သိမ်းသွားနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ပူစရာနေရာကတော့ တိုက်စစ်ပိုင်းပါပဲ။ အသက် ၃၃ နှစ်နဲ့ တိုက်စစ်ကစားသမားက အီကွေဒေါအသင်းနဲ့ ၇၄ ပွဲ ဆင်းကစားဖူးပြီး သွင်းဂိုး ၃၅ လုံး သွင်းထားနိုင်ပါတယ်။ အီကွေဒေါတို့ ဒီပွဲ ထိန်းပြီးတိုက်စစ်ဆင်ခဲ့ကြလိမ့်မယ်။ တိုက်စစ်မှူးတွေရဲ့ ကိုယ်ပိုင်စကေးကို အားကိုးပြီး ဂိုးသွင်းသွားလိမ့်မယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်တော့မှာဖြစ်ပါတယ်။ အီကွေဒေါအသင်း ဒီနှစ် တောင်အမေရိကဇုန်မှ နံပါတ် ၄ အနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ်။ သွင်းခံထိတဲ့ဂိုးအရေအတွက်က ၁၉ လုံးရှိပြီး သွင်းဂိုးကျတော့ လက်ရွေးစဉ်ရွေးပွဲတုန်းက ဘရာဇီးကလွဲပြီး ဘယ်အသင်းမှ သူတို့ထက်မများပါဘူး။ ကာတာတို့ကျတော့ ဒီနှစ် Host အနေနဲ့ ဒီအဆင့်ကို အော်တိုတက်ရောက်လာပါတယ်။ အဲ့ဒီတော့ ကာတာတို့က ကိုယ့်အိမ်ကွင်းဖြစ်တဲ့အတွက် အကျိုးရှိရှိ အသုံးပြုဖို့လိုပါတယ်။ အချင်းချင်းတွေ့ဖူးတဲ့ပွဲတွေမှာ ၂၀၁၈ ခုနှစ်ကို ပြန်ကြည့်ရပါတယ်။ အဲ့ပွဲ ခြေစမ်းပွဲဖြစ်ပြီး ကာတာဘက်က ပိုသာတယ်။ အီကွေဒေါအပေါ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒါပေမယ့် ဒီပွဲ အီကွေဒေါတို့က အရှက်ပြန်ယူမယ့်အနေနဲ့ ရောက်ချလာမှာဖြစ်ပြီး အောင်မြင်ဖို့လည်း ရှိပါတယ်။

11 Player –

Qatar (3-5-2): Sheeb; Khoukhi, Rawi, A Hassan; Ró-Ró, Hatem, Haydos, Boudiaf, Amin; Afif, Ali

Ecuador (4-4-2): Domínguez; Castillo, Torres, Hincapié, Estupiñán; Plata, M Caicedo, Gruezo, Ibarra; Estrada, E Valencia

Missing Players –

Qatar – အဆင်သင့်ဖြစ်သည်။

Ecuador – အဆင်သင့်ဖြစ်သည်။

Gareth Southgate ကြီးက ယူရို ၂၀၂၀ ပွဲစဉ်တုန်းက ခြေစွမ်းပြနိုင်တဲ့ ကစားသမားအစုအဖွဲ့ကိုပဲ အသုံးပြုပါတယ်။ ဒါပေမယ့် သူက အဆင်သင့်ဖြစ်တဲ့ကစားသမားထက် နာမည်ကြီးကစားသမားကို အရင်ရွေးတယ်။ အဲ့တော့ Reece James၊ Kyle Walker နဲ့ Calvin Phillips တို့မရှိပဲကစားခဲ့ရလိမ့်မယ်။ တော်တော်ခေါင်းကိုက်လိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူတို့ ၃ ယောက်က အသင်းရဲ့ အဓိကကြီးဖြစ်နေလို့ပါ။ Harry Maguire ကတော့ Stones နဲ့ တွဲပြီးဆင်းရလောက်တယ်။ ဘယ်ဘက်ခြမ်းမှာ Shaw ကိုထားပြီး ညာဘက်ခြမ်းမှာ Trippier ကို ထားထားလောက်တယ်။ ကွင်းလယ်အတွဲကျတော့ Bellingham နဲ့ Rice တို့ကို တွဲထားလောက်တယ်။ Saka နဲ့ Mount တို့အတူ တစ်ပြိုင်တည်း ဆင်းရလောက်တယ်။ Saka က အာကြီးအသင်းနဲ့ Form တွေ အရမ်းတက်ကြွနေပါတယ်။ တိုက်စစ်ပိုင်းမှာ Sterling လည်းရှိပါတယ်။ သူက ချယ်လ်ဆီးနဲ့ အခြေနေသိပ်မကောင်းပေမယ့် ဆင်းရလောက်ပါတယ်။ အရှေ့တည့်တည့်မှာတော့ ရွှေဖိနပ်ရရှိခဲ့တဲ့ Kane ကိုပဲ ချထားလိမ့်မယ်။

ဖီဖာရဲ့ နောက်ဆုံး အဆင့်သတ်မှတ်ချက်အရ အာရှတိုက်ရဲ့ နံပါတ် ၁ ဖြစ်တဲ့ အီရန်တို့ကျတော့ မန်ယူလက်အောက်နည်းပြ လုပ်ခဲ့ဖူးတဲ့ Carluch Kairoch ဆိုတဲ့ နည်းပြလေးနဲ့ အခြေနေကောင်းနေပါတယ်။ အသင်းထဲက အသင်းကပ္ပတိန်ဖြစ်တဲ့ Ehsan Hajsafi ဟာ နိုင်ငံအသင်းနဲ့ ၁၂၁ ပွဲ ဆင်းကစားဖူးပြီး သွင်းဂိုး ၇ လုံး ရရှိထားပါတယ်။ သူက ခံစစ်ပိုင်းရဲ့ ဦးဆောင်သူကြီးပါ။ ပေါ်တိုအသင်းမှာ နေနေတဲ့ Taremi နဲ့ပတ်သက်ပြီး အင်္ဂလန်တို့ သတိထားရလိမ့်မယ်။ ဘာလို့လည်းဆိုတော့ Taremi က သဘာဝတိုက်စစ်ကစားသမား ဖြစ်နေသောကြောင့်ပါ။ ဘာမှလုပ်စရာမလိုပဲ ဂိုးသွင်းနိုင်တယ်။ ချန်ပီယံလိဂ်ပွဲစဉ်ထဲမှာ ၅ ပွဲဆင်းပြီး သွင်းဂိုး ၅ လုံး ရှိသွားပါပြီ။ အီရန်အသင်းဟာ ခံစစ်ပိုင်းအားကောင်းတဲ့အသင်းမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်ကစားသမားဖြစ်တဲ့ Sardar Azmoun လေးပဲ စိတ်ပူရပါတယ်။ သူက လေဗာကူဆင်အသင်းမှာနေတဲ့ တိုက်စစ်မှူးပါ။ ပြီးခဲ့တဲ့ ၁၀ လပိုင်းကတည်းက ဒဏ်ရာရရှိထားပါတယ်။ အီရန်တို့ရဲ့ ဘောလုံးစတိုင်လ်အများစုက ခံစစ်ပိတ်ကစားခြင်းဖြစ်နေတယ်။ အဲ့တော့ အင်္ဂလန်တို့ မနည်း ဖောက်ထွင်းခဲ့ရလိမ့်မယ်။

football tips website အင်္ဂလန်အသင်း khalifa international ကွင်းနဲ့ ဒီနှစ်ကမ္ဘာ့ဖလားပွဲကို စတင်သွားမှာဖြစ်ပါတယ်။ ဒီအသင်းနှစ်သင်းက အချင်းချင်းမတွေ့ဖူးသေးပါဘူး။ အင်္ဂလန်တို့ရဲ့ Form ကတော့ ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။ ဒီပွဲပါ အနိုင်မရသေးရင်တော့ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး အင်္ဂလန်အသင်းရဲ့ သမိုင်းဝင်ထဲက မရှိခဲ့ဖူးသေးတဲ့စံချိန်ကို စတင်ရေးသားသွားလိမ့်မယ်။ အင်္ဂလန်အသင်းဟာ ချန်ပီယံစာရင်းထဲရှိပါတယ်။ အဲ့တော့ အီရန်အပေါ် အနိုင်ရသွားလောက်ပါတယ်။ အဲ့ဒီတော့ ဖိအားတွေ နည်းပြအပေါ် အကုန်လုံးပဲ ကျရောက်သွားပါတယ်။ အီရန်တို့ ဒီလို ကမ္ဘာ့ဖလားပြိုင်ပွဲထဲ ပါနိုင်တာ ၆ ခါရှိသွားပါပြီ။ ဒီဂရုအဆင့်ကို တစ်ခါမှာမကျော်နိုင်ဖူးသေးဘူး။ ဒီနှစ်မှပဲ လုပ်နိုင်မယ်ထင်တယ်။ ဒါပေမယ့် အင်္ဂလန်အသင်းရဲ့ ကစားသမားတွေက ခံစစ်ပိတ်ကစားခြင်းနေရာ နာမည်ကျော်ကြားပြီးသားဖြစ်နေတယ်။ ယူရို ၂၀၂၀ ခုနှစ်တုန်းကတောင် Clean-Sheet ၅ ပွဲ ကောက်သိမ်းနိုင်တယ်။ အီရန်တို့မှာကျတော့ ထိပ်တန်းလိဂ်ထဲ ပါဝင်ကစားနိုင်တဲ့ကစားသမားက နည်းနည်းလေးပဲရှိတယ်။ အင်္ဂလန်ရဲ့ Form က သိပ်မကောင်းပေမယ့် အီရန်ကိုတော့ နိုင်သွားလောက်ပါတယ်။

11 Player –

England (4-2-3-1): Pickford; Trippier, Stones, Maguire, Shaw; Bellingham, Rice; Saka, Mount, Sterling; Kane.

Iran (4-1-4-1): Beiranvand; Moharrami, Kanani, Khalilzadeh, Hajsafi; Ezatolahi; Jahanbakhsh, Nourollahi, Amiri, Taremi; Ansarifard.

Missing Players –

England – James Maddison, kyle walker

Iran – Sardar Azmoun