football tips betting

မန်စီးတီး Vs ဘရန့်ဖိုတ် [12 Nov 22 - 19:00 hrs]

football tips betting ဒီနှစ် ချန်ပီယံဖြစ်မယ့်မန်စီးတီးအသင်း အခုအချိန်အထိ Form တွေကောင်းနေတုန်းပါ။ ပြီးခဲ့တဲ့ ၂ ပွဲတုန်းက သွင်းဂိုးအများကြီးမဟုတ်ပေမယ့် အဲ့ ၂ ပွဲတုန်းကပြိုင်ဘက်ဟာ မလွယ်ပါဘူး။ ဖူဟမ်နဲ့ပွဲတုန်းက ၁၀ ယောက်ထဲနဲ့ အနိုင်ရရှိလာတယ်။ ပင်နယ်တီသွင်းဂိုးကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ကစားပွဲကို မိနစ် ၉၀ လုံးလုံး ထိန်းချုပ်မှုပါ အပိုင်ချုပ်နိုင်တယ်။ သူတို့ဘက်က ၁၀ ယောက်ပဲကျန်ပေမယ့် သူတို့ဘက်က ၇၀% လောက်တော့ ဘောလုံးပိုင်ဆိုင်ထားနိုင်တယ်။ ဟာလန်းက ဆင်းကစားလိုက်တာနဲ့ အသင်းအတွက် တော်တော်အထောက်အကူပေးပါတယ်။ သူ့ရဲ့တက်ကြွနေတဲ့ခြေစွမ်းက ၁၃ ပွဲဆင်းကစားပြီး ဂိုး ၁၈ လုံးတောင် သွင်းယူထားပြီးပြီ။ အဲ့ဒီသွင်းဂိုးက ရော်နယ်ဒိုရဲ့ ပြီးခဲ့တဲ့နှစ်တုန်းက တစ်ရာသီလုံးသွင်းဂိုး လောက်တောင်ရှိနေပြီ။ ဒီလူသားမဆန်တဲ့ကလေးက ဒီလောက်လေးနဲ့မရပ်လောက်သေးဘူး၊ စံချိန်အသီးသီးတွေ ဖြတ်ကျော်ဦးမှာပါပဲ။ ဒီညပွဲစဉ် ဂိုးသွင်းသူအမည်စာရင်းထဲ ထပ်ပါလိမ့်မယ်။ ဒီပွဲ မန်စီးတီးမှာ Joao Cancelo မရှိပါဘူး သူက အနီကဒ်ထိထားလို့ပါ။ ဒါပေမယ့်လည်း အသင်းအတွက် ဘာမှမထိခိုက်လောက်ပါဘူး။ မန်စီးတီးတို့ အမှတ် ၃ မှတ်ယူပြီး နံပါတ် ၁ တက်သွားလိမ့်မယ်။

ဘရန့်ဖိုတ်တို့ကျတော့ အခြေနေသိပ်မကောင်းတော့ဘူး၊ နောက်ဆုံးတစ်ပွဲတုန်းက ကာရာဘောင်းပွဲစဉ်ဖြစ်ပြီး အရှုံးရလာပါတယ်။ သွင်းဂိုးက ၁-၁ ဖြစ်ပေမယ့် ပင်နယ်တီနဲ့ အရှုံးရရှိလာပါတယ်။ သူတို့ရဲ့ Form က ကျဆင်းသွားမှန်း မြင်ခဲ့ရတယ်။ သူတို့ရဲ့ နောက်ဆုံး ၁၀ ပွဲစံချိန်ထဲမှာ အနိုင် ၂ ပွဲလေးပဲလုပ်ထားနိုင်တယ်။ အနိုင်ပွဲသိပ်မရှိပေမယ့် အရှုံးပွဲလည်းမများပါဘူး။ သရေကျသွားတာပိုများနေတယ်။ သူတို့အခြေခံနဲ့ဆိုရင် ဒီထက်မက ရမှတ်ရယူသင့်ပါတယ်။ ဥပမာ ဖောရက်စ်နဲ့ပွဲတုန်းကဟာပေါ့ သရေကျရုံနဲ့ပဲ ပြီးသွားတယ်။ ဘုန်းမောက်နဲ့တွေ့တုန်းကလည်း ၃ မှတ်ရအောင်မလုပ်နိုင်ခဲ့ပါဘူး။ သူတို့ရဲ့အစစအရာရာကြည့်ပြီး မန်စီးတီးရဲ့ပြိုင်ဘက်မဟုတ်သေးပါဘူး။

အချင်းချင်းတွေ့ဖူးတဲ့ ၄ ပွဲတုန်းက မန်စီးတီးမှာ အနိုင် ၃ ပွဲရရှိခဲ့ပါတယ်။ မန်စီးတီးတို့ ဒီပွဲ အနိုင်ရသွားတာနဲ့ နံပါတ် ၁ တန်းတက်သွားမှာဖြစ်ပါတယ်။ အဲ့တော့ မန်စီးတီးတို့ အပီကစားဖို့ရှိကြလောက်တယ်။ မန်စီးတီးအသင်း ဒီနှစ်အတွင်း တော်တော်ကြမ်းနေတယ်။ ဘယ်အသင်းကမှ သူတို့နဲ့မယှဉ်နိုင်သေးပါဘူး။ အဲ့တော့ ဘရန့်ဖိုတ်တို့က ရမှတ်လေးနဲ့ပြန်ဖို့ စိတ်ကူးလို့တောင်မရပါဘူး။ မန်စီးတီးတို့ရဲ့ နောက်ဆုံး ၅ ပွဲ စံချိန်ထဲမှာ အနိုင် ၄ ပွဲတောင်ရရှိခဲ့ပါတယ်။ ဟာလန်းနဲ့ De Bruyne တို့ရဲ့ Form က ရှယ်ကောင်းနေတယ်။ အသင်းရဲ့အားသာချက်ပဲလို့တောင် သတ်မှတ်ထားနိုင်တယ်။ ဘရန့်ဖိုတို့ကျတော့ အမှောင်ထဲကျရောက်သွားပါပြီ။ သူတို့ရဲ့နောက်ဆုံး ၅ ပွဲထဲမှာ အနိုင်တစ်ပွဲမှမရှိသေးပါဘူး။ ဒီလို Form မျိုးနဲ့ဆိုရင် မန်စီးတီးကို ခံရလိမ့်မယ်။

11 Players –

Man City (4-3-3) – Ederson – Ake – Dias – Akanji – Stone – Rodri – Gundogun – De Bruyne – Foden – Silva – Haaland

Brentford (4-3-3) – Raya – Henry – Pinnock – Mee – Roerslav – Janelt – Dasilva – Jensen – Mbeumo – Canos – Wissa

Missing Players –

Manchester City – Kyle Walker (Groin Injury), Kalvin Phillips (Shoulder Injury)

Brentford FC – Aaron Hickey (Ankle Injury)

အိမ်ရှင်လီဗာပူးလ်အသင်း နောက်ဆုံးတစ်ပွဲ စပါးနဲ့တွေ့ပြီး အနိုင်ရလာတဲ့အတွက် လိဂ်ထဲက ၂ ပွဲဆက်တိုက်ရှုံးနိမ့်နေတဲ့စံချိန်ကို အပြီးပိတ်ပင်သွားပါတယ်။ လီဗာပူးလ်တို့ ဒီရာသီအတွင်း အခြေနေမကောင်းပေမယ့် အန်ဖီးလ်ကွင်းဖြစ်နေရင်တော့ စိတ်ချလို့ရပါတယ်။ အန်ဖီးလ်ကွင်းနဲ့ ၅ ပွဲကစားပြီး Clean-sheet ၄ ပွဲတောင်လုပ်ထားနိုင်တယ်။ ပြီးတော့ အခု Konate က ပြန်ဆင်းနိုင်နေပြီ။ သူဆင်းခဲ့တဲ့ ၂ ပွဲတုန်းကလည်း အသင်းအတွက် တော်တော်ကူညီပေးနိုင်တယ်။ လီဗာပူးလ်ရဲ့ လက်ရှိ Center back အတွဲက တော်တော်အဆင်ပြေလာတယ်။ ကျန်တဲ့ Wing back ကျတော့ နည်းနည်းကျဆင်းနေပါတယ်။ ညာဘက်ခြမ်းနေရာဆိုရင် ခန ခန ဖောက်ခံထိတတ်တယ်။ ကွင်းလယ်ပိုင်းလည်း အခုထိစိတ်မချနိုင်သေးပါဘူး။ သူတို့ Form ကို အတိကျမယူဆနိုင်သေးဘူးဖြစ်နေတယ်။ အဲ့တာကြောင့် လီဗာပူးလ်အသင်းက ကွင်းလယ်ကစားသမား ထပ်မံဝယ်ယူမယ့်သတင်း ထွက်ရှိလာနေတယ်။ လီဗာပူးလ်အသင်း အခုတလော ပြောင်းလဲချိန်ခါစမို့လို့ပါ ပြီးတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေလည်းရှိနေသေးတယ်။ ဒါပေမယ့် ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က သူတို့ထက်အများကြီးညံ့ပါတယ်။ အနိုင်မရပဲမနေလောက်ဘူး။

ဆောက်သန်တမ်တို့ကျတော့ အခုတလော စွမ်းဆောင်ရည်တွေသိပ်မကောင်းပါဘူး။ သူတို့အားသာဖူးတဲ့ ခံစစ်ပိုင်းက အားနည်းသွားပါတယ်။ ပွဲတိုင်းလိုလို ဂိုးသွင်းခံထိတတ်တယ်။ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် နယူးကာဆယ်နဲ့တွေ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့သေးတယ်။ ကိုယ့်အိမ်ကွင်းဖြစ်နေတာတောင် ပြန်မခုခံနိုင်ခဲ့ပါဘူး၊ တန်ပြန်တိုက်စစ်မိပြီး ခံစစ်ပိုင်းက အပေါက်သေသေချာချာမပိတ်နိုင်တော့ ခံခဲ့ရပါတယ်။ သူတို့ရဲ့ အားနည်းချက်က ခံစစ်ပိုင်းပဲမဟုတ်ပါဘူး၊ တိုက်စစ်ပိုင်းရောပဲ၊ သူတို့ရဲ့တိုက်စစ်ပိုင်းက ဒီရာသီ ၁၄ ပွဲကစားပြီး သွင်းဂိုး ၁၂ လုံးထဲပဲ ရှိပါတယ်။ တစ်ပွဲကို ဂိုးတစ်လုံးလေးတောင်မသွင်းနိုင်ဘူး။ ဒီထက်ပိုဆိုးတာ အဝေးကွင်းနဲ့ပွဲပဲဖြစ်ပါတယ်။ အဝေးကွင်းနဲ့ ၇ ပွဲကစားပြီး အရှုံး ၅ ပွဲတောင်ရသွားပါတယ်။ သူတို့ဖန်တွေအစား ရင်လေးမိပါတယ်။ ဒီလို Form မျိုးနဲ့ဆိုရင် လီဗာပူးလ်ကိုခံရလောက်တယ်။

football tips betting အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ လီဗာပူးလ်ဘက်ကပိုကောင်းပါတယ်။ ပြောမယ်ဆို ဆောက်သန်တမ်က သူတို့အတွက် မုန့်စိန်ပါဗျ။ ဘာလို့လည်းဆိုတော့ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၁၀ ပွဲထဲမှာဆိုရင် ဆောက်သန်တမ်ဘက်က လီဗာပူးလ်ကို တစ်ခါမှမနိုင်ဖူးသေးဘူး။ လီဗာပူးလ်တို့ကျတော့ နိုင်ငံအသင်းတွေမစခင် အနိုင်ပွဲတွေတောက်လျှောက်သိမ်းယူထားသင့်တယ်။ နောက်ဆုံးတစ်ပွဲတုန်းက စပါးအပေါ်အနိုင်ရရှိလာပြီး ဒီလိုမသန်မစွမ်းဖြစ်နေတဲ့အချိန်မှာတောင် အနိုင်ရသွားသေးတယ်ဆိုတော့ တော်တော်မလွယ်ပါဘူး။ နိုင်ငံအသင်းစတင်တာနဲ့ လိဂ်ပြိုင်ပွဲတွေပိတ်သွားမှာဆိုတော့ သူတို့ကို တော်တော်အသက်ကယ်ပေးသွားပါတယ်။ ကမ္ဘာ့ဖလားပြီးတာနဲ့ ဒဏ်ရာရထားတဲ့အဓိကကစားသမားတွေ တော်တော်ပြန်ရောက်ရှိလာကြလောက်ပြီ။ ဒီနေ့ အခြေနေသိပ်မကောင်းတဲ့ ဆောက်သန်တမ်က လီဗာပူးရဲ့အန်ဖီးလ်ကွင်းဧည့်သည်သွားလုပ်ပေးရမှာဆိုတော့ မရှုံးပဲမနေလောက်ဘူး။

11 Players

Liverpool (4-1-2-1-2) – Allison – Van Dijk – Konate – Trent Arnold – Robertson – Elliot – Henderson – Thiago – Salah – Firmino – Nunez

Southampton (4-4-2) – Bazunu – Perraud – Salisu – Calata – Lyanco – Elyounoussi – Ward Prowse – Diallo – Armstrong – Adams – Aribo

Missing Players

Liverpool FC – Naby Keïta (Muscle Injury), Luis Díaz (Knee Injury), Diogo Jota(Calf Injury), Arthur Melo (Surgery)

Southampton FC – Tino Livramento (Cruciate Ligament Rupture)

နယူးကာဆယ်အသင်း အခုလက်ရှိ Form တွေ တော်တော်ကောင်းနေတယ်။ အခုတလော ၄ ပွဲဆက်တိုက် အနိုင်ရထားပြီး အဲ့ဒီ ၄ ပွဲထဲက နောက်ဆုံး ၂ ပွဲမှာ တစ်ပွဲကို သွင်းဂိုး ၄ လုံးစီသွင်းနိုင်ကြပါတယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းက ရှယ်ပဲ။ Grealish မှ အထင်သေးခံထိဖူးတဲ့ Almiron ဆိုရင် ဂိုးတွေမတရားသွင်းနိုင်နေတယ်။ Guimaraes ဆိုတဲ့တစ်ယောက်ကလည်း ကွင်းလယ်ပိုင်းကို သေသေချာချာ ထိန်းချုပ်နိုင်တယ်။ တည်တည်ငြိမ်ငြိမ်လေးနဲ့ ကစားနေတယ်။ နယူးကာဆယ်တို့ အခုနောက်ပိုင်း တိုက်စစ်ပိုင်းကို open play ပုံစံနဲ့လှုပ်ရှားနေပြီး ပြိုင်ဘက်ရဲ့ ပင်နယ်တီစည်းထဲ ခန ခန ရောက်သွားနိုင်တယ်။ နယူးကာဆယ်တို့ရဲ့လက်နက်က အခုအချိန်မှာ တော်တော်စုံနေတယ်။ အဲ့တော့ ဒီပွဲ အနိုင်မရပဲမနေလောက်ဘူး။

ချယ်လ်ဆီးတို့ကျတော့ အခု ကြောင်ပေါက်စလေးဖြစ်နေပြီ။ နောက်ဆုံး ၂ ပွဲတုန်းက စွမ်းဆောင်ရည်တော်တော်ညံ့တယ်။ ဘရိုက်တန်ကိုအရင်စပြီးရှုံးသွားတယ်။ ပြီးရင် ကိုယ့်ရန်သူဖြစ်တဲ့အသင်းကို ထပ်ရှုံးလာတယ်။ အဲ့တော့ သူတို့ရဲ့ နောက်ဆုံး ၂ ပွဲမှာ ရမှတ်တစ်မှတ်မှမရလိုက်ပါဘူး။ အရှုံးရသွားတဲ့အပြင် စိတ်ပျက်စရာအကြောင်းက ကစားသမားအသီးသီးရဲ့ Form တွေပဲဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အခုမှအသင်းထဲရောက်လာတဲ့ Cucurella ပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့ တိုက်စစ်ဆင်ကစားခြင်းက ညံ့နေပြီး ခံစစ်ပိတ်ကစားတဲ့နေရာမှာလည်း ညံ့နေတယ်။ သူညံ့နေတာ ၂ ပွဲဆက်တိုက်ရှိသွားပါပြီ။ ကွင်းလယ်ပိုင်းက ပြိုင်ဘက်ကို မထိန်းနိုင်ဘူး၊ ဘောလုံးလည်းဖြတ်မယူတတ်ဘူး။ တိုက်စစ်ဆင်လို့လည်းမရဘူး။ ဘောလုံးအပေးအယူလည်းညံ့တယ်။ ဒီပွဲ ပိုးစိုးပက်စက်မရှုံးဖို့ပဲဆုတောင်းရမယ်။

အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာ ချယ်လ်ဆီးဘက်ကပိုသာပါတယ်။ အချင်းချင်းတွေ့တဲ့ နောက်ဆုံး ၁၀ ပွဲထဲမှာဆိုရင် နယူးကာဆယ်ဘက်က အနိုင် ၂ ပွဲလေးပဲရသွားပါတယ်။ အဲ့ဒီ ၁၀ ပွဲထဲက နောက်ဆုံး ၃ ပွဲမှာ ၃ ပွဲစလုံး ချယ်လ်ဆီးကိုရှုံးသွားပါတယ်။ ဂိုးတစ်လုံးမှတောင် ပြန်မသွင်းနိုင်ပဲ ရှုံးသွားပါတယ်။ ဒါပေမယ့် အခုတလော နှစ်သင်းစလုံးရဲ့အခြေနေက ပြောင်းလဲသွားပါပြီ။ ဒီနှစ် နယူးကာဆယ််တို့ရဲ့ Form က အရမ်းကောင်းနေတယ်။ ပေါ်တာလက်ထဲက ချယ်လ်ဆီးတို့ကျတော့ နည်းနည်းတုန်လှုပ်နေတယ်။ လိဂ်ထဲမှာ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ပြီး UCL ဇုံထက် အမှတ် ၅ မှတ်နည်းနေတယ်။ ဒီနှစ်သင်းရဲ့ အစစအရာရာကိုယှဉ်ကြည့်မယ်ဆိုရင် နယူးကာဆယ်ဘက်က နာမည်ကျော်ကြားမှုနေရာ ချယ်လ်ဆီးလောက်မကောင်းပေမယ့် Team work ပိုင်းကတော့ နယူးကာဆယ်တို့ပိုသာပါတယ်။ အဲ့ဒီလိုနဲ့ပဲ ဒီပွဲ နယူးကာဆယ်တို့ အနည်းဆုံး တစ်မှတ်လေးလောက်တော့ ရသွားလောက်ပါတယ်။ football tips betting နယူးကာဆယ်က ရှုံးဖို့နေနေသာသာ အနိုင်ပါကောက်ယူချင်ကောက်ယူသွားလိမ့်မယ်။

11 Players

Newcastle (4-3-3) – Pope – Burn – Botman – Schar – Tripprirt – Guimaraes – Willock – Longstaff – Almiron – Murphy – Wilson

Chelsea (3-4-2-1) – Mendy – Cucurella – Silva – Koulibaly – Azpillicueta – Jorginho – Loftus cheek – Kovacic – Mount – Sterling – Havertz

Missing Players

Newcastle United – Alexander Isak (Hamstring Injury), Emil Krafth (Cruciate Ligament Rupture)

Chelsea FC – N’Golo Kanté (Hamstring Injury), Wesley Fofana (Knee Injury), Ben Chilwell (Hamstring Injury), Reece James (Knee Injury)